Pages

Thursday, January 30, 2014

ထန်းတပင်မြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိကာ မီးလောင်မှုဖြစ်

RangonNewsDaily:: January . 30 .2014
၃၀.၁.၂၀၁၄ရက်နေ့၁၂၃၀အချိန်ထန်းတပင်မြို့နယ်၊ရန်ကုန်-ညောင်တုန်း
လမ်း၊ မိုင်တိုင်အမှတ်(၁၇/၄)နှင့်(၁၇/၅)အကြားတွင် ရန်ကုန်မှဟင်္သာတ
သို့ ယာဉ်မောင်းဦးမောင်ဦး မောင်းနှင်လာသော ၆ဂ/---- မေတ္တာရှင် ခရီးသည်တင်ယာဉ်နှင့် ညောင်တုန်းမှရန်ကုန်သို့ ယာဉ်မောင်း ဦးမောင်ချို
မောင်းနှင်လာသော ၇ခ/---- ဒိုင်နာကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ဒိုင်နာယာဉ်မှ ဂက်စ်ယိုစိမ့်ကာ ၁၂၃၀အချိန်မှ၁၃၂၀အချိန်ထိ ယာဉ်(၂)စီးလုံးမီးလောင်ခဲ့ပါသည်။

မြန်မာ့ဂုဏ်ရောင်ရပ်ကွက် ပြည်သူများနစ်နာမှုဆန္ဒထုတ်ဖော်

Photo

RangonNewsDaily:: January . 30 .2014
တတိယကြိမ် တရားမဝင်ဖျက်သိမ်းခံရသော တာမွေမြို့နယ်ရှိ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်နေ ပြည်သူများနစ်နာမှုအတွက် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက တာမွေမြိုနယ် ဈေးကလေးမှတ်တိုင် (ကြက်ဘဲဈေးအနီး) တွင် ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

ဂျက်စတင်ဘီဘာကို ဌာနေသို့ပြန်ပို့မည့်ကိစ္စ အိမ်ဖြူတော်အကြောင်းပြန်မည်

Photo: ဂျက်စတင်ဘီဘာကို ဌာနေသို့ပြန်ပို့မည့်ကိစ္စ အိမ်ဖြူတော်အကြောင်းပြန်မည်
Thursday, January 30, 2014

အမေရိကန် နိုင်ငံရဲ့  အသနားခံစာတင် ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ "We the People" ပေါ်မှာ ဂျက်စတင်ဘီဘာကို ဌာနေနိုင်ငံ ကနေဒါသို့ ပြန်ပို့ရန် လက်မှတ်ပေါင်း ၁သိန်းကျော်နဲ့ ထောက်ခံခဲ့ကြပါတယ်။ ယင်း ဝဘ်ဆိုဒ်က အမေရိကန်ပြည်သူတို့ မကျေနပ်တာရှိရင် အသနားခံစားများကို လက်မှတ်နဲ့ တကွတင်ရတဲ့ ဆိုဒ်ဖြစ်ပြီး တစ်သိန်းပြည့်တိုင်း အိမ်ဖြူတောင်က ထည့်သွင်းစဉ်းစား ဖြေရှင်းပေးရခြင်း ဖြစ်ပါတယ်။ ယခုတော့ ဂျက်စတင်ဘီဘာ ပါဝင်လာပါပြီ။ 

ဂျက်စတင်ဘီဘာမှာ ၂၀၁၃ တစ်ခုနှစ်လုံးနဲ့ ၂၀၁၄ နှစ်ဆန်းမှာ အမေရိကန်နိုင်ငံသားတို့ စိတ်ပျက်စေတဲ့ လုပ်ရပ်များပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။ သက်တမ်းကုန်နေတဲ့ ဒရိုင်ဘာလိုင်စင်နဲ့ ကားမောင်းနှင်မှု၊ ကားကို အရှိန်ဖြင့်မောင်းနှင်မှု၊ အရက်အလွန်အကျွံသောက်ပြီး မောင်းနှင်မှု၊ ဖမ်းဆီးအရေးယူမှုအပေါ် ပြန်လည်ခုခံမှု၊ မူးယစ်ဆေးဝါးများ အသုံးပြုမှု အစရှိသဖြင့်တို့နဲ့ အမှုများ ဆက်တိုက်ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ အများစုကို ဒဏ်ငွေနဲ့ ဖြေရှင်းလို့ ပြီးသွားပေမယ့် သူ့လုပ်ရပ်များက လူငယ်များ လိုက်တုစရာဖြစ်မှာကို စိုးရိမ်ခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့် အသက် ၁၉ နှစ်သာရှိသေးတဲ့ ဂျက်စတင်ဘီဘာကို ဌာနေ ကနေဒါနိုင်ငံသို့ ပြန်လည် စေလွတ်စေရန်၊ အမေရိကန်နိုင်ငံကထုတ်ပေး ထားသော Green Card ကိုပြန်လည်သိမ်းဆည်းစေရန် ဝိုင်းဝန်း တောင်း ဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။ အမေရိကန်က အားပေးသူ ပရိတ်သတ်အခိုင် အမာရှိထားတဲ့ ဂျက်စတင်ဘီဘာ ဟာ သူ့ကို မုန်းတီးသူ များလည်း အခိုင်အမာရှိနေကြောင်း အသနားခံစာတင်တဲ့ ဝဘ်ဆိုဒ်က သက်သေပြ လိုက်ပါတယ်။ 

ဒါကြောင့်မို့ ယခု ရက်ပိုင်းအတွင်း အမေရိကန်အိမ်ဖြူတော်က ဆုံးဖြတ်ချက် ချမှတ်လို့ အဖြေတစ်ခု ထွက်လာနိုင်ဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: January . 30 .2014
အမေရိကန် နိုင်ငံရဲ့  အသနားခံစာတင် ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ "We the People" ပေါ်မှာ ဂျက်စတင်ဘီဘာကို ဌာနေနိုင်ငံ ကနေဒါသို့ ပြန်ပို့ရန် လက်မှတ်ပေါင်း ၁သိန်းကျော်နဲ့ ထောက်ခံခဲ့ကြပါတယ်။

" ကိုယ်ပိုင်သံစဉ် သီချင်း ခွေစီစဉ်နေတဲ့ စိုးသူ "

Photo: " ကိုယ်ပိုင်သံစဉ် သီချင်း ခွေစီစဉ်နေတဲ့ စိုးသူ "
Thursday, January 30, 2014

တစ်ကိုယ်တော်တေးစီးရီး စီစဉ်နေတဲ့ အကယ်ဒမီစိုးသူက သူ့ရဲ့ တေးစီးရီးမှာပါဝင်မယ့် လေပြည်ဆိုတဲ့သီချင်းကို ဇန်နဝါရီ ၂၁ ရက်နေ့ မှာ ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ အမ်တီဗီအဖြစ်ရိုက်ကူးပုံဖော်နေတာတွေ့ရပါတယ်။ 

တစ်ကိုယ်တော်အခွေထဲကတေးသီချင်း လေး၊ငါးပုဒ်ကို မိဘပြည်သူတွေအရင်ကြည့်ရှုနိုင်အောင် ရိုက် ကူး ခြင်းဖြစ်ေ ကြာင်းကို စိုးသူက “ကျွန်တော်က အနုပညာနဲ့ ပတ်သက်လို့ အနုပညာပစ္စည်း ထုတ်လုပ်မှုသိပ်အများကြီး မလုပ်ဖြစ်ဘူး။ ဝါသနာအရင်းခံရှိတာကို စိတ်တူတဲ့ လူတွေနဲ့ နည်းနည်းပါးပါးလုပ်ဖြစ်တယ်။

သီချင်းခွေ တစ်ခွေစီစဉ်ပြီး ဒီအချိန်၊ ဒီကာလနဲ့ လိုက်ဖက် တာကို ကောင်းကောင်းလေး စီစဉ်မယ်ဆိုပြီး ဆောင်ရွက်ကြတယ်။Majester က အရင် ညီအစ်ကိုတွေကိုပဲ ပြန်ပြီး အကူအညီတောင်း ရတယ်။သူတို့နဲ့တိုင်ပင်ပြီးစီစဉ်တယ်။ ကျောင်း နေဖက်သူငယ်ချင်းဒေါက်တာစန်းယု၊ ကိုပီးပေါ်၊ ကိုနဂါးလေး (ကိုဝင်းသူရလှိုင်)၊ ကိုကျော်ဝင်းတို့ လည်းပါတယ်။ အားလုံးနဲ့စုစည်းတိုင်ပင်ပြီး စီစဉ်ဖြစ်တယ်။Majester ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းခွေတစ်ခွေ စီစဉ်ပြီး အသံသွင်းကြ တယ်။ အားလုံး ကိုယ် ပိုင်သံစဉ် သီ ချင်းတွေပဲ။ မသွင်းခင်ကထုတ်ခဲ့သလို ကိုယ်ပိုင်သံစဉ်ပဲ။ ဒါပေမဲ့ အခုခေတ်၊ အခုကာလနဲ့လိုက်ဖက်တဲ့ ကိုယ်ပိုင် သံစဉ်တွေကို ကျွန်တော်တို့အသက် အရွယ်နဲ့လိုက်ဖက်မယ့်အကြောင်း အရာတွေကို စဉ်းစားပြီးသီချင်းရေး ဆရာအစုံနဲ့ သီချင်း လေးတွေရှာတယ်။

အားလုံးကလည်း လူသစ်၊ လူဟောင်း စေတနာအပြည့်နဲ့ ကူညီကြတယ်။ သီချင်းတွေအများကြီး ရှာပေးကြတယ်။ ရေး ပေးကြတယ်။ အဲဒီထဲကမှ အဆင်ပြေဆုံးဖြစ် မယ့်အကြောင်းလေးတွေကို သီချင်းသွင်းတယ်။ဒီသီချင်းတွေထဲက ကောင်း နိုးရာရာသီချင်း တွေကို မိဘပြည်သူတွေ ခံစားနိုင်အောင် သီချင်း သုံး၊လေး၊ငါး ပုဒ်ကိုရိုက်ချင်တယ်။ 

ရိုက်ချင်တယ်ဆိုပြီး လာပြောကြတဲ့ အသံ လွှင့်ဌာနတွေလည်းရှိတယ်။ အဲဒီ အတွက် သီးသန့်အချိန်တွေအများ ကြီးပေးပြီး ရိုက်ဖြစ် ဖို့ကတော့ ချက်ချင်းမရှိသေးဘူး။ ရိုက်တော့ ရိုက်မှာပါ။ ဒီအခွေအသစ်ထဲက သီချင်း တွေကိုရိုက်ပြီး အားလုံးကို လက် ဆောင်ပေး လိုက်မယ်လို့ စိတ်ကူးပြီး ဒီသီချင်းတွေကို ရိုက်ဖြစ်တာပါ။ သီချင်း ဟောင်းထဲက တစ်ပုဒ်ပါ တယ်။ အရင်ကြိုက်တဲ့ အထဲက အားလုံးသိတဲ့သီချင်းလေးပါပဲ။

ကျန် တဲ့ သီချင်းသစ် လေး ပုဒ်လောက်ကို မိဘပြည် သူ တွေ အရင်ကြည့်ရှု ခံစားနားဆင်နိုင်အောင် တင်ဆက် ပေးတာပါ” လို့ပြောပါတယ်။ သီချင်း တွေကို မကြိုက်မချင်း စိတ်တိုင်းကျဖြစ်အောင် အသံပြန်သွင်းနေတာ မို့ အဆိုပိုင်းအနည်းငယ်သာ ကျန်ရှိပြီး မန္တလေး မြို့မှာ ကျင်းပမယ့် တစ်ကိုယ်တော်ရှိုးမတိုင်ခင် ပရိသတ်တွေနားဆင်ခံစားနိုင်အောင် ကြိုးစား စီစဉ်နေကြောင်းပြောပါတယ်။

မန္တလေး တစ် ကိုယ်တော်ရှိုးကိုတော့ အချိန်အလုံ အလောက် ယူပြီးဆောင်ရွက်ချင်တာကြောင့် မနှစ်က ရန်ကုန်မှာ Past & Present Live Show ပြုလုပ်ခဲ့တဲ့မတ်လကုန် လောက်မှာပဲ Past & Present Live Show တုန်းကလိုလူတွေ အများ ကြီးအခမဲ့အားပေး ကြည့် ရှုနိုင်အောင်စီစဉ်နေကြောင်း စိုးသူက ပြောပါ တယ်။

ခိုင်ဝေလွင်
Popular Journal

RangonNewsDaily:: January . 30 .2014
တစ်ကိုယ်တော်တေးစီးရီး စီစဉ်နေတဲ့ အကယ်ဒမီစိုးသူက သူ့ရဲ့ တေးစီးရီးမှာပါဝင်မယ့် လေပြည်ဆိုတဲ့သီချင်းကို ဇန်နဝါရီ ၂၁ ရက်နေ့ မှာ ဒါရိုက်တာ ဝင်းလွင်ထက်နဲ့ အမ်တီဗီအဖြစ်ရိုက်ကူးပုံဖော်နေတာတွေ့ရပါတယ်။

အာဆင်နယ်နှင့် ဝင်းဂါး သက်တမ်းတိုး စာချုပ်မည့် သတင်းကို မော်ရင်ဟိုကြိုဆို

Photo: အာဆင်နယ်နှင့် ဝင်းဂါး သက်တမ်းတိုး စာချုပ်မည့် သတင်းကို မော်ရင်ဟိုကြိုဆို
Thursday, January 30, 2014
    
အာဆင်နယ်တွင် မန်နေဂျာ အာစင်ဝင်းဂါး စာချုပ်သက်တမ်းတိုးပြီး ဆက်နေမည်ဆိုသော သတင်းကို ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ကြိုဆိုလိုက်သည်။

အာဆင်နယ် အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်ရော၊ မန်နေဂျာ ဝင်းဂါးကိုယ်တိုင်ကပါ အာဆင်နယ်တွင် နောက်ရာသီ ဆက်ရှိနေမည်ဟု ပြောဆိုပြီး စာချုပ်သက်တမ်း တိုးမြှင့်မည့် ကိစ္စကို အတည်ပြုခဲ့ကြသည်။ ဝင်းဂါးသည် အာဆင်နယ်တွင် (၁၇)နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ၎င်း၏ စာချုပ်သည် ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ပေါ်တူဂီသား မန်နေဂျာက ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုနီးပါး အာဆင်နယ်အသင်း ဖလားလက်မဲ့ ဖြတ်သန်းခဲ့သော်လည်း ဝင်းဂါးအပေါ် ယုံကြည်မှု မပျက်ယွင်းသည့်အတွက် အာဆင်နယ်ကို ချီးကျူးစကား ပြောဆိုခဲ့သည်။

"အာဆင်နယ်လို ထိပ်တန်းကလပ် တစ်ခုဟာ သူတို့မန်နေဂျာအပေါ် ယုံကြည်အားကိုးမှု ဆက်ပြီးတော့ ပြသနေတာ မြင်ရတော့ ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ သူတို့ ဆုဖလားတစ်ခုခု ရနိုင်မရနိုင် မသိသေးဘဲနဲ့ မန်နေဂျာကို စာချုပ်သစ်တစ်ခု အပ်နှင်းဖို့ စီစဉ်ခဲ့တယ်။ ဒါဟာ အသင်းရဲ့ တည်ငြိမ်မှုအတွက် ကောင်းကျိုးရှိစေပါတယ်။ ဘောလုံးမှာ ဒါဟာ ဥပမာကောင်း ဖြစ်သင့်တယ်လေ။ တခြားအသင်းတွေကလည်း ဒီလိုကျင့်သုံးမယ်ဆိုရင် ကောင်းမွန်တဲ့ လုပ်ဆောင်မှု ဖြစ်နေမှာပါ။ ဝင်းဂါးဟာ ဘောလုံးပွဲတွေထဲမှာ အကောင်းဆုံး မန်နေဂျာ တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ သူ့အနေနဲ့ ဆုဖလား တစ်လုံးမှ မရလို့တော့ ကျွန်တော့်အမြင်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အာဆင်နယ်မှာ သူဆက်ရှိနေတာကို ကျွန်တော် ပျော်ပါတယ်"ဟု မော်ရင်ဟိုက ပြောကြားသွားသည်။

Soccer Myanmar

RangonNewsDaily:: January . 30 .2014
အာဆင်နယ်တွင် မန်နေဂျာ အာစင်ဝင်းဂါး စာချုပ်သက်တမ်းတိုးပြီး ဆက်နေမည်ဆိုသော သတင်းကို ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ကြိုဆိုလိုက်သည်။

ရခိုင် ရေနံပိုက်လိုင်း လုပ်ငန်းခွင် တရုတ်နှင့်မြန်မာ ၀န်ထမ်း ပဋိပက္ခ လူ ၂၀ ကျော် ဖမ်းဆီးခံရ

Photo: ရခိုင် ရေနံပိုက်လိုင်း လုပ်ငန်းခွင် တရုတ်နှင့်မြန်မာ ၀န်ထမ်း ပဋိပက္ခ လူ ၂၀ ကျော် ဖမ်းဆီးခံရ
Thursday, January 30, 2014

ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်ကိုင် နေကြသော တရုတ် နိုင်ငံသားများနှင့် မြန်မာများ အကြား ပဋိက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု ရေနံပိုက်လိုင်း ကြားခံစခန်းတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ်နှင့်မြန်မာ ၀န်ထမ်းများသည် ဇန်န၀ါရီ ၂၆ ရက်က အချင်းများရာမှတဆင့် အဆောက်အအုံ တချို့ကို ဖျက်ဆီးမှု၊ မီးရှို့မှုများ ဖြစ်ပွားခဲ့ကြောင်း အမ်းမြို့နယ် ရဲ စခန်းက ပြောပြသည်။

“လူ ၂၀ ကျော်ကို ခဏ ထိန်းသိမ်း စစ်ဆေး နေပါတယ်၊ အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး”ဟု အမ်း ရဲစခန်း တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနှင့် တရုတ် ၀န်ထမ်းများသည် အိမ်တအိမ်တည်း၌ အတူ နေထိုင်ကြကြောင်း၊ အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ၀န် ထမ်း တချို့က အပေါ်ထပ်မှ ရေသွန်ချရာ အောက်ထပ်တွင် နေထိုင်သည့် မြန်မာ အလုပ်သမား နှစ်ဦး ရေစိုသွားခြင်းကို မကျေနပ်သည့် အတွက် မြန်မာ အလုပ်သမားများက နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဆီဂိုဒေါင်တခု မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ယမန်နေ့က အစိုးရ သတင်းစာများ၌လည်း ရေးသားထားသည်။

အိမ်အပေါ်ထပ်တွင် နေထိုင်သည့် တရုတ် ၀န်ထမ်းများသည် အောက်ထပ်သို့ မကြာခဏ ရေသွန်ချခြင်း၊ အမှိုက်များ ပစ်ချခြင်း၊ အော့အန်ထားသည့် အညစ်အကြေးများကို ပစ်ချခြင်း စသည်တို့ကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု သိရှိရကြောင်း အမ်း ဒေသ ခံ ဒေါ်သွယ်သွယ်စိုးက ဧရာဝတီကို ပြောပြသည်။

“အိမ်အောက်ထပ်မှာ နေထိုင်တဲ့ သူတွေဟာ မကွေးတိုင်းထဲက တောင်ပေါ်နေ ချင်းတိုင်းရင်းသား လူမျိုးတွေပါ၊ ဒီလူတွေဟာ အင် မတန် ရိုးသားတဲ့ သူတွေပါ၊ အပေါ်ထပ်က ရေသွန်ချတာ၊ အန်ချတာတွေ မကြာခဏ လုပ်ပေမယ့် အလုပ်အကိုင် ရှားပါးတာ၊ ဆင်း ရဲ တာတွေကြောင့် ပြန်မပြောရဲဘဲ သည်းခံနေကြတဲ့ သဘောပါ၊ အခုမှ သည်းမခံနိုင်တော့တဲ့ အတွက် အခုလို ပေါက်ကွဲပြီး မီးရှို့တဲ့ အထိ ဖြစ်သွားရတယ်”ဟု ၎င်းက ဆိုသည်။

နှစ်ဘက် အကြား စကားများကြ ပြီးနောက် ဇန်န၀ါရီလ ၂၇ ရက်တွင် လောင်စာဆီ သိုလှောင်ထားသည့် ဆီဂိုဒေါင် တလုံးနှင့် ယာ ယီ ငါးခန်းတွဲ နှစ်ထပ် အဆောက်အအုံ တလုံးကိုပါ မီးရှို့လိုက်ကြောင်း၊ မီးရှို့သူများသည် ထွက်ပြေး လွတ်မြောက်နေသည့်အတွက် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အာဏာပိုင်များက ဆောင်ရွက်နေကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။

ပဋိပက္ခများနှင့် ပတ်သက်၍ အမ်းမြို့နယ် ရဲစခန်း၌ ဖမ်းဆီး စစ်ဆေးနေကြောင်း၊ နှစ်ဘက် အကြား ဖြစ်ပွားသည့် ပြဿနာတွင် မြန်မာ ၀န်ထမ်းများကိုသာ တဖက်သတ် ဖမ်းဆီး စစ်ဆေးနေခြင်းသည် မျှတမှု မရှိကြောင်း ဒေါ်သွယ်သွယ်စိုးက ပြောဆိုသည်။

“ပြဿနာ ဖြစ်အောင် အရင်စတဲ့ တရုတ် လူမျိုးတွေကို တယောက်မှ မဖမ်းဘဲ ကိုယ့်နိုင်ငံသားတွေကိုပဲ ဖမ်းတာဟာ တရားမမျှတဲ့ လုပ်ရပ်လို့ ပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမ်းမြို့နယ် ရဲစခန်း တာဝန်ရှိသူ တဦးက ပြောဆိုရာတွင် ခေါ်ယူ စစ်ဆေး နေသူများ၌ တရုတ် လူမျိုး တဦးလည်း ပါဝင်ကြောင်း ဧရာဝတီကို ပြောသည်။

ယခု ဖြစ်ပွားသည့် နေရာသည် အမ်းမြို့မှ ၂၂ မိုင်ခန့် ဝေးကွာပြီး ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ဒေသ ဖြစ်ပြီး ရန်ကုန်-စစ်တွေ လမ်းပေါ်တွင် ရှိသည့် ဆီသန့်ထုတ် ကြားခံစခန်းတခု ဖြစ်သည်။

ထိုစခန်း၌ တရုတ် ၀န်ထမ်း ၈၀ ခန့်နှင့် မြန်မာနိုင်ငံသား အလုပ်သမား ၁၅၀ ၀န်းကျင် လုပ်ကိုင်လျက်ရှိပြီး မြန်မာဝန်ထမ်း အများစု မှာ တောင်ပေါ် ချင်း တိုင်းရင်းသားများ ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ ဒေသ၌ လုပ်ဆောင်နေသည့် ရေနံပိုက်လိုင်း၊ ဂက်စ်ပိုက်လိုင်းများတွင် တာဝန် ထမ်းဆောင်နေကြသည့် တရုတ် လူမျိုးများသည် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် ဆက်ဆံရာတွင် ယဉ်ကျေးမှု နည်းပါးပြီး ရိုင်းပြသည့် အပြုအမူ ပြောဆိုမှုများကြောင့် လုပ်ငန်းခွင် အတွင်း ပဋိပက္ခ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

ရေနံပိုက်လိုင်းသည် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ သွယ်တန်းထားပြီး မကွေးတိုင်း၊ မန္တလေး တိုင်း နှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်း ဖောက်လုပ် ထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မဒေးကျွန်းမှ စတင်ပြီး တရုတ်နိုင်ငံသို့ သွယ်တန်းသည့် ရေနံပိုက်လိုင်း အမ်းမြို့ကို ဖြတ်သွားသော မြေပုံ (ဓာတ်ပုံ – ရွှေဂက်စ်)

ဧရာဝတီ

RangonNewsDaily:: January . 30 .2014
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းတွင် အလုပ်လုပ်ကိုင် နေကြသော တရုတ် နိုင်ငံသားများနှင့် မြန်မာများ အကြား ပဋိက္ခ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြန်မာ ၂၀ ကျော်ကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရွေးကောက်ပွဲများအား စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်

Photo: ထိုင်းနိုင်ငံ ရွေးကောက်ပွဲများအား စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်
Thursday, January 30, 2014

ထိုင်းယာယီ အစိုးရအဖွဲ့ အနေဖြင့် ရွေးကောက်ပွဲများအား ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ပြီး သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း ထိုင်းဒုတိယ
ဝန်ကြီးချုပ် Phongthep Thepkanjana က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

အစိုးရအနေဖြင့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် ပြဿနာအားလုံး ကိုဖြေရှင်း နိုင်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို အစီအစဉ်အတိုင်း ကျင်းပခြင်းဖြင့်သာ ဖြေရှင်း ဆောင် ရွက်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ ယာယီဝန်ကြီးချုပ် ရင်လပ်က ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအကြား ကျင်းပသည့် အစည်းအဝေး တစ်ရပ်တွင် ပြောကြားခဲ့ သည်။ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို သဘောတူညီခြင်း မရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အကောင်း ဆုံး ဖြစ်အောင် ဆောင်ရွက်နေ ဆဲ ဖြစ်ကြောင်း ရွေးကောက် ပွဲ ကော်မရှင်နာ မင်းကြီး Somchai Srisu-thiyakorn က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

 ဖေဖော်ဝါရီ ၂ ရက်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် ဆိုပါက ပထမဆုံးအကြိမ် အောက်လွှတ်တော် အစည်းအဝေးသည် သုံးလမှလေးလ အထိနှောင့်နှေး သွားနိုင်ကြောင်းနှင့် ၎င်းက ဆန္ဒပြ သူများ၏ ဟန့် တားနှောင့်ယှက်မှုကြောင့် ကြိုတင်မဲပေးနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ် ၈၃ ခုအတွက် ရွေးကောက်ပွဲသစ်များအား ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် ကျင်းပနိုင်ဖွယ် ရှိကြောင်း Somchai က ပြောကြားခဲ့သည်။

မြ၀တီ

RangonNewsDaily:: January . 30 .2014
ထိုင်းယာယီ အစိုးရအဖွဲ့ အနေဖြင့် ရွေးကောက်ပွဲများအား ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပသွားရန် ဆုံးဖြတ်ခဲ့ပြီး သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း ထိုင်းဒုတိယ
ဝန်ကြီးချုပ် Phongthep Thepkanjana က ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

မော်ရင်ညိုရဲ့ ဝေဖန်ချက်ကို တုန့်ပြန်လိုက်တဲ့ အလာဒွိုက်

Photo: မော်ရင်ညိုရဲ့ ဝေဖန်ချက်ကို တုန့်ပြန်လိုက်တဲ့ အလာဒွိုက် 
Thursday, January 30, 2014

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၀က်စ်ဟမ်းအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဧည့်သည် ၀က်စ်ဟမ်းအသင်း၏ ကစားပုံကို မော်ရင်ညိုက ဝေဖန်သွားခဲ့သလို၊ နည်းပြဖြစ်သူ အလာဒွိုက်၏ နည်းဗျူဟာကိုလည်း ၁၉ ရာစုက နည်းဗျူဟာဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။ 

အဆိုပါ ဝေဖန်ချက်နှင့် ပတ်သက်ပြီး အလာဒွိုက်က - "မော်ရင်ညိုအနေနဲ့ ရလာဒ်ကို လက်မခံနိုင်ပဲ ဖြစ်နေတာပါ၊ သူ့အနေနဲ့ ကြိုက်သလို ဝေဖန်နိုင်ပါတယ်၊ ကျွန်တော်ကတော့ အဖက်လုပ် ဂရုစိုက်နေမှာ မဟုတ်ပါဘူး၊ ကျွန်တော့် အနေနဲ့ ချဲလ်ဆီး ကစားသမားတွေ ဒိုင်နားသွားပြီး စောဒကတက် ညည်းတွားပြီး ခြိမ်းခြောက် ကြိမ်းမောင်း ပြောနေကြတဲ့  မြင်ကွင်းကို ကြည့်ရတာကို အရမ်း သဘောကျတယ်၊ မော်ရင်ညိုနဲ့ ရင်ဆိုင်တဲ့ အချိန် အရှုံးဆိုတဲ့ ရလာဒ်ကနေ ရှောင်လွဲနိုင်တာဟာ တကယ့်ကို ကောင်းမွန်တဲ့ ရလာဒ်ပါ၊ ဂျို့စ် ခင်ဗျား ကံဆိုး ခဲ့ပါတယ်" ဟု တုန့်ပြန်သွားခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)
FOOTBALL CAFE

RangonNewsDaily:: January . 30 .2014
စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၀က်စ်ဟမ်းအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်သွားခဲ့သည်။

မန်ယူနိုက်တက်မှာ အထိုင်ကျနေပြီလို့ ခံစားရပါတယ် (မာတာ)

Photo: ယူနိုက်တက်မှာ အထိုင်ကျနေပြီလို့ ခံစားရပါတယ် (မာတာ) 
Thursday, January 30, 2014

မန်ယူနိုက်တက် ကစားသမားသစ် ဂျူအန်မာတာက ၎င်းအနေဖြင့် အသင်းသစ်တွင် အထိုင်ကျနေပြီဟု ခံစားမိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။ ချဲလ်ဆီးအသင်းမှ ပေါင်(၃၇.၁)သန်းဖြင့် ပြောင်းရွေ့ရောက်ရှိလာသော မာတာသည် ယူနိုက်တက် အသင်းဖြင့် လေ့ကျင့်ခန်း နှစ်ကြိမ်ဆင်းအပြီးတွင် ကာဒစ်ဖ်အား ရင်ဆိုင်ခဲ့သော ပွဲစဉ်တွင် ပွဲဦးထွက်အဖြစ် ပါဝင် ကစားခွင့် ရခဲ့သည်။

 အသက်(၂၅)နှစ်အရွယ် မာတာက - "၀င်ရောက်ကစားခွင့် ရခဲ့တဲ့ ပထဦးဆုံး မိနစ်မှာ ကတည်းက ဒီအသင်းမှာ အထိုင်ကျနေသလို ခံစားမိပါတယ်၊ အချိန်တွေ အရမ်းကုန်မြန်ခဲ့သလို၊ ယူနိုက်တက်ရဲ့ ကြိုဆိုမှုကလည်း သြချလောက်ပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီပွဲမတိုင်ခင်မှာ အပြောင်းအရွေ့ကြောင့် ယူနိုက်တက် အသင်းနဲ့ အချိန်အနည်းငယ်သာ လေ့ကျင့်ခန်း ဆင်းချိန် ရခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဒီထက် အများကြီး တိုးတက်လာအောင် လုပ်နိုင်မယ်ဆိုတာ ကျွန်တော့ကိုယ် ကျွန်တော်သိပါတယ်" ဟု ထုတ်ဖော်ပြောကြား သွားခဲ့သည်။

 မာတာသည် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကာဒစ်ဖ်အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သော ပွဲစဉ်တွင် ယူနိုက်တက် အတွက် ပွဲဦးထွက် ပါဝင် ကစားခွင့် ရခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)

FOOTBALL CAFE

RangonNewsDaily:: January . 30 .2014
မန်ယူနိုက်တက် ကစားသမားသစ် ဂျူအန်မာတာက ၎င်းအနေဖြင့် အသင်းသစ်တွင် အထိုင်ကျနေပြီဟု ခံစားမိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

မဲရုံမသွားကြရန် ထိုင်းဆန္ဒပြခေါင်းဆောင် တိုက်တွန်း

Photo: မဲရုံမသွားကြရန် ထိုင်းဆန္ဒပြခေါင်းဆောင် တိုက်တွန်း
Thursday, January 30, 2014

ဖေဖော်ဝါရီ ၂ ရက် ထိုင်းရွေးကောက်ပွဲမှာ မဲစာရွက်တွေကို ဖျက်ဆီးတာနဲ့ မဲပေးမှု လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တာတွေလုပ်မယ့်အစား မဲရုံကို မသွားကြဖို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

မဲမပေးတာတွေနဲ့ ကန့်ကွက်မဲပေးတာတွေအတွက် စဉ်းစားတွန့်ဆုတ်နေဖို့ မလိုဘူး။ ကျနော်တို့ အားလုံးက မဲရုံကို မသွားဘူးဆိုတာ သေချာအောင် လုပ်ကြစို့လို့ ဇန်န၀ါရီ ၂၉ ရက်နေ့က ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက မဲဆန္ဒနယ်အတော်များများကတော့ ကိုယ်စားလှယ်တင်သွင်းမှု မရှိတာကြောင့် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင်ဟာ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ရာထူးက ဖယ်ရှားရေး အစိတ်အပိုင်းအနေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်မယ်လို့ ဆန္ဒပြသူတွေက ကတိပြုထားတာကြောင့် ထိုင်းအစိုးရက ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲအတွက် မြို့တော်ဘန်ကောက်မှာ ရဲဝန်ထမ်း ၁ သောင်း တာဝန်ချထားမှာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံရေး ဆန္ဒပြမှုတွေကြောင့် ဒီရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေ ပိုဖြစ်စေနိုင်ပြီး တိုင်းပြည်တွင်း နိုင်ငံရေး ကွဲလွဲမှုတွေ ဆိုးဆိုးရွားရွား တိုးလာနိုင်တယ်လို့ ပညာရှင်တွေနဲ့ အကဲခတ်တွေက သတိပေးထားပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်ရေး ရွေးကောက်ပွဲကော်မရှင်က အဆိုပြုပြီး အခြေခံဥပဒေခုံရုံးက ခွင့်ပြုပေမယ့် ထိုင်းအစိုးရကတော့ နဂို သတ်မှတ်ရက်အတိုင်း ကျင်းပဖို့ ဇန်န၀ါရီ ၂၈ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။

အခု ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေးအကျပ်အတည်းဟာ ဘန်ကောက်ဝန်းကျင်က လူလတ်တန်းစားတွေ၊ ဘုရင်စနစ်ကို သစ္စာခံသူ ဒီမိုကရက်တွေ၊ လက်ရှိ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် မောင်နှမတွေကို ထောက်ခံတဲ့ ကျေးလက်နေ ဆင်းရဲသား လူတန်းစားကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေးလွန်ဆွဲပွဲ နောက်ဆုံးကဏ္ဍလည်း ဖြစ်ပါတယ်။

DVB TV News

RangonNewsDaily:: January . 30 .2014
ဖေဖော်ဝါရီ ၂ ရက် ထိုင်းရွေးကောက်ပွဲမှာ မဲစာရွက်တွေကို ဖျက်ဆီးတာနဲ့ မဲပေးမှု လုပ်ငန်းစဉ်တွေကို နှောင့်ယှက်တာတွေလုပ်မယ့်အစား မဲရုံကို မသွားကြဖို့ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းဆုဘန်က သူ့ကို ထောက်ခံသူတွေကို ပြောပါတယ်။

တိုက်ပွဲ မဖြစ်၍ အပစ်ရပ်ရေးဆွေးနွေးပွဲ “ဝ” တပ်ဖွဲ့ မတက်ဟု ဦးအောင်မင်း ပြော