Pages

Friday, October 19, 2012

ကြက်သားနှင့် စပါးလင်ချက် (ဗီယက်နမ်စတိုင်) ဟင်းချက်နည်း



ဒီတခါတင်ပေးမှာကတော့ ကြက်သားနှင့် စပါးလင် ရောပြီး ဗီယက်နမ်စတိုင် ဟင်းချက်နည်း လေးပဲဖြစ်ပါ
တယ်။ ဆိုဒ်ထဲကိုရောက်လာတဲ့သူငယ်ချင်းတွေ အတွက် ကျွန်တော်သူငယ်ချင်း မေသဇင် တင်ပေးထားတဲ့ ဟင်ချက်နည်းလေးကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
တရုတ်စာနှစ်သက်သူများအနေနှင့်လဲ ခံတွင်းတွေ့စေမည့် ဟင်းလျာမျိုးဖြစ်ပါတယ်။
ပါဝင်သော ပစ္စည်းများ


၁။ ကြက်တစ်ကောင်
၂။စပါးလင် (၄)ချောင်း
၃။ ငံပြာရည် စားပွဲတင်ဇွန်း (၆)ဇွန်း
၆။သကြား ခွက်တစ်ဝက် (ထမင်းပေါင်းအိုးတွင်ပါသော ဆန်ချိန်ခွက်၏ တစ်ဝက်)
၇။ကြက်သွန်ဖြူ (၄)မွှာ
၈။ ငရုတ်ကောင်းမုန့် ကော်ဖီဇွန်း တစ်ဝက်ခန့်
၉။ သံပုရာရည် စားပွဲတင်ဇွန်း (၂)ဇွန်း
၁၀။ ဟင်းချက်ရန်ဆီ အနည်းငယ်

ချက်ပြုတ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ကြက်သားကို ရေစင်စင်ဆေးပြီး မိမိစိတ်ကြိုက် အရွယ်အစား ခုတ်ထစ်လိုက်ပါ။ ခုတ်ထစ်ပြီး
မှ ရေးဆေးချင်တယ်ဆိုလျှင်တော့ ရေဆေးပြီးပြီးချင်း ရသာတွေ မနယ်ပါနှင့်။ 

အသားထဲသို့စိမ့်ဝင်နေသော ရေများပြန်ထွက်လာသည်ထိ ခေတ္တစောင့်ဆိုင်းပြီးမှ ပါဝင်သော ရသာများ
နယ်ပါ။ သို့မှသာ ရသာများစိမ့်ဝင်မှုအားကောင်းကာ မိမိဟင်းမှာ ရသာရှိပါသည်။ 

မီးဖိုချောင်သုံး တစ်သျှူးစက္ကူလေးနဲ့ အပေါ်အောက် ဖိအုပ်ပြီး ရေစုပ်ယူလိုက်ရင်လဲ ရပါတယ်။


နမူနာပြထားတာဆိုတော့ အပေါ်က တစ်သျှူး ဖုံးမပြထားဘူးနော်။

၂။စပါးလင်တွေကို အရင်းပိုင်းတွေ ဖယ်ရှားပေးပြီးအနည်းငယ်ထုကာ နှစ်လက္မအရှည်လောက် ပိုင်းဖြတ်ပေး
ထားပါ။

၃။ ကြက်သား၊ငံပြာရည်၊ငရုတ်ကောင်း၊စပါးလင်၊သံပုရာရည်တို့ကို အတူတူသမအောင်နယ်ပြီးလျှင် အဖုံး
လုံအောင်ဖုံး၍ အနည်းဆုံး အချိန်တစ်နာရီမှ လေးနာရီလောက်နယ်ထားပေးပါ။ ( ၄)နာရီလောက်နယ်ရင်
တာ့ ရေခဲသေတ္တာထဲမှာထားမှပဲ အဆင်ပြေမှာပါ။ ရေခဲသေတ္တာထဲမှာထားရင် ညလုံးပေါက်နယ်ထာပြီး မနက်လင်းမှ ချက်လဲရတယ်။
 

၎။မီးဖိုပေါ်ဆီအိုးတည်၊ဆီပူလာလျှင် နယ်ထားသော ကြက်သားများကို ထည့်၍ကြော်ပါ။ အရည်တွေကို
 ခေတ္တဖယ်ထားပြီး အသားကြီး အညိုရောင်သန်းလာသည်အထိကြော်ပေးပါ။
 
၅။ ကြက်သားများအညိုရောင်သန်းလာပြီးဆိုလျှင်တော့ ကြက်သားနယ်ထားသောဇလုံထဲမှ အရည်များကို
 လောင်းထည့်ပြီး ဆူလာလျှင်မီးအေးအေးနှင့် ချက်လိုက်ပါ။
 
 
၆။ နာရီဝက်(သို့) ကြက်သားနူးသည်အထိ ချက်ပြီးလျှင်တော့ ရသာကောင်းမွန်သည့် ဗီယက်နမ်စတိုင် စပါး
လင်နှင့် ကြက်သားဟင်းကို မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။
 


သူငယ်ချင်းအားလုံး အဆင်ပြေပါစေ...........................



ကိုလတ်(ပန်ဘဲတန်း)

1 comments:

Anonymous said...

ဖြစ်နိုင်ရင် အသား အလေးချိန်ခန့်မှန်းပေးရင်ပိုအဆင်ပြေမယ်ထင်တယ်

Post a Comment

 
world time