Pages

Tuesday, February 11, 2014

သံတွဲအကြမ်းဖက်မှုတွင် ဦးဆောင် ပါဝင်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဋ္ဌ ဦးမောင်ပု အမှုအား မှားယွင်းမှု အဖြစ် ပိတ်သိမ်း

Mynamar
RangonNewsDaily: February . 11 .2014
သံတွဲ ။     ။    ၂၀၁၃-ခု စက်တင်ဘာ ၂၉-ရက်နေ့တွင် သံတွဲမြို့၌ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများတွင် ဦးဆောင်ပါဝင်ခဲ့သူများထဲ တစ်ဦးဖြစ်သူဟု ယူဆရသူ သံတွဲ RNDP ဥက္ကဌ ဦးမောင်ပုအား တရားစွဲထားရာမှ ယနေ့ ဖေဖော်ဝါရီ ၁၁-ရက်နေ့တွင် မှားယွင်းမှုအဖြစ် သတ်မှတ်၍ သံတွဲ တရားရုံးက အမှုပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဘာကျန်သေးလဲ သမီးရယ်

Photo: ဘာကျန်သေးလဲ သမီးရယ်

မိန်းကလေး ။ ။ အဖေ , သမီး ယောက်ျားလေး တစ်ယောက်နဲ့ ကြိုက်နေပါတယ်။ ဒါပေမယ့် သူနှင့် ကျွန်မဟာ တစ်နေရာစီ ဝေးကွားနေကြပါတယ်။ သမီးက India မှာနေတယ် သူက Alaska မှာနေပါတယ်။

သူနှင့် ကျွန်မဟာ " website "တစ်ခုမှာ စပြီးတွေ့ကြတာပါ။ သူက သမီးရဲ့ " facebook "ကို လာပြီး အပ်ပါတယ်။ "whatsapp" မှာ အချိန်အတော်ကြာကြာ စကားတွေ ပြောခဲ့တယ် ဆိုပါတော့။ သူက သမီးကို "skype " မှာ ချစ်ရေး ဆိုခဲ့ပါတယ်။ ယခု သမီးတို့ဟာ "Viber "မှာ relationship ဖြစ်တာ နှစ်လရှိပါပြီ။

အဖေရယ် သမီးတို့နှစ်ယောက် နီးစပ်ဖို့အတွက် ဘုရားမှာ အမြဲတန်း ဆုတွေ တောင်းပါတယ်။

အဖေ ။ ။ အော် တကယ်ပဲ ငါ့သမီး ခံစားနေရ တာပေါ့နော်။ သမီးတို့နှစ်ယောက် " twitter" မှာ လက်ထပ်ပြီး " tango" ပရိသတ်တွေ အတွက် ပုံတွေတင်ပေး လိုက်ပါ။ ကလေးမွေးရင် ကလေးပစ္စည်းတွေကို " e-bay " မှာဝယ်။ အဲလိုဝယ်ဖို့ အတွက် " Gmail " ကနေ မေးပို့ ပေးလိုက်ပါ သမီး။

ကဲ...အင်တာနက်နဲ့ ပက်သက်ပြီး ဘာကျန်သေးလဲ

http://goo.gl/1Yai6q

ကျော်လင်းနိုင် (www.smart.com.mm)

Credit To : Smart Pro Journal

RangonNewsDaily: February . 11 .2014
မိန်းကလေး ။ ။ အဖေ , သမီး ယောက်ျားလေး တစ်ယောက်နဲ့ ကြိုက်နေပါတယ်။ ဒါပေမယ့် သူနှင့်ကျွန်မဟာတစ်နေရာစီ ဝေး
ကွာ
နေကြပါတယ်။ သမီးက India မှာနေတယ် သူက Alaska မှာနေပါတယ်။

ကိုဇေသီဟနှင့်နန္ဒာလှိုင်တို့၏ တတိယမြောက်မွေးဖွားမယ့်ရင်သွေး ကို ဇေရတုလှိုင်ဟု ကြိုတင်အမည်ပေး

Photo: ကိုဇေသီဟနှင့်နန္ဒာလှိုင်တို့၏ တတိယမြောက်မွေးဖွားမယ့်ရင်သွေး ကို ဇေရတုလှိုင်ဟု ကြိုတင်အမည်ပေးထား

ဇန်နဝါရီလ ၈ ရက်နေ့က Sedona Hotel မှာပြုလုပ်တဲ့ ကိုသာကောင်း နဲ့မယ်လိုဒီတို့ မင်္ဂလာဧည့်ခံပွဲကို ကိုဇေသီဟ နဲ့နန္ဒာလှိုင်တို့တက်ရောက် ခဲ့ကြပါတယ်။ ဒီပွဲကို နန္ဒာ လှိုင် က ကိုယ်ဝန် ၂လလွယ်ထားရတယ်လို့လည်း သိရပါတယ်။နာမည်ပေးဖို့စဉ်းစားထားတယ်လို့ ပြောပြတဲ့ နန္ဒာလှိုင် ရဲ့မောင်ဖြစ်သူ မောင်ကလည်း..

”မနန္ဒာကတတိယကိုယ်ဝန်ရနေပြီ။ ဇေရတုလှိုင် လို့ နာမည်ပေးမယ်လို့ စဉ်းစားထားကြတာ။လိုချင်တာက တော့ ယောက်ျားလေးပေါ့။ ပြောလို့တော့မရသေးပါဘူး။ ကျွန်တော်လည်း တအားပျော်ပါတယ်” လို့ပြောပြပါတယ်။ ကိုဇေသီဟနဲ့ နန္ဒာလှိုင်တို့ရဲ့သမီးများဖြစ်တဲ့ ဇေဝတီလှိုင် နဲ့ဇေရတီလှိုင်တို့ သမီး ၂ ယောက်နဲ့ အေးချမ်းပျော်ရွှင် စွာ နေထိုင်လျက်ရှိ ပြီးအခု ကိုယ်ဝန်ကတော့ တတိယမြောက် ရင်သွေးလေးဖြစ်ပါတယ်။

မေမွန်မောင်

Popular Journal

RangonNewsDaily: February . 11 .2014
ဇန်နဝါရီလ ၈ ရက်နေ့က Sedona Hotel မှာပြုလုပ်တဲ့ ကိုသာကောင်း နဲ့မယ်လိုဒီတို့ မင်္ဂလာဧည့်ခံပွဲကို ကိုဇေသီဟ နဲ့နန္ဒာလှိုင်တို့တက်ရောက် ခဲ့ကြပါတယ်။ ဒီပွဲကို နန္ဒာ လှိုင် က ကိုယ်ဝန် ၂လလွယ်ထားရတယ်လို့လည်း သိရပါတယ်။နာမည်ပေးဖို့စဉ်းစားထားတယ်လို့ ပြောပြတဲ့ နန္ဒာလှိုင် ရဲ့မောင်ဖြစ်သူ မောင်ကလည်း..

Grand Royal အရက်စက်ရုံ ဂိုဒေါင် မီးလောင်

RangonNewsDaily: February . 11 .2014
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက်၊ စက်မှုဇုန်(၂) ဦးဖိုးလှိုင်လမ်းရှိ Grand Royal ဝီစကီစက်ရုံရှိ သိုလှောင်ရုံ အမှတ်(၃)တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁နာရီ ၂၅ မိနစ်ခန့်က ဂိုဒေါင်ရုံတွင်းရှိ လျှပ်စစ်မီးခလုတ်ခုံတွင် ဝါယာရှော့ခ် ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။

ချစ်သူနှစ်ဦးကြား မရှိမဖြစ်လိုအပ်တဲ့ အရာလေးတွေ ( Valentine Day အမှတ်တရ)

Photo: ချစ်သူနှစ်ဦးကြား မရှိမဖြစ်လိုအပ်တဲ့ အရာလေးတွေ

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

လူ (၁၀၀)ကိုမေးလိုက်ရင် (၈၀) လောက်ကတော့ ဈေးကြီးတဲ့ ညစာဒိတ်တွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေက ချစ်ခရီးလမ်းရဲ့ သော့ချက်ပါလို့ ဖြေတတ်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သင်တို့ထင်တာမှားပါတယ်။

အခုဖော်ပြပေးမယ့် မဖြစ်စလောက်သော သေးငယ်တဲ့ အပြုအမူလေးတွေက ချစ်ခရီးလမ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်တယ်ဆိုတာ သင်သတိမူမိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ချစ်ခရီးလမ်း ဒီထက်သာယာဖြောင့်ဖြူးဖို့ ဆိုရင်တော့ နှလုံးသားထဲမှာ ချစ်ခြင်းအပြည့်ရှိနေဖို့နဲ့ ဒီအပြုအမူလေးတွေကို ထပ်ပေါင်းထည့်ဖို့ပဲ လိုတာပါ။

(၁) မနက်လင်းချိန်နဲ့ အိပ်ရာဝင်ချိန်တွေအတွက် သတိတရစာတိုလေးတွေ ပို့ပါ။

မိုးလင်းချိန်မှာ “မင်္ဂလာမနက်ခင်းပါ ကောင်လေး/ကောင်မလေးရေ။ အိပ်ရာနိုးနိုးချင်း မင်းကိုပဲသတိရတယ်” စသဖြင့် နှုတ်ဆက်စာလေးတွေ ပို့ပေးခြင်းက သင့်အတွက် အပန်းမကြီးပေမယ့်လည်း အလွန်အသုံးဝင်ပါတယ်။ ဒီလိုပဲ ညအိပ်ရာဝင်ချိန်လေးတွေမှာလည်း “ဒီနေ့အရာရာ အဆင်ပြေလား။ မင်းအကြောင်းပဲတွေးနေမိလို့ အိပ်မရသေးဘူး” စတာမျိုး ပို့ပေးပေါ့။ အိပ်ရာဝင်ချိန် စာတိုလေးတွေမှာ အနမ်းလေးတွေ ထည့်ပေးဖို့လည်း မမေ့နဲ့နော်။

(၂) အိမ်ရှေ့ရောက်တဲ့အထိ စိတ်ချရအောင်လိုက်ပို့ပေးတဲ့ အကျင့်ရှိပါ။

ဒီအချက်ကိုပြောလို့ သူမရဲ့ ယဉ်မောင်းသမားတစ်ဦး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုတာက gentleman မှန်သမျှဟာ သူတို့ရဲ့ကောင်မလေးကို ချိန်းတွေ့ပြီးအပြန် အန္တရာယ်ကင်းအောင် ဂရုစိုက်တာမျိုးတော့ လုပ်သင့်ပါတယ်။ သူမအနေနဲ့လည်း တစ်ယောက်တည်းပြန်လို့ရသလို သင်ကလည်း သူမကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကို ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်တဲ့အခါ သင့်ရဲ့ သူမအပေါ်တန်ဖိုးထား ဂရုစိုက်မှုကို ဖော်ပြတာပါ။

(၃) သူမရဲ့ယုံကြည်ရသူ ဖြစ်ပါစေ။

ချစ်သူနှစ်ဦးကြား အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အချက်ကတော့ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးနိုင်တာပဲ ဖြစ်ပါတယ်။ တစိမ်းတွေထဲက အရင်းနှီးဆုံးဖြစ်တဲ့ သင်တို့နှစ်ဦးမှာ တစ်ဦးရဲ့လျှို့ဝှက်ချက်ကို တစ်ဦးက ယုံကြည်စွာ ဆွေးနွေးနိုင်ပြီဆိုရင်တော့ ဒီချစ်ခရီးလမ်းက ပျက်ယွင်းဖို့ အတော်လေးခဲယဉ်းသွားပါပြီ။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရအောင် လုပ်ဆောင်ပါ။

(၄) ရက်စွဲတွေကို မှတ်ထားပါ။

အမျိုးသားတွေမှာ ရက်စွဲမမှတ်မိတတ်တဲ့ ပြဿနာရှိပြီး အမျိုးသမီးတွေကလည်း ဒါကိုပဲ ပြဿနာ ရှာချင်ကြပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ရက်စွဲတချို့ (ဥပမာ-မွေးနေ့၊ ချစ်သက်နှစ်ပတ်လည်နေ့၊ စတွေ့တဲ့နေ့) စတာမျိုးလောက်တော့ မှတ်မိနိုင်အောင်ကြိုးစားထားပါ။ ဖုန်းထဲမှာပဲဖြစ်ဖြစ် သူမမသိအောင် သိမ်းဆည်းထားပါ။ သူမမေးတဲ့ ရက်စွဲတစ်ခုကို တန်းခနဲဖြေနိုင်ရင်တော့ သင်အတော်လေးအမှတ်ရမှာပါ။ ဒီအချက်လေးကလည်း သေးငယ်ပေမယ့် အရေးပါပါတယ်။

(၅) မျှော်လင့်ချက်ပန်းတိုင်တွေကို ဝေမျှပါ။

သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ အသက်မွေးဝမ်းကြောင်း အစီအစဉ်တွေထဲ သူမကို ထည့်သွင်းစဉ်းစားပြီး မျှဝေပေးခြင်းက အလွန်ပဲအရေးကြီးပါတယ်။ ဒီအပြုအမူက သူမကို သင်ဘယ်လောက်ထိ ရည်ရွယ်ထားကြောင်း သိစေနိုင်ပြီး သင့်အတွက်သူမက အရေးပါတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ကို ရှက်ရွံ့နေစရာမလိုပဲ သင့်အလုပ်အကြောင်းကို သူမနဲ့ ဆွေးနွေးလို့ရရင် ဆွေးနွေးပါ။

ပြောခဲ့တဲ့ ဒီအပြုအမူ ၊ အပြောအဆိုလေးတွေဟာ ဘာမှအပန်းမကြီးတာ မှန်ပေမယ့် သင်တို့ချစ်ခရီးလမ်းကိုတော့ အများကြီးအထောက်အကူဖြစ်တာပေါ့။ နားလည်မှုနဲ့ ပြည့်စုံနိုင်မယ့် ချစ်ခြင်းတစ်ခုဆိုတာ ရွှေတွေ ငွေတွေပေးဝယ်လို့ မရတာအသေအချပါပဲ။

Trend Myanmar

RangonNewsDaily: February . 11 .2014
လူ (၁၀၀)ကိုမေးလိုက်ရင် (၈၀) လောက်ကတော့ ဈေးကြီးတဲ့ ညစာဒိတ်တွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေက ချစ်ခရီး
လမ်းရဲ့ သော့ချက်ပါလို့ ဖြေတတ်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သင်တို့ထင်တာမှားပါတယ်။

အမြန်လမ်းမတိုးချဲ့ခြင်း အကြောင်းပြလိမ်လည်နေ လာမည့် ဘဏ္ဍာနှစ်အထိ အစီအစဉ်မရှိဟု ပြောဆို

Photo: အမြန်လမ်းမတိုးချဲ့ခြင်း အကြောင်းပြလိမ်လည်နေ လာမည့် ဘဏ္ဍာနှစ်အထိ အစီအစဉ်မရှိဟု ပြောဆို|

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတိုးချဲ့ခြင်း စီမံချက်တွင်
လမ်း ၁၂ မိုင်လုပ်ပိုင်ခွင့်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ကျပ်သိန်းငါးသောင်း အာမခံထားရမည်ဟုဆိုကာ ရန်ကုန်နှင့်မန္တလေး မြို့ကြီးများရှိ ဆောက်လုပ်ရေးကုမ္ပဏီများသို့ လိုက်လံဆက်သွယ်
နေသူများရှိနေရာလိမ်ညာမှုများသာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

" အလိမ်အညာတွေပါ။ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာရော၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်မှာပါ ရန်ကုန်-မန္တလေး အမြန်လမ်းတိုးချဲ့ဖို့ စီမံချက်မရှိပါဘူး။ စီမံချက်တစ်ခုနဲ့ မန္တလေးကိုရောက် တဲ့အခါ ကျွန်တော်တို့လည်း ဒီကိစ္စကို ကြားခဲ့ပါတယ် " ဟု အဆိုပါ အရာရှိကပြောဆိုသည်။

အမြန်လမ်းမကြီးအား တစ်ဖက်လျှင် ၁၄ ပေချဲ့ခြင်းလုပ်ငန်းစီမံချက် လုံးဝမရှိကြောင်း၊ ပြည်ပအကူအညီများရရှိရန် အမြန်လမ်းကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်ပါက အများပြည်သူသို့ တရားဝင်
ကြေညာပြီးအိတ်ဖွင့်တင်ဒါများ ခေါ်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတိုးချဲ့ရန် ကုမ္ပဏီ တစ်ခုလျှင် ၁၂ မိုင်လုပ်ခွင့်ရမည်ဖြစ် ကြောင်း၊ကွန်ကရစ်လမ်းမ၏ဘေးမှ ၁၄ ပေ အကျယ်မြေညှိပြီး ကတ္တရာခင်း ၍ အမာခံလမ်းပခုံး သုံးပေအထိ
ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ကတ္တရာလမ်းခင်းပုံအဆင့်ဆင့် သတ်မှတ်ချက်များဖြင့် ရန်ကုန်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီများသို့ လိုက်လံအလုပ်စပ်နေသော အဖွဲ့များရှိကြောင်း ကုမ္ပဏီအချို့ထံမှ သိရသည်။

" လုပ်ချင်ရင် စပေါ်ကျပ်သိန်းငါးသောင်း ဒါမှမဟုတ် ကျပ်သိန်းငါးသောင်း နဲ့ညီမျှတဲ့ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာ Block သဘောတူကတိပြုနိုင်ရမယ်ဆိုပြီးလာ ပြောပါတယ်။ သူတို့က လူကြီးကိုပိုင်တယ်ဆိုပြီးလည်း ပြောတယ် "ဟု ရန်ကုန် မြို့ရှိ ဆောက်လုပ်
ရေးကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးက ပြောဆိုသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလမ်း ချဲ့ရန်စီမံချက်လုံးဝမရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက တရားဝင်
ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

RangonNewsDaily: February . 11 .2014
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမတိုးချဲ့ခြင်း စီမံချက်တွင်
လမ်း ၁၂ မိုင်လုပ်ပိုင်ခွင့်အတွက် ဆောက်လုပ်ရေး ၀န်ကြီးဌာနသို့ ကျပ်သိန်းငါးသောင်း အာမခံထားရမည်ဟုဆိုကာ ရန်ကုန်နှင့်မန္တလေး မြို့ကြီးများရှိ ဆောက်လုပ်ရေးကုမ္ပဏီများသို့ လိုက်လံဆက်သွယ်
နေသူများရှိနေရာလိမ်ညာမှုများသာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

ဘုရင့်နောင်မြစ်ကူး တံတားသစ်အတွက် သံဘောင်များ မတ်လ ရောက်မည်

RangonNewsDaily: February . 11 .2014
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်နှင့် မရမ်းကုန်း မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဘုရင့်နောင်မြစ်ကူး တံတားအမှတ် (၂) အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တံတား သံဘောင်များ မတ်လ နောက်ဆုံးပတ်အတွင်း ရောက်ရှိမည် ဖြစ်ကြောင်း အဆိုပါ တံတား ဆောက်လုပ်ရေး စီမံကိန်း ဌာနထံမှ သိရသည်။တံတား သံဘောင်များကို လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခွင့်ရသည့် တင်ဒါအောင် တရုတ် ကုမ္ပဏီထံမှ မှာယူတင်သွင်းခြင်း ဖြစ်ပြီး ယင်းသံဘောင်များ ရောက်ရှိမှသာ မြစ်လမ်းကြောင်း ဘေးနှစ်ဖက်ရှိ ရေလမ်းကြောင်း ထိန်းသိမ်း ထားခြင်းများကို ထောက်တိုင်များ ဖြုတ်၍ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း တံတားစီမံကိန်း ဌာနထံမှ သိရသည်။

ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့်ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ် စစ်ဆေးမည်

Photo: ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့်ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ် စစ်ဆေးမည်

ဖေဖော်ဝါရီ ၁၀ ရက် ၂၀၁၄

ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အီတလီ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် (၁၀)မိနစ်အတွင်း ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့် ဘောလုံးပွဲ တစ်ပွဲကို စုံစမ်းသွားမည်ဟု သိရသည်။ လုပ်ပွဲအရှုပ်တော်ပုံကြောင့် အကြီးအကျယ် နာမည်ပျက်ခဲ့ဖူးသည့် အီတလီ ဘောလုံးလောကတွင် ဆစ်စလီဒေသ ကိုပါဖလား ပြိုင်ပွဲ၌ ဘော်ဂါတာ တီရန်နိုဗာ အသင်းက ဘက်ဂ်ဟီရီရာကို (၁၄-၃)ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အုပ်စုအနေအထားအရ ဘက်ဂ်ဟီရီရာသည် (၁)မှတ်ရလျှင်ပင် အုပ်စုမှ လွန်မြောက်မည် ဖြစ်သည်။

ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တီရန်နိုဗာ ကစားသမားများ အနေဖြင့် ကိုယ်တိုင် အားထုတ်စရာ မလိုဘဲ ဂိုးများစွာ ထပ်မံရရှိပြီးနောက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထိုသို့တက်ရောက်သည် ဆိုရာတွင် အုပ်စုတွင်းမှ ပါတီနီကောဒေ့စ် အသင်းအပေါ် ဂိုးကွာခြားချက် အသာစီး ရခဲ့၍ ဖြစ်သည်။ ထိုမျှ ဂိုးပြတ်သွားပြီး ကိုယ့်ဂိုးကိုယ် သွင်းယူမှုများကြောင့် ပါတီနီကောဒေ့စ် အသင်းအတွက် အကြီးအကျယ် နစ်နာခဲ့ပြီး ယင်းဖြစ်ရပ်ကို အီတလီ ဘောလုံးအဖွဲ့ချုပ်ထံ အသိပေး တိုင်ကြားခဲ့သည်။

"တော်တော်တော့ ရုပ်ပျက်ဆင်းပျက် နိုင်တာပဲ။ ကျွန်တော်တို့ အသင်းကတော့ ဒီပွဲမှာ ဝင်ပတ်သက်ခဲ့မိပြီ"ဟု တီရန်နိုဗာ နည်းပြ အစ်ဂ်နာဇီယို ချီယန်နက်တာက ဆိုသည်။ အီတလီ ဘောလုံးအဖွဲ့ချုပ်က မိမိတို့သည် ယင်းပွဲစဉ်နှင့် ပတ်သက်ပြီး စုံစမ်းသွားမည်ဟု ဆိုသည်။ ဆစ်စလီ ဒေသသည် မာဖီးယား အဆက်အနွယ်များ အခြေချ လှုပ်ရှားရာ ဒေသဖြစ်ပြီး ၎င်းတို့သည် ဘောလုံးပွဲများတွင် လုပ်ပွဲများ ဖြစ်ပေါ်ရန် ကြိုးကိုင်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲမှုများ အစဉ်တစိုက် ထွက်ပေါ်လျှက်ရှိသည်။

Planet Myanmar Network

RangonNewsDaily: February . 11 .2014
ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ချစ်သူ

RangonNewsDaily: February . 11 .2014
ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင် ကိုသတိ ရ သည့်အခါ
တိမ်များကို မြင် နေပါသည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် အာရှ၏ ခေတ်အမီဆုံး မြို့တော်ဖြစ်လာ

Photo: တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် အာရှ၏ ခေတ်အမီဆုံး မြို့တော်ဖြစ်လာ

ဖေဖော်ဝါရီ ၁၁ ရက် ၂၀၁၄

ရှန်ဟိုင်းမြို့ သည် တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ တို့ကို ဖြတ်ကျော်၍ အာရှ၏ ခေတ်အမီဆုံး မြို့တော် ဖြစ်လာခဲ့ကြောင်း စစ်တမ်းသစ် တစ်ခုအရ သိရသည်။

ရှန်ဟိုင်းမြို့ သည် အာရှတွင် ခေတ်အမီဆုံး မြို့တော်ဖြစ်ပြီး ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်းတွင် နံပတ် ၁၀ နေရာ၌ ရပ်တည်လျက် ရှိကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် Global Language Monitor အဖွဲ့၏ သုတေသန ပြုချက်အရ သိရသည်။

ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော်များ စာရင်း၌ နယူးယောက် မြို့သည် နံပါတ်တစ် နေရာတွင် ရပ်တည်နေပြီး ပဲရစ်နှင့် လန်ဒန်မြို့ များသည် နံပါတ်နှစ် နေရာနှင့် နံပါတ်သုံး နေရာတို့တွင် အသီးသီး ရပ်တည်လျက် ရှိသည်။ ၄င်း စာရင်း၏ ထိပ်တန်း မြို့ ၂၀ တွင် တိုကျို ၊ စင်ကာပူ နှင့် ဟောင်ကောင် တို့ ပါဝင်လျက် ရှိကြောင်း သိရသည်။

တိုကျိုမြို့ သည် ကမ္ဘာ့ ခေတ်အမီဆုံး မြို့တော် စာရင်း၏ နံပါတ် ၁၁ နေရာတွင် ရပ်တည် နေခဲ့ပြီး စင်ကာပူ က နံပါတ် ၁၉ နေရာ ၊ ဟောင်ကောင်မြို့ က နံပါတ် ၂၀ နေရာတို့တွင် ရပ်တည် နေခဲ့ကြောင်း သိရှိရသည်။

Themyawadydaily

RangonNewsDaily: February . 11 .2014
ရှန်ဟိုင်းမြို့ သည် တိုကျိုမြို့ နှင့် ဟောင်ကောင်မြို့ တို့ကို ဖြတ်ကျော်၍ အာရှ၏ ခေတ်အမီဆုံး မြို့တော် ဖြစ်လာခဲ့ကြောင်း စစ်တမ်းသစ် တစ်ခုအရ သိရသည်။

ရခိုင်ပြည်နယ် ဒုချီရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်သို့မရောက်ရှိသေး

RangonNewsDaily: February . 11 .2014
ရခိုင်ပြည်နယ်တွင် ဒုချရားတန်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းလေ့လာရန် သမ္မတ ဖွဲ့စည်းပေးထားသော စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ပြည်နယ်သို့မရောက်ရှိသေးကြောင်း ကော်မတီအဖွဲ့ဝင်များက မဇ္ဈိမကို ဖေဖော်ဝါရီ ၁ဝ တွင် ပြောဆိုလိုက်သည်။ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံတင်ပြရမည်ဟု သမ္မတရုံးကထုတ်ပြန်ထားသည့်အတွက် ကော်မရှင်အနေနှင့် စုံစမ်းစစ်ဆေးရန် ၂၂ ရက်သာ အချိန်ရသော်လည်း ရခိုင်သို့ မသွားရောက်နိုင်သေးပေ။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရန်ကုန်ခရီးစဉ်

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရန်ကုန်ရောက်ရှိခဲ့
Tuesday, February 11, 2014

အကျင့်ပျက်ခြစားမှုတွေနဲ့ ဖမ်းဝါးရမ်းထုတ် ခံထားရတာကြောင့် ပြည်ပမှာခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး၊ မိသားစုဝင်တချို့နဲ့ တွ့ဆုံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

အလားတူ နေးရှင်း သတင်းစာကလည်း သက်ဆင်ရဲ့ ယောက်ဖတော်စပ်သူ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ၀မ်ဆာဝပ်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သက်ဆင်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့တယ်လို့ အတည်ပြုပြောဆိုကြောင်း ဖေါ်ပြခဲ့ပါတယ်။ ရန်ကုန်မြို့မှာ သက်ဆင်နဲ့အတူ အလှူဒါနပြုခဲ့ကြောင်း၊ လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေတွေကို အကျဉ်းချုပ်ရှင်းပြခဲ့ရာမှာ၊ သက်ဆင်က စိတ်ဓါတ်ရေးရာအရ အားပေးစကားပြောဆိုခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဘန်ကောက်ပို့စ်မှာလည်း အမည်မသိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သံဃာတွေကို သက်ဆင်နဲ့အဖွဲ့က လှူဖွယ်ပစ္စည်းတွေဆက်ကပ်နေတဲ့ ဓါတ်ပုံတွေ ဖေါ်ပြထားပါတယ်။

ဒါ့ပြင် သက်ဆင်ဟာ ရန်ကုန်မြို့ ချက်ထရီယံဟိုတယ် ၁၀ ထပ်မှာ တည်းခိုခဲ့ကြောင်း၊ သူရဲ့ နှမအကြီးဖြစ်သူနဲ့ ယောက်ဖဖြစ်သူ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်း ၀မ်ဆာဝပ် တို့က ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့က ဘန်ကောက်ကနေ ရန်ကုန်ကို သွားရောက်တွေ့ဆုံခဲ့ကြကြောင်း၊ အလားတူ ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် ပွန်ထက်နဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဝန်ကြီးဌာန အကြီးအကဲတို့ ပါဝင်တဲ့ လူ ၃၀ ပါ အဖွဲ့ကလည်း သက်ဆင်ကို သွားရောက်တွေ့ဆုံကြကြောင်း ထိုင်းအင်တာနက် သတင်းစာမျက်နှာတစ်ခုမှာ မနေ့က ဖော်ပြခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ထိုင်း အတိုက်အခံကို ဖြိုခွင်းဖို့အတွက် ဗေဒင်ယတြာစတဲ့ လောကီနည်းတွေအတွက်ဖြစ်တယ်လို့ ဝေဖန်သူတချို့က ဆိုကြသလို၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဆွန်ချိုင်းကတော့ ကုသိုလ်ရေးကိစ္စသက်သက်သာ ဖြစ်တယ်လို့ဆိုပါတယ်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့နှစ် မတ်လကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

RFA Burmese

RangonNewsDaily: February . 11 .2014
အကျင့်ပျက်ခြစားမှုတွေနဲ့ ဖမ်းဝါးရမ်းထုတ် ခံထားရတာကြောင့် ပြည်ပမှာခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီး၊ မိသားစုဝင်တချို့နဲ့ တွ့ဆုံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိသားစုနဲ့ မြန်မာ နိုင်ငံမှာဆုံ