Pages

Thursday, January 30, 2014

ဂျက်စတင်ဘီဘာကို ဌာနေသို့ပြန်ပို့မည့်ကိစ္စ အိမ်ဖြူတော်အကြောင်းပြန်မည်

Photo: ဂျက်စတင်ဘီဘာကို ဌာနေသို့ပြန်ပို့မည့်ကိစ္စ အိမ်ဖြူတော်အကြောင်းပြန်မည်
Thursday, January 30, 2014

အမေရိကန် နိုင်ငံရဲ့  အသနားခံစာတင် ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ "We the People" ပေါ်မှာ ဂျက်စတင်ဘီဘာကို ဌာနေနိုင်ငံ ကနေဒါသို့ ပြန်ပို့ရန် လက်မှတ်ပေါင်း ၁သိန်းကျော်နဲ့ ထောက်ခံခဲ့ကြပါတယ်။ ယင်း ဝဘ်ဆိုဒ်က အမေရိကန်ပြည်သူတို့ မကျေနပ်တာရှိရင် အသနားခံစားများကို လက်မှတ်နဲ့ တကွတင်ရတဲ့ ဆိုဒ်ဖြစ်ပြီး တစ်သိန်းပြည့်တိုင်း အိမ်ဖြူတောင်က ထည့်သွင်းစဉ်းစား ဖြေရှင်းပေးရခြင်း ဖြစ်ပါတယ်။ ယခုတော့ ဂျက်စတင်ဘီဘာ ပါဝင်လာပါပြီ။ 

ဂျက်စတင်ဘီဘာမှာ ၂၀၁၃ တစ်ခုနှစ်လုံးနဲ့ ၂၀၁၄ နှစ်ဆန်းမှာ အမေရိကန်နိုင်ငံသားတို့ စိတ်ပျက်စေတဲ့ လုပ်ရပ်များပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။ သက်တမ်းကုန်နေတဲ့ ဒရိုင်ဘာလိုင်စင်နဲ့ ကားမောင်းနှင်မှု၊ ကားကို အရှိန်ဖြင့်မောင်းနှင်မှု၊ အရက်အလွန်အကျွံသောက်ပြီး မောင်းနှင်မှု၊ ဖမ်းဆီးအရေးယူမှုအပေါ် ပြန်လည်ခုခံမှု၊ မူးယစ်ဆေးဝါးများ အသုံးပြုမှု အစရှိသဖြင့်တို့နဲ့ အမှုများ ဆက်တိုက်ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ အများစုကို ဒဏ်ငွေနဲ့ ဖြေရှင်းလို့ ပြီးသွားပေမယ့် သူ့လုပ်ရပ်များက လူငယ်များ လိုက်တုစရာဖြစ်မှာကို စိုးရိမ်ခြင်း ဖြစ်ပါတယ်။ 

ဒါကြောင့် အသက် ၁၉ နှစ်သာရှိသေးတဲ့ ဂျက်စတင်ဘီဘာကို ဌာနေ ကနေဒါနိုင်ငံသို့ ပြန်လည် စေလွတ်စေရန်၊ အမေရိကန်နိုင်ငံကထုတ်ပေး ထားသော Green Card ကိုပြန်လည်သိမ်းဆည်းစေရန် ဝိုင်းဝန်း တောင်း ဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။ အမေရိကန်က အားပေးသူ ပရိတ်သတ်အခိုင် အမာရှိထားတဲ့ ဂျက်စတင်ဘီဘာ ဟာ သူ့ကို မုန်းတီးသူ များလည်း အခိုင်အမာရှိနေကြောင်း အသနားခံစာတင်တဲ့ ဝဘ်ဆိုဒ်က သက်သေပြ လိုက်ပါတယ်။ 

ဒါကြောင့်မို့ ယခု ရက်ပိုင်းအတွင်း အမေရိကန်အိမ်ဖြူတော်က ဆုံးဖြတ်ချက် ချမှတ်လို့ အဖြေတစ်ခု ထွက်လာနိုင်ဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: January . 30 .2014

ရိုးရာလေး, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment