Pages

Friday, October 19, 2012

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သို့ ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်သံအမတ်ပြောကြား

တရုတ်နိုင်ငံအစိုးရသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်
ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ရန်အတွက် ဖိတ်ကြားရန် အစီအစဉ်ရှိကြောင်း တရုတ်နိုင်ငံသံ
အမတ်ကြီးက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
“ဒေါ်စုနဲ့ ကျွန်တော် ခြောက်ခါတွေ့ပြီးပါပြီ။ သံတမန်စကားနဲ့ပြောရင်အဆင်ပြေတဲ့တစ်ချိန်မှာတရုတ်ပြည်ကို
သွားဖို့ ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်”ဟု သံအမတ်ကြီးကဆိုသည်။


မည်သည့်အချိန်တွင် ဖိတ်ကြားမည်ကိုမေးရာ လောလောဆယ်တွင် အချိန်ဇယား မသေချာသေးသည့်အ
တွက် အဖြေပေး၍ မရသေးကြောင်း သံအမတ်ကြီးက ဆက်လက်ပြောသည်။

အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်
 “သွားချင်တဲ့စိတ်ရှိပါတယ်။ တရုတ်နိုင်ငံက အန်တီတို့ရဲ့အိမ်နီးချင်းနိုင်ငံလည်းဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံမှာ
 ဆက်ဆံရေးကောင်းဖို့ ဆိုတာလည်း အရေးကြီးလို့ သွားချင်တာပါ”ဟု ပြောကြားခဲ့သည်။
 
 
7days News:

0 comments:

Post a Comment