Pages

Wednesday, August 14, 2013

Acerမှ Iconia W3-810 window 8 Tabletကို ပွဲထုတ်

Photo

RangonNewsDaily:: Aug 13, 2013
Branded Tablet တစ်လုံးကိုမှ ရွေးချယ်ဝယ်ယူချင်သော သူများအတွက် Acerမှ Iconia W3-810 window 8 Tabletကို ပွဲထုတ်လိုက်ပါတယ်။ စွဲမက်ဖွယ် ဒီဇိုင်းအပြင်အဆင်နဲ့ ကြည်လင်တောက်ပတဲ့ မျက်နှာပြင်က ကျေနပ်စရာပါ၊ Window 8ကို လိုင်စင်အနေနဲ့ ပါဝင်လာပြီး Intelရဲ့atom dual-core 22760 processor (1.50GHz)နဲ့ပွဲထွက်လာမှုက သုံးစွဲသူကို ကျေနပ်စေပါတယ်။ 
 
memory 2GBနဲ့အတူ emmc (flash memory 32Gb) ပါဝင်ပြီး ကြည်လင်တောက်ပတဲ့ active matrix TFT colour LCD 8.1” မျက်နှာပြင်က တစ်မျိုး စွဲဆောင်မှု ရှိနေပါတယ်။ နောက်ဆုံးအလင်းပေး LEDကြောင့် Resolutionကို 1280 X 800အထိ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ HD movieတွေနဲ့ ဂိမ်းတွေကို ဆော့ကစားဖို့အတွက် Intelရဲ့ Graphic media Acceleratorက HDကိုကောင်းကောင်း မောင်းနှင်းနိုင်စွမ်း ရှိပါတယ်။

Wifiအတွက် IEEE 802.11 b/g/nနဲ့ Bluetootn 3.0 HDMI portတွေပါဝင်ကာ micro SDကဒ်ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 2m full HD ကင်မရာကို အရှေ့ဘက်ကော အနောက်ဘက်မှာပါ ထည့်သွင်း ပေးထားတဲ့အတွက် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ 
 
ဘက်ထရီကိုလည်း 2-cell lithivm Polymer (Li- Polymer) ဘက်ထရီကို အသုံးပြုထားပြီး Capacityက 6800mAhဖြစ်တဲ့အတွက် Stand by 8နာရီ ဆက်တိုက် အသုံးခံပြီး video ကြာမြင့်ချိန် 6နာရီ အထိ အသုံးပြုနိုင်ပါသည်။ 
 
ဒါကြောင့် Acer အမှတ်တံဆိပ် W3-810 Iconia Tebletကို ၀ယ်ယူ အသုံးပြုချင်တယ် ဆိုရင်တော့ ရွှေလမင်းနဂါး ကုမ္ပဏီမှ တင်သွင်းပြီး ဈေးကွက်အတွင်း ကွန်ပျူတာဆိုင်များတွင် ၀ယ်ယူနိုင်ပြီး တွဲဖက် အသုံးပြုရန်အတွက် Keyboardဖြင့်လည်း ၀ယ်ယူနိုင်ပါသည်။ ဈေးနှုန်းတွေ အနေနဲ့ကတော့ 434,300ကျပ်ဝန်းကျင်နဲ့ 490,000ကျပ်ဝန်းကျင်(with Docking)တို့ပဲ ဖြစ်ပါတယ်။

Acer Aspire E1-472G(i3)
Myanmar ICT , RangonNewsDaily
kolatt (Pabedan): 13.8.2013

0 comments:

Post a Comment