Pages

Thursday, December 12, 2013

ထောင်ထဲကပြန်လွှတ်ပေးလို့သမ္မတကြီးကို ကျေးဇူးမတင်ဟု ဦးဝင်းချိုဆို

RangonNewsDaily:: December . 12 .2013
အကျဉ်းထောင် ၁၂ခုမှ နိုင်ငံရေးအကျဉ်းသား ၄၁ယောက်ကိုဒီဇင်ဘာလ၁၁ရက်တွင် ပြန်လွှတ်ပေးခြင်းနှင့်
ပတ်သက်၍ ပဲခူးထောင်အတွင်း အကျဉ်းချခံထားရသော လယ်ာသမား အရေးဆောင်ရွက်သူဦးဝင်းချိုက၎င်း
ကို ပြန်လွှတ်ပေးသော်လည်းသမ္မတကြီးအပေါ် ကျေးဇူးမတင်နိုင်ကြောင်းPeoplePowerညနေခင်းသတင်းစာ
သို့ ပြောကြားသည်။ပဲခူးထောင်အတွင်းအကျဉ်းကျခံနေရသော အကျဉ်းသား ၆ဦးကိုဒီဇင်ဘာ ၁၁ရက်၊ နံနက် ၁၁နာရီကျော်ခန့်တွင် ပြန်လည်လွှတ်ပေးပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့တွင် ၎င်းက ယခုကဲ့
သို့ပြောကြားလိုက်ခြင်းဖြစ် သည်။
“လွတ်ပေးတဲ့အတွက်သမ္မတကြီးကိုကျေးဇူးမတင်နိုင်ပါဘူး၊လွှတ်လိုက်ဖမ်းလိုက်နဲ့သူတို့က သူတို့အလုပ်လုပ်
တယ်၊ ကျုပ်ကလည်း လုပ်စရာ ရှိတာတွေ ဆက်လုပ်သွားဦးမယ်”ဟု ၎င်းကဆိုသည်။
::
သမ္မတဦးသိန်းစိန်ကဒီဇင်ဘာအကုန်တွင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးမည်ဟုဆိုထားသော်
လည်း အကျဉ်းထောင် ထဲတွင် နိုင်ငံရေးအကျဉ်းသား ၂၄၀ကျော်ကျန်နေသေးကြောင်း လက်ကျန်နိုင်ငံရေး ကျဉ်းသားစိစစ်ရေးကော်မတီမှ သိရသည်။

ယင်းတို့အနက် (၁၃) ကြိမ်မြောက်လွှတ်ပေးသည့် နိုင်ကျဉ်းများအနက် ပဲခူးထောင်အတွင်း အမှု ၃မှုဖြင့် ကျခံ
ခဲ့ရသူ ဦးဝင်းချိုက သမ္မတကြီးသို့ ယခုကဲ့သို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။
::
ဦးဝင်းချိုသည် လယ်သမားအရေးဆောင်ရွက်မှုများကြောင့် ပဲခူးအကျဉ်းထောင်အတွင်း ပုဒ်မ ၁၈ဖြင့် နှစ်မှု၊
 ပုဒ်မ-၅၀၅(ခ)ဖြင့် တစ်မှု အမှုရင်ဆိုင် ခဲ့ရပြီး ပုဒ်မ ၁၈အတွက် ဒဏ်ကြေးငွေ တစ်သောင်းစီပေးဆောင်ခဲ့
သော်လည်း ပုဒ်မ ၅၀၅(ခ) အတွက် ထောင် ၆လချခံခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

“၆ယောက်လွတ်တယ်၊ အမှုတွဲတွေက အတူတူပဲ၊ ကျွန်တော်ကပုဒ်မ ၅၀၅(ခ)ကြောင့် ချုပ်ရက် ၁၀၂ရက်
 ထောင် ၆လချခံပြီးမှလွတ်လာ တာ၊ လုပ်စရာရှိတာတွေဆက်လုပ်ရမယ်”ဟု ၎င်းကပြောကြားသည်။
::
နိုင်ငံရေးအကျဉ်းသားများကို သမ္မတဦးသိန်းစိန်သက်တမ်းအတွင်း လွှတ်ပေးလျက်ရှိသောလည်း သက်ဆိုင်
ရာ တာဝန်ရှိရှိသည့် အဖွဲ့များမှ လည်း ထောင်အတွင်းသို့ ပြန်လည်ဖမ်းဆီးနေကြောင်း မည်သူ့ကိုမျှ အမုန်း
မပွားလိုကြောင်းကိုလည်း ဦးဝင်းချိုက ပြောကြားသည်။

“မမုန်းကြေးပေါ့၊ သမ္မတကြီး ကျေးဇူးတင်ရင် မတရားဖမ်းတဲ့ပြည်ထဲရေးကို မုန်းသလိုဖြစ်နေမယ်၊ မမုန်းချင်
ဘူး၊ တစ်မျိုး သားလုံး ပြန်လည် သင့်မြတ်ဖို့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်သွားကြတာပေါ့”ဟု ၎င်းကသည်။

People Power::-- , kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment