Pages

Wednesday, August 14, 2013

၂ဝ၁၃ ခုနှစ် ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ သာသနာရေး ဝန်ကြီးဌာန၏ ကြေညာချက်

kolatt (Pabedan): 14.8.2013

ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ စေလွှတ်သည့် ဟာ့ဂ်ျဘုရားဖူး ၅ဝဝဝ အနက်မှ ၄၆၅ဝ ခွဲတမ်းကို ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံးတို့က ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကုမ္ပဏီများသို့ တိုက်ရိုက် ခွဲဝေ ပေးခဲ့ပါသည်။

ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့၌ နှစ်ကာလ ကြာမြင့်စွာ ကတည်းက အခမဲ့ တည်းခို နေထိုင်ခွင့် ရရှိခဲ့သော ဟာ့ဂ်ျဘုရားဖူး ၃၅ဝ သွားရောက်ခွင့်နှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီးဌာနမှ သတ်မှတ် စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီသည့် ကုမ္ပဏီ တစ်ခုကို ယခင်က တာဝန် ပေးအပ်ခဲ့သော်လည်း အဆိုပါ လုပ်ငန်းသည် ခေတ်စနစ်နှင့် မလျော်ညီခြင်း၊ ဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ သာသနာရေး ဝန်ကြီးဌာနသည် စီးပွားရေး ဝန်ကြီးဌာန မဟုတ်ခြင်းတို့ကြောင့် ယခုနှစ်မှ စ၍ အဆိုပါ ဟာ့ဂ်ျဘုရားဖူး ၃၅ဝ စေလွှတ်ရေး လုပ်ငန်းအား ကိုင်တွယ် ဆောင်ရွက်ခြင်း မပြုတော့ဘဲ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါသည်။

ဟာ့ဂ်ျဘုရားဖူး ခရီးသွား ကုမ္ပဏီ ၁ဝ၄ ခုမှ အများ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့သော ''၂ဝ၁၃ ခုနှစ်၊ ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ''ကို အဖွဲ့ဝင် ရှစ်ဦးဖြင့် လည်းကောင်း၊ အစ္စလာမ် ဘာသာရေး အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းထားသော ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''ကို အဖွဲ့ဝင်ငါးဦးဖြင့် လည်းကောင်း ဖွဲ့စည်းစေခဲ့ပြီး ဟာ့ဂ်ျခရီးသွား လုပ်ငန်းကို လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မိမိတို့ ဝန်ကြီးဌာနမှ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုနှစ်တွင် ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့၌ အခမဲ့ တည်းခို နေထိုင်ခွင့် ရရှိသော ဟာ့ဂ်ျဘုရားဖူး ၃၅ဝ အတွက် ကုမ္ပဏီများအား တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်း မြင်သာမှုရှိရေး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၄၉)ပါ ပြဋ္ဌာန်းချက်နှင့် အညီ အားလုံးပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ သင့်တင့်သော နှုန်းထားဖြစ်ရေး၊ ဝန်ဆောင်မှု ကောင်းမွန်ရေးနှင့် ဘုရားဖူးများ အတွက် အာမခံချက် ခိုင်မာရေးတို့မှာ ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းကော်မတီ''နှင့် ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''တို့က ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များသာ ဖြစ်ပါသည်။

သာသနာရေး ဝန်ကြီးဌာန အနေဖြင့် ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''မှ အတည်ပြု ရွေးချယ်ပေးလာသည့် ခရီးသွား လုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံး တို့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဆက်လက် ထောက်ခံ အကြောင်းကြား ပေးသွားမည် ဖြစ်ပါသည်။

ဟာ့ဂ်ျဘုရားဖူး ၃၅ဝ ခွဲတမ်း လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီများအား တင်ဒါ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ရွေးချယ်ရေးနှင့် ဘုရားဖူးများ အချိန်မီ စေလွှတ်နိုင်ရေး ကိစ္စမှာ ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ''နှင့်''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ'' တို့က ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များသာ ဖြစ်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။

Written by ကေတု (မြ၀တီ ),Myanmar Muslim Media

RangonNewsDaily:: Aug 14, 2013
ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ စေလွှတ်သည့် ဟာ့ဂ်ျဘုရားဖူး ၅ဝဝဝ အနက်မှ ၄၆၅ဝ ခွဲတမ်းကို ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံးတို့က ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကုမ္ပဏီများသို့ တိုက်ရိုက် ခွဲဝေ ပေးခဲ့ပါသည်။ ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့၌ နှစ်ကာလ ကြာမြင့်စွာ ကတည်းက အခမဲ့ တည်းခို နေထိုင်ခွင့် ရရှိခဲ့သော ဟာ့ဂ်ျဘုရားဖူး ၃၅ဝ သွားရောက်ခွင့်နှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီးဌာနမှ သတ်မှတ် စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီသည့် ကုမ္ပဏီ တစ်ခုကို ယခင်က တာဝန် ပေးအပ်ခဲ့သော်လည်း အဆိုပါ လုပ်ငန်းသည် ခေတ်စနစ်နှင့် မလျော်ညီခြင်း၊ ဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ သာသနာရေး ဝန်ကြီးဌာနသည် စီးပွားရေး ဝန်ကြီးဌာန မဟုတ်ခြင်းတို့ကြောင့် ယခုနှစ်မှ စ၍ အဆိုပါ ဟာ့ဂ်ျဘုရားဖူး ၃၅ဝ စေလွှတ်ရေး လုပ်ငန်းအား ကိုင်တွယ် ဆောင်ရွက်ခြင်း မပြုတော့ဘဲ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါသည်။

ဟာ့ဂ်ျဘုရားဖူး ခရီးသွား ကုမ္ပဏီ ၁ဝ၄ ခုမှ အများ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့သော ''၂ဝ၁၃ ခုနှစ်၊ ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ''ကို အဖွဲ့ဝင် ရှစ်ဦးဖြင့် လည်းကောင်း၊ အစ္စလာမ် ဘာသာရေး အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းထားသော ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''ကို အဖွဲ့ဝင်ငါးဦးဖြင့် လည်းကောင်း ဖွဲ့စည်းစေခဲ့ပြီး ဟာ့ဂ်ျခရီးသွား လုပ်ငန်းကို လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မိမိတို့ ဝန်ကြီးဌာနမှ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုနှစ်တွင် ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့၌ အခမဲ့ တည်းခို နေထိုင်ခွင့် ရရှိသော ဟာ့ဂ်ျဘုရားဖူး ၃၅ဝ အတွက် ကုမ္ပဏီများအား တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်း မြင်သာမှုရှိရေး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၄၉)ပါ ပြဋ္ဌာန်းချက်နှင့် အညီ အားလုံးပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ သင့်တင့်သော နှုန်းထားဖြစ်ရေး၊ ဝန်ဆောင်မှု ကောင်းမွန်ရေးနှင့် ဘုရားဖူးများ အတွက် အာမခံချက် ခိုင်မာရေးတို့မှာ ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းကော်မတီ''နှင့် ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''တို့က ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များသာ ဖြစ်ပါသည်။

သာသနာရေး ဝန်ကြီးဌာန အနေဖြင့် ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''မှ အတည်ပြု ရွေးချယ်ပေးလာသည့် ခရီးသွား လုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံး တို့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဆက်လက် ထောက်ခံ အကြောင်းကြား ပေးသွားမည် ဖြစ်ပါသည်။

ဟာ့ဂ်ျဘုရားဖူး ၃၅ဝ ခွဲတမ်း လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီများအား တင်ဒါ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ရွေးချယ်ရေးနှင့် ဘုရားဖူးများ အချိန်မီ စေလွှတ်နိုင်ရေး ကိစ္စမှာ ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ''နှင့်''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ'' တို့က ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များသာ ဖြစ်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။

Written by ကေတု (မြ၀တီ ),Myanmar Muslim Media
 RangonNewsDaily
kolatt (Pabedan): 14.8.2013

0 comments:

Post a Comment