Pages

Friday, October 19, 2012

ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ၏ ပဉ္စမပုံမှန်အစည်းအဝေးများ နိုဝင်ဘာ ၂၇ ရက်ထိ ကျင်းပမည်

နေပြည်တော်၊ အောက်တိုဘာ- ၁၈

ယခုကျင်းပလျက်ရှိသည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ၏ ပဉ္စမပုံမှန်အစည်းအဝေးကို ယနေ့

 အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပရန် လျာထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။
သို့သော်အကြောင်းအရာများပေါ်မူတည်၍ ကျင်းပမည့်ရက်ပိုလျှင်လည်းပိုသွားနိုင်ကြောင်းဆက်လက်ပြော
ည်။ 

သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူလွှတ်တော်အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော်
ကိုယ်စားလှယ်ဦးဝင်းမြင့် တင်သွင်းသည့် "လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်နှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေမှုမရှိစေရေး၊ နယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ရေးအ
တွက် တစ်နှစ်လျှင် ၆ လထက် မပိုသော ကာလအထိသာ လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပရန်၊ လွှတ်တော်များသို့ တိုက်တွန်းကြောင်း" အဆိုကို ပြန်လည်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောကြား
သွားခြင်းဖြစ်သည်။

လက်ရှိလွှတ်တော်ကျင်းပနေမှုပုံစံသည် သတ်မှတ်ထားသည့် လ မရှိသော်လည်း တစ်နှစ်လျှင် ခြောက်လ၊ ခုနစ်လ ပတ်ဝန်းကျင်သာ ကျင်းပနေခြင်းဖြစ်ကြောင်း ဦးရွှေမန်းကပြောသည်။

လွှတ်တော်ကျင်းပချိန်ကို သတ်မှတ်ခြင်းကိုခွင့်ပြုလိုက်ပါက လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်
နိုင်မည်မဟုတ်သဖြင့် ဦးဝင်းမြင့်တင်သွင်းသည့် အဆိုအား မှတ်တမ်းတင်ထားရန်သာ ဥက္ကဋ္ဌကပြောကြား
သည်။
 
 
7days News:

0 comments:

Post a Comment