Pages

Wednesday, August 14, 2013

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်ဒိုမီးတောင် ဆက်လက်လှုပ်ရှားနေဆဲ

Photo: ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်ဒိုမီးတောင် ဆက်လက်လှုပ်ရှားနေဆဲ
Tuesday, August 13, 2013

တနင်္လာနေ့က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။

အင်ဒိုနီးရှား နိုင်ငံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မီးတောင်သည် အန္တရာယ် ကြီးမားစွာ ဆက်လက် နိုးကြား လှုပ်ရှားနေဆဲဟု သိရှိရသည်။ တနင်္လာနေ့ က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။ ပြီးခဲ့သည့် သီတင်းပတ်က ပေါက်ကွဲမှု တစ် ခု ဖြစ်ပွားခဲ့သော မီးတောင်သည် လက်ရှိအချိန်ထိ အန္တရာယ် ကြီးမားနေဆဲဟု အာဏာပိုင်များက သတိပေးထားသည်။

ယင်းမီးတောင် ပေါက်ကွဲမှုအတွင်း ချော်ရည်ပူများ လွင့်စင်ထိခိုက်မှုကြောင့် အနည်းဆုံး လူ(၆)ဦးမျှ သေဆုံးခဲ့ပြီး ဖြစ်သည်။ ပါလူအာကျွန်း ငယ်လေးပေါ် ရှိ မီးတောင်နှင့် (၃)ကီလိုမီတာ ပတ်ပတ်လည်ရှိ ဒေ သခံများကို တာဝန်ရှိသူများက ရွှေ့ပြောင်းပေးသော်လည်း အစော ပိုင်းက ငြင်းဆိုနေမှုများကြောင့် အခက်အခဲအချို့ ကြုံခဲ့ရသည်။

ယခုအခါ ပါလူအာကျွန်းမှ လူပေါင်း(၅၀၀)ခန့်ကို အနီးရှိ ဖလောရက်စ်ကျွန်း သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးဖြစ်သူ မူတီအာရာ မူဘွိုင်က ပြောကြားခဲ့သည်။ သေဆုံးသွားသူ တချို့ရဲ့ အလောင်းတွေကို ပြန်မရဘူး။ လောလောဆယ် ကျွန်တော်တို့ ဦးစားပေး လုပ်ဆောင်ရတာက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ပဲ ဖြစ်သွားပြီဟု ၎င်းက ဆိုသည်။ မူဘွိုင်ကပါလူအာက ရွာ(၈)ရွာစလုံးကို လောလော ဆယ် ပြောင်းရွှေ့ပေးထားတယ်ဟုလည်း ပြောဆိုသွားသည်။ တနင်္လာနေ့က မီးတောင်တွင် ပေါက်ကွဲမှု အသေးစားလေးများသာ ထပ်မံ ဖြစ်ပွားသော်လည်း ဘေးမကင်းသေးဟု ပညာရှင်များက ပြောကြား ထားသည်။

မီးတောင်ပညာရှင် ဆူရိုနိုကအခြေအနေက စိုးရိမ်ရဆဲ အဆင့်ပါပဲ။ မီးတောင်ရဲ့ လှုပ်ရှားမှုတွေက ကျဆင်းသွားမယ့် အရိပ်အယောင် မရှိသေးဘူးဟု ဆိုသည်။ အင်ဒို တစ်နိုင်ငံလုံးတွင် လှုပ်ရှားသက်ဝင်နေ သည့် မီးတောင် (၁၂၉)လုံးရှိပြီး ရိုကာတန်ဒါသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ မီးတောင် လှုပ်ရှားမှုနှင့်အတူ တနင်္လာနေ့က အင်ဒိုနီးရှား အရှေ့ဘက် ကမ်းလွန်တွင် ရစ်ခ်ျတာစကေး (၆.၀)အဆင့်ရှိ ငလျင်တစ်ခုလည်း လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: Aug 13, 2013

တနင်္လာနေ့က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေး
သည်။ အင်ဒိုနီးရှား နိုင်ငံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မီးတောင်သည် အန္တရာယ် ကြီးမားစွာ ဆက်လက် နိုးကြား လှုပ်ရှားနေဆဲဟု သိရှိရသည်။ တနင်္လာနေ့ က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။ ပြီးခဲ့သည့် သီတင်းပတ်က ပေါက်ကွဲမှု တစ် ခု ဖြစ်ပွားခဲ့သော မီးတောင်သည် လက်ရှိအချိန်ထိ အန္တရာယ် ကြီးမားနေဆဲဟု အာဏာပိုင်များက သတိပေးထားသည်။

ယင်းမီးတောင် ပေါက်ကွဲမှုအတွင်း ချော်ရည်ပူများ လွင့်စင်ထိခိုက်မှုကြောင့် အနည်းဆုံး လူ(၆)ဦးမျှ သေဆုံး
ခဲ့ပြီး ဖြစ်သည်။ ပါလူအာကျွန်း ငယ်လေးပေါ် ရှိ မီးတောင်နှင့် (၃)ကီလိုမီတာ ပတ်ပတ်လည်ရှိ ဒေ သခံများ
ကို တာဝန်ရှိသူများက ရွှေ့ပြောင်းပေးသော်လည်း အစော ပိုင်းက ငြင်းဆိုနေမှုများကြောင့် အခက်အခဲအချို့ ကြုံခဲ့ရသည်။

ယခုအခါ ပါလူအာကျွန်းမှ လူပေါင်း(၅၀၀)ခန့်ကို အနီးရှိ ဖလောရက်စ်ကျွန်း သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးဖြစ်သူ မူတီအာရာ မူဘွိုင်က ပြောကြားခဲ့သည်။ သေဆုံးသွားသူ တချို့ရဲ့ အလောင်းတွေကို ပြန်မရဘူး။
 
 လောလောဆယ် ကျွန်တော်တို့ ဦးစားပေး လုပ်ဆောင်ရတာက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ပဲ ဖြစ်သွား
ပြီဟု ၎င်းက ဆိုသည်။ မူဘွိုင်ကပါလူအာက ရွာ(၈)ရွာစလုံးကို လောလော ဆယ် ပြောင်းရွှေ့ပေးထားတယ်
ဟုလည်း ပြောဆိုသွားသည်။ တနင်္လာနေ့က မီးတောင်တွင် ပေါက်ကွဲမှု အသေးစားလေးများသာ ထပ်မံ ဖြစ်
ပွားသော်လည်း ဘေးမကင်းသေးဟု ပညာရှင်များက ပြောကြား ထားသည်။

မီးတောင်ပညာရှင် ဆူရိုနိုကအခြေအနေက စိုးရိမ်ရဆဲ အဆင့်ပါပဲ။ မီးတောင်ရဲ့ လှုပ်ရှားမှုတွေက ကျဆင်း
သွားမယ့် အရိပ်အယောင် မရှိသေးဘူးဟု ဆိုသည်။ အင်ဒို တစ်နိုင်ငံလုံးတွင် လှုပ်ရှားသက်ဝင်နေ သည့် မီးတောင် (၁၂၉)လုံးရှိပြီး ရိုကာတန်ဒါသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ မီးတောင် လှုပ်ရှားမှုနှင့်အတူ တနင်္လာနေ့က အင်ဒိုနီးရှား အရှေ့ဘက် ကမ်းလွန်တွင် ရစ်ခ်ျတာစကေး (၆.၀)အဆင့်ရှိ ငလျင်တစ်ခုလည်း လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan): 13.8.2013

0 comments:

Post a Comment