Pages

Monday, December 24, 2012

ရန်ကုန်-မန်္တလေးအမြန်လမ်း၌ ယာဉ်တိမ်းမှောက်

နေပြည်တော်၊ ဒီဇင်ဘာ ၂၄

၃-၁၂-၂၀၁၂ ရက်နေ့ ၀၇၅၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန်္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၃၉)နှင့် (၃၉/၁)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှမန်္တလေးသို့ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၁၆-ခ)ရပ်ကွက်နေ အောင်ကိုဖြိုး(၂၃)နှစ် မောင်းနှင်လာသည့် ၃ဃ/xxxxပါရာဒိုအစိမ်းပုတ်ရောင် ယာဉ်မှာ ၀ဲဘက်ရှေ့ဘီးပေါက်ပြီး လမ်းယာဘက်ဘေးသို့ ထိုးကျတိမ်းမှောက် ပက်လက်လန်သွားခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အောင်ကိုဖြိုး ပါ(၆)ဦးတွင် ၀ဲနားသွေးထွက်၊ လက်ဖျံကျိုး၊ နားထင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ကိုဖြိုး အား ဘောနတ်ကြီးအမြန်လမ်းရဲစခန်း(ပ)၁၂၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment