Pages

Monday, December 24, 2012

ဗိုလ်မှူးချုပ်ဂျော်နီကို ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ခန့်အပ်

ဗိုလ်မှူးချုပ်ဂျော်နီကို ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ခန့်အပ်
ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

မပြီးဆုံးသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကွန်ဂရက်(ညီလာခံ)တွင် တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်ဂျော်နီကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယနေ့ ရွေးချယ်ခန့်အပ်လိုက်ပြီဖြစ်သည်။

၎င်းစစ်ဦးစီးချုပ်အပြင် ဒုစစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲကိုပါ KNU ဗဟိုထိပ်ပိုင်းခေါင်းဆောင် ၅ဦး နှင့် တပ်မဟာမှူး ၇ဦးတို့က တိုင်ပင်ညှိနှိုင်းကာ ကွန်ဂရက်ခမ်းမဆောင်၌ ယနေ့မနက်ပိုင်းက ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ယနေ့ ဆက်လက် ပြုလုပ်သည့် ကွန်ဂရက် အစည်းအဝေးတွင် ရွေးကောက်တင်မြှောက်ထားသည့် ထိပ်ပိုင်းခေါင်းဆောင်ငါးဦး နှင့် ဗဟိုကော်မတီဝင်များက ကျန်ရှိနေသေးသည့် ဗဟိုအလုပ်အမှုဆောင်များကို ဆက်လက် ရွေးချယ်ရာ စစ်ဦးစီးချုပ်၊ ဒုစစ်ဦး စီးချုပ်၊ ပဒိုစောရောဂျာခင်၊ ပဒိုစောသမိန်ထွန်း၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုတာဒို့မူးတို့အား အတည်ပြု သတ်မှတ်လိုက်သည်။

ထို့အပြင် ဌာနဆိုင်ရာ တာဝန်ခံများကိုလည်း ရွေးချယ်သတ်မှတ်ခဲ့ရာ
ပဒိုမန်းဘထွန်း   - သစ်တောဌာန
ပဒိုကော်ကဆာစောနေစိုး - လမ်းပန်းဆက်သွယ်ရေးဌာန
ပဒိုစောအဲ့ကလူရွှေဦး - ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန
ပဒိုစောလှထွန်း  - စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန
ပဒိုစောလားစေး  - ပညာရေးနှင့် ယဉ်ကျေးမှုဌာန
ပဒိုစောမြမောင်`  - မွေးမြူရေးနှင့် ရေလုပ်ငန်းဌာန
ပဒိုစောရောဂျာခင်  - ကာကွယ်ရေးဌာန
ပဒိုစောကဲလဲ  - သတ္တုနှင့် မိုင်းဌာန
ပဒိုစောအဲ့ကလူစေး - တရားရေးဌာန
ပဒိုစောဒေးဗစ်သကဘော - မဟာမိတ်ဆက်ဆံရေးဌာန
ပဒိုစောအောင်ဝင်းရွှေ - နိုင်ငံခြားရေးဌာန
ပဒိုစောအားတိုး  - ပြည်ထဲရေးနှင့် သာသနာရေးဌာန
ပဒိုစောဟေးစယ်  - ဘဏ္ဍာရေးဌာန တို့ဖြစ်ကြသည်။

သို့သော် ယနေ့ အစည်းအဝေးသို့ မတက်ရောက်သူများရှိသလို လက်ရှိ ရွေးချယ်လိုက်သည့် ခေါင်းဆောင်များနှင့် တာဝန်ခံများ ကို ဒီဇင်ဘာလ ၂၆ရက်နေ့တွင် အခြားညီလာခံကိုယ်စားလှယ်များ ပါဝင်သည့် ကွန်ဂရက်ကို ပြန်လည်တင်ပြပြီး ထပ်မံ အတည် ပြုကာ ခေါင်းဆောင်များမှ ကျမ်းသစ္စာကျိန်ဆို၍ ကွန်ဂရက်ကို အဆုံးသတ်သွားမည်ဖြစ်သည်။

နိုဝင်ဘာလ ၂၆ရက်နေ့က စတင် ကျင်းပခဲ့သည့် KNU ကွန်ဂရက်မှာ ရက်သတ္တ လေးပတ်ကြာမြင့်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့မှသာ ရွေးကောက်ပွဲကို စတင်ခဲ့ပြီး ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦးကို လျှို့ဝှက်မဲစနစ်ဖြင့် နှစ်ဆင့် ရွေးချယ်ခဲ့ကြ သည်။

ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ခရိုင်ဥက္ကဌနှင့် တပ်မဟာမှူးအားလုံး ပါဝင်သည့် ဗဟိုအမြဲတမ်းကော်မတီများထဲမှ KNU ဥက္ကဌအ ဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဒုဥက္ကဌအဖြစ် ပဒိုနော်စီဖိုးရာစိန်၊ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၁)အဖြစ် ပဒိုစောသောသီဘွဲနှင့် တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ပဒိုမန်းမန်းမန်းတို့အား လျှို့ဝှက်မဲစနစ် ဖြင့်ပင် ရွေးကောက်ခဲ့ကြသည်။

ထိုနေ့တွင်ပင် ကွန်ဂရက်ကိုယ်စားလှယ်များက တရားသူကြီးချုပ်ကို လျှို့ဝှက်မဲအများဆုံးရရှိသူ ပဒိုစောအားတိုးအား ရွေး ကောက်ခဲ့သော်လည်း သက်ဆိုင်သူမှ ငြင်းပယ်ခဲ့သည့်အတွက် ဒုတိယ မဲအများဆုံးရရှိသူ ပဒိုစောဒေါ့လေးမူအား တရားသူကြီး ချုပ်အဖြစ် ယနေ့ ပြောင်းလဲသတ်မှတ်လိုက်သည်။

ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်
မပြီးဆုံးသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကွန်ဂရက်(ညီလာခံ)တွင်တပ်မဟာ(၇)မှူး ဗိုလ်မှူး
ချုပ်ဂျော်နီကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယနေ့ ရွေးချယ်ခန့်အပ်
လိုက်ပြီဖြစ်သည်

မီးလောင်မှုကိုသိရှိနိုင်ရန်အတွက် အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ခြင်းကို မူလရွေးချယ်ထားသည့် နေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲ ရှိမည်


မီးလောင်မှုကိုသိရှိနိုင်ရန်အတွက် အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ခြင်းကို မူလရွေးချယ်ထားသည့် နေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲ ရှိမည်  

Monday, 24 December 2012 

မြန်မာနိုင်ငံတွင် မီးလောင်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ အထပ်မြင့်အဆောက်အအုံများတွင် CCTV တပ်ဆင်ဆောင်ရွက်မှုကို ယခင်ရွေးချယ်ထားသည့် နေရာ ၄ ခုနှင့် အဆင်မပြေပါက နေရာအပြောင်းအလဲများ အနည်းငယ်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့နောက် ယင်းလုပ်ငန်းကို လာမည့် ၂၀၁၃ ဇန်န၀ါရီလမှ စတင်ကာ သုံးလအတွင်း ပြီးဆုံးအောင်ပြုလုပ်သွားမည်ဖြစ်ပြီး ယခုရွေးချယ်ထားသည့်နေရာများနှင့် အဆင်မပြေနိုင်မှုများ ရှိပါက အခြားသောနေရာများသို့ ပြောင်းလဲတပ်ဆင်သွားရန်နှင့် ယခုရွေးချယ်ထားသည့်နေရာသည် မီးလောင်မှုကို သိရှိနိုင်ရန်အတွက် အချက်အချာကျဆုံးနေရာဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ''အခုတော့ ပစ္စည်းကိရိယာဝယ်ယူမှုတွေ လုပ်နေပါပြီ။ သုံးလအတွင်း အပြီးလုပ်ဆောင်သွားမှာပါ။ မြန်မာနိုင်ငံက နည်းပညာတွေနဲ့ပဲ လုပ်ကိုင်သွားမှာပါ။ အခုရွေးထားတဲ့နေရာနဲ့ အဆင်မပြေရင်တော့ နေရာအပြောင်းအရွေ့လေးတော့ နည်းနည်းရှိနိုင်ပါတယ် ဒါကလည်း အဆင်မပြေမှပါ'' ဟု ပြောသည်။

အဆိုပါကင်မရာများကို ရန်ကုန်မြို၌ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ်၊ ဆာကူရာတာဝါ၊ ကမ္ဘာအေးဘုရားလမ်းရှိ မြန်မာ့ဆက်သွယ်ရေးတာဝါတိုင်နှင့် ရန်ကင်းဘောက်ထော်လမ်းရှိ မြ၀တီရုံးတို့၌ တပ်ဆင်သွားမည်ဖြစ်ကာ ယင်းနေရာများနှင့် အဆင်မပြေပါက နေရာအပြောင်းရွေ့များ ရှိနိုင်ကြောင်း ယင်းကဆက်လက်ပြောခဲ့သည်။


အေးချမ်းမွန်မှ Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
photo from: google

 
မြန်မာနိုင်ငံတွင်မီးလောင်မှုများကိုအချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန်အတွက်ရန်ကုန်မြို့ရှိအထပ်မြင့်အဆောက်
အအုံများတွင် CCTV တပ်ဆင်ဆောင်ရွက်မှုကို ယခင်ရွေးချယ်ထားသည့် နေရာ ၄ ခုနှင့် အဆင်မပြေပါက
 နေရာအပြောင်းအလဲများ အနည်းငယ်ရှိလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ တာဝန်
ရှိသူတစ်ဦးက ပြောသည်။

မြောက်ပိုင်းတိုင်း တိုင်းမှုး ထွန်းထွန်းနိုင် ပေးပို့ သော ရာဇသံ ပေးစာ အပေါ် KIA/KIO မှ ပြန်လည်တုန့် ပြန် ကန့် ကွက် စာပေးပို့

မြောက်ပိုင်းတိုင်း တိုင်းမှုး ထွန်းထွန်းနိုင် ပေးပို့ သော ရာဇသံ ပေးစာ အပေါ် KIA/KIO မှ ပြန်လည်တုန့် ပြန် ကန့် ကွက်သောအားဖြင့် ပေးပို့ သော ပေးစာ ...

မြောက်ပိုင်းတိုင်း တိုင်းမှုး ထွန်းထွန်းနိုင် ပေးပို့ သော ရာဇသံ ပေးစာ အပေါ် KIA/KIO မှ ပြန်လည်တုန့် ပြန် သည့်အနေဖြင့် ကန့် ကွက်စာတစ်စောင်ပေးပို့လိုက်ကြောင်းသတင်းရရှိပါသည်။

သုံးနိုင်ငံ လက်နက်မှောင်ခိုလမ်း အိန္ဒိယ ထောက်လှမ်းရေး စုံစမ်းနေ

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ခ်ျ နှင့် မြန်မာတို့တွင်ရှိသည့် လက်နက်ကုန်သည်များအကြား ဆက်စပ်နိုင်ခြေများကို အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA) က ရှာဖွေလေ့လာနေပြီဖြစ်ကြောင်း သိရသည်။

ပြည့်တန်ဆာများတရားဝင်လိုင်စင်ရရှိအောင် NLD မှ အမျိုးသမီးလွှတ်တော်အမတ်တစ်ဦး ကြိုးပမ်းသွားမည်ဟုပြောကြား

ပြည့်တန်ဆာများကို တရား ဝင်လိုင်စင်ထုတ်ပေးပြီး၊ စနစ်တကျ လုပ်ကိုင်နိုင်အောင် ကြိုးစားဆောင် ရွက်သွားမည်ဟု NLD ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ပြောသည်။

ကမ္ဘာ့မြေဆွဲအားဖြင့်မီးလင်းစေမည့် မီးလုံးကြောင့် ကမ္ဘာတစ်ဝန်း လျှပ်စစ်မီးမထွန်းနိုင်သူ သန်းထောင့်ငါးရာကျော်ကို အလင်းပေးနိုင်တော့မည်

ကမ္ဘာ့မြေဆွဲအားကို အသုံးပြု ၍ မီးလင်းနိုင်သည့် မီးလုံးကို ဗြိတိန် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ရာ ထို မီးလုံးကြောင့် ကမ္ဘာတစ်ဝန်းလျှပ်စစ် ဓာတ်အားကို လက်လှမ်းမမီ၍ လျှပ် စစ်မီးမထွန်းနိုင်သော လူသား သန်း ထောင့်ငါးရာကျော်ကို အလင်းပေး နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

ရုရှားလူငယ်ကြား ခေတ်စားလာသော စွန့်စားဓာတ်ပုံပညာ

ရုရှားလူငယ်ကြား ခေတ်စားလာသော စွန့်စားဓာတ်ပုံပညာ

Skywalking လို့အမည်ရတဲ့ အန္တရာယ်များ ဓာတ်ပုံရိုက်ကူးမှုဟာ ရုရှား လူငယ်များကြား ခေတ်စားလာတယ်လို့ သိရပါတယ်။ 

Daredevil photographer လို့ အတင်စားခေါ်ခံရတဲ့ Dennis Maitlan နဲ့ Tom Ryaboi ကို အတုခိုးလို့ Vitaly Rasklov နဲ့ Alexander Remnoy အမည်ရ ဓာတ်ပုံဆရာ ၂ ဦးက ယခုလို ရိုက်ကူးထားကြပါတယ်။ ဒီအတွက် ဓာတ်ပုံရိုက်ကူးဖို့ ဘာ လုံခြုံရေး ကားပတ်မှ မပတ်ပါဘူး။ ပဲရစ်မြို့ က မျော်စင် တို့လို နာမည်ကြီး တာဝါများပေါ် တက်လို့ စတန့်ထွင် ရိုက်ကူးကြ ပါတယ်။

ပြီးတော့ ယင်းဓာတ်ပုံများကို အင်တာနက်စာမျက်နှာများနဲ့ Youtube မှာ ပြန်တင်ကြပါတယ်။ အားပေးတဲ့သူ များပေမယ့် တစ်ချိန်ကျ သက်ဆိုင်ရာက တားမြစ်မယ့် အနေအထားမှာ ရှိပါတယ်။ ဘာလုံခြုံရေး ခါးပါတ်၊ ကြိုး၊ အထိန်းအကွပ်မှ မပါပဲ အမြင့်တက် ဓာတ်ပုံရိုက်ကူးမှုဟာ သေဖို့ အလွန်နီးကပ် တဲ့အတွက် ဝါသနာဟာ အသက်နဲ့ လဲရမယ့်ကိန်း ရှိကြောင်း ဝေဖန်ထားကြပါတယ်။ 
--
Ref: memorfacts.
International news for myanmar

http://www.innewsmyanmar.com/2012/12/blog-post_4259.html

----

Skywalking လို့အမည်ရတဲ့ အန္တရာယ်များ ဓာတ်ပုံရိုက်ကူးမှုဟာ ရုရှား လူငယ်များကြား ခေတ်စားလာတယ်
လို့ သိရပါတယ်။ Daredevil photographer လို့အတင်စားခေါ်ခံရတဲ့Dennis Maitlan နဲ့ Tom Ryaboi ကို အတုခိုး
လို့ Vitaly Rasklov နဲ့ Alexander Remnoyအမည်ရ ဓာတ်ပုံဆရာ ၂ ဦးကယခုလိုရိုက်ကူးထားကြပါတယ်။

၅ဝဝဝ တန် ဆင်းမ်ကတ် ရောင်းချပေးနိုင်ရန် ဆက်လက်ကြိုးစားမည်ဟု ရွှေပြည်တံခွန်ကုမ္ပဏီဆို

မန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်ဈေးနှုန်းများကို လျှော့ ချ၍ ရောင်းချပေးသွားမည်ဟုထုတ် ပြန်ထားသော်လည်း ရွှေပြည်တံခွန် ကုမ္ပဏီမှ ၅ဝဝဝ တန်ဆင်းမ်ကတ် များကို အများပြည်သူများထံသို့ ရောင်း ချပေးရန် အဆင်သင့်ရှိကြောင်းနှင့် ရောင်းချသွားနိုင်ရန်လည်း ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။

တယ်လီဖုန်းပြောဆိုခနှုန်းထားများကို လတ်တလော၌ လျှော့ချပေးရန် မဖြစ်နိုင်သေးဟုဆို

လက်ရှိအသုံးပြုနေသော တယ် လီဖုန်းပြောဆိုခနှုန်းထားများကို လတ် တလော၌ လျှော့ချပေးရန် မဖြစ်နိုင် သေးကြောင်း ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန မိုဘိုင်း ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"သမီးလေးပြေသုဒြာကို ငပလီ လိုက်ပို့ပေးမယ့် အိန္ဒြာကျော်ဇင်"

"သမီးလေးပြေသုဒြာကို  ငပလီ လိုက်ပို့ပေးမယ့် အိန္ဒြာကျော်ဇင်"

အိန္ဒြာကျော်ဇင်က ဖက်ရှင်ရှိုးပွဲတွေ တော်တော်များများမှာ အကဲဖြတ်ဒိုင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ နောက်ထပ်လည်း ဒိုင်အဖြစ်ဆောင်ရွက်ဖို့ လာကမ်းလှမ်း ထားတာတွေလည်းရှိသေးကြောင်း ပြောပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ အကဲဖြတ် ဆုံးဖြတ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ် သက်ပြီး အိန္ဒြာကျော်ဇင်က "ပြိုင်ပွဲမှာ သူ တို့စည်းမျဉ်း စည်းကမ်းတွေရှိ တယ်။ Complexion ပါမယ်။ Personality ပါမယ်။ ခန္ဓာကိုယ် အလှပါမယ်။ လမ်း လျှောက်ဟန်၊ မေးခွန်းအမေး အဖြေမှာ ပြောဟန်ဆိုဟန်၊ သူတို့မှာ အေူနညအ ဘယ်လောက်ရှိလဲ၊ မေးခွန်းဖြေတဲ့အခါ ဘယ်လောက် Óဏ်ရည် ရှိလဲအဲဒါတွေ တော် တော်များများပါတယ်။ အဲဒါတွေကို ကြည့်ပြီး ဆုံးဖြတ် ရတာပေါ့။ အမှတ်ပေးရတာပေါ့"လို့ ပြောပါတယ်။ 

အခုနောက် ပိုင်းမော်ဒယ်ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး "မျက်နှာ သစ် မော်ဒယ်တွေ ပေါ်လာတာ ကောင်းပါတယ်။ အပြင်ကနေ သာမန်လူတစ်ယောက်က ဒီလောကထဲဝင်ဖို့ ခဲယဉ်းတယ်လေ။ အဲဒီလိုပြိုင်ပွဲကတစ်ဆင့် ပြိုင်ပွဲမှာ ဆုရသွားတယ်။ ဆုမရရင်တောင်မှ Top 5 ထဲကိုပါတဲ့ မော်ဒယ်လောက် ဆိုရင် တော်တော်လေး အသိအမှတ်ပြု ခံရတယ်။ အဲဒီကတစ်ဆင့် အနုပညာအလုပ်ထဲကို ဝင်ဖို့ကျတော့ ခြေ လှမ်းကနီးသွားတာပေါ့။

အနုပညာလောကထဲ ဘယ်လိုဝင်ရမှန်း မသိတဲ့ ကောင်မလေးတွေ ရှိတယ်လေ။ ပြိုင်ပွဲထဲကနေ ဆုရသွားတဲ့လူဆိုရင် ဒီလောကနဲ့ ပိုနီးစပ် သွားတယ်။ Miss Title လည်းရတယ်။ ဒီလောကထဲဝင် တော့လည်း ပိုကောင်းသွားတယ်"လို့ ပြောပါတယ်။ ခရစ္စမတ် နဲ့ နယူးရီးယားကိုတော့ ရန်ကုန်မှာပဲ ဖြတ်သန်းမှာ ဖြစ်ပြီး ဒီဇင်ဘာ ၂၈ရက်နေ့မှာတော့ ငပလီကို မိသားစုနဲ့အတူ သွားဖို့ရှိ ကြောင်းပြောတဲ့ အိန္ဒြာကျော်ဇင်က "အဓိက သမီးလေးအတွက် သွားမှာပါ။ ကမ်းခြေမှာ သူပျော်အောင်လေ။ သူ သဲပေါ်မှာ ဆော့ရပြီး သဲဓာတ်တွေလည်းရအောင်ပေါ့။ ဒီဇင်ဘာ ၃ဝ ရက်နေ့ မနက် လေယာဉ်နဲ့ပြန်လာမှာပါ။ ကိုပြေတီဦးက အင်းလေးမှာ ကြော်ငြာသွား ရိုက်ရမှာဆိုတော့ ရိုက်မယ့်ရက်နဲ့ တိုက်နေတော့ သူလိုက်လို့ မရဘူးဖြစ်သွား တယ်။ သမီးလေး ပျော်မယ်ထင်လို့ လိုက်ပို့တာပါ"လို့ပြောပါတယ်။         

ခိုင်ဝေလွင်

အိန္ဒြာကျော်ဇင်က ဖက်ရှင်ရှိုးပွဲတွေ တော်တော်များများမှာ အကဲဖြတ်ဒိုင် အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်
။ နောက်ထပ်လည်း ဒိုင်အဖြစ်ဆောင်ရွက်ဖို့ လာကမ်းလှမ်း ထားတာတွေလည်းရှိသေးကြောင်း ပြောပါတယ်။ ဖက်ရှင်ရှိုးပွဲတွေမှာ အကဲဖြတ် ဆုံးဖြတ်တဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ် သက်ပြီး အိန္ဒြာကျော်ဇင်က "ပြိုင်ပွဲ
မှာ သူ တို့စည်းမျဉ်း စည်းကမ်းတွေရှိ တယ်။ Complexion ပါမယ်။ Personality ပါမယ်။ ခန္ဓာကိုယ် အလှပါမယ်။

"ဇာတ်ကားမရိုက်ခင် ဝေဖန်မှုတွေ အကြောင်း ဒါရိုက်တာဝိုင်းပြော"

"ဇာတ်ကားမရိုက်ခင် ဝေဖန်မှုတွေ အကြောင်း ဒါရိုက်တာဝိုင်းပြော"

	အနုပညာနဲ့ပတ်သက်လာရင် ဒီမိုကရေစီခေတ်မှာ Freedom of Expression ဆိုတာ ရှိပြီး လူတိုင်း ပြောရေးဆိုခွင့် ရှိတယ်။ သူတို့ဖန်တီးဖို့ အနုပညာ အတွက် သူတို့ ကိုယ်တိုင်ပဲ တာဝန်ယူ ရမယ်။ သိတတ်ရမယ်ဟု ဆိုလာသူ ဒါရိုက်တာဝိုင်းက..
	"ဇာတ်ကားရိုက်ကူးတာကို မြင် ပြီး တကယ် ယဉ်ကျေးမှုကို စော် ကားတယ်၊ Sexy ဖြစ်တယ်ဆိုရင်၊  ကိုအောင်လင်းနိုင် ရေးသလိုဖြစ်နေ ရင် ဒါက ဒါရိုက်တာရဲ့တာဝန်ပဲ။ ဘာမှလည်း မရိုက်ရသေးဘဲ ဘာမှ လည်း မမြင်ရသေးဘဲနဲ့ Wild Sex တို့ဘာတို့ သုံးနှုန်းလာတယ်။ ဒါက ဘာကို သိလို့ သုံးနှုန်းတာလဲလို့ မေး ချင်တယ်။ ရိုက်ပြီးသားမြန်မာဇာတ် ကားတွေ မှာ ပြောစရာတွေအများ ကြီး ရှိတယ်။ Sex နဲ့ပတ်သက်တာ  တို့၊ ဘာသာရေး နဲ့ပတ်သက်တာတို့ အများကြီး ရှိတယ်။ ဥပမာယဉ်ကျေး မှုကိုပြောချင်ရင် အခု အင်တာနက်မှာ လူပြောသူပြောများနေတဲ့ သီချင်းတစ် ပုဒ်ကို ဝေဖန်ရမယ်။ ဘာလို့ကျွန်တော့် ရဲ့ဇာတ်ကားကို မပြရသေးဘဲနဲ့ ဝေ ဖန်တာလဲ။ အကြောင်းရှိတယ်။ ဖဲသမား အဆိုအရတော့ "နှပ်ကြောင်း" ပေးတာပေါ့ ဒီလောက်ဆိုသဘောပေါက် ကျမှာပေါ့။ အရင်တုန်းကဆိုရင် ရုပ်ရှင်ဇာတ်ကားတွေကို ဇာတ်ကားထွက် လာပြီး မှ ဝေဖန်ကြတယ်၊ ဆောင်းပါး တွေရေးသားကြတယ်။ ရိုက်တောင် မရိုက် ရသေးဘဲ အခုဟာက ဝေဖန် မှုတွေများနေတယ်။ မြန်မာစကားထဲ မှာလည်း မရောင်ရာ ဆီလူး ဆိုသလို ဖြစ်နေတယ်။ ဥပမာ မင်းသမီးကို Sexy Dance ကခိုင်းတယ်။ မြန်မာ ဇာတ်ကားတွေမှာ Sexy အကပါတဲ့ ဇာတ်ကားတွေ အများကြီးပဲ။ အဲဒီ ဇာတ်ကား ရိုက်တုန်းက ဆင်ဆာအဖွဲ့ ဆိုတာရှိတယ်။ ဆင်ဆာ လူကြီးတွေ ခွင့်ပြုချက်ရပြီးမှ ဇာတ်ကားထွက် တာ။ ဒါပေမဲ့ လူပြော သူပြောများ တယ် ဆိုတာက သရုပ်ဆောင်ဆိုတာ ဆေးစက်ကျရာ အရုပ်ထင် ရတယ်။ အရုပ်မထင်ရင်သရုပ်ဆောင် မတော် လို့ဘဲ။ သရုပ်ဆောင်က သူကိုယ်တို င်မကျွမ်းကျင်လို့ သူ့ရဲ့မိတ်ကပ် ဆရာကိုရှေ့က ကခိုင်းပြီး သရုပ် ဆောင်ခဲ့တယ်။ အဲဒီအခွေအခုထိ ရှိတယ်...ဒါပေမယ့် ကျွန်တော့် အင်တာနက်မှာ မတင်ခဲ့ဘူး။ သူ့မျက် နှာလူမြင်မှာစိုးလို့..အဲဒီတော့ သရုပ်ဆောင်ကို ယ်တိုင်က သေသေ ချာချာ မလေ့လာဘဲကတဲ့အခါ လူ ပြောသူပြော များတယ်။ အဲဒီတော့ သရုပ်ဆောင်က ဒါရိုက်တာကို အပြစ်ဖို့တယ်။ ဒါတွေကို မသိဘဲနဲ့ ဝေဖန်ရေးတွေ မရေးသင့်ဘူး "လို့ ပြော ပါတယ်။
	ဝတ္ထုတစ်ပုဒ်၊ ဇာတ်လမ်းတစ် ခုမှာ Tempo  ဇာတ်ရှိန်မြှင့်ရတဲ့ အပိုင်းတွေနဲ့ပတ်သက်ပြီး..
	"အခုရိုက်မယ့် ဇာတ်ကားမှာ နမ်းတဲ့ ဇာတ်ဝင်ခန်းတော့ ပါတယ်။ တကယ် နှုတ်ခမ်းချင်းတေ့ စုပ်ပြီး တကယ်နမ်းတာကို ပြရင် ဒါရိုက်တာ အမှား၊ မင်းသမီးမလုံ မခြုံနဲ့ဆိုရင် ဒါရိုက်တာ အမှားပဲလေ။ နမ်းဟန်ပြ တဲ့ ဇာတ်ဝင်ခန်းတွေက မြင်အောင် ပြောရရင် ၁၉၅ဝ ခုနှစ်လောက်က တည်းက ရိုက်ကူးခဲ့တယ်။ ဆင်ဆာ ဆိုတဲ့ မူဝါဒ ကပြောရရင် လူတစ်စုပဲ ဆုံးဖြတ်စရာ မလိုဘူး။ ဆင်ဆာ ဆို တာ လူတစ်ယောက်ရဲ့ဦးနှောက်ကို ပိတ် ဆို့ထား တယ်လို့ မြင်တယ်။ အခုဖြစ်နေတာ ဆရာချစ်ဦးညိုပြော ခဲ့သလို ဖန်အိမ်ထဲ မှာ နေနေရတဲ့ဖား တစ်ကောင်နဲ့ တူတယ်။ အဲဒီဖားက လွတ်မလား ဆိုပြီး နေ့တိုင်းခုန်နေ တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကျတော့ ဖားက မလွတ်နိုင်မှန်းသိ သွားတယ်။ အဲဒီအခါကျတော့ ဖန်အိမ်ကို ဖွင့်ပေးလိုက် တယ်။ ဒါ ပေမဲ့ ဖားကဖန်အိမ်ရှိတယ်လို့ပဲ ထင် နေတော့ မခုန်တော့ဘူး။ ဒီသဘောပဲ လေ။ ဦးနှောက်ကို ဒီဆင်ဆာဆို တဲ့ဟာက ပိတ်ဆို့လိုက်တဲ့ အခါကျ တော့ ကျန် တဲ့အတွေးအမြင်တွေပါ ပိတ်ကုန် တယ်။ 

လူမျိုးတိုင်းမှာတော့ ဘာ သာတရား၊ ယဉ်ကျေးမှုဆိုတာရှိ တာပဲလေ။  ကိုယ့်လူမျိုးပဲ  ယဉ် ကျေးမှုရှိတယ်မထင်နဲ့။ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်စတဲ့ ဟာတွေလည်း ရှိတာပဲလေ။ သူတို့ဇာတ်ကားတွေ ကြည့်ဦး။ ဒါကို ယဉ်ကျေးမှုပျောက် တယ်ခေါ်မလား။ သူတို့အများကြီး တိုးတက်နေပြီ။ နမ်းတယ်ဆိုတာက စိတ်အမျိုးမျိုးရှိတယ်။ ဥပမာ- ဝိုင်ဝိုင်းအခွေထဲက အိမ်ပြန်ချိန်ဆိုတဲ့ သီချင်းကို ရိုက်ခဲ့တယ်။ Zအဘောက် ရဲ့နဖူးကို ဝိုင်ဝိုင်းက နမ်းခဲ့တယ်။ ဒါရိုက်တာက ဟန်ဆောင်နမ်းခိုင်း တာ၊ ဝိုင်ဝိုင်းက တကယ် နမ်းခဲ့တယ်။ အဲဒီမှာ သူကစကားတစ်ခွန်းပြောခဲ့ တယ်။ အဲဒီလို မျက်လုံးပြူးပြီး မကြည့် နဲ့။ ငါက ဘာစိတ်မှမပါပါဘူး။ ငါ့ အိုက်တင်အတွက် နမ်းခဲ့ရတာလေ။ အရေးကြီးတာက လူတွေမှာ စိတ်ပါ ပဲ။ ဒီ Sex နဲ့ပတ်သက် ပြီး ပရိသတ် ကို လှုံ့ဆော်ချင်တဲ့စိတ်မပါဘူး။ အနုပညာဖန်တီးမှုမှာ ဘာမှ မသိသေး ခင် ဝေဖန်တာမျိုး မဖြစ်စေချင်ဘူး" လို့ ပြောပါတယ်။ 

ပရိသတ်က ဇာတ် ကားထွက်ပြီးမှ ဒါရိုက်တာက တော် တော်မိုက်ရိုင်း တဲ့ကောင်လို့ပြောရင် လက်ခံမှာပါ။မရိုက်ကူးခင်မှာ ဘေး က ဝေဖန်တာမျိုး ကိုတော့ လက်မခံ နိုင်ဘူး။ အခုကိုအောင်လင်း နိုင်ရေး တဲ့ ဆောင်းပါးက ကျွန်တော့်ရဲ့ နမ်း တဲ့အခန်းကို ခုတုံးလုပ်ပြီး သူလိုချင်တဲ့ ရှုထောင့်အမျိုးမျိုး က ရေးထားတာ ကိုတွေ့ရတယ်။သူ့ဆောင်းပါးကို အကျဉ်းချုပ်လိုက်ရင် ဆင်ဆာဆိုတာ ရှိ သေးတာပေါ့။ကျွန်တော်လုံးဝလက် ခံလို့မရပါဘူး ။

"ဒီမိုကရေစီ"မှာ Freedom of Expression ဟာအရေး ပါပါတယ်။ ကဲ...အခုတိုင်းပြည်မှာ တကယ်ဖြစ်နေတဲ့  အမှန်တရား တစ်ခုကို ရိုက်ပြ မယ်လေ၊ သူတို့ လက်ခံမလား။ ဥပမာ ပြောရရင် အမိမြေကို တစ်လက် မတောင် ဘယ်သူမှအဆုံးရှုံးမခံနိုင်ပေမယ့် တကယ် ဖြစ်နေတဲ့၊ သတင်းတွေ မှာတောင်ရေးနေကြတဲ့အကြောင်းအရာကို အဲဒီ အတိုင်း ရိုက်ပြမယ်၊ လက်ခံနိုင်မလား ဆိုတာမေးချင်တယ် "လို့ပြောပြပါတယ်။

‎အနုပညာနဲ့ပတ်သက်လာရင် ဒီမိုကရေစီခေတ်မှာ Freedom of Expression ဆိုတာ ရှိပြီး လူတိုင်း ပြောရေးဆို
ခွင့် ရှိတယ်။ သူတို့ဖန်တီးဖို့ အနုပညာ အတွက် သူတို့ ကိုယ်တိုင်ပဲ တာဝန်ယူ ရမယ်။ သိတတ်ရမယ်ဟု ဆို
လာသူ ဒါရိုက်တာဝိုင်းက.."ဇာတ်ကားရိုက်ကူးတာကို မြင် ပြီး တကယ် ယဉ်ကျေးမှုကို စော် ကားတယ်၊ Sexy
 ဖြစ်တယ်ဆိုရင်၊ ကိုအောင်လင်းနိုင် ရေးသလိုဖြစ်နေ ရင် ဒါက ဒါရိုက်တာရဲ့တာဝန်ပဲ။ ဘာမှလည်း မရိုက်ရ
သေးဘဲ ဘာမှ လည်း မမြင်ရသေးဘဲနဲ့ Wild Sex တို့ဘာတို့သုံးနှုန်းလာတယ်။ဒါကဘာကို သိလို့ သုံးနှုန်းတာ
လဲလို့ မေး ချင်တယ်။

ရန်ကုန်-မန်္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

၃-၁၂-၂၀၁၂ ရက်နေ့ ၀၇၅၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန်္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၃၉)နှင့် (၃၉/၁)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှမန်္တလေးသို့ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁၆-ခ)ရပ်ကွက်နေ အောင်ကိုဖြိုး(၂၃)နှစ် မောင်းနှင်လာသည့် ၃ဃ/xxxxပါရာဒိုအစိမ်းပုတ်ရောင် ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး လမ်းယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက် ပက်လက်လန်သွားခဲ့ကြောင်း သိရသည်။

၁၉ လမ်းနဲ့ ခိုင်ထူး

 
၁၉ လမ်း ခိုင်ထူးလို့ အများက တညီတညွတ်တည်း နာမည်ပေးထားတဲ့သူကို သောကြာနေ့ညက ရန်ကုန်မြို့ တရုတ်တန်း ၁၉ လမ်း စားသောက်ဆိုင်တခုမှာ  တွေ့ရပါတယ်။
သူ့ကို ဆိုင်က ဖျော်ဖြေရေးအတွက် ခေါ်ထားတာ ဟုတ်မဟုတ် စုံစမ်းကြည့်တော့ ... သူက ဒီလိုပဲ ... လမ်းထဲက ဆိုင်တွေမှာ လှည့်ပြီး သီချင်းဆိုနေတာ လို့ ဆိုင်ဝန်ထမ်းတယောက်က ရှင်းပြပါတယ်။ ဆိုင်တွေကိုရောက်လာသူတချို့က သူ့ကို ပိုက်ဆံပေးကြတယ် တဲ့။

ပိန်ချင်သူများ သတိထားဖွယ်

ဓာတ်ပုံများ - Mirror News
ပိန်ချင်တဲ့ အမျိုးသမီးတွေအတွက် သတိထား စရာ သင်ခန်းစာပေးတဲ့ သတင်းတစ်ပုဒ်ပါ။ မိန်းကလေးတိုင်း လှချင်ကြတာကတော့ဓမ္မတာပါဘဲ။ဒါပေမယ့်မိန်းကလေးတိုင်းရဲ့အလှဟာကိုယ့်ရဲ့ကျန်းမာရေးနဲ့ညီညွတ်စွာ
ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ခန္ဓာကိုယ် ပိန်ချင်တဲ့ အတွက် ကိုယ်အလေးချိန် ချခဲ့ရာက ကမ္ဘာ့အပိန်ဆုံး အမျိုးသမီး ဖြစ်သွားသူကတော့ရုရှားနိုင်ငံဖွားမိုနာကို နိုင်ငံမှာနေထိုင်တဲ့ အသက် ၃၉ နှစ်
အရွယ်ရှိတဲ့ (Valeria Levitin) ဗလာရီရာ လက်ဗီတင် ဆိုသူပါဘဲ။ 

ဒေါ်လာအတု ၄ သိန်းခွဲ သယ်ဆောင်လာသည်ဟုဆိုသော မြန်မာတဦး မဲဆောက်တွင် ဖမ်းမိ