Pages

Thursday, January 30, 2014

ကမာရွတ် မြို့နယ် တွင် အမေရိကန် နိုင်ငံသား တစ်ဦး ၏ အလောင်း တွေ့ရှိ

RangonNewsDaily:: January . 30 .2014
ရန်ကုန် တိုင်း ဒေသကြီး၊ ကမာရွတ် မြို့ နယ်၊ မေသူ အိမ်ရာ ရှိ တိုက်ခန်း တစ်ခု တွင် အမေရိကန် နိုင် ငံ သား တစ်ဦး ၏ အလောင်း တွေ့ရှိ ခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲ တပ်ဖွဲ့ ရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၂၈) ရက် နေ့ ည ရှစ် နာရီခွဲ အချိန် ခန့်က ကမာရွတ်မြို့နယ်၊ မေသူအိမ်ရာ တိုက်..........၊ အခန်း......... တွင် နိုင်ငံခြား သား တစ်ဦး သေဆုံး နေကြောင်း သတင်း ပေးချက်အရ

ကမာရွတ် ရဲစခန်းမှူး သည် သက်သေများနှင့်အတူ သွားရောက်စစ် ဆေးရာတွင် သေဆုံး သူမှာ ယင်း တိုက်ခန်း ၌ တစ်ဦး တည်း နေထိုင်သူ အမေရိကန် နိုင်ငံ သား Mr......(၄၆) နှစ်၊ ပတ်စ်ပို့ အမှတ်...... ကိုင်ဆောင် သူဖြစ်ပြီး၊ ဧည့် ခန်း အတွင်းရှိ ဧည့် ခန်း အတွင်းရှိ ဆိုဖာထိုင်ခုံပေါ်၌ အပေါ်အင်္ကျီ မပါဘဲ ပက်လက် အနေအထားဖြင့် သေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲမှတ် တမ်းများအရ သိရသည်။

မှုခင်း ဆရာဝန်တွေရဲ့ ဆေးစစ်ချက် ကတော့ ထွက်မလာသေးပါဘူး”” ဟု ကမာ ရွတ်မြို့မ ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ အဆိုပါ အမှုကို ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် အမှုဖွင့်ပြီး၊ စခန်းမှူး ဒုရဲ မှူး မောင်မောင်ဦးမှ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲ တပ်ဖွဲ့ ရုံး မှ သတင်း ထုတ်ပြန် ထား သည်။

Messenger News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment