Pages

Tuesday, February 11, 2014

အဲ့လ်ပ်စ်တောင်တန်မှ အအေးဓာတ်ကို အံတုပြခဲ့သည့် အေမီ

Photo: အဲ့လ်ပ်စ်တောင်တန်မှ အအေးဓာတ်ကို အံတုပြခဲ့သည့် အေမီ
Tuesday, February 11, 2014

ရာသီဥတု အေးမြနေသော်လည်း ရေနွေးငွေ့များနှင့်အပြိုင် အေမီ၏ ပုံရိပ်ကလည်း ပူနွေးတောက်လောင်စွာ လှပနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

ဆွစ်ဇာလန်နိုင်ငံရှိ အဲ့လ်ပ်စ် တောင်တန်းများ၏ အအေးဓာတ်သည် အေမီဝီလာတန်အတွက် မှုလောက်စရာ အခြေအနေ မဟုတ်ချေ။ ဗြိတိန်ကိုယ်စားပြု မယ်စကြာဝဠာ ပြိုင်ပွဲဝင် အလှမယ်ဟောင်းနှင့် တက်သစ်စ မော်ဒယ်လ်မလေးသည် အဲ့လ်ပ်စ် တောင်တန်းများပေါ်ရှိ ရေနွေးကန်တွင် ကြော်ငြာတစ်ခုအတွက် ဓာတ်ပုံအရိုက်ခံနေခဲ့ရာတွင် ဘီကနီ အနီရောင်လေးကိုသာ ဝတ်ဆင်ထားခဲ့သည်ကို တွေ့ရသည်။ ရာသီဥတု အေးမြနေသော်လည်း ရေနွေးငွေ့များနှင့်အပြိုင် အေမီ၏ ပုံရိပ်ကလည်း ပူနွေးတောက်လောင်စွာ လှပနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ အေမီသည် ရိုက်ကွင်းတွင် ဓာတ်ပုံဆရာ ညွှန်ကြားသည့်အတိုင်း အမျိုးမျိုး ကိုယ်ဟန်ပြနေပြီး ခေတ္တနားချိန်များတွင်မူ ထူထဲသည့် အနက်ရောင် ဂျာကင်ကြီးကို လွှမ်းခြုံထားသည်ကိုလည်း တွေ့ရသည်။

အသက်(၂၁)နှစ်အရွယ် အေမီအနေဖြင့် မည်သည့်ကြော်ငြာအတွက် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည်ကိုမူ တိတိကျကျ မသိရသေးချေ။ သူမသည် သစ်သီးဖျော်ရည် တစ်ခုခု ထည့်ထားသည်ဟု ယူဆရသည့် ဖန်ခွက်တစ်လုံးကိုလည်း လက်ထဲတွင် ကိုင်ထားသည်ကို တွေ့ရသည်။ သူမသည် ဖခင်ဖြစ်သူနှင့်အတူ ဆွစ်ဇာလန်၌ လာရောက် အပန်းဖြေနေရင်း ယခုကဲ့သို့ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ မယ်စကြာဝဠာ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်ခဲ့သလို အမျိုးသမီးချင်း အားကျမက်မောလောက်စရာ ခန္ဓာကိုယ် အချိုးအဆက်မျိုး ပိုင်ဆိုင်ထားသည့်တိုင် အေမီက သူမအနေဖြင့် အစားအသောက် ရှောင်လွန်းခြင်း မရှိကြောင်း ပြောကြားဖူးသည်။

အစားအသောက် အလွန်အကျွံ ဆင်ခြင်နေခြင်း မရှိဘဲ ခန္ဓာကိုယ် လှပလွန်းသည့် ဆုတောင်းကောင်းသူ မော်ဒယ်လ်လေးက "အမှန်အတိုင်း ပြောရရင် ကျွန်မက အစားသိပ်မက်တယ်။ မယ်စကြာဝဠာ ပြိုင်ပွဲမှာ ဘီကနီဝတ်ပြီး ကိုယ်ဟန်ပြနေရတဲ့ အချိန်တွေမှာတောင် ကျွန်မ စားချင်တာ စားတာပါပဲ။ ကျွန်မက အစားအသောက်နဲ့ ပတ်သက်လာရင် တော်တော်ဆိုးပါတယ်"ဟု ရယ်ရယ်မောမော မှတ်ချက်ပြုခဲ့သည်။ သူမက ဆက်လက်၍ "တစ်ခုတော့ရှိတယ်။ ကျွန်မက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တယ်။ ပြီးတော့ ပြိုင်ပွဲကာလတွေဆိုရင် ကျွန်မအနေနဲ့ သန့်ရှင်းတဲ့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးစားတယ်။ အမေကတော့ ကျွန်မက အမြဲတမ်း အစားပုပ်ပြီး ဗိုက်ဆာနေတဲ့ ကောင်မလေးလို့ ပြောတတ်ပါတယ်"ဟုလည်း အရွှမ်းဖောက်သွားခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily: February . 11 .2014
ရာသီဥတု အေးမြနေသော်လည်း ရေနွေးငွေ့များနှင့်အပြိုင် အေမီ၏ ပုံရိပ်ကလည်း ပူနွေးတောက်လောင်စွာ လှပနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ဆွစ်ဇာလန်နိုင်ငံရှိအဲ့လ်ပ်စ် တောင်တန်းများ၏အအေးဓာတ်သည် အေမီဝီလာတန်အတွက် မှုလောက်စရာ အခြေအနေ မဟုတ်ချေ
။ ဗြိတိန်ကိုယ်စားပြု မယ်စကြာဝဠာ ပြိုင်ပွဲဝင် အလှမယ်ဟောင်းနှင့် တက်သစ်စ မော်ဒယ်လ်မလေးသည် အဲ့လ်ပ်စ် တောင်တန်း
များပေါ်ရှိ ရေနွေးကန်တွင် ကြော်ငြာတစ်ခုအတွက် ဓာတ်ပုံအရိုက်ခံနေခဲ့ရာတွင် ဘီကနီ အနီရောင်လေးကိုသာ ဝတ်ဆင်ထားခဲ့
သည်ကို တွေ့ရသည်။ 

ရာသီဥတု အေးမြနေသော်လည်း ရေနွေးငွေ့များနှင့်အပြိုင် အေမီ၏ ပုံရိပ်ကလည်း ပူနွေးတောက်လောင်စွာ လှပနေခဲ့ကြောင်းမျက်
မြင်များက ဆိုသည်။ အေမီသည် ရိုက်ကွင်းတွင် ဓာတ်ပုံဆရာ ညွှန်ကြားသည့်အတိုင်း အမျိုးမျိုး ကိုယ်ဟန်ပြနေပြီး ခေတ္တနားချိန်
များတွင်မူ ထူထဲသည့် အနက်ရောင် ဂျာကင်ကြီးကို လွှမ်းခြုံထားသည်ကိုလည်း တွေ့ရသည်။

အသက်(၂၁)နှစ်အရွယ် အေမီအနေဖြင့်မည်သည့်ကြော်ငြာအတွက်ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည်ကိုမူ တိတိကျကျ မသိရသေး
ချေ။ သူမသည် သစ်သီးဖျော်ရည် တစ်ခုခု ထည့်ထားသည်ဟု ယူဆရသည့် ဖန်ခွက်တစ်လုံးကိုလည်း လက်ထဲတွင် ကိုင်ထားသည်
ကို တွေ့ရသည်။ 

သူမသည် ဖခင်ဖြစ်သူနှင့်အတူ ဆွစ်ဇာလန်၌ လာရောက် အပန်းဖြေနေရင်း ယခုကဲ့သို့ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ မယ်စကြာဝဠာ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်ခဲ့သလို အမျိုးသမီးချင်း အားကျမက်မောလောက်စရာ ခန္ဓာကိုယ် အချိုးအဆက်မျိုး ပိုင်ဆိုင်ထားသည့်တိုင် အေမီက သူမအနေဖြင့် အစားအသောက် ရှောင်လွန်းခြင်း မရှိကြောင်း ပြောကြားဖူးသည်။

အစားအသောက်အလွန်အကျွံဆင်ခြင်နေခြင်း မရှိဘဲ ခန္ဓာကိုယ် လှပလွန်းသည့် ဆုတောင်းကောင်းသူ မော်ဒယ်လ်လေးက "အမှန်
အတိုင်း ပြောရရင်ကျွန်မကအစားသိပ်မက်တယ်။မယ်စကြာဝဠာ ပြိုင်ပွဲမှာ ဘီကနီဝတ်ပြီး ကိုယ်ဟန်ပြနေရတဲ့အချိန်တွေမှာတောင်
ကျွန်မ စားချင်တာ စားတာပါပဲ။ 

ကျွန်မက အစားအသောက်နဲ့ ပတ်သက်လာရင် တော်တော်ဆိုးပါတယ်"ဟု ရယ်ရယ်မောမော မှတ်ချက်ပြုခဲ့သည်။ သူမက ဆက်
လက်ပြီး"တစ်ခုတော့ရှိတယ်။ကျွန်မက လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တယ်။ ပြီးတော့ ပြိုင်ပွဲကာလတွေဆိုရင် ကျွန်မအနေ
နဲ့ သန့်ရှင်းတဲ့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးစားတယ်။ 

အမေကတော့ ကျွန်မက အမြဲတမ်း အစားပုပ်ပြီး ဗိုက်ဆာနေတဲ့ ကောင်မလေးလို့ ပြောတတ်ပါတယ်"ဟုလည်း အရွှမ်းဖောက်သွား
ခဲ့သည်။ 

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment