Pages

Thursday, January 30, 2014

ထန်းတပင်မြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိကာ မီးလောင်မှုဖြစ်

RangonNewsDaily:: January . 30 .2014
၃၀.၁.၂၀၁၄ရက်နေ့၁၂၃၀အချိန်ထန်းတပင်မြို့နယ်၊ရန်ကုန်-ညောင်တုန်း
လမ်း၊ မိုင်တိုင်အမှတ်(၁၇/၄)နှင့်(၁၇/၅)အကြားတွင် ရန်ကုန်မှဟင်္သာတ
သို့ ယာဉ်မောင်းဦးမောင်ဦး မောင်းနှင်လာသော ၆ဂ/---- မေတ္တာရှင် ခရီးသည်တင်ယာဉ်နှင့် ညောင်တုန်းမှရန်ကုန်သို့ ယာဉ်မောင်း ဦးမောင်ချို
မောင်းနှင်လာသော ၇ခ/---- ဒိုင်နာကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ဒိုင်နာယာဉ်မှ ဂက်စ်ယိုစိမ့်ကာ ၁၂၃၀အချိန်မှ၁၃၂၀အချိန်ထိ ယာဉ်(၂)စီးလုံးမီးလောင်ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မီးလောင်မှုကြောင့် ယာဉ်(၂)စီးပျက်စီးပြီး ၆ဂ/----
မေတ္တာရှင်ခရီးသည်တင်ယာဉ် ပေါ်ပါခရီးသည်(၄)ဦးနှင့် ၇ခ/---- ဒိုင်နာ ကုန်တင်ယာဉ်ပေါ်ပါသူ(၄)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲ နာကျင်ဒဏ်ရာ များနှင့်မီးလောင်ဒဏ်ရာများရရှိကာ

အင်းစိန်ဆေးရုံသို့တင်ပို့ကုသရ
သောကြောင့် ယာဉ်မောင်းဦးမောင်ဦးနှင့် ယာဉ်မောင်းဦးမောင်ချိုတို့(၂)ဦး အား တက်သစ်နယ်မြေရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ပုဒ်မ ၃၃၇/၃၃၈/၂၈၅
ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment