Pages

Tuesday, February 11, 2014

ရခိုင်ပြည်နယ် ဒုချီရားတန်းဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်သို့မရောက်ရှိသေး

RangonNewsDaily: February . 11 .2014
ရခိုင်ပြည်နယ်တွင် ဒုချရားတန်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်စုံစမ်းလေ့လာရန် သမ္မတ ဖွဲ့စည်းပေးထားသော စုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ပြည်နယ်သို့မရောက်ရှိသေးကြောင်း ကော်မတီအဖွဲ့ဝင်များက မဇ္ဈိမကို ဖေဖော်ဝါရီ ၁ဝ တွင် ပြောဆိုလိုက်သည်။ဖေဖော်ဝါရီ ၆ ရက်နေ့က ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံတင်ပြရမည်ဟု သမ္မတရုံးကထုတ်ပြန်ထားသည့်အတွက် ကော်မရှင်အနေနှင့် စုံစမ်းစစ်ဆေးရန် ၂၂ ရက်သာ အချိန်ရသော်လည်း ရခိုင်သို့ မသွားရောက်နိုင်သေးပေ။
ဒီမှာ အစည်းအဝေးတွေလုပ်ပြီး ဘယ်လိုစုံစမ်းလေ့လာမယ်ဆိုတာ ညှိနှိုင်းတဲ့အဆင့်ပဲရှိပါသေးတယ်။ ရခိုင်ကို ဘယ်နေ့သွားမယ် ဆိုတာကို အတိအကျပြောလို့မရပါဘူး”ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူးဒေါက်တာကျော်ရင်လှိုင်က မဇ္ဈိမကို ပြောသည်။
::
“တစ်လအတွင်းမှာ ဒီပြဿနာနဲ့ဆက်နွယ်တာတွေအားလုံးကို တင်ပြရမှာ (၂၂ ရက်အတွင်း) နည်းနည်းတော့ အခက်အခဲ ရှိပါတယ်”ဟု ကော်မရှင်အဖွဲ့ဝင် ဦးဦးသာပွင့်က မဇ္ဈိမကို ပြောသည်။

ယင်းကော်မတီကို သည် ဖော်ဖော်ဝါရီ ၂၈ ရက်တွင် ခရေမြိုင်ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသေဆုံးမှု ဒုချီရားတန်း အနောက်ကျေးရွာမီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းရင်း၊ သတင်းထုတ်ပြန်မှု မည်သူတို့ကဆောင်ရွက်ကြောင်း၊
::
ဖြစ်စဉ်များ ကြောင့်သေဆုံး၊ ဒါဏ်ရာရရှိမှု၊ အခြေအနေ နှင့် နေအိမ်ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို တင်ပြရမည်ဖြစ်သည်။
ထို့ပြင် ထပ်မံမဖြစ်ပေါ်ရန် ကြိုတင်ကာကွယ်ရမည့်အခြေအနေများကိုလည်း ပူးတွဲတင်ပြရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၂ ခုနှစ်ကစတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်ပြီး ၂ဝ၁၂ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ်အနေဖြင့် ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သေးသည်။
::
ဒုချီရားတန်းတွင်ဖြစ်ပွားသော ပြသနာနှင့်ပတ်သက်၍ ၂ဝ၁၂ ခုနှစ်ကဖွဲ့စည်းထားသော ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အဖွဲ့ဝင်အချို့သည် ပထမအကြိမ် ဇန်နဝါရီ ၂၂ ရက်တွင် ဒုချရားတန်းကျေးရွာသို့ ရောက်ရှိလေ့လာပြီးဖြစ်သည်။

ယင်းကော်မရှင်၏ တွေ့ရှိမှုများကို ဇန်နဝါရီ ၂၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် နိုင်ငံတကာ သံအမတ်များ၊ ဥရောပသမဂ္ဂ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများကို ရှင်းလင်းပြီးဖြစ်သည်။
::
ယခုအကြိမ်တွင် ဒုချရားတန်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော်မရှင်တစ်ရပ်ကို ထပ်မံဖွဲ့စည်းခြင်း
လည်းဖြစ်သည်။

Mizzima - News ::--
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment