Pages

Wednesday, August 14, 2013

အမျိုးသမီးဆေးရုံ၌ လူနာစောင့်ထံမှ ရွှေထည်ပစ္စည်းများခိုးယူခံရ

ရန်ကုန်၊ သြဂုတ် ၁၄

၁၃.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် တာမွေမြို့နယ်နေ ဒေါ်သန်းနွဲ့သည် လမ်းမတော်မြို့နယ်၊ ဗဟို လမ်းရှိ အမျိုးသမီးဆေးရုံ AB.IIအဆောင်၊ ကုတင်အမှတ် Unit-2တွင် သမီးဖြစ်သူဆေးရုံတက်နေ၍ သွားရောက်စောင့်ပေးနေခဲ့ရာ သမီးဖြစ်သူမှာသွေးသွင်းရန်သွားနေစဉ်
၎င်းမှ ကုတင်ပေါ်တက်၍ လဲလှောင်းနေချိန် ကုတင်အနီးသို့
အသက်(၄၅)နှစ်ခန့်ရှိအမျိုးသမီးတစ်ဦးရောက်ရှိလာပြီး နှိပ်ပေးမည်
ဖြစ်ကြောင်းပြောဆိုသဖြင့် မလိုကြောင်းပြောခဲ့ရာ အဆိုပါအမျိုးသမီးမှာ
ပြန်ထွက်သွားခဲ့ပါသည်။

အင်ပါယာသတင်းစာမှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရသည့် ကိစ္စရှင်းလင်း

အင်ပါယာသတင်းစာမှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရသည့် ကိစ္စရှင်းလင်း
Wednesday, August 14, 2013

အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သောရှင်းလင်းပွဲ တစ်ရပ်ကို အလုပ်ထုတ်ခံသတင်းထောက်များဘက်မှ သြဂုတ်လ ၁၄ ရက်နေ့က MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

သတင်းထောက် ၇ ဦးသည် သြဂုတ်လ ၃ ရက်နေ့က သတင်းစာတိုက်မှ ထုတ်ပယ်ခြင်းခံရခြင်းဖြစ်ပြီး၊ ၄င်းတို့မှာ ဇွန်လအတွက် ရသင့် ရထိုက်သည့် လစာကိုလည်း မရရှိခဲ့သည့်အပြင် ဇူလိုင်လအတွက်ရရန်ရှိသည့်လစာကို လကုန်ပြီး ၃ ရက်၌ တောင်းဆိုခဲ့ ရာ ပိုင်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ ပေးအပ်ခြင်း မပြုပဲ အလုပ်မှထုတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်တို့က ဆိုသည်။

 “ကျွန်တော်က လစာမရသေးတဲ့အကြောင်း ၀ှိုက်ဘုတ်မှာ သွားရေးတော့ ဘယ်သူရေးတာလဲဆိုပြီး၊ တစ်ယောက်ချင်း ထိုးမယ်ဆိုပြီး ရန်ရှာပါတယ်။ ဒါပေမယ့် ကျွန်တော်ကထိုင်ရာကမထပဲ သည်းခံလိုက်ပါတယ်”ဟု အလုပ်ထုတ်ခံရသူများ၌ ပါဝင်သည့် သတင်းထောက်ဇွဲက ပြောသည်။

အဆိုပါပွဲတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းခံရသည်ဟုဆိုသည့် အင်ပါယာမှ သတင်းထောက် အဂ္ဂမင်း၊ အောင်ကိုကို၊ဇွဲနှင့်ဘာသာပြန်သတင်းထောက် ဇမ္ဗူထွန်းတို့မှ ၎င်းတို့ အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

“အင်ပါယာမှာ အလုပ်စလုပ်တုန်းက နှုတ်နဲ့ပဲ လက်ခံခဲ့တယ်ဆိုပေမယ့် အလုပ်စ၀င်တုန်းက ပြောတဲ့ လစာ၊ရာထူးတို့က တကယ်အလုပ်လုပ်တဲ့အခါမှာ ကွဲလွဲနေပါတယ်။ ဇွန်လမှာလည်း သတင်းစာရှုံးလို့ဆိုပြီး ၂၀ ရာခိုင်နှုန်းဖြတ်မယ်ပြောပြီး လုပ်ချင်လုပ် မလုပ်ချင်ရင် ထွက်တဲ့လို့ပြောပါတယ်”ဟု သတင်းထောက် ကိုအဂ္ဂမင်းက ပြောသည်။

အလုပ်ရုံစည်းကမ်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် ဌာန ၁၅ ခုသို့ တိုင်ကြားစာပေးပို့ထားကာ ထိုဖြစ်စဉ်ကို မြန်မာဂျာနယ်လစ်ကွန်ရက်မှလည်း အပြင်းအထန်ရှုတ်ချထားပြီး ရပိုင်ခွင့်ရှိသည့် လစာများနှင့် နစ်နာကြေးများကို အလုပ် သမားဥပဒေများနှင့်အညီ ပေးဆောင်ရန် အင်ပါယာသတင်းစာတိုက်ပိုင်ရှင်သို့ တိုက်တွန်းထားသည်။

“အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဆိုတာ မဆန်းပေမယ့် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အလုပ်သမားဥပဒေတွေ ကို သိစေချင်တယ်၊ နောက်ထပ်လည်း ဒီလိုအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထပ်ဖြစ်မလာစေဖို့ပါ”ဟု သတင်းထောက် ကိုအောင်ကိုကိုမှ ပြောကြားသည်။

အင်ပါယာမှ အလုပ်ရှင်ဦးကောင်းမြင့်ထွဋ်ကို မီဒီယာများမှ မေးမြန်းရာတွင် မထုတ်ပါဘူးဟုဆိုကာ အလုပ်ထုတ်ခံရသည့် လုပ်သားများအနေဖြင့် အလုပ်ပြန်လာလုပ်ချင်ရင် လာလုပ်နိုင်သည်ဟု ယခင်နေ့များက မီဒီယာများသို့ ပြောကြားထားကြောင်း သိရသည်။

ဦးကောင်းမြင့်ထွဋ်မှာ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သူဖြစ်သည်။

http://myitmakhamediagroup.com/news/ပြည်သူ-့သတင်း/

RangonNewsDaily:: Aug 14, 2013

အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သေ
ာရှင်းလင်းပွဲ တစ်ရပ်ကို အလုပ်ထုတ်ခံသတင်းထောက်များဘက်မှ သြဂုတ်လ ၁၄ ရက်နေ့က MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်၌ ဖြစ်ပွါးခဲ့သည့် လူသတ်မှုမှ တရားခံအားဖမ်းဆီးရမိ

ထောက်ကြန့်လမ်းဆုံကား
မှတ်တိုင်၌ ဖြစ်ပွါးခဲ့သည့် လူသတ်မှုမှ တရားခံအားဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၄

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်းသိရှိရသဖြင့် လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက်
ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ ရ၍
ဖြစ်စဉ်အားစုံစမ်းမေးမြန်းရာ ညီဖြစ်သူနှင့်သူငယ်ချင်းတို့သည်လှိုင်သာယာ
မြို့နယ်၊ န၀ဒေးအိမ်ရာတွင် မျက်နှာကျက်အလှဆင်လုပ်ငန်း
လုပ်ကိုင်ပြီး၍ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှ ရန်ကုန်- မှော်ဘီ ခရီးသည်တင်ယာဉ်ဖြင့် အတူပြန်လာခဲ့ကြစဉ် ယာဉ်ပေါ်ပါအရက်မူးနေသူအသက် (၂၃)နှစ်ခန့်ရှိခရီးသည်အမျိုးသား
တစ်ဦးနှင့် ညီဖြစ်သူ၏သူငယ်ချင်းဖြိုးဝေအောင်တို့စကားများ
ခဲ့ကြကြောင်း၊ ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်သို့ရောက်ရှိ၍
ဆင်းကြချိန် ထပ်မံရန်ရှာနေ၍ ညီဖြစ်သူမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် ၎င်းအမျိုးသားမှအသင့်ပါလာသောဓါးဖြင့်ထိုးခဲ့၍ ဖြိုးဝေအောင်(ဘ) ဦးသောင်းထွန်းတွင် ၀ဲ/ယာ လက်ဖ၀ါးများ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ညီဖြစ်သူပြည့်စုံထွန်းမှာ ဓါးထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရှိခဲ့ရသဖြင့် ဓါးဖြင့်ထိုးခဲ့သူအမည်မသိအမျိုးသားအား စုံစမ်းအရေးယူပေးရန် ဦးသူရိန်ထွန်းမှတိုင်ကြားခဲ့၍
ထောက်ကြန့်နယ်မြေ ရဲစခန်း (ပ)၃၁၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်အထူး
မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင် များနှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည်ပူးပေါင်းစုံစမ်းဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့ နယ်၊ ဆက်သွားတောကျေးရွာနေ ရန်နိုင်ထွန်း(ဘ)ဦးဟန်ထွန်းမှ
ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရရှိခဲ့သဖြင့် ၎င်းအား ၁၄.၈.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

အေးချမ်းမွန် Credit To >> Yangon Police<< Thanks
Re-posted By ACM 14-8-2013
https://www.facebook.com/excellencemedia

ရန်ကုန်၊ သြဂုတ် ၁၄
၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်းသိရှိရသဖြင့်

ရှာရွတ်ခန်း ပါဝင်တဲ့ “Chennai Expressဇာတ်ကားဆင်ဆာ ကြည့်ရှုစစ်ဆေး”


RangonNewsDaily:: Aug 14, 2013
အိန္ဒိယရုပ်ရှင်အကျော်အမော်မင်းသ
ားရှာရွတ်ခန်း ပါဝင်တဲ့"Chennai Express" ရုပ်ရှင်ဇာတ်ကားကိုမြန်မာနိုင်ငံကအိန္ဒိယရုပ်ရှင်ဇာတ်ကားကြိုက်နှစ်သက်သူပရိတ်သတ်အတွက် ရုပ်ရှင်ဆင်ဆာအဖွဲ့ကယနေ့သြဂုတ်၁၄ရက်နေ့ မှာဆင်ဆာကြည့်ရှုစစ်ဆေးပေးလျက်ရှိကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပန်းတောင်းမြို့ စံပြ ရဲအချုပ်ခန်းတွင် သေဆုံးမှု စီအိုင်ဒီ စတင်စစ်ဆေး

RangonNewsDaily:: Aug 14, 2013

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပန်းတောင်းမြို့ရှိ စံပြ ရဲတပ်ဖွဲ့စခန်း၏ အချုပ်ခန်းတွင် မေလ ၂၃ ရက်နေ့က နံရိုးကျိုး ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သော ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု၊ ကြာအင်းကွက်သစ်နေ ဦးသန်းထွန်းအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုများကို နေပြည်တော် အထူးအမှုစစ်အဖွဲ့ (စီအိုင်ဒီ)က သြဂုတ်လ ၁၂ ရက်နေ့က စစ်ဆေး ခဲ့သည်ဟု စစ်ဆေးခံရသူ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

၂ဝ၁၃ ခုနှစ် ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ သာသနာရေး ဝန်ကြီးဌာန၏ ကြေညာချက်

၂ဝ၁၃ ခုနှစ် ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ သာသနာရေး ဝန်ကြီးဌာန၏ ကြေညာချက်

kolatt (Pabedan): 14.8.2013

ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ စေလွှတ်သည့် ဟာ့ဂ်ျဘုရားဖူး ၅ဝဝဝ အနက်မှ ၄၆၅ဝ ခွဲတမ်းကို ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံးတို့က ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကုမ္ပဏီများသို့ တိုက်ရိုက် ခွဲဝေ ပေးခဲ့ပါသည်။

ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့၌ နှစ်ကာလ ကြာမြင့်စွာ ကတည်းက အခမဲ့ တည်းခို နေထိုင်ခွင့် ရရှိခဲ့သော ဟာ့ဂ်ျဘုရားဖူး ၃၅ဝ သွားရောက်ခွင့်နှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီးဌာနမှ သတ်မှတ် စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီသည့် ကုမ္ပဏီ တစ်ခုကို ယခင်က တာဝန် ပေးအပ်ခဲ့သော်လည်း အဆိုပါ လုပ်ငန်းသည် ခေတ်စနစ်နှင့် မလျော်ညီခြင်း၊ ဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ သာသနာရေး ဝန်ကြီးဌာနသည် စီးပွားရေး ဝန်ကြီးဌာန မဟုတ်ခြင်းတို့ကြောင့် ယခုနှစ်မှ စ၍ အဆိုပါ ဟာ့ဂ်ျဘုရားဖူး ၃၅ဝ စေလွှတ်ရေး လုပ်ငန်းအား ကိုင်တွယ် ဆောင်ရွက်ခြင်း မပြုတော့ဘဲ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါသည်။

ဟာ့ဂ်ျဘုရားဖူး ခရီးသွား ကုမ္ပဏီ ၁ဝ၄ ခုမှ အများ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့သော ''၂ဝ၁၃ ခုနှစ်၊ ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ''ကို အဖွဲ့ဝင် ရှစ်ဦးဖြင့် လည်းကောင်း၊ အစ္စလာမ် ဘာသာရေး အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းထားသော ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''ကို အဖွဲ့ဝင်ငါးဦးဖြင့် လည်းကောင်း ဖွဲ့စည်းစေခဲ့ပြီး ဟာ့ဂ်ျခရီးသွား လုပ်ငန်းကို လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မိမိတို့ ဝန်ကြီးဌာနမှ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုနှစ်တွင် ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့၌ အခမဲ့ တည်းခို နေထိုင်ခွင့် ရရှိသော ဟာ့ဂ်ျဘုရားဖူး ၃၅ဝ အတွက် ကုမ္ပဏီများအား တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်း မြင်သာမှုရှိရေး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၄၉)ပါ ပြဋ္ဌာန်းချက်နှင့် အညီ အားလုံးပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ သင့်တင့်သော နှုန်းထားဖြစ်ရေး၊ ဝန်ဆောင်မှု ကောင်းမွန်ရေးနှင့် ဘုရားဖူးများ အတွက် အာမခံချက် ခိုင်မာရေးတို့မှာ ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းကော်မတီ''နှင့် ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''တို့က ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များသာ ဖြစ်ပါသည်။

သာသနာရေး ဝန်ကြီးဌာန အနေဖြင့် ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''မှ အတည်ပြု ရွေးချယ်ပေးလာသည့် ခရီးသွား လုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံး တို့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဆက်လက် ထောက်ခံ အကြောင်းကြား ပေးသွားမည် ဖြစ်ပါသည်။

ဟာ့ဂ်ျဘုရားဖူး ၃၅ဝ ခွဲတမ်း လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီများအား တင်ဒါ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ရွေးချယ်ရေးနှင့် ဘုရားဖူးများ အချိန်မီ စေလွှတ်နိုင်ရေး ကိစ္စမှာ ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ''နှင့်''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ'' တို့က ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များသာ ဖြစ်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။

Written by ကေတု (မြ၀တီ ),Myanmar Muslim Media

RangonNewsDaily:: Aug 14, 2013
ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ စေလွှတ်သည့် ဟာ့ဂ်ျဘုရားဖူး ၅ဝဝဝ အနက်မှ ၄၆၅ဝ ခွဲတမ်းကို ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံးတို့က ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကုမ္ပဏီများသို့ တိုက်ရိုက် ခွဲဝေ ပေးခဲ့ပါသည်။

တာချီလိတ်ခရိုင်က ပြည်သူ့စစ်ခေါင်းဆောင်အိမ်၌ ဗုံးကွဲ တဦးသေ

တာချီလိတ်ခရိုင်က ပြည်သူ့စစ်ခေါင်းဆောင်အိမ်၌ ဗုံးကွဲ တဦးသေ

RangonNewsDaily:: Aug 14, 2013

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ အခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင်တဦး၏ နေအိမ်တွင် ဗုံးတလုံး ကွဲကာ လူတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု ဒေသခံများကပြောသည်။


“အိမ်က သူ့တပည့် အိမ်ဒေါင့်မှာ ရှိတဲ့ ဗုံးအဟောင်းယူဆော့လို့ ကွဲသွားတာတဲ့။ အဲဒီဆော့တဲ့ ကောင်လေးက ဗမာ လူမျိုး။ သူ့ဆီမှာ အလုပ်လာလုပ်တာတောင်မကြာသေးဘူး၊ အသက် ၂၂ နှစ်ဘဲရှိသေးတယ် ပွဲချင်းပြီး သေတယ်။ နောက်သုံးယောက် ဒဏ်ရာရတယ်ပြောတယ်” - ဟု တာလေမြို့ခံ စိုင်းလာဆိုင် က ပြောသည်။


၂၀၁၃ ဩဂတ်စ် ၁၂ ရက် နေ့ခင်းပိုင်းတွင် တာလေမြို့နယ်ခွဲ မြို့လမ်းမ ပေါ်ရှိ ဦးခင်မောင်လတ် (လားဟူ အမျိုးသား) တာလေ မြို့ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်၊ ခမလ သတ္တုတူးဖေါ်ရေး ကုမ္ပဏီ တွဲလျက်ဖွင့် ထား သော ရုံးခန်းတွင် ဗုံးတလုံးပေါက်ကွဲခဲ့သည်ဟုဆိုသည်။


“ဦးခင်မောင်လတ် ခေါ် စိုင်းအင်းဆိုင် က နမ့်လင်းချောင်းတလျှောက်ထွက်ရွှေတွေကို တူးဖေါ် တဲ့ ကုမ္ပဏီ အိမ်နဲ့တွဲလျက်ဖွင့်ထားတယ်။ သူ့သားကြီးက တာလေမြို့နယ်ခွဲ ဥက္ကဌ ဦးသန့်ခင်လတ်တဲ့။ လူနာတွေတော့ အရှေ့ဘက်ကမ်းသွားကုနေတယ်လို့ပြောတယ်” - ဟု ရပ်သားတဦးက ပြောပါသည်။


အဆိုပါ ဗုံးပေါက်ကွဲမှုမှာ မတော်တဆမှု မဖြစ်နိုင်ကြောင်း ဝေဖန်သံများလည်း ရှိနေပါသည်။ သီးခြားအတည်ပြုချက်တော့မရသေးပေ။


တာလေမြို့နယ်ခွဲသည် ၂၀၁၁ က အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရသည့်မြို့ဖြစ်သည်။ ထိုစဉ် ဦးခင်မောင်လတ်အိမ်လည်း ပျက်စီးမှု တော်တော်များများရှိခဲ့သည်။


တာလေပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လတ်သည် အစိုးရ၊ စစ်အရာရှိကြီးများ ဝင်ဆန့်နိုင်သူဖြစ်၏။ နမ့်လင်းချောင်း ရွှေလုပ်ငန်းတူးဖေါ်ရေးလုပ်ငန်း ကုမ္ပဏီများအနက် ၎င်းကုမ္ပဏီလည်းတခုပါဝင်သည်။

သျှမ်းသံတော်ဆင့်

RangonNewsDaily:: Aug 14, 2013
တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ အခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင်တဦး၏ နေအိမ်တွင် ဗုံးတလုံး ကွဲကာ လူတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု ဒေသခံများကပြောသည်။

ကျိုင်းတုံထောင်အကျဉ်းသားများ ပိုက်ဆံတောင်းရိုက်နှက်ခံရမှုအား ပြည်ထောင်စုဝန်ကြီးထံစာတင်

RangonNewsDaily:: Aug 14, 2013
တရုတ်အစိုးရမှ ဆေးထိုးသတ်ပြစ်ဒဏ်ပေးလိုက်သော သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်း၏ နောက်လိုက် တဦးဖြစ်သည့် ကျိုင်းတုံအကျဉ်းထောင်ရှိ လက်နက်ချ အဖွဲ့ခေါင်းဆောင် စိုင်းအောင်မြတ်အပြင် အခြားအကျဉ်းသားများအား ထောင်အာဏာပိုင်များက ပိုက်ဆံတောင်း စစ်ဆေးမေးမြန်း ရိုက်နှက်သည့်အတွက် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာနထံ အကျဉ်းသာများစုပေါင်း၍ စာတင်ထားသည်ဟု ကြားသိရသည်။

" ၁၅ဝဝ တန်ဂျီ နှစ်လအတွင်းလိုင်းလေးသန်းခန့်တိုးချဲ့မည် "

RangonNewsDaily:: Aug 14, 2013

ကျပ်တစ်ထောင့်ငါးရာတန်ဂျီဖုန်းများကို နှစ်လအတွင်း လိုင်းအင်အား လေး သန်းခန့် တိုးချဲ့ဆောင်ရွက်ပေးရန်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။''လက်ရှိ ချထားပေးနေတဲ့ အရေအတွက်ထက်များအောင် လိုင်းတွေ ထပ် တိုးဖို့ စီစဉ်နေတာပါ။

မျက်နှာပြင် ၁ ဖက်ပါ Samsung ခေါက်ဖုန်း Hennessy

မျက်နှာပြင် ၁ ဖက်ပါ Samsung ခေါက်ဖုန်း Hennessy 

Samsung က ခေါက်ဖုန်းထွက်မယ်လို့ ကောလဟာ ထွက်ခဲ့ရာမှ ယခု တကယ် ထွက်ရှိလာပါပြီ။ 

ပုံမှာ တွေ့မြင်ရတဲ့ စမတ်ဖုန်း ဖြစ်ပြီး တရုတ်ပြည်နဲ့ တောင်ကိုရီးယား မှာပဲ အဓိက ရောင်းချသွားမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။ Samsung Hennessy လို့ အမည်ပေးထားပါတယ်။ CDMA, GSM နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့အတွက် တရုတ်ပြည် ဈေးကွကကို အဓိက ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။ 

 ၃.၃ လက်မ ဖန်သားပြင်ကို ရှေ့ နောက် နှစ်ခု တပ်ထားပြီး ခေါက်ဖုန်းမို့လို လှန်လိုက်ရင် အတွင်းမှာ Keypad ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ OS ကလည်း Android ပါပဲ။ Android 4.1 Jelly Bean ကိုပဲ အသုံးပြု ထားခြင်း ဖြစ်ပါတယ်။ 

RAM 1GB, 1.2 GHz quad core processor ပါဝင်တဲ့ အတွက် လုပ်ဆောင်ချက် မြန်ဆန်မယ့်ဖုန်း ဖြစ်ပါတယ်။ Internal memory လည်း 8GB မှ 32GB အထိ ပါဝင် နိုင်ပြီး SD ကဒ်လည်း ထည့်သွင်း အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ 

screen resolution ကတော့ သိပ်မကောင်းပါဘူး။ 320 x 480 touchscreen display ကိုသာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ကင်မရာ တော့ ကောင်းပါတယ်။ 5 megapixel ကို အသုံးပြုထားပြီး Flash လည်း ပါဝင်ပါတယ်။ , USB 2.0, Bluetooth, GPS, WLAN အစရှိသဖြင့် တို့ ပါဝင်ပြီး လက်ရှိ Samsung ရဲ့  Galaxy စီးရီးထဲကလိုပဲ Feature တော်တော် များများကို အသုံးပြုရမှာ ဖြစ်ပါတယ်။ 

သို့ပေမယ့် Galaxy မျိုးရိုးအောက်ကို ဝင်မယ့် စမတ်ဖုန်းတော့ မဟုတ် ပါဘူး။ Samsung ရဲ့  ခေါက်ဖုန်းထဲက နောက်ဆုံးမျိုးဆက်အနေနဲ့ သာ ရောင်းချမှာ ဖြစ်ပြီး Hennessy ရဲ့  ဈေးနှုန်း ဘယ်လောက် ရှိမယ် ဆိုတာကို မကြေညာ ရသေးကြောင်း သိရပါတယ်။
.
Ref: pocketlint

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/08/samsung-hennessy.html

.

Samsung က ခေါက်ဖုန်းထွက်မယ်လို့ ကောလဟာ ထွက်ခဲ့ရာမှ ယခု တကယ် ထွက်ရှိလာပါပြီ။

ကျပ် သိန်းတစ်ရာဝန်းကျင် ကားများသာ အရောင်းအဝယ်ဖြစ်

RangonNewsDaily:: Aug 14, 2013

ရန်ကုန်မြို့တော် သီရိမင်္ဂလာနှင့် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်း ဈေးကွက်တွင် ကျပ် သိန်းတစ်ရာ ဝန်းကျင် ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း ယင်းဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

ရဲတပ်သားတစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို ကားတစ်စီးက၀င်တိုက်

RangonNewsDaily:: Aug 14, 2013

ရဲတပ်သားတစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို ကားတစ်စီးက၀င်တိုက်မိသည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၁၂ ရက်က သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

နေပြည်တေ&#