Pages

Thursday, January 30, 2014

မော်ရင်ညိုရဲ့ ဝေဖန်ချက်ကို တုန့်ပြန်လိုက်တဲ့ အလာဒွိုက်

Photo: မော်ရင်ညိုရဲ့ ဝေဖန်ချက်ကို တုန့်ပြန်လိုက်တဲ့ အလာဒွိုက် 
Thursday, January 30, 2014

စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၀က်စ်ဟမ်းအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဧည့်သည် ၀က်စ်ဟမ်းအသင်း၏ ကစားပုံကို မော်ရင်ညိုက ဝေဖန်သွားခဲ့သလို၊ နည်းပြဖြစ်သူ အလာဒွိုက်၏ နည်းဗျူဟာကိုလည်း ၁၉ ရာစုက နည်းဗျူဟာဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။ 

အဆိုပါ ဝေဖန်ချက်နှင့် ပတ်သက်ပြီး အလာဒွိုက်က - "မော်ရင်ညိုအနေနဲ့ ရလာဒ်ကို လက်မခံနိုင်ပဲ ဖြစ်နေတာပါ၊ သူ့အနေနဲ့ ကြိုက်သလို ဝေဖန်နိုင်ပါတယ်၊ ကျွန်တော်ကတော့ အဖက်လုပ် ဂရုစိုက်နေမှာ မဟုတ်ပါဘူး၊ ကျွန်တော့် အနေနဲ့ ချဲလ်ဆီး ကစားသမားတွေ ဒိုင်နားသွားပြီး စောဒကတက် ညည်းတွားပြီး ခြိမ်းခြောက် ကြိမ်းမောင်း ပြောနေကြတဲ့  မြင်ကွင်းကို ကြည့်ရတာကို အရမ်း သဘောကျတယ်၊ မော်ရင်ညိုနဲ့ ရင်ဆိုင်တဲ့ အချိန် အရှုံးဆိုတဲ့ ရလာဒ်ကနေ ရှောင်လွဲနိုင်တာဟာ တကယ့်ကို ကောင်းမွန်တဲ့ ရလာဒ်ပါ၊ ဂျို့စ် ခင်ဗျား ကံဆိုး ခဲ့ပါတယ်" ဟု တုန့်ပြန်သွားခဲ့သည်။

Written by အောင်ဇော်လတ်(မိုးနဲ)
FOOTBALL CAFE

RangonNewsDaily:: January . 30 .2014
စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် ၀က်စ်ဟမ်းအသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင် ကစားသွားခဲ့ကြရာ ဂိုးမရှိသရေဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဧည့်သည် ၀က်စ်ဟမ်းအသင်း၏ ကစားပုံကို မော်ရင်ညိုက ဝေဖန်သွားခဲ့သလို၊ နည်းပြဖြစ်သူ အလာဒွိုက်၏ နည်းဗျူဟာကိုလည်း ၁၉ ရာစုက နည်းဗျူဟာဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။

အဆိုပါ ဝေဖန်ချက်နှင့် ပတ်သက်ပြီး အလာဒွိုက်က - "မော်ရင်ညိုအနေနဲ့ ရလာဒ်ကို လက်မခံနိုင်ပဲ ဖြစ်နေတာပါ၊ သူ့အနေနဲ့ ကြိုက်သလို ဝေဖန်နိုင်ပါတယ်၊ ကျွန်တော်ကတော့ အဖက်လုပ် ဂရုစိုက်နေမှာ မဟုတ်ပါဘူး၊ 
 
ကျွန်တော့် အနေနဲ့ ချဲလ်ဆီး ကစားသမားတွေ ဒိုင်နားသွားပြီး စောဒကတက် ညည်းတွားပြီး ခြိမ်းခြောက် ကြိမ်းမောင်း ပြောနေကြတဲ့ မြင်ကွင်းကို ကြည့်ရတာကို အရမ်း သဘောကျတယ်၊ မော်ရင်ညိုနဲ့ ရင်ဆိုင်တဲ့ အချိန် အရှုံးဆိုတဲ့ ရလာဒ်ကနေ ရှောင်လွဲနိုင်တာဟာ တကယ့်ကို ကောင်းမွန်တဲ့ ရလာဒ်ပါ၊ ဂျို့စ် ခင်ဗျား ကံဆိုး ခဲ့ပါတယ်" ဟု တုန့်ပြန်သွားခဲ့သည်။

FOOTBALL CAFE , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment