Pages

Friday, October 19, 2012

ရခိုင်လူမျိုးနှင့်ဘင်္ဂလီတို့ ယုံကြည်မှုပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ကူညီထောက်ပံ့


အောက်တိုဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမေရိကန်သံရုံးတွင်အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ရှယ်မှ  သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။အဆိုပါသ သတင်းစာရှင်းလင်းပွဲတွင်အမေရိကန်ပြည်
ထောင်စုကရခိုင်ပြည်နယ်တွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက်လူသားချင်းစာနာထောက်ထား
သောအားဖြင့် အလှုငွေဒေါ်လာ ၂.၇၃ သန်းထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင်၂၀၁၂ ခုနှစ်ဇွန်လအတွင်းရခိုင်နှင့်ဘင်္ဂါလီလူမျိုးများ၏ ပြဿနာအရေးအခင်းကြောင် လူ
၈၀ ဦးသေဆုံးခဲ့၇ပြီး လူ ရ သောင်းခန့် နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်။

အဆိုပါ ဒေသရှိ လူ့အခွင့်အရေးနှင့်အလုပ်သမားအခွင့်အရေးအတွက်အမေရိကန်အစိုးရကအကူအညီပေး
ခြင်းဖြစ်ကြောင်း ပြောသည်။

`အမေရိကန်အစိုးရရဲ့ ကူညီပံ့ပိုးမှုက ရခိုင်ပြည်နယ်တွင်း ရခိုင်လူမျိုးနဲ့ရိုဟင်ဂျာတို့ရဲ့ ယုံကြည်မှု ပြန်လည်
တည်ဆောက်ရေးတွက်အထောက်အပံ့ဖြစ်စေလိုတယ်` ဟု သံအမတ် ဒဲရစ်မစ်ရှယ်က ပြောသည်။

အဆိုပါ ထောက်ပံ့ငွေသည် ရခိုင်ပြည်နယ်ရှိဒုက္ခသည်များအဖြစ်နေထိုင်လျက်ရှိသောရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုး  လူ့အသိုင်းအ၀ိုင်းနှစ်မျိုးစ လုံး အတွက်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အဆိုပါထောက်ပံ့ငွအား
 နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားသော မှုနှင့်စည်းမျဉ်းများအတိုင်း ဖြစ်ရမည်ဖြစ်ကြောင်း ပြော
သည်။

အဆိုပါထောက်ပံ့ငွေကြေးအား UNHCR အတွက် ဒေါ်လာ ၂သန်း၊ UNICEF အတွက် ဒေါ်လာ၇၃၀,၀၀၀
 နှင့် နောက်ထပ်ငွေ ဒေါ်လာ ၂.၇၃ ကို အမေရိကန်အစိုးရကရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ တာဝန်ယူဆောင်
ရွက်နေသော အဖွဲ့များသို့ထပ်မံပေးလိုက်ခြင်းဖြစ်သည်။

ရန်ပုံငွေအသစ်ကိုရခိုင်ပြည်နယ်အတစွင်း နေရပ်စွန့်ပြေးနေရသူများအတွက်အိမ်၊စခန်း များအစားသောက်
မဟုတ်သော လိုအပ်ချက်များကို ဖြည့်ပေးရန်နှင့် ရေသန့်ရရှိရေး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေး
များအတွက် အစားအစာနှင့်အဟာရ ဖြည့်တင်းပေးရေးတို့အတွက် ယူနီဆက်က ဆောင်ရွက်ပေးမည် ဖြစ်
ကြောင်းသိရသည်။

မြန်မာအစိုးရ၏ တောင်းဆိုချက်အရ မောင်တောဒေသရှိ ရခိုင်များမှာ ဘင်္ဂါလီများ၏ဖျက်ဆီးမှုကြောင့် ပျက်
ဆီးခဲ့ရသော အဆောက်အအုံ များအား နှင့် မောင်းတောရှိနေအိမ်ပျက်ဆီးခဲ့သော ရခိုင်များအတွက် အိမ်
များ ဆောက်လုပ်ခြင်းကို UNHCR ကအမေရိကန်မှ ထောက်ပံ့သော ရန်ပုံငွေထဲမှစီမံသုံးစွဲမည်ဖြစ်ကြောင်း
သိရသည်။


ရန်ကုန်သတင်း

0 comments:

Post a Comment