Pages

Tuesday, February 11, 2014

ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့်ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ် စစ်ဆေးမည်

Photo: ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့်ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ် စစ်ဆေးမည်

ဖေဖော်ဝါရီ ၁၀ ရက် ၂၀၁၄

ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အီတလီ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် (၁၀)မိနစ်အတွင်း ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့် ဘောလုံးပွဲ တစ်ပွဲကို စုံစမ်းသွားမည်ဟု သိရသည်။ လုပ်ပွဲအရှုပ်တော်ပုံကြောင့် အကြီးအကျယ် နာမည်ပျက်ခဲ့ဖူးသည့် အီတလီ ဘောလုံးလောကတွင် ဆစ်စလီဒေသ ကိုပါဖလား ပြိုင်ပွဲ၌ ဘော်ဂါတာ တီရန်နိုဗာ အသင်းက ဘက်ဂ်ဟီရီရာကို (၁၄-၃)ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အုပ်စုအနေအထားအရ ဘက်ဂ်ဟီရီရာသည် (၁)မှတ်ရလျှင်ပင် အုပ်စုမှ လွန်မြောက်မည် ဖြစ်သည်။

ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တီရန်နိုဗာ ကစားသမားများ အနေဖြင့် ကိုယ်တိုင် အားထုတ်စရာ မလိုဘဲ ဂိုးများစွာ ထပ်မံရရှိပြီးနောက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ထိုသို့တက်ရောက်သည် ဆိုရာတွင် အုပ်စုတွင်းမှ ပါတီနီကောဒေ့စ် အသင်းအပေါ် ဂိုးကွာခြားချက် အသာစီး ရခဲ့၍ ဖြစ်သည်။ ထိုမျှ ဂိုးပြတ်သွားပြီး ကိုယ့်ဂိုးကိုယ် သွင်းယူမှုများကြောင့် ပါတီနီကောဒေ့စ် အသင်းအတွက် အကြီးအကျယ် နစ်နာခဲ့ပြီး ယင်းဖြစ်ရပ်ကို အီတလီ ဘောလုံးအဖွဲ့ချုပ်ထံ အသိပေး တိုင်ကြားခဲ့သည်။

"တော်တော်တော့ ရုပ်ပျက်ဆင်းပျက် နိုင်တာပဲ။ ကျွန်တော်တို့ အသင်းကတော့ ဒီပွဲမှာ ဝင်ပတ်သက်ခဲ့မိပြီ"ဟု တီရန်နိုဗာ နည်းပြ အစ်ဂ်နာဇီယို ချီယန်နက်တာက ဆိုသည်။ အီတလီ ဘောလုံးအဖွဲ့ချုပ်က မိမိတို့သည် ယင်းပွဲစဉ်နှင့် ပတ်သက်ပြီး စုံစမ်းသွားမည်ဟု ဆိုသည်။ ဆစ်စလီ ဒေသသည် မာဖီးယား အဆက်အနွယ်များ အခြေချ လှုပ်ရှားရာ ဒေသဖြစ်ပြီး ၎င်းတို့သည် ဘောလုံးပွဲများတွင် လုပ်ပွဲများ ဖြစ်ပေါ်ရန် ကြိုးကိုင်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲမှုများ အစဉ်တစိုက် ထွက်ပေါ်လျှက်ရှိသည်။

Planet Myanmar Network

RangonNewsDaily: February . 11 .2014
ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။အီတလီ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် (၁၀)မိနစ်အတွင်း ကိုယ့်ဂိုးကိုယ် (၈)ဂိုးသွင်းသည့် ဘောလုံးပွဲ တစ်ပွဲကို စုံစမ်းသွားမည်ဟု သိရသည်။ လုပ်ပွဲအရှုပ်တော်ပုံကြောင့် အကြီးအကျယ် နာမည်ပျက်ခဲ့ဖူးသည့် အီတလီ ဘောလုံးလောကတွင် ဆစ်စလီဒေသ ကိုပါဖလား ပြိုင်ပွဲ၌ ဘော်ဂါတာ တီရန်နိုဗာ အသင်းက ဘက်ဂ်ဟီရီရာကို (၁၄-၃)ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အုပ်စုအနေအထားအရ ဘက်ဂ်ဟီရီရာသည် (၁)မှတ်ရလျှင်ပင် အုပ်စုမှ လွန်မြောက်မည် ဖြစ်သည်။

ပွဲပြီးခါနီး (၁၀)မိနစ် အလိုထိ တီရန်နိုဗာက (၄-၃)ဖြင့် ဦီးဆောင်နေပြီး ထိုအချိန်တွင် စတင်ကာ ဘက်ဂ်ဟီရီရာဘက်၌ ကိုယ့်ဂိုးကိုယ် လှိုင်လှိုင်သွင်းမှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ တီရန်နိုဗာ ကစားသမားများ အနေဖြင့် ကိုယ်တိုင် အားထုတ်စရာ မလိုဘဲ ဂိုးများစွာ ထပ်မံရရှိပြီးနောက် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ 

ထိုသို့တက်ရောက်သည် ဆိုရာတွင် အုပ်စုတွင်းမှ ပါတီနီကောဒေ့စ် အသင်းအပေါ် ဂိုးကွာခြားချက် အသာစီး ရခဲ့၍ ဖြစ်သည်။ ထိုမျှ ဂိုးပြတ်သွားပြီး ကိုယ့်ဂိုးကိုယ် သွင်းယူမှုများကြောင့် ပါတီနီကောဒေ့စ် အသင်းအတွက် အကြီးအကျယ် နစ်နာခဲ့ပြီး ယင်းဖြစ်ရပ်ကို အီတလီ ဘောလုံးအဖွဲ့ချုပ်ထံ အသိပေး တိုင်ကြားခဲ့သည်။

"တော်တော်တော့ ရုပ်ပျက်ဆင်းပျက် နိုင်တာပဲ။ ကျွန်တော်တို့ အသင်းကတော့ ဒီပွဲမှာ ဝင်ပတ်သက်ခဲ့မိပြီ"ဟု တီရန်နိုဗာ နည်းပြ အစ်ဂ်နာဇီယို ချီယန်နက်တာက ဆိုသည်။ 

အီတလီ ဘောလုံးအဖွဲ့ချုပ်က မိမိတို့သည် ယင်းပွဲစဉ်နှင့် ပတ်သက်ပြီး စုံစမ်းသွားမည်ဟု ဆိုသည်။ ဆစ်စလီ ဒေသသည် မာဖီးယား အဆက်အနွယ်များ အခြေချ လှုပ်ရှားရာ ဒေသဖြစ်ပြီး ၎င်းတို့သည် ဘောလုံးပွဲများတွင် လုပ်ပွဲများ ဖြစ်ပေါ်ရန် ကြိုးကိုင်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲမှုများ အစဉ်တစိုက် ထွက်ပေါ်လျှက်ရှိသည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment