Pages

Thursday, January 30, 2014

အဓိက ကစားသမားများ ပြန်လည်စုံလင်လာ၍ မိုယက်စ်ဝမ်းသာနေ

Photo: အဓိက ကစားသမားများ ပြန်လည်စုံလင်လာ၍ မိုယက်စ်ဝမ်းသာနေ
Thursday, January 30, 2014
    
မန်ချက်စတာ ယူနိုက်တက်တွင် ကစားသမားကောင်းများ ဒဏ်ရာမှ အသီးသီး သက်သာလာပြီး လူစုံတက်စုံ ဖြစ်လာသည့်အတွက် မန်နေဂျာ ဒေးဗစ်မိုယက်စ်တစ်ယောက် ပျော်ရွှင်လျှက် ရှိသည်။

ချယ်လ်ဆီးမှ ကွင်းလယ်ဖန်တီးရှင် ဟွမ်မာတာ အသင်းသို့ စတင်ရောက်ရှိလာသလို ဝိန်းရွန်နီ၊ ရော်ဘင်ဗန်ပါစီတို့သည်လည်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်ရာ အသင်း၏ တိုက်စစ်အင်အားစုသည် ခြိမ်းခြောက်နိုင်စွမ်း အလွန်မြင့်မားသည့် အနေအထားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ရွန်နီနှင့် ဗန်ပါစီတို့သည် ယူနိုက်တက်၏ အဓိက ဦးဆောင် ကစားသမားများ ဖြစ်ကြပြီး ၎င်းတို့ကို ကာလအတန်ကြာ လက်လွှတ်ခဲ့ရချိန်၌ မိုယက်စ်၏ အသင်းသည် ရလဒ်ပိုင်း ဆိုးရွားနိမ့်ကျမှုများဖြင့် ရုန်းကန်ခဲ့ရသည်။

ကားဒစ်ဖ်စီးတီးနှင့် ပွဲစဉ်တွင် နှစ်ဦးလုံး တစ်လှည့်စီ ဝင်ကစားခဲ့သည့် ရွန်နီ၊ ဗန်ပါစီတို့နှင့် ပတ်သက်ပြီး မိုယက်စ်က "သူတို့နှစ်ယောက် ပြန်ကစားနိုင်တာဟာ သိပ်ကို ကြီးမားတဲ့ အားတစ်ရပ်ပါပဲ။ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပါတယ်။ သူတို့အနေနဲ့ ပွဲဆက်နည်းနည်းတော့ ပြတ်နေတယ်။ ဒါပေမဲ့ နှစ်ယောက် တွဲကစားရင်း ပြန်အချိတ်အဆက် မိလာမှာပါ။ ရွန်နီနဲ့ ဗန်ပါစီအပြင် မာတာလည်း ဒီလိုပါပဲ။ ခုချိန်မှာတော့ သူတို့(၃)ယောက်လုံးကို ကွင်းထဲမှာ အတူထုတ်သုံးဖို့ကို ကျွန်တော် မျှော်လင့်နေပါတယ်"ဟု ပြောကြားခဲ့သည်။

ပေါင်စတာလင် (၃၇)သန်းတန် ကစားသမားသစ် မာတာနှင့် ပတ်သက်ပြီးမူ မိုယက်စ်က "ကားဒစ်ဖ်နဲ့ပွဲမှာ သူကစားသွားတာ သိပ်ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ဂိုးတစ်ဂိုးရအောင် ကူညီခဲ့သေးတယ်။ သိပ်ကောင်းတဲ့ အခိုက်အတန့်လေးတချို့ အစွမ်းပြ ကစားခဲ့တယ်။ သူ့ရဲ့ ပွဲဦးထွက်အတွက် သူ့ကိုယ်သူ ကျေနပ်သင့်တယ် ထင်ပါတယ်။ မာတာ့ အကောင်းဆုံးခြေစွမ်း ရလာဖို့ သိပ်မဝေးတော့ဘူး ထင်ပါတယ်။ သူကလည်း ပြီးခဲ့တဲ့ လပိုင်းတွေမှာ ပွဲသိပ်မကစားခဲ့ရဘူးလေ။ သူ့ကို အချိန်ကြာကြာ ပွဲကစားခွင့်ရဖို့ ကျွန်တော်တို့ စီစဉ်ပေးရပါမယ်။ ဒါဟာ သူ့အတွက်လည်း အကျိုးကျေးဇူး ရှိစေမယ်လေ"ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

RangonNewsDaily:: January . 30 .2014
မန်ချက်စတာ ယူနိုက်တက်တွင် ကစားသမားကောင်းများ ဒဏ်ရာမှ အသီးသီး သက်သာလာပြီး လူစုံတက်စုံ ဖြစ်လာသည့်အတွက် မန်နေဂျာ ဒေးဗစ်မိုယက်စ်တစ်ယောက် ပျော်ရွှင်လျှက် ရှိသည်။ ချယ်လ်ဆီးမှ ကွင်းလယ်ဖန်တီးရှင် ဟွမ်မာတာ အသင်းသို့ စတင်ရောက်ရှိလာသလို ဝိန်းရွန်နီ၊ ရော်ဘင်ဗန်ပါစီတို့သည်လည်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်ရာ အသင်း၏ တိုက်စစ်အင်အားစုသည် ခြိမ်းခြောက်နိုင်စွမ်း အလွန်မြင့်မားသည့် အနေအထားသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ 
 
ရွန်နီနှင့် ဗန်ပါစီတို့သည် ယူနိုက်တက်၏ အဓိက ဦးဆောင် ကစားသမားများ ဖြစ်ကြပြီး ၎င်းတို့ကို ကာလအတန်ကြာ လက်လွှတ်ခဲ့ရချိန်၌ မိုယက်စ်၏ အသင်းသည် ရလဒ်ပိုင်း ဆိုးရွားနိမ့်ကျမှုများဖြင့် ရုန်းကန်ခဲ့ရသည်။

ကားဒစ်ဖ်စီးတီးနှင့် ပွဲစဉ်တွင် နှစ်ဦးလုံး တစ်လှည့်စီ ဝင်ကစားခဲ့သည့် ရွန်နီ၊ ဗန်ပါစီတို့နှင့် ပတ်သက်ပြီး မိုယက်စ်က "သူတို့နှစ်ယောက် ပြန်ကစားနိုင်တာဟာ သိပ်ကို ကြီးမားတဲ့ အားတစ်ရပ်ပါပဲ။ ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပါတယ်။ 
 
သူတို့အနေနဲ့ ပွဲဆက်နည်းနည်းတော့ ပြတ်နေတယ်။ ဒါပေမဲ့ နှစ်ယောက် တွဲကစားရင်း ပြန်အချိတ်အဆက် မိလာမှာပါ။ ရွန်နီနဲ့ ဗန်ပါစီအပြင် မာတာလည်း ဒီလိုပါပဲ။ ခုချိန်မှာတော့ သူတို့(၃)ယောက်လုံးကို ကွင်းထဲမှာ အတူထုတ်သုံးဖို့ကို ကျွန်တော် မျှော်လင့်နေပါတယ်"ဟု ပြောကြားခဲ့သည်။

ပေါင်စတာလင် (၃၇)သန်းတန် ကစားသမားသစ် မာတာနှင့် ပတ်သက်ပြီးမူ မိုယက်စ်က "ကားဒစ်ဖ်နဲ့ပွဲမှာ သူကစားသွားတာ သိပ်ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ဂိုးတစ်ဂိုးရအောင် ကူညီခဲ့သေးတယ်။ သိပ်ကောင်းတဲ့ အခိုက်အတန့်လေးတချို့ အစွမ်းပြ ကစားခဲ့တယ်။ သူ့ရဲ့ ပွဲဦးထွက်အတွက် သူ့ကိုယ်သူ ကျေနပ်သင့်တယ် ထင်ပါတယ်။ 
 
မာတာ့ အကောင်းဆုံးခြေစွမ်း ရလာဖို့ သိပ်မဝေးတော့ဘူး ထင်ပါတယ်။ သူကလည်း ပြီးခဲ့တဲ့ လပိုင်းတွေမှာ ပွဲသိပ်မကစားခဲ့ရဘူးလေ။ သူ့ကို အချိန်ကြာကြာ ပွဲကစားခွင့်ရဖို့ ကျွန်တော်တို့ စီစဉ်ပေးရပါမယ်။ ဒါဟာ သူ့အတွက်လည်း အကျိုးကျေးဇူး ရှိစေမယ်လေ"ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment