Pages

Tuesday, February 11, 2014

Grand Royal အရက်စက်ရုံ ဂိုဒေါင် မီးလောင်

RangonNewsDaily: February . 11 .2014
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက်၊ စက်မှုဇုန်(၂) ဦးဖိုးလှိုင်လမ်းရှိ Grand Royal ဝီစကီစက်ရုံရှိ သိုလှောင်ရုံ အမှတ်(၃)တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁နာရီ ၂၅ မိနစ်ခန့်က ဂိုဒေါင်ရုံတွင်းရှိ လျှပ်စစ်မီးခလုတ်ခုံတွင် ဝါယာရှော့ခ် ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အလျား ပေ ၂၀၀၊ အနံပေ ၄၀၀ ရှိသော သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းသိုလောင်ရုံတွင်းရှိ မိန်းခလုတ်ခုံနှင့် စက္ကူဂျပ်ဖာများ မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးလောင်မှုမှာ ၁၈ မိနစ်ခန့် လောင်ကျွမ်းခဲ့ပြီး မီးသတ်ယာဉ် ခြောက်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၇ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မီးလောင်မှုကြောင့် သိုလှောင်ရုံ တာဝန်ခံ ဒေါ်ဇင်မာထွန်းကို ( ပ) ၇၈/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ရွှေပြည်သာ မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment