Pages

Thursday, December 12, 2013

ရခိုင် ပေါက်တောက မွတ်စလင်ဒုက္ခသည်စခန်း မီးလောင်

1472087_1392588244321931_2020456485_n

RangonNewsDaily:: December . 12 .2013
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေး တစ်ယောက်လည်း သေဆုံးခဲ့ရတယ်လို့ ဘီဘီစီမြန်မာပိုင်းက သတင်းတင်ပြပါတယ်။

မန္တလေး SEA Games လက်မှတ် ပြင်ပပေါက်ဈေး နှစ်ဆခန့်မြင့်တက်

Photo: မန္တလေး SEA Games လက်မှတ် ပြင်ပပေါက်ဈေး နှစ်ဆခန့်မြင့်တက်
Thursday, December 12, 2013

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည့် မန္တလေး မြို့တော်ရှိ လက်မှတ် အရောင်းဌာနများတွင် သတ်မှတ် စည်းကမ်းချက်နှင့် အညီ ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ပြင်ပပေါက် ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက် သွားကြောင်း အမျိုးသမီး ဘောလုံးပွဲကြည့်စဉ် လက်မှတ်ကို နှစ်ဆပေး ဝယ်ယူခဲ့ရသူများ ထံမှ သိရသည်။

SEA Games လက်မှတ် အရောင်းဌာနများတွင် လက်မှတ် ဝယ်ယူသူများသည် မှတ်ပုံတင် တစ်ခုလျှင် ပွဲစဉ်အလိုက် လက်မှတ် နှစ်စောင်သာ ရောင်းချပေးရန် SEA Games လက်မှတ် ရောင်းချရေးအဖွဲ့က ထုတ်ပြန် ထားသော်လည်း လက်မှတ် အရောင်းဌာနများတွင် သတ်မှတ်ချက်အတိုင်း ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ဈေးနှုန်းများ နှစ်ဆ မြင့်တက် ခဲ့ကြောင်း ရောင်းချသည့် နေရာများနှင့် ဝယ်ယူသူတို့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ SEA Games လက်မှတ် အရောင်းဌာနများသည် သတ်မှတ်ထားသည့် လူတစ်ဦး မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ရောင်းရမည် ဖြစ်သော်လည်း လူအများစု လက်မှတ် လာဝယ်သည့် အခါတွင် စစ်ဆေးခြင်းမရှိဘဲ လက်မှတ်များ လိုသ၍ ရောင်းချပေးမှုများ ရှိနေကြောင်း အဆိုပါ SEA Games လက်မှတ် လိုသလောက် ဝယ်ယူ ရရှိခဲ့သူများထံမှ စုံစမ်းသိရှိရသည်။
“အစ်မ ဆီးဂိမ်းလက်မှတ် သွားဝယ်တုန်းကတော့ ဘာမှတ်ပုံတင်မှ စစ်ဆေးတာ မရှိဘူး၊ အကန့်အသတ်နဲ့ ရောင်းတာလည်း မရှိဘူး၊ လိုသလောက် ရောင်းပေးနေတာပဲ” ဟု ချမ်းအေးသာစံ မြို့နယ်တွင် နေထိုင်သူအသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ SEA Games လက်မှတ် ဝယ်ယူမည် ဆိုပါက မှတ်ပုံတင် ယူလာရမည် ဖြစ်ပြီး ပွဲစဉ်တစ်ရက် ကြည့်မည် ဆိုပါက မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် နှစ်စောင်သာ ဝယ်ခွင့်ရှိကြောင်း၊ စတင်ရောင်းချသည့် ဒီဇင်ဘာလ ၂ ရက်နေ့မှစ၍ တစ်ရက်လျှင် လက်မှတ်စောင်ရေ နှစ်ထောင်ငါးရာခန့် ရောင်းချပေးမည် ဖြစ်ပြီး မှောင်ခိုလက်မှတ်များ မရှိအောင် ထိန်းချုပ်ရန် မလွယ်ကြောင်း လက်မှတ် ရောင်းချရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

ချမ်းမြသာစည်မြို့နယ် မန္တလာသီရိ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင် ကျင်းပနေသော အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီး လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်သည့် ကစားပွဲအတွက် လက်မှတ်များကို ကျပ် ၈၀၀၀၊ ကျပ် ၇၀၀၀ ကျပ်၊ ၆၀၀၀ ကျပ် အသီးသီးဖြင့် ပြိုင်ပွဲ ကျင်းပသည့်ကွင်း ပြင်ပတွင် ရောင်းချမှုများ ရှိကြောင်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ သွားရောက် ကြည့်ရှုသူ ချမ်းမြသာစည် မြို့နယ်နေထိုင်သူ ဒေါ်နီနီစန်းက ပြောကြားသည်။

အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀ ကျပ် ဖြစ်ပြီး မန္တလေးမြို့တော်တွင် ရောင်းချမည့် လက်မှတ် အရောင်းဌာနများမှာ ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူးကွင်း (လမ်း ၃၀၊ ၂၉ လမ်းထောင့်)၊ ချမ်းမြသာစည် မြို့နယ်ရှိ ဘောလုံး အကယ်ဒမီ၊ မဟာအောင်မြေမြို့နယ်ရှိ (လမ်း ၄၀ နှင့် ၃၅ လမ်းကြား) တွင် လက်မှတ်များ ရောင်းချပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားသိပ္ပံနှင့် ကာယပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
“ကျွန်မတို့ကတော့ လက်မှတ်တွေကို သတ်မှတ်တဲ့ နှုန်းထား အတိုင်း ရောင်းချပေးတယ်၊ ပွဲစဉ်တစ်ပွဲအတွက် လက်မှတ် ဝယ်မယ်ဆိုရင် မှတ်ပုံတင် တစ်ခုကို လက်မှတ် နှစ်စောင်နှုန်းပဲ ရောင်းချပေးတယ်” ဟု ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း လက်မှတ် အရောင်းဌာန တာဝန်ရှိသူ ဒေါ်ဝင်းဝင်းရွှေက ဆိုသည်။

လက်ရှိ မန္တလေးမြို့တော်တွင် SEA Games လက်မှတ်များ အတုပေါ်ပေါက် နေသည်ဆိုသည့် သတင်းမှာ ကောလဟလသာ ဖြစ်ပြီး လက်မှတ်များမှာ အတုထုတ်၍ မရနိုင်ကြောင်း လက်မှတ် စစ်ဆေးရာတွင် Bar Code ကို စက်ဖြင့် တိုက်ဆိုင်၍ စစ်ဆေးလျက် ရှိကြောင်း SEA Games လက်မှတ် ရောင်းချရေး ဌာနများထံမှ စုံစမ်းသိရှိရသည်။

မန္တလာသီရိ အားကစားကွင်းတွင် ယှဉ်ပြိုင်မည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ လက်မှတ်များကို စောင်ရေ နှစ်သောင်း လေးထောင်ခန့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ထပ်မံသိရသည်။

SEA Games အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပမည့် ရက်များတွင် ပရိသတ်များ အနေနှင့် ပြီးခဲ့သည့် မြန်မာအသင်းနှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်များကဲ့သို့ လက်မှတ် အခက်အခဲ မရှိစေရန် လက်မှတ်များကို ကြိုတင် ဝယ်ယူရန်နှင့် ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုမှု အခက်အခဲ မရှိစေရန်အတွက် လက်မှတ် စစ်ဆေးရန်၊ လုံခြုံရေး စစ်ဆေးရန်အတွက် ကွင်းအတွင်းသို့ စောစီးစွာ ဝင်ရောက်ကြရန် လက်မှတ် ရောင်းချရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 12 .2013
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည့် မန္တလေး မြို့တော်ရှိ လက်မှတ် အရောင်းဌာနများတွင် သတ်မှတ် စည်းကမ်းချက်နှင့် အညီ ရောင်းချခြင်း မရှိသည့်အတွက် လက်မှတ် ပြင်ပပေါက် ဈေးနှုန်းများ နှစ်ဆခန့် မြင့်တက် သွားကြောင်း အမျိုးသမီး ဘောလုံးပွဲကြည့်စဉ် လက်မှတ်ကို နှစ်ဆပေး ဝယ်ယူခဲ့ရသူများ ထံမှ သိရသည်။

မိချောင်းကန် သပိတ်စခန်းယာယီပိတ်သိမ်း

RangonNewsDaily:: December . 12 .2013
မိချောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းက ယာယီပိတ်သိမ်းခဲ့ပါတယ် ။

နောက်ဆုံးအဆင့် အကယ်ဒမီဗန်းကိုင် (၈) ဦး ရွေးချယ်

Photo

RangonNewsDaily:: December . 12 .2013
၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ဆုဗန်းကိုင်လျှောက်ထားသူများ
ရဲ့ အရည်အချင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၁ ရက်နေ့ ၊ မနက် ၉ နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
တွင် စကာတင် (၁၅) ဦး ရွေးချယ်ခဲ့ပါတယ်။

မင်ဒဲလားအောက်မေ့ဖွယ် အခမ်းအနားတွင် စကားပြန်က လိမ်ညာဘာသာပြန်မှုများ ရှိခဲ့

Photo: မင်ဒဲလားအောက်မေ့ဖွယ် အခမ်းအနားတွင် စကားပြန်က လိမ်ညာဘာသာပြန်မှုများ ရှိခဲ့
Thursday, December 12, 2013

လွန်ခဲ့သော ရက်ပိုင်းအတွင်း မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်စဉ်က အကြားအာရုံချို့တဲ့သူများအတွက် လက်အမှုအယာဖြင့် ဘာသာပြန်ပေးခဲ့သူသည် မူရင်းမိန့်ခွန်းများတွင် မပါဝင်သော စကားလုံးများ၊ မှားယွင်းသော အမူ အယာများဖြင့် လိမ်ညာဘာသာပြန်ပေးခဲ့ကြောင်း သင်္ကေတဘာသာစကား ကျွမ်းကျင်သူများက ဖွင့်ချခဲ့သည်။

တောင်အာဖရိက သမ္မတဟောင်း ကွယ်လွန်ခြင်းအတွက် ပြုလုပ်သည့် ရုပ်သံထုတ်လွှင့်မှု မိန့်ခွန်းများတွင် ဘာသာပြန်ပေး သူသည် အဓိပ္ပါယ်မဲ့စကားလုံးများ ဆက်တက်နီးပါး မှားယွင်းခဲ့ကြောင်း ကိတ်တောင်းမှ သင်္ကေတဘာသာစကားနှင့် ပညာရေးဖွံ့ဖြိုးရေးမှ 
ဒါရိုက်တာ ကာရာလိုအိုနင်းက ဆိုသည်။ 

ထိုဖြစ်ရပ်အတွက် အမေ၇ိကန် သမ္မတ ဘာရက်ခ်အိုဘားမား ကဲ့သို့သော နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းမျိုးကို အစဉ်အလာ
မရှိသူ၊ ကျွမ်းကျင်မှု မရှိသူ တစ်ဦးကို သင်္ကေတဘာသာပြန်သမားအဖြစ် ထားရှိရသနည်းဟု မေးခွန်းများစွာ ထွက်လျက်ရှိသည်။ 

တောင်အာဖရိကနားမကြားသူများအဖွဲ့မှ အမျိုးသားရေးရာ ဒါရိုက်တာ ဘရုနိုဒရုချန်က ခေါင်းဆောင်များ မိန့်ခွန်းပြောချိန်တွင် တစ်မီတာ အကွာတွင်ရပ်ကာ သင်္ကေတဘာသာပြန် လုပ်နေသူ၏ လက်အမူ အရာများသည် ဘာအဓိပ္ပါယ်မှ မထွက်သော ဘာသာပြန်မှု များစွာကို ပြုလုပ်ခဲ့သည်ဟု အတိအကျ ဆိုခဲ့သည်။ 

ထိုမျှမက မိန့်ခွန်းတွင် စိတ်ခံစားချက်အပြည့်ဖြင့်ပြောသော 
နေရာများတွင်လည်း ဘာသာပြန်သူ၏ မျက်နှာအမူအယာ များမှာ 
လုံးဝ အသက်မ၀င်ဘဲ သူကိုယ်တိုင် လုံးစေ့ပတ်စေ့ နားမလည်သည့် ပုံ ပေါ်လွင်နေသည်ဟု ပြောကြသည်။ 

Ref: Al jazeera
The Myanma Age

RangonNewsDaily:: December . 12 .2013
လွန်ခဲ့သော ရက်ပိုင်းအတွင်း မင်ဒဲလား အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်စဉ်က အကြားအာရုံချို့တဲ့သူများအတွက် လက်အမှုအယာဖြင့် ဘာသာပြန်ပေးခဲ့သူသည် မူရင်းမိန့်ခွန်းများတွင် မပါဝင်သော စကားလုံးများ၊ မှားယွင်းသော အမူ အယာများဖြင့် လိမ်ညာဘာသာပြန်ပေးခဲ့ကြောင်း သင်္ကေတဘာသာစကား ကျွမ်းကျင်သူများက ဖွင့်ချခဲ့သည်။

ဦးကျော်သူဒါရိုက်တာလုပ်၍ တီဘီရောဂါပညာပေးဇာတ်လမ်းတိုရိုက်ကူး

Photo

RangonNewsDaily:: December . 12 .2013
နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌဖြစ်သူဦးကျော်သူ ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ တီဘီရောဂါပညာပေး
ဇာတ်လမ်းတိုကို ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းကနာရေးကူညီမှုအသင်း၊

မြန်မာယူ-၂၃ အသင်း ဆီးဂိမ်းတွင် ဗိုလ်စွဲပါက ကမ္ဘောဇဘဏ်မှ ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၂၁၀၀ အထိရရှိမည်

မြန်မာယူ-၂၃ အသင်း ဆီးဂိမ်းတွင် ဗိုလ်စွဲပါက ကမ္ဘောဇဘဏ်မှ ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၂၁၀၀ အထိရရှိမည်

kolatt(PBDN): December . 12 .2013

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းအား စိတ်ဓာတ်မြှင့်တင့်မှု ပြုလုပ်သည့်အနေဖြင့် မြန်မာနိုင်
ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်မှ ပွဲစဉ် တစ်ပွဲတိုင်း
အလိုက် ဆုကြေးချီးမြှင့်ရန် စီစဉ်ထားပြီး ပွဲစဉ်အားလုံးအနိုင်ရကာ ဆီးဂိမ်းတွင် ဗိုလ်စွဲနိုင်ခဲ့ပါက စုစုပေါင်း ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၁၀၀ အထိရရှိမည် ဖြစ်သည်။
::
ယင်းနှင့် ပက်သတ်၍ ကမ္ဘောဇဘဏ်မှပင် တည်ထောင်ထားသည့် ကမ္ဘောဇ ဘောလုံးအသင်းပိုင် စာမျက်နှာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က တရားဝင် ရေးသားဖော်ပြခဲ့သည်။ 

ကမ္ဘောဇဘဏ် လီမိတက်သည် မြန်မာယူ-၂၃ အသင်း၏ အုပ်စု အဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားကို အနိုင်ရခဲ့သဖြင့် ဆုကြေးငွေ သိန်း ၁၀၀၊ အရှေ့တီမောကို အနိုင်ရခဲ့သည့်အတွက် ဆုကြေးငွေသိန်း ၁၀၀ ချီးမြှင့်မည် ဖြစ်ပြီး လာမည့် အုပ်စု အဆုံးအဖြတ်ပွဲအဖြစ် ကစားသည့် ထိုင်းနှင့် အင်ဒိုနီးရှား
တို့ကိုပါ ဆက်လက် အနိုင်ရပါက တစ်ပွဲနိုင်လျှင် သိန်း ၂၀၀ စီ ချီးမြင့်မည်ြဖစ်သည်။

ဆက်လက်၍ဆီမီးဖိုင်နယ်တွင် အနိုင်ရပါက သိန်း ၅၀၀ နှင့် ဗိုလ်လုပွဲတွင် အနိုင်ရ ဗိုလ်စွဲပါက သိန်း
၁,၀၀၀ ချီးမြှင့်မည်ဖြစ်ရာ စုစုပေါင်း ကမ္ဘောဇ ဘဏ်တစ်ခုတည်းမှ ချီးမြှင့်ငွေကျပ်သိန်း ၂,၁၀၀ အထိ
ရရှိရန် ရှိနေခြင်း ဖြစ်သည်။
::
ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာယူ-၂၃ အမျိုးသား အသင်းအပြင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကိုလည်း ဆုကြေးပေးရန် စီစဉ်ထားပြီး ဖိလစ်ပိုင်နှင့် ပွဲအတွက် သိန်း ၁၀၀၊ ဗီယက်နမ်နှင့် ပွဲ အတွက် သိန်း ၁၀၀ ဆီးမီးဖိုင်နယ် ပွဲအတွက် သိန်း ၃၀၀ နှင့် ဗိုလ်လုပွဲတွင် အနိုင်ရဗိုလ်စွဲပါက သိန်း ၅၀၀ စုစုပေါင်း သိန်း ၁၀၀၀ ချီးမြှင့်မည် ဖြစ်သည်။

မြန်မာအသင်းသည် ၁၄ ရက်နေ့တွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲချိန်မှာ ၆ နာရီ ၄၅ မိနစ်ဖြစ်သည်။

လက်မှတ်များကို ၁၃၊ ၁၄ ရက်နေ့များတွင်သုဝဏ္ဍကွင်း အောင်ဆန်းကွင်း စလင်းကွင်း ပဒုမ္မာကွင်း
တို့တွင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo by Saw Moe San
Mizzima - News  , 27th Sea Games, Myanmar 2013::--



See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: December . 12 .2013
ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းအား စိတ်ဓာတ်မြှင့်တင့်မှု ပြုလုပ်သည့်အနေဖြင့် မြန်မာနိုင်
ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်မှ ပွဲစဉ် တစ်ပွဲတိုင်း
အလိုက် ဆုကြေးချီးမြှင့်ရန် စီစဉ်ထားပြီး ပွဲစဉ်အားလုံးအနိုင်ရကာ ဆီးဂိမ်းတွင် ဗိုလ်စွဲနိုင်ခဲ့ပါက စုစုပေါင်း ဂုဏ်ပြုဆုငွေကျပ် သိန်း ၂၁၀၀ အထိရရှိမည် ဖြစ်သည်။

"ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမား"

Photo: "ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမား"
Thursday, December 12, 2013

မနေ့က မီးမြားပစ်တာကို ဟန်လုပ်တာတို့ ... တစ်ကယ် မပစ်ပါဘူးတို့.. ခလုတ်နဲ့ မီးတောက်အောင် လုပ်တာတို့.. မပစ်ခင်ကတည်းက မီးသေနေပြီတို့.. အစရှိသဖြင့် အမျိုးမျိုး သောသောညံအောင် ဝေဖန်နေကြတာ ကြားရတော့ တစ်ကယ် ကြိုးစားခဲ့တဲ့ လေးသမားလေးအတွက် စိတ်မကောင်းမိတာ အမှန်ပါပဲ..

ဒါကြောင့်လည်း ကွင်းထဲမှာ တာဝန်ကျတဲ့ သူငယ်ချင်းတွေရော.. အားကာက သူငယ်ချင်းတွေကိုပါ လှမ်းပြီး စုံစမ်းကြည့်မိပါတယ်..

မြားပစ်တဲ့ ကောင်လေးနာမည်က ဝေလင်းထွန်း ဖြစ်ပါတယ်.. သူပစ်တဲ့ လေးက လက်အားနဲ့ လေးညို့ကို ဆွဲထားပြီး ပစ်ရတဲ့ လေးရယ် ဒူးလေးလို ညို့ကြိုးကို ဆွဲတင်ပြီး ခလုတ်နဲ့ ပစ်ရတဲ့ လေးရယ်ဆိုပြီး နှစ်မျိုး ရှိတဲ့အထဲက ခလုတ်နဲ့ ပစ်ရတဲ့ လေး အမျိုးအစားကို သုံးသွားတာ ဖြစ်ပါတယ်..

သုံးစွဲတဲ့ မြားကတော့ လက်ရှိဆီးဂိမ်းပြိုင်ပွဲမှာ သုံးစွဲနေတဲ့ မြားအမျိုးအစားနဲ့ အတူတူ ဖြစ်ပြီး ကိုးရီးယား နိုင်ငံက တင်သွင်းခဲ့တဲ့ မြားတစ်ချောင်းကို မြန်မာငွေ ၃ သောင်း ကျော်လောက် ကျသင့်တဲ့ မြားကို သုံးစွဲထားတာဖြစ်ပါတယ်..

ပစ်မယ့်နေရာ အကွာအဝေး လမ်းကြောင်းနှင့် လေးရဲ့ ချိန်သီးကို အတိအကျ တွက်ချက်လို့ ချိန်ထားပြီး ထပ်ခါထပ်ခါ အကြိမ်ကြိမ် အဖန်ဖန် လေ့ကျင့်ထားတာ ဖြစ်ပါတယ်.. လက်ရှိ ဆီးဂိမ်းမှာလည်း ပြိုင်ပွဲဝင်နေသူ ဖြစ်တာကြောင့် ပစ်ကွင်းကျယ်တဲ့ မီးရှူးတိုင်ကြီးကို ထိမှန်ရေးအတွက် သူ့အတွက် အခက်အခဲ မရှိပေမယ့် နောက်ဆုံး အကြိမ် လေ့ကျင့်တဲ့ အချိန်ထိ စိုးရိမ်စိတ် ရှိနေခဲ့တာတော့ အမှန်ပါပဲ..

ဒါကြောင့်လည်း တစ်ကယ်လို့များ လွဲများ လွဲသွားခဲ့ရင် ရုပ်ပျက်ဆင်းပျက် ဖြစ်မှာစိုးလို့ အရန် အစီအစဉ်များ လုပ်ထားတာကတော့ အမှန်ပါပဲဗျာ..

ဒါပေမယ့် ဒီ လေးသမားလေး တစ်ကယ်ပစ်ပြီး တစ်ကယ်လည်း ထိပါတယ်.. မီးလည်း ပစ်တဲ့အချိန်မှာ ပါသွားပါတယ်ဗျာ.. သူ့ရဲ့ မီးမြားကြောင့်လည်း မီးတောက်ခဲ့ပါတယ်..

မီးရှူးတိုင်က မီးတောက်တာကတော့ သူအပစ်နဲ့ မီးတောက်တာ ထပ်တူတော့ မကျပါဘူးဗျာ.. အချိန်တော့ ကွာပါတယ်.. မြားဆိုတာ လူထက်တော့ အများကြီး မြန်အောင် သွားနိုင်တာပေါ့ဗျာ.. ဒါပေမယ့် တစ်ခုတော့ ရှိတာက မြားက မီးရှူးတိုင်ကို မရောက်ခင် အရံစနစ်က အသက်ဝင်သွားသလား မြားကြောင့် မီးထတောက်တာလား ဆိုတာကတော့ လူတိုင်းကို ပဟေဠိ ဖြစ်စေခဲ့သလို တာဝန်ရှိသူတွေကိုလည်း ပဟေဠိ ဖြစ်စေခဲ့တာ အမှန်ပါပဲ..

မည်သို့ပင် ဆိုစေကာမှု လေးသမားလေး အနေဖြင့် မီးမြားကို တစ်ကယ်လည်း ပစ်ခဲ့သလို.. မီးလည်း မြားမှာ ပါသွားပြီး မီးရှူးတိုင်ကိုလည်း တစ်ကယ်ကို သက်မှတ်ထားတဲ့အတိုင်း အတိအကျ မှန်ခဲ့ပါတယ်ဗျာ..

ဘာပဲပြောပြော ဒီလို ငြိမ်သပ်မှု မရှိပဲ လှုပ်ရှားနေတဲ့ ပန်းရထားပေါ်ကနေ အလွန်ဝေးကွာတဲ့ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ခဲ့တဲ့ လေးသမားလေး ဝေလင်းထွန်းကို မြန်မာ့ဂုဏ်ဆောင် အားကစားသမား အနေနဲ့ ဂုဏ်ပြုသင့်တယ် မဟုတ်ပါလားဗျာ..

ချစ်သောမျက်စိဖြင့်သာ ကြည့်တတ်လျှင် ချစ်စရာတွေ ဖြစ်လာသလို အမုန်းမျက်စိနဲ့ အပြစ်ရှာ ကြည့်တတ်သူတွေအတွက်တော့ အပြစ်ရှာစရာ တွေ့တာ မဆန်းပါဘူးဗျာ..

လောလောဆယ်တော့ ဒီလေးသမားလေးရဲ့ ဖုန်းနံပါတ်ကို ကောင်မလေး တော်တော်များများက အသည်းအသန် လိုက်စုံစမ်းနေကြပါပြီဗျာ.. သိချင်သူများ ရှိပါက မက်စိကနေ လှမ်းမေးပါခင်ဗျာ.. ၂၂ ရက်နေ့နောက်ပိုင်း ရောက်ရင်တော့ လေးသမားလေးရဲ့ ဖုန်းနံပါတ်ကို ပေးပါ့မယ်ဗျာ.. လက်ရှိမှာ ပြိုင်ပွဲဝင်နေတာဖြစ်လို့ မြားပစ်ပြိုင်ပွဲမှာ ရွှေမှန်းထားတဲ့ ဆီးဂိမ်းဖွင့်ပွဲရဲ့ လေးသမားလေးကို ပြိုင်ပွဲ ပြီးတော့မှာသာ ကြူချင်သူများ ၀ိုင်းလို့သာ ကြူကြပါခင်ဗျာ..
:p

(AERO)
Tin Min Latt

RangonNewsDaily:: December . 12 .2013
မနေ့က မီးမြားပစ်တာကို ဟန်လုပ်တာတို့ ... တစ်ကယ် မပစ်ပါဘူးတို့.. ခလုတ်နဲ့ မီးတောက်အောင် လုပ်တာတို့.. မပစ်ခင်ကတည်းက မီးသေနေပြီတို့.. အစရှိသဖြင့် အမျိုးမျိုး သောသောညံအောင် ဝေဖန်နေကြတာ ကြားရတော့ တစ်ကယ် ကြိုးစားခဲ့တဲ့ လေးသမားလေးအတွက် စိတ်မကောင်းမိတာ အမှန်ပါပဲ..

ရန်ကုန်တက္ကသိုလ် အဆောင်နေ ကျောင်းသားများ နိုင်ငံရေး ပြုလုပ်လိုက ခွင့်ပြုချက် တောင်းခံရမည်

Photo: ရန်ကုန်တက္ကသိုလ် အဆောင်နေ ကျောင်းသားများ နိုင်ငံရေး ပြုလုပ်လိုက ခွင့်ပြုချက် တောင်းခံရမည်
Thursday, December 12, 2013

ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ် အဆောင်များတွင် နေထိုင်သည့် ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံရေး ပြုလုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများကို ခွင့်ပြုချက် တင်ပြီးမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့် စည်းကမ်းချက်များ ထုတ်ပြန် မထားသော်လည်း တက္ကသိုလ် ပရိဝုဏ်အတွင်း ကြော်ငြာခြင်း၊ စည်းရုံးခြင်းနှင့် လှုံ့ဆော်ခြင်း မပြုလုပ်ရန် ကန့်သတ်ထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ကျောင်းသားတွေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာမျိုး လုံးဝမရှိဘူး။ ဒါပေမဲ့ လှုပ်ရှားမှုတစ်ခု လုပ်မယ်ဆိုရင် ကျောင်းမှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်သူကို ခွင့်ပြုချက် တောင်းဖို့လို တယ်” ဟု ဒေါက်တာလှဆွေက ပြောဆိုသည်။

အဆိုပါ တက္ကသိုလ် အဆောင်နေ ကျောင်းသားများသည် အဆောင်သို့ ည ၁၀ နာရီ နောက်ဆုံး ရောက်ရှိရမည် ဖြစ်ပြီး ကျောင်းသူများက ညနေ ၆ နာရီ နောက်ဆုံး ရောက်ရှိရမည် ဖြစ်ကြောင်း၊ ထမင်းစားချိန်ကို နံနက် ၆ နာရီမှ ၉ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီအထိ နှစ်ကြိမ် သတ်မှတ် ထားကြောင်း အဆောင် စည်းကမ်းချက်များအရ သိရသည်။

ရန်ကုန် တက္ကသိုလ်၌ ၁၉၇၀ ပြည့်နှစ် ကျော်နှစ်များတွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်မှ လွဲ၍ အနုပညာ အသင်းအဖွဲ့၊ အားကစား အသင်းအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ်အလိုက် အသင်းများ ဖွဲ့စည်းကာ ခရီးထွက်ခြင်း စသည့်လှုပ်ရှားမှုများကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးရာ ကော်မတီ ဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။

အဆောင်နေထိုင်ခွင့် ပြုခဲ့သော ရန်ကုန် တက္ကသိုလ်တွင် အဆောင်နေ ကျောင်းသား၊ ကျောင်းသူ ရှစ်ဆယ်နီးပါး ရှိပြီး အမျိုးသမီးများကို ရွှေဘိုဆောင်နှင့် ဒဂုံဆောင်တွင် ထားရှိကာ အမျိုးသားများကို အင်းဝ၊ ပင်းယ၊ ပဲခူးနှင့် စစ်ကိုင်းဆောင်တို့တွင် ထားရှိကြောင်း ရန်ကုန်တက္ကသိုလ် စီမံဌာနထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: December . 12 .2013
ဆယ်စုနှစ် နှစ်ခုကျော်ကြာမှ ပြန်လည် ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ် အဆောင်များတွင် နေထိုင်သည့် ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံထူးချွန် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံရေး ပြုလုပ်လိုပါက အဆောင်မှူးနှင့် တက္ကသိုလ် တာဝန်ခံများကို ခွင့်ပြုချက် တင်ပြီးမှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဒေါက်တာလှဆွေက The Voice သို့ ပြောကြားသည်။

အဆောင်နေ အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ပိုလိုဆေးသောက် သေဆုံး

RangonNewsDaily:: December . 12 .2013
ပိုလိုပိုးသတ်ဆေးသောက်သူ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံ ၀န်ထမ်း အမျိုးသမီးတစ်ဦးသည် ဂျပန်

ဆေးရုံကြီးတွင် ဆေးကုသခံနေစဉ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်အချိန်က သေဆုံး သွားသည်
ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ သေဆုံးသူသည် လှိုင်သာယာမြို့နယ် (၉)ရပ်
ကွက်၊ အောင်သိဒိ္ဓလမ်း၊ ပြုံးပန်းအဆောင်တွင် နေထိုင်သည့် မ၀ါဝါရွှေ ၂၂ နှစ်ဖြစ်သည်ဟု အတည်ပြုထား
သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှ ၁၃၀၀ ပြည့် ချောက်ရေနံမြေ အလုပ်သမား အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

Photo: ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းမှ ၁၃၀၀ ပြည့်
ချောက်ရေနံမြေ အလုပ်သမား အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
Thursday, December 12, 2013

ချစ်ခင်လေးစားရပါသော ချောက်ရေနံမြေရှိ ပြည်သူလူထုကြီးခင်ဗျား

၁။၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးသည် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့
ပါသည်။ရနံမြေအလုပ်သမားများ၏ ရသင့်ရထိုက်သော
အခွင့်အရေးများ ရရှိနိုင်ရေးအတွက် ရဲဝံ့စွန့်စားစွာ တော်လှန်ခဲ့ကြ
သည်မှာ ယခုအခါ (၇၅)နှစ်တာ ကာလရောက်ခဲ့ပြီ ဖြစ်ပါသည်။

၂။ အမျိုးသားရေးစိတ်ဓာတ်နှင့် ချောက်ရေနံမြေမှ ရန်ကုန်အထိ မိုင်(၄၀၀)ခရီးကို အဟန့်အတား အခက်အခဲများ ကျော်လွှားပြီး
ခြေလျင်ခရီးချီတက် သပိတ်မှောက်ခဲ့ကြပါသည်။ သူတို့၏ ဇွဲ၊ သတ္တိ၊ စိတ်ဓာတ်များသည် အင်္ဂလိပ်အစိုးရကို တုန်လှုပ်စေခဲ့ပြီး အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများပါမကျန် စုစည်း ညီညွတ်ခဲ့ကြသည်မှာ အလွန်ဂုဏ်ယူစရာကောင်းလှပါသည်။ ထိုသို့တိုက်ပွဲဝင်ခဲ့ကြသော
သခင်၊ သခင်မကြီး များအား မမေ့မလျော့ဘဲ ဂုဏ်ပြုသည့်အနေဖြင့် စိန်ရတုအခမ်းအနားကို ယခုအခါ ကျင်းပဂုဏ်ပြုနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

၃။ အဆိုပါ စွန့်လွှတ်စွန့်စားပုဂ္ဂိုလ်များ မရှိကြတော့သော်လည်း ၎င်းတို့၏မျိုးဆက်များအား လက်ဆင့်ကမ်း ပေးခဲ့ကာ လွတ်လပ်ပြီး ငြိမ်းချမ်းသည့် အလုပ်သမားအကျိုး၊ တိုင်းပြည်အကျိုး
ပြုနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

၎။ ယနေ့အချိန်အခါတွင် အမျိုးသားရေးနှင့် နိုင်ငံရေးနိုးကြား
တက်ကြွမှုရှိသော ချောက်ရေနံမြေမှ ပြည်သူ လူထုကြီးအား ဂုဏ်ပြုခြင်းနှင့်အတူ မျိုးဆက်သစ်များအနေဖြင့် ဒီမိုကရေစီ
အနှစ်သာရနှင့်အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ပွင့်လင်းမြင်သာပြီး လူတိုင်းလူတိုင်းမှ တာဝန်ခံ၊ တာဝန်ယူ၍ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်
စီးပွားရေးစနစ်ဖြင့် ငြိမ်းချမ်းသာယာသော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့်
နိုင်ငံတော်အဖြစ်သို့ရောက်ရှိရေး ဆက်လက်ဆောင်ရွက်သွားကြရန်
လည်း လိုအပ်ပါမည်။

၅။ ၁၃၀၀ ပြည့် ချောက်ရေနံမြေ အလုပ်သမားအရေးတော်ပုံကြီး၏ (၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားမှ စတင်၍ ပြည်သူအတွက်၊
နိုင်ငံတော်အတွက်၊ ပြည်ထောင်စုအတွက် တစ်မျိုးသားလုံး စိတ်ကောင်း
စေတနာ မှန်ဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြပါရန်
တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။


သူရရွှေမန်း
နာယက

ပြည်ထောင်စုလွှတ်တော်
Popular Myanmar News Journal

RangonNewsDaily:: December . 12 .2013
ချစ်ခင်လေးစားရပါသော ချောက်ရေနံမြေရှိ ပြည်သူလူထုကြီးခင်ဗျား ၁။၁၃၀၀ ပြည့် ရေနံမြေအလုပ်သမား
အရေးတော်ပုံကြီးသည် ၁၃၀၀ ပြည့်နှစ်၊ နတ်တော်လဆန်း၉ရက်နေ့တွင် ဖြစ်ပွားခဲ့ပါသည်။ရေနံမြေအလုပ်
သမားများ၏ ရသင့်ရထိုက်သောအခွင့်အရေးများ ရရှိနိုင်ရေးအတွက် ရဲဝံ့စွန့်စားစွာ တော်လှန်ခဲ့ကြသည်မှာ
ယခုအခါ (၇၅)နှစ်တာ ကာလရောက်ခဲ့ပြီ ဖြစ်ပါသည်။

ထောင်ထဲကပြန်လွှတ်ပေးလို့သမ္မတကြီးကို ကျေးဇူးမတင်ဟု ဦးဝင်းချိုဆို

RangonNewsDaily:: December . 12 .2013
အကျဉ်းထောင် ၁၂ခုမှ နိုင်ငံရေးအကျဉ်းသား ၄၁ယောက်ကိုဒီဇင်ဘာလ၁၁ရက်တွင် ပြန်လွှတ်ပေးခြင်းနှင့်
ပတ်သက်၍ ပဲခူးထောင်အတွင်း အကျဉ်းချခံထားရသော လယ်ာသမား အရေးဆောင်ရွက်သူဦးဝင်းချိုက၎င်း
ကို ပြန်လွှတ်ပေးသော်လည်းသမ္မတကြီးအပေါ် ကျေးဇူးမတင်နိုင်ကြောင်းPeoplePowerညနေခင်းသတင်းစာ
သို့ ပြောကြားသည်။ပဲခူးထောင်အတွင်းအကျဉ်းကျခံနေရသော အကျဉ်းသား ၆ဦးကိုဒီဇင်ဘာ ၁၁ရက်၊ နံနက် ၁၁နာရီကျော်ခန့်တွင် ပြန်လည်လွှတ်ပေးပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် ၎င်းက ယခုကဲ့
သို့ပြောကြားလိုက်ခြင်းဖြစ် သည်။

"ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"