Pages

Thursday, December 12, 2013

ကျူးဘားသမ္မတနှင့် အိုဘားမား လက်ဆွဲနှုတ်ဆက်ခဲ့မှုကို အိမ်ဖြူတော် ရှင်းလင်း

Photo: ကျူးဘားသမ္မတနှင့် အိုဘားမား လက်ဆွဲနှုတ်ဆက်ခဲ့မှုကို အိမ်ဖြူတော် ရှင်းလင်း
Wednesday, December 11, 2013

တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလား၏ အောက်မေ့ဖွယ် အမှတ်တရ အခမ်းအနားသို့ အမေရိကန်နှင့် ကျူးဘားတို့၏ သမ္မတများ အသီးသီး တက်ရောက်ပြီးနောက် သမိုင်းဝင် အခိုက်အတန့် တစ်ခုအဖြစ် လက်ဆွဲနှုတ်ဆက်ခဲ့ကြ

ကျူးဘားသမ္မတနှင့် အိုဘားမား လက်ဆွဲနှုတ်ဆက်ခဲ့မှုကို အိမ်ဖြူတော် ရှင်းလင်း 

အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် ကျူးဘားခေါင်းဆောင် ရောလ်ကက်စထရိုတို့ လက်ဆွဲနှုတ်ဆက်ခြင်းသည် လောကဝတ် သဘောထက် ပိုမိုခြင်း မရှိဟု အိမ်ဖြူတော်က ကြေညာခဲ့သည်။ တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလား၏ အောက်မေ့ဖွယ် အမှတ်တရ အခမ်းအနားသို့ အမေရိကန်နှင့် ကျူးဘားတို့၏ သမ္မတများ အသီးသီး တက်ရောက်ပြီးနောက် သမိုင်းဝင် အခိုက်အတန့် တစ်ခုအဖြစ် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ ဒီမိုကရေစီဝါဒ အထွန်းကားဆုံး အမေရိကန် ပြည်ထောင်စုနှင့် ကွန်မြူနစ်စနစ်ကို ကျင့်သုံးသော ကျူးဘားနိုင်ငံတို့၏ ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းသည် တစ်ကမ္ဘာလုံးအတွက် အံ့ဩစရာ အခြေအနေတစ်ခုသဖွယ် ရိုက်ခတ်လာခဲ့သည်။

ထို့အပြင် အမေရိကန်နှင့် ကျူးဘားတို့၏ ဆက်ဆံရေး တိုးတက်လာမှုကို လှစ်ဟပြရန် ကြိုတင်စီစဉ်ထားသည့် အခြေအနေ တစ်ရပ်ဟု ယူဆမှုများလည်း ရှိလာသည်။ သို့သော်လည်း အိမ်ဖြူတော်က ယင်းသည် ကြိုတင်စီစဉ်မှု မဟုတ်သလို မည်သည့် သဘောထားမျိုးကိုမျှ ပြသခြင်း မဟုတ်ဟု တုံ့ပြန်ဖြေရှင်းခဲ့သည်။ "သမ္မတအနေနဲ့ ဘာကိုမှ ကြိုတင်ပြင်ဆင်ထားတာ မရှိပါဘူး။ ကျူးဘားနဲ့ ပတ်သက်ပြီး သမ္မတအနေနဲ့ ပြောဖူးခဲ့တဲ့ မှတ်ချက်တွေအတိုင်းပဲ သဘောထားပါတယ်။ ခုအပြုအမူဟာ ဈာပန အခမ်းအနားမှာ ကျူးဘားခေါင်းဆောင် ရှိနေခဲ့တာကို ရိုးရိုးသားသား အသိအမှတ်ပြုရုံသာ ဖြစ်ပါတယ်"ဟု အမျိုးသား လုံခြုံရေးဌာန လက်ထောက်အကြံပေး အရာရှိ ဘန်ရိုးဒက်စ်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်မှ အရာရှိ တစ်ဦးကလည်း "ဒီကိစ္စမှာ ကြိုစီစဉ်ထားတာ ဘာတစ်ခုမှ မရှိပါဘူး။ ဒီအခမ်းအနားဟာ မန်ဒဲလားကို ဂုဏ်ပြုအမှတ်ရခဲ့တာက လွဲပြီးတော့ ဘာရည်ရွယ်ချက်မှ မပါခဲ့ပါဘူး။ ဒီအခြေအနေမှာ တစ်ကမ္ဘာလုံးက ဘယ်သူမဆို ပါဝင်အားဖြည့်ပေးတာကို ကျွန်တော်တို့ သမ္မတက အသိအမှတ် ပြုမှာပါပဲ"ဟု သတင်းထောက်များထံ မှတ်ချက်ပေးခဲ့သည်။ အိုဘားမား အနေဖြင့် မိမိစကားပြောဆို နှုတ်ဆက်နေသည်မှာ ကက်စ်ထရို ဟုတ်မဟုတ် သတိပြုမိဟန် မတူဆိုသော ခန့်မှန်းချက်များနှင့် ပတ်သက်ပြီးမူ ရိုးဒက်စ်က "သမ္မတက သူစကားပြောနေတာ ကက်စ်ထရိုမှန်း ကောင်းကောင်းသိပါတယ်"ဟု အတည်ပြုချက် ပေးခဲ့သည်။

၎င်းက "ကျွန်တော့် အထင်အရတော့ အခမ်းအနား တက်ရောက်လာသူချင်း အပြန်အလှန် နှုတ်ဆက်တာထက် မပိုပါဘူး။ ပြီးတော့ သမ္မတဟာ မိန့်ခွန်းပြောဖို့ စင်မြင့်ထက်ကို ဆက်ပြီးဦးတည်ခဲ့ပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ အမေရိကန်သည် ဒီမိုကရေစီ ဝါဒကို တစ်ကမ္ဘာလုံးသို့ အင်အားကောင်းကောင်း ဖြန့်ကျက်ရန် ကြိုးပမ်းနေသည့် အင်အားကြီး နိုင်ငံတစ်ခု အနေဖြင့် အသိအမှတ်ပြု ခံရသော်လည်း ၎င်းနှင့် ကပ်နေသည့် ကျွန်းနိုင်ငံလေးမှ ကွန်မြူနစ်စနစ်ကို ဖြုတ်မချနိုင်သည်မှာ မျက်စိစပါးမွေး စူးလောက်စရာ အခြေအနေမျိုးအဖြစ် တည်ရှိနေခဲ့သည်။

planet Myanmar Network

RangonNewsDaily:: December . 12 .2013
အမေရိကန် သမ္မတ ဘာရတ်အိုဘားမားနှင့် ကျူးဘားခေါင်းဆောင် ရောလ်ကက်စထရိုတို့ လက်ဆွဲနှုတ်ဆက်
ခြင်းသည် လောကဝတ် သဘောထက် ပိုမိုခြင်း မရှိဟု အိမ်ဖြူတော်က ကြေညာခဲ့သည်။ တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မန်ဒဲလား၏ အောက်မေ့ဖွယ် အမှတ်တရ အခမ်းအနား
သို့ အမေရိကန်နှင့် ကျူးဘားတို့၏ သမ္မတများ အသီးသီး တက်ရောက်ပြီးနောက် သမိုင်းဝင် အခိုက်အတန့် တစ်ခုအဖြစ် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ 
 
ဒီမိုကရေစီဝါဒ အထွန်းကားဆုံး အမေရိကန် ပြည်ထောင်စုနှင့် ကွန်မြူနစ်စနစ်ကိုကျင့်သုံးသောကျူးဘားနိုင်
ငံတို့၏ ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်းသည် တစ်ကမ္ဘာလုံးအတွက် အံ့ဩစရာ အခြေအနေတစ်
ခုသဖွယ် ရိုက်ခတ်လာခဲ့သည်။

ထို့အပြင် အမေရိကန်နှင့် ကျူးဘားတို့၏ ဆက်ဆံရေး တိုးတက်လာမှုကို လှစ်ဟပြရန် ကြိုတင်စီစဉ်ထားသည့် အခြေအနေ တစ်ရပ်ဟု ယူဆမှုများလည်း ရှိလာသည်။ သို့သော်လည်း အိမ်ဖြူတော်က ယင်းသည် ကြိုတင်စီ
စဉ်မှု မဟုတ်သလို မည်သည့် သဘောထားမျိုးကိုမျှ ပြသခြင်း မဟုတ်ဟု တုံ့ပြန်ဖြေရှင်းခဲ့သည်။ "သမ္မတအ
နေနဲ့ ဘာကိုမှ ကြိုတင်ပြင်ဆင်ထားတာ မရှိပါဘူး။ 
 
ကျူးဘားနဲ့ ပတ်သက်ပြီး သမ္မတအနေနဲ့ ပြောဖူးခဲ့တဲ့ မှတ်ချက်တွေအတိုင်းပဲ သဘောထားပါတယ်။ ခုအပြုအ
မူဟာ ဈာပန အခမ်းအနားမှာ ကျူးဘားခေါင်းဆောင် ရှိနေခဲ့တာကို ရိုးရိုးသားသား အသိအမှတ်ပြုရုံသာ ဖြစ်
တယ်"ဟု အမျိုးသား လုံခြုံရေးဌာန လက်ထောက်အကြံပေး အရာရှိ ဘန်ရိုးဒက်စ်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်မှ အရာရှိ တစ်ဦးကလည်း"ဒီကိစ္စမှာ ကြိုစီစဉ်ထားတာဘာတစ်ခုမှ မရှိပါဘူး။ဒီအခမ်းအနားဟာ
မန်ဒဲလားကိုဂုဏ်ပြုအမှတ်ရခဲ့တာကလွဲပြီးတော့ဘာရည်ရွယ်ချက်မှမပါခဲ့ပါဘူး။ ဒီအခြေအနေမှာ တစ်ကမာ
္ဘလုံးက ဘယ်သူမဆို ပါဝင်အားဖြည့်ပေးတာကို ကျွန်တော်တို့ သမ္မတက အသိအမှတ် ပြုမှာပါပဲ"ဟု သတင်း
ထောက်များထံ မှတ်ချက်ပေးခဲ့သည်။ 
 
အိုဘားမား အနေဖြင့် မိမိစကားပြောဆို နှုတ်ဆက်နေသည်မှာ ကက်စ်ထရို ဟုတ်မဟုတ် သတိပြုမိဟန် မတူ
ဆိုသော ခန့်မှန်းချက်များနှင့် ပတ်သက်ပြီးမူ ရိုးဒက်စ်က "သမ္မတက သူစကားပြောနေတာ ကက်စ်ထရိုမှန်း
ကောင်းကောင်းသိပါတယ်"ဟု အတည်ပြုချက် ပေးခဲ့သည်။

၎င်းက"ကျွန်တော့် အထင်အရတော့အခမ်းအနားတက်ရောက်လာသူချင်း အပြန်အလှန် နှုတ်ဆက်တာထက်
မပိုပါဘူး။ ပြီးတော့သမ္မတဟာမိန့်ခွန်းပြောဖို့ စင်မြင့်ထက်ကိုဆက်ပြီးဦးတည်ခဲ့ပါတယ်"ဟုလည်း ပြောကြား
ခဲ့သည်။ 
 
အမေရိကန်သည်ဒီမိုကရေစီဝါဒကိုတစ်ကမ္ဘာလုံးသို့အင်အားကောင်းကောင်း ဖြန့်ကျက်ရန် ကြိုးပမ်းနေသည့်
အင်အားကြီး နိုင်ငံတစ်ခု အနေဖြင့် အသိအမှတ်ပြု ခံရသော်လည်း ၎င်းနှင့် ကပ်နေသည့် ကျွန်းနိုင်ငံလေးမှ ကွန်မြူနစ်စနစ်ကို ဖြုတ်မချနိုင်သည်မှာ မျက်စိစပါးမွေး စူးလောက်စရာ အခြေအနေမျိုးအဖြစ် တည်ရှိနေခဲ့
သည်။

planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment