Pages

Friday, October 19, 2012

ဂျပန်နည်းပညာနှင့် ဆက်သွယ်ရေးကုမ္ပဏီ NTT ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်မည်

ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီး NTT ကော်ပိုရေးရှင်းသည် ၄င်း၏ ကုမ္ပဏီခွဲ NTT Communication(Thailand)
ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရုံးခွဲစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာသည်။ အဆိုပါ ရုံးခွဲသည် မြန်မာ
နိုင်ငံ၌ နိုင်ငံစုံကုမ္ပဏီများအတွက် ICT နည်းပညာဆိုင်ရာကိစ္စများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးမြန်မာနိုင်
ငံတွင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုအနေဖြင့် ပထမဆုံးဖွင့်လှစ်သော ရုံးခွဲပင်ဖြစ်သည်။
ရုံးခွဲကို ရန်ကုန်မြို့ရှိ ဆာကူရာတာဝါ အဆောက်အအုံတွင် ဖွင့်လှစ်မည်ဖြစ်ပြီး NTT (ဖနွမ်းပင်၊ ဗီယန်ကျန်း) ရုံးခွဲများ၏ မန်နေဂျာ NTT (ထိုင်း)ဥက္ကဋ္ဌ ဆူယိုရှီကာဝါရှီးမားက ကွပ်ကဲမည်ဖြစ်သည်။

NTT ကုမ္ပဏီသည် လက်ရှိတွင် Cloud Computing နည်းပညာနှင့် နိုင်ငံတကာနှင့် ပြည်တွင်းကွန်ရက်များ၊ အ
ချက်အလက်စင်တာများ၊ ကွန်ရက်စနစ် လုံခြုံရေးနှင့် အခြားအိုင်စီတီနည်းပညာဆိုင်ရာ ကိစ္စများကို မဲခေါင်
ဒေသတွင်းရှိ နိုင်ငံစုံကုမ္ပဏီများနှင့် ပူးတွဲလုပ်ဆောင်နေသည်။

7days News:

0 comments:

Post a Comment