Pages

Friday, October 19, 2012

ဆီးရီးယားလေတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၄၀ ထက်မနည်းသေဆုံး


ဆီးရီးယား အစိုးရ လေတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ယခုသီတင်းပတ်အတွင်း လူ(၄၀)ထက်မနည်း
 သေဆုံးခဲ့ကြောင်း သိရှိရသည်။ နိုင်ငံမြောက်ပိုင်း ဒေသများတွင် ဗုံးကြဲမှုများကြောင့် ကလေးများ အပါအဝင် (၄၃)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသွားခဲ့သည်။
နိုင်ငံတကာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် လက်ခ်ဒါ ဘရာဟီမီက အစိုးရ အနေဖြင့်သူပုန်တပ်ဖွဲ့များနှင့်တိုက်
ခိုက်နေမှုကို ယာယီဖြစ်စေ ဆိုင်းငံ့ပါရန် တိုက်တွန်း ပြောကြားထားသော်လည်းယခုလိုတိုက်ခိုက်မှုများ ဆက်
လက် ဖြစ်ပွားနေခြင်းဟု သိရသည်။

ဘရာဟီမီသည် ဒမတ်စကတ် မြို့တော်သို့ သောကြာနေ့တွင် ဆိုက်ရောက်လာမည် ဖြစ်သည်။


(၁၉)လကျော် ကြာမြင့်နေသည့် ပြည်တွင်းစစ်အတွင်း ဆီးရီးယား ပြည်သူ မြောက်မြားစွာ သေကြေ ပျက်စီး
ခဲ့ရသည်။ ဧပြီလက နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့သော်လည်း သက်တမ်းမှာ ရက်ပိုင်းသာ
ခံပြီး တိုက်ပွဲများ ပြန်လည် စတင်လာခဲ့သည်။

အစိုးရ ဆန့်ကျင်ရေး အင်အားစုများက ဆီးရီးယား အစိုးရသည် တော်လှန်ရေး တပ်ဖွဲ့များ၏ မိသားစုများကို ဦးတည်သော စစ်ဆင်ရေးမျိုးကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာကြောင်း စွပ်စွဲခဲ့သည်။ စစ်ပွဲများအတွင်း ဆီးရီးယားတွင် လူပေါင်း (၂၈၀၀၀)မှ (၈၀၀၀၀)ထိ သေကြေခဲ့ပြီးဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ
က ဆိုသည်။

ကြာသပတေးနေ့က ဆီးရီးယား အစိုးရပိုင် SANA သတင်းဌာနက တော်လှန်ရေးသမားများကို အကြမ်းဖက်
သမားများ"ဟု သုံးနှုန်း ဖော်ပြသွားသည်။ အစိုးရက အကြမ်းဖက်သမားများသည် ဒီရာ အက်ဇိုရာ ဒေသတ
ဝိုက်ရှိ ရေနံပိုက်လိုင်းများကို ဖောက်ခွဲခဲ့သည်ဟု စွပ်စွဲပြောဆိုသွားကြောင်း သိရှိရသည်။

VOA News

0 comments:

Post a Comment