Pages

Thursday, February 21, 2013

SAMSUNG Phone ၀ယ်မည့် သူများ သတိပြုရန်

SAMSUNG Phone ၀ယ်မည့် သူများ ဒါလေးတွေ သတိထားဖို့ပါ။
@@@@@@@@@@@@@

 ပုသိမ် မှာ SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့ SIIIနှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က 420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့ ။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါ တဲ့ ။ pi ဆို တာ ဘာ လဲ လို့ မေး လိုက် တော့ Quality Pass မ ရ တဲ့ အ လုံး SAMSUNG က ထုတ် တဲ့ ဖုန်း တော့ ဟုတ် တယ် ချို့ ယွင်း ချက် အ နည်း ငယ် ရှိ တဲ့ ၊ အ ရည် အ သွေး အ နည်း ငယ် နိမ့် တဲ့ ဖုန်း တွေ ပါ တဲ့ ။ သာ မန် လူ တော့ မ သိ နိုင် ပါ ဘူး တဲ့။ ယူ ရ တဲ့ ဈေး လည်း မတူ ပါ တဲ့ ။ ။ ဒါ ဆို တ ချို့ သော ဆိုင် တွေ က pi ဖုန်း တွေ ကို Official ဖုန်း ဈေး နဲ့ ရောင်း တာ တွေ ရှိ မှာ ပေါ့ ။ ရှိ ပါ တယ် ။ ဒါ ကြောင့် လည်း ဖုန်း ချင်း တူ တူ ဈေး နည်း တာ ကိုင် ချင် သူ တွေ အ တွက် ရောင်း ပေး တာ ပါ တဲ့ ။ pi နဲ့ official ကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ် ထည် ကို ကြည့် လိုက် ပါ ။ Made in China par Samsung, Made in Vietnam par Samsung စ သည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင် Official ဖုန်း ၊ အဲ ဒီ လို မ ဟုတ် ဘဲ Made by Samsung ဆို ရင် တော့ pi ပါ တဲ့ ခင် ဗျာ ။ ကဲ ၀ယ် ပြီး သား သူ တွေ လည်း ကိုယ့် ဖုန်း ကိုယ် ပြန် ကြည့် ပေ တော့ ဗျာ ။ SAMSUNG Phone Model တိုင်း မှာ pi ရှိ တယ် တဲ့ ခင် ဗျာ ။ ကျွန် တော့် ဖုန်း က တော့ Official ပါ ဗျာ ။ ဟဲ ဟဲ။ by ကျော်စွာထွန်း Credit TO: မျိုးမင်းဟန် Ref>>>MMSD(Myanmar Mobile Software Developer)
SAMSUNG Phone ၀ယ်မည့် သူများ ဒါလေးတွေ သတိထားဖို့ပါ။

@@@@@@@@@@@@@

ပုသိမ် မှာ SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့
...
SIII နှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က

420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့

။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါ

တဲ့ ။ pi ဆို တာ ဘာ လဲ လို့ မေး လိုက် တော့ Quality Pass မ ရ တဲ့ အ လုံး

SAMSUNG က ထုတ် တဲ့ ဖုန်း တော့ ဟုတ် တယ် ချို့ ယွင်း ချက် အ နည်း

ငယ် ရှိ တဲ့ ၊ အ ရည် အ သွေး အ နည်း ငယ် နိမ့် တဲ့ ဖုန်း တွေ ပါ တဲ့ ။ သာ

မန် လူ တော့ မ သိ နိုင် ပါ ဘူး တဲ့။ ယူ ရ တဲ့ ဈေး လည်း မတူ ပါ တဲ့ ။ ။ ဒါ

ဆို တ ချို့ သော ဆိုင် တွေ က pi ဖုန်း တွေ ကို Official ဖုန်း ဈေး နဲ့ ရောင်း

တာ တွေ ရှိ မှာ ပေါ့ ။ ရှိ ပါ တယ် ။ ဒါ ကြောင့် လည်း ဖုန်း ချင်း တူ တူ ဈေး

နည်း တာ ကိုင် ချင် သူ တွေ အ တွက် ရောင်း ပေး တာ ပါ တဲ့ ။ pi နဲ့

official ကို ဘယ် လို ခွဲ ရ မ လဲ ဆို တော့ ဘက္ကရီ အောက် က ဖုန်း ကိုယ်

ထည် ကို ကြည့် လိုက် ပါ ။ Made in China par Samsung, Made in

Vietnam par Samsung စ သည် ဖြင့် နိုင် ငံ အ မည် တွေ နဲ့ ဆို ရင်

Official ဖုန်း ၊ အဲ ဒီ လို မ ဟုတ် ဘဲ Made by Samsung ဆို ရင် တော့ pi

ပါ တဲ့ ခင် ဗျာ ။ ကဲ ၀ယ် ပြီး သား သူ တွေ လည်း ကိုယ့် ဖုန်း ကိုယ် ပြန်

ကြည့် ပေ တော့ ဗျာ ။ SAMSUNG Phone Model တိုင်း မှာ pi ရှိ တယ် တဲ့

ခင် ဗျာ ။ ကျွန် တော့် ဖုန်း က တော့ Official ပါ ဗျာ ။ ဟဲ ဟဲ။

by ကျော်စွာထွန်း
---------------------------------------------------
အမျိုးကောင်းသာ; ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

ပုသိမ် မှာ SAMSUNG က အ ရောင်း စင် တာ တ နေ့ ရောက် သွား တော့ SIIIနှစ် လုံး ကို ပေါ် တင် ယှဉ် ပြ ထား တယ်။ တစ် လုံး က 420000 နောက် တစ် လုံး က 460000 ။ ဒါ နဲ့ မ ရှင်း လို့ မေး လိုက် တော့ ။ ဈေး နည်း တဲ့ ၁ လုံး က pi အ လုံး ပါ။ နောက် ၁ လုံး Official အ လုံး ပါ တဲ့ ။

ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားကြီးတို့ထံတွင် လျှပ်စစ်မီး လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခ အဖြစ် ငွေများကောက်ခံနေ

ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားကြီးတို့ထံတွင် လျှပ်စစ်မီး လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခ အဖြစ် ငွေများကောက်ခံနေ
-----------------------------------------------
ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားတို့ထံတွင် လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ငွေများကောက်ခံနေ ကြောင်းသတင်းရရှိသည်။
ထိုသို့ မီးခများလာရောက်ကောက်ခံသူမှာ ဆည်ထိန်းသိမ်းရေးတာဝန်ခံ ဖြစ်သူ ဦးအောင်မိုး မှာ ငွေတစ်သောင်းကျပ်စီပေးသွင်းရမည်ဖြစ်ကြောင်းနှင့် မပေးပါက မီးများကိုဖြတ်တောက်ပစ်မည်ဟုပြောဆို ကြောင်းသိရသည်။
အဆိုပါ ဦးအောင်မိုးသည် ရခိုင်လူမျိုးမဟုတ်ဘဲ ထိုဒေသတွင် အိမ်ထောင်ကျနေသူတစ်ဦးသာဖြစ်ကြောင်းလည်း သိရသည်။ ဦးအောင်မိုးအနေဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် မဟာမြတ်မုနိဘုရားကြီးတွင် လျှပ်စစ်မီးပေးထားခြင်းအား ဖြတ်တောက်မည်ပြောဆိုခြင်းအပေါ်ဒေသခံများက မကျေမနပ်ဖြစ်နေကြကြောင်းလည်းသိရသည်။ 
ဇီးချောင်းဆည်မှ ရေအားလျှပ်စစ်အား ယခင် တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်စဉ်ကပင် ထိုသို့ ဘုန်း တော်ကြီးကျောင်းများနှင့် မဟာမြတ်မုနိဘုရားကြီးအား လျှပ်စစ်မီးပေးလှူခဲ့ခြင်းဖြစ်သည့်အတွက် ယခုခါတွင် ထိုသို့လာရောက်ငွေတောင်းခံခြင်းဖြစ်ကြောင်းလည်းသိရသည်။ 
ထို့အပြင် ငွေမပေးလျင် လျှပ်စစ်မီးဖြတ်တောက်ပစ်မည်ဟု ဘုန်းတော်ကြီးများကိုပြောဆိုကြောင်းလည်းသိရ သည်။ ဦးအောင်မိုးသည် ယခုခါတွင် ၀င်ငွေနည်းနေသည့်အတွက် ထိုသို့ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုပါသည်။ 
ယခုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မဖြစ်မနေတားဆီးရန်လိုအပ်ကြောင်းနှင့် ဘုန်း တော်ကြီးကျောင်းများကိုပင် အလွတ်မပေးသော ဦးအောင်မိုးအား ရာထူးမှ ချက်ချင်းထုတ်ပယ်ရန်လည်း အလို ရှိကြောင်း ဒေသခံများကပြောဆိုကြပါသည်။ 
ငွေတောင်းရန် လာရောက်ပြောဆိုခံရသော ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းရှိကြောင်းလည်းသိရှိရပါသည်။ 

from; RSV

ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားတို့ထံတွင် လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ငွေများကောက်ခံနေ ကြောင်းသတင်းရရှိသည်။

လူလေးဦးသေဆုံးခဲ့သော ဘုရင့်နောင်ဆိပ်ကမ်း ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန်မှုကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူ ပြောကြား

လူလေးဦးသေဆုံးခဲ့သော ဘုရင့်နောင်ဆိပ်ကမ်း ဆီတင်ယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ဓာတုတုံ့ပြန်မှုကြောင့်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ တာဝန်ရှိသူ ပြောကြား
Thursday, February 21, 2013

ရေယာဉ်များ ဘေးချင်းယှဉ်၍ စက်သုံးဆီဒီဇယ်များ ရောင်းချနေစဉ် မီးလောင်ပေါက်ကွဲကာ လူလေးဦး သေဆုံးခဲ့သောဖြစ်စဉ်မှာ Chemical reaction (ဓာတုတုံ့ပြန်မှု) ကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Eleven Media သို့ ပြောကြားလိုက်သည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲက ဘုရင့်နောင် (အိုဝမ်း)ဆိပ်ကမ်းရှိ မြ၀တီ (၀၀၃) ရေယာဉ်မှ ပုဂ္ဂလိက ဆီဝယ်ရေယာဉ် 'အောင်သုခဧရာ' တွန်းသဘောင်္နှင့် 'ကောင်းမြတ်ကျော်'  တွဲရေယာဉ်များသို့ ဘေးချဉ်းယှဉ်၍ စက်သုံးဆီ ဒီဇယ်များကို ဖလိုမီတာဖြင့်ရောင်းချနေစဉ် ညနေ ၅ နာရီ ၅ မိနစ်၌ ကောင်းမြတ်ကျော် တွဲရေယာဉ်မှ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆီတင်ယာဉ် မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးဖွဲ့၍ စစ်ဆေးခဲ့ရာ ဓာတုတုံ့ပြန်မှုကြောင့် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အတည်ပြုသည်။

၎င်းကပင် "ပေါက်ကွဲမှု ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလိုက်တဲ့အခါ ဓာတုတုံ့ပြန်မှုတွေကြောင့် ဖြစ်တာကို တွေ့ရပါတယ်" ဟု ပြောသည်။

အဆိုပါ ဓာတုတုံ့ပြန်မှုကို ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုက "လေနဲ့လောင်စာဆီ အငွေ့ဟာ မှန်ကန်တဲ့အချိုးတစ်ခုမှာ ပေါက်ကွဲမှု
ဖြစ်ပေါ်စေပါတယ်။ နောက်တစ်ခုက နိုင်လွန်တို့၊ ပလတ်စတစ်တို့လို အရာမျိုးနဲ့ လောင်စာဆီတစ်မျိုးမျိုးကို ခပ်ယူရင်လည်း ဒီလိုမျိုးဖြစ်စဉ်
ဖြစ်ပေါ်နိုင်ပါတယ်" ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် နှစ်နာရီခန့် ဆီတွဲယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် ဆီတင်ယာဉ်တစ်စီး၊ စက်လှေနှစ်စီး နစ်မြှုပ်ခဲ့ပြီး လူလေးဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ - ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် ဆီတင်ယာဉ် မီးလောင်နေစဉ်

Eleven Media Group
ဓာတ်ပုံ - ဖေဖော်ဝါရီ ၄ ရက်က ဘုရင့်နောင် (အိုဝမ်း) ဆိပ်ကမ်းတွင် ဆီတင်ယာဉ် မီးလောင်နေစဉ်
Thursday, February 21, 2013

ရေယာဉ်များ ဘေးချင်းယှဉ်၍ စက်သုံးဆီဒီဇယ်များ ရောင်းချနေစဉ် မီးလောင်ပေါက်ကွဲကာ လူလေးဦး သေဆုံးခဲ့သောဖြစ်စဉ်မှာ Chemical reaction (ဓာတုတုံ့ပြန်မှု) ကြောင့်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Eleven Media သို့ ပြောကြားလိုက်သည်။

မြန်မာ့လက်ရွေးစင် ပဏာမဘောလုံးအသင်း တိုက်စစ်မှူးကျော်ကိုကို လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံရ

တိုက်စစ်မှူးကျော်ကိုကို လက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံရ

ဇင်မောင် DVB ၂၁ ဖေဖော်ဝါရီ ၂၀၁၃

မြန်မာ့လက်ရွေးစင် ပဏာမဘောလုံးအသင်းကနေ  တိုက်စစ်မှူး ကျော်ကိုကို ထုတ်ပယ်ခံခဲ့ရပါတယ်။

လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာရဲ့ သင်ကြားမှုတွေကို ဝေဖန် ပုတ်ခတ်ပြောဆိုမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့လို့ ကျော်ကိုကိုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အိမ်ပြန်လွှတ်လိုက်တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တိုက်စစ်မှူး ကျော်ကိုကိုက “ကျနော်က ထောက်ပြခဲ့တာ ဝေဖန်ခဲ့တာမဟုတ်ပါဘူး။ ကျနော်ကစားမယ့် နေရာ၊ ကျနော်လိုချင်တဲ့ target အတွက်ကို ဘယ်လိုလုပ်ရမလဲဆိုတာပဲ ကျနော် တိုင်ပင်ခဲ့တာပါ။ ဝေဖန်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ သူခိုင်းတဲ့အတိုင်း ကျနော်လုပ်ခဲ့ပါတယ်။”

ထုတ်ပယ်ရတဲ့အကြောင်းကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လက်ထောက်နည်းပြ ဦးတင်မြင့်အောင်က “သူက ကစားသမားတယောက်။ နည်းပြက ဒါလုပ်ဆိုရင် သူလုပ်ရမှာပေါ့။ နည်းပြအနေနဲ့က သူက ဘောလုံးအသင်းအောင်မြင်ဖို့ ရည်ရွယ်ပြီး လုပ်မှာပဲ။ အဲအချိန်မှာ ဒီကလေးကလည်း သူဖြစ်ချင်တဲ့ဆန္ဒတွေ၊ သူကစားချင်တာတွေ မလုပ်ရတော့ သွားတွေ့တာပေါ့။ နံပါတ်တစ်အချက်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ။ နည်းပြက နည်းပြအလုပ် လုပ်မှာပဲ” လို့ ပြောပါတယ်။

လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုဟာ မြန်မာဘောလုံးလောကမှာ ထင်ရှားပြီး ပရိသတ်တွေက မျှော်လင့်အားထားရတဲ့ အားကစားသမားတဦးလည်း ဖြစ်ပါတယ်။

ကျော်ကိုကိုက လက်ရွေးစင်အသင်းကနေ အိမ်ပြန်ပို့ခံရတဲ့အပေါ်မှာ “ကျနော့်ကိုယ် ကျနော် နောင်တရနေပါတယ်။ ကျနော်ဟာ အသိဥာဏ်မရှိသလို ပညာမဲ့စွာနဲ့ တချို့ တချို့တွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲအတွက်လည်း နောင်တရနေပါတယ်။ ကျနော် နိုင်ငံလက်ရွေးစင်အသင်းမှာလည်း ပြန်ကစားချင်ပါတယ်” လို့ ဆိုပါတယ်။

ကျော်ကိုကိုကို လက်ရွေးစင်အသင်းကနေ ထုတ်ပယ်လိုက်တာဟာ အမြဲတမ်းလားဆိုတဲ့ အမေးကိုတော့ လက်ထောက်နည်းပြ ဦးတင်မြင့်အောင်က အခုလို ပြောသွားပါတယ်။

“အဲလိုတော့မဟုတ်ပါဘူး။ ဒီအခြေအနေလေးတွေနဲ့ အခုလို အမှားပြင်ဆင်တယ်ဆိုရင်တော့ ပြန်စဉ်းစားရင် စဉ်းစားမှာပေါ့။”

ကျော်ကိုကိုအနေနဲ့ သူ့ရဲ့အမှားတွေကို ပြင်ဆင်လာရင် နည်းပြချုပ်က လက်ရွေးစင် အသင်းမှာ ပြန်ပြီး ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ မနက်ဖြန် သုဝဏ္ဏကွင်းမှာ မလေးရှား ယူ ၂၃ အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်မှာ အသက် ၂၃ နှစ်အောက် ကစားသမားတွေနဲ့ ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားပါတယ်။

ဇင်မောင် DVB ၂၁ ဖေဖော်ဝါရီ ၂၀၁၃

မြန်မာ့လက်ရွေးစင် ပဏာမဘောလုံးအသင်းကနေ တိုက်စစ်မှူး ကျော်ကိုကို ထုတ်ပယ်ခံခဲ့ရပါတယ်။
လက်ရွေးစင် ဘောလုံးအသင်း နည်းပြချုပ် ပတ်ဆောင်ဟွာရဲ့ သင်ကြားမှုတွေကို ဝေဖန် ပုတ်ခတ်ပြောဆိုမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့လို့ ကျော်ကိုကိုကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အိမ်ပြန်လွှတ်လိုက်တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

မင်းကိုနိုင် အင်္ဂလိပ်စာ အလွန်ညံ့ဖျင်းကြောင်း ဝေဖန်ခံနေရ

မင်းကိုနိုင် အင်္ဂလိပ်စာ အလွန်ညံ့ဖျင်းကြောင်း ဝေဖန်ခံနေရ
Thursday, 21 February 2013

နော်ဝေနိုင်ငံကချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ 
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်ဟာ နော်ဝေနိုင်ငံကို
ရောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အော်စလိုက ထရွန်ဟုမ်း
မြို့တော်ခန်းမမှာ The Role of students in Burma’s development ဆိုတဲ့ “ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကျောင်းသားများ၏အခန်းကဏ္ဍ”
ခေါင်းစဉ်နဲ့ အင်္ဂလိပ်လို ဟောပြောခဲ့ချိန်မှာ အင်္ဂလိပ်စာတစ်လုံးခြင်းအား ထစ်အ-ထစ်အဖြင့် စာရွက်ကြည့်ဖတ်နေပြီး အသံထွက်များ မှားယွင်းမှု
ကြောင့် ဟောပြောပွဲတက်ရောက်သူများသာမက အင်တာနက်ပေါ်မှ ကြည့်ရှုသူများပါ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သိရပါတယ်။

ဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ ကျောင်းသားတစ်ယောက်က
“ မင်းကိုနိုင် အနေဖြင့် ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာ အားနည်းမှန်းသိရင် အင်္ဂလိပ်လို မပြောသင့်ကြောင်း၊ မြန်မာလိုပြောပြီး စကားပြန်နဲ့
ပြောဆိုသင့်ကြောင်း ” ပြောကြားခဲ့ပြီး အခုတော့ ၈၈ ကျောင်းသားများ
ကိုယ်စား နိုင်ငံတကာမှာ အရှက်ကွဲခဲ့ရတယ်လို့ ဝေဖန်သွားပါတယ်။

နောက်ပြီး ဆွေးနွေးပွဲတက်ရောက်လာတဲ့ သူတွေက သိလိုတာတွေ
ပြန်လည်မေးမြန်းရာမှာ ဘာမှနားမလည်ဘဲ ဘာမှ ပြန်မဖြေနိုင်တဲ့
အတွက် တော်တော်အရုပ်ဆိုး အကျည်းတန်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်ဆောင်ဆန်းစုကြည်ကတော့ နိုင်ငံတကာ ဆုလက်ခံပွဲတွေနဲ့
တွေ့ဆုံဟောပြောပွဲတွေမှာ အင်္ဂလိပ်လို ကောင်းမွန်စွာပြောဆိုနိုင်တဲ့
အတွက် နိုင်ငံတကာက အားပေးချီးမြှောက်မှုတွေ၊ အထင်ကြီးမှုတွေ
ရရှိခဲ့တာဖြစ်ပြီး၊ မင်းကိုနိုင် လုပ်ရပ်အတွက်တော့ နိုင်ငံတကာကနေ ၈၈ ကျောင်းသားဟောင်းတွေကို အထင်သေးခံရမှုတွေ ဖြစ်လာမှာကိုတော့ စိုးရိမ်မိတယ်လို့ အဆိုပါ ကျောင်းသားမှ ဆက်လက်ပြောကြားသွားပါတယ်။

အမေ့အိမ်

Thursday, 21 February 2013

နော်ဝေနိုင်ငံကချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို လက်ခံရယူဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း
ဆောင် မင်းကိုနိုင်ဟာ နော်ဝေနိုင်ငံကို ရောက်ရှိနေပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အော်စလိုက ထရွန်
ဟုမ်း မြို့တော်ခန်းမမှာ The Role of students in Burma’s development ဆိုတဲ့ “ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကျောင်းသားများ၏အခန်းကဏ္ဍ” ခေါင်းစဉ်နဲ့ အင်္ဂလိပ်လို ဟောပြောခဲ့ချိန်မှာ အင်္ဂလိပ်စာတစ်လုံး
ခြင်းအား ထစ်အ-ထစ်အဖြင့် စာရွက်ကြည့်ဖတ်နေပြီး အသံထွက်များ မှားယွင်းမှု ကြောင့် ဟောပြောပွဲတက်
ရောက်သူများသာမက အင်တာနက်ပေါ်မှ ကြည့်ရှုသူများပါ အကြီးအကျယ် စိတ်ပျက်ခဲ့ရကြောင်း သိရပါ
တယ်။

ဧရာဝတီ ရွှေကျင်းများကြောင့် ကျေးရွာပျက်စီးမည်ကို ဒေသခံများ စိုးရိမ်

ဧရာဝတီ ရွှေကျင်းများကြောင့် ကျေးရွာပျက်စီးမည်ကို ဒေသခံများ စိုးရိမ်
Thursday, February 21, 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၁၄ မိုင်အကွာရှိ မြစ်ဆုံအောက် ဧရာဝတီမြစ် အာလာမ်ကျေးရွာ မြစ်ကမ်းပါးတွင် ရွှေကျင်စက်ကြီး
များဖြင့် နေ့ညမရွေး ရွှေတူးဖော်မှုကြောင့် ကမ်ပါးများ ပြိုကျကာ ရွာပျက်စီးသွားမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

“အိပ်မရတဲ့ ညပေါင်း မနည်းတော့ဘူး။ ခေါင်းရင်းနားလောက်မှာ
ရွှေတူးစက် မြည်သံ နှိပ်စက်တာက တကြောင်း၊ ဘိန်းစားတွေ ဘယ်အချိန် လာခိုးမလဲလို့ ကြောက်နေရတယ်။ ဒီလိုသာ ရွှေဆက်တူးဖော်နေမယ် ဆိုရင်တော့ ဒီနှစ်မိုးတွင်းမှာတော့ ငါတို့ရွာ ရေလွှမ်းတော့မှာဘဲလို့ အမြဲကြောက်နေရတယ်”ဟု အလာမ်ကျေးရွာသား ကိုဒွဲဒွဲ က ဆိုသည်။

အလာမ်ကျေးရွာ ပတ်လည်တွင် ရွှေတူးဖော်စက်များ စုစုပေါင်း ရွှေဆိုင်း ၃၀ ခန့် ရှိပြီး မြစ်ကြီးနားမှ မြစ်ဆုံအထိ ဧရာဝတီမြစ်ရိုးတလျှောက် ရွှေဆိုင်းပေါင်း ၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။

ထိုသို့ ရွှေကျင်မှုကြောင့် ဧရာဝတီမြစ် ပျက်စီးသည်သာမက လူမှုရေး
ပြသနာများနှင့် ရွှေဆိုင်းများ ရွှေစုရာတွင် အသုံးပြုသော ပြဒါးများ၏ အန္တရာယ်များကြောင့် မြစ်ရေကို အသုံးပြုရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ကျမတို့ ရွာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သူခိုးဆိုတာ လုံးဝမရှိဘူး။ အခုတော့ ဒီရွှေမှော်ကြောင့် ကျမတို့ရွာမှာ လူစုံရောက်ပြီး သူခိုးတွေ၊ ဘိန်းစားတွေ၊ ဖခင်မပေါ်တဲ့ ကလေးတွေ၊ အိမ်ထောင် ဖောက်ပြန်တဲ့ မိန်းမတွေလည်း ပိုများလာတယ်။ ပြီးတော့ အခုလို မြစ်ကမ်းဘေးမှာ စည်းကမ်းမဲ့ စက်ကြီး၊ စက်ငယ်တွေက အန္တရာယ်ရှိလှတဲ့ ပြဒါသား သုံးပြီး ရွှေကျင်နေတာကလည်း အခုအတွက်ရော၊ အနာဂတ်အတွက်ပါ တကယ်ကို စိုးရိမ်တယ်။ မြစ်ရေကိုတောင် မသုံးရဲ၊ မသောက်ရဲ
တော့ဘူး”ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

ထိုကဲ့သို့ ရွှေကျင်နိုင်ရန် အလာမ်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ရွှေဆိုင်း တဆိုင်းလျှင် ကျပ် ၅ သိန်း၊ ကျေးရွာဖွံ့ဖြိုးရေး ရံပုံငွေအတွက် ရွှေဆိုင်း တဆိုင်းလျှင် ကျပ် ၃ သိန်း၊ စုစုပေါင်း ကျပ် ၈ သိန်း ပေးရပြီး ရဲသားများနှင့် သစ်တောအရာရှိများကိုလည်း လာရောက်တောင်းခံတိုင်း ငွေပေး
ရကြောင်း ရွှေဆိုင်း ပိုင်ရှင်တဦးက ပြောပြသည်။

ဓာတ်ပုံ - MYANMAR. Myitkyina. Gold digger on the Aye-Yar-Waddy river. (Patrick Zachmann)

မဇ္ဈိမ

ဓာတ်ပုံ - MYANMAR. Myitkyina. Gold digger on the Aye-Yar-Waddy river. (Patrick Zachmann)
Thursday, February 21, 2013

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ ၁၄ မိုင်အကွာရှိ မြစ်ဆုံအောက် ဧရာဝတီမြစ် အာလာမ်ကျေးရွာ မြစ်ကမ်းပါးတွင် ရွှေကျင်စက်ကြီး
များဖြင့် နေ့ညမရွေး ရွှေတူးဖော်မှုကြောင့် ကမ်ပါးများ ပြိုကျကာ ရွာပျက်စီးသွားမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

အကူအညီ ပစ္စည်း များနှင့် အတူ နေမျိုးဇင်တို့ အဖွဲ့ လိုင်ဇာသို့ ဆိုက်ရောက်

အကူအညီ ပစ္စည်း များနှင့် အတူ နေမျိုးဇင်တို့ အဖွဲ့ လိုင်ဇာသို့ ဆိုက်ရောက် 

အဲာပိုန် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၊ ရွှေဟသာင်္ သတင်းဌာန။

ကချင် ဒုက္ခသည် များအား ကူညီရန် လာရောက်သည့် မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် အဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်သည့် အင်အား (၃၂) ဦးပါ အဖွဲ့တို့သည် ယနေ့ မွန်လွှဲ ၁ နာရီ အချိန်တွင် KIO လိုင်ဇာ ဗဟို ဌာနချုပ်သို့ ရောက်ရှိ လာပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါသည်။

“ဒီနေ့ (၁) နာရီ လောက်မှာ လိုင်ဇာ ဌာနချုပ်ကို သူတို့ အဖွဲ့ ရောက်ရှိ လာပါတယ်။ ဒုက္ခသည်တွေ ပေးဖို့ ပစ္စည်းတွေ ပါလာတယ် ဆိုတော့  ဂျေရ ဒုက္ခသည် စခန်းနဲ့ ခနွမ်ယန် ဒုက္ခသည် စခန်း ၂ ခု ကို လိုက်ပို့ ပေးနေ ပါတယ်” ဟု ဆိုပါသည်။

၎င်း အဖွဲ့သည် ယမာန်နေ့ ညနေ ၅ နာရီ အချိန်တွင် လိုင်ဇာ အနီးရှိ လဂျာယန် ဒေသ၊ လဝါယန် ကျေးရွာ KIA ဂိတ်စခန်းကို ရောက်ရှိကာ ထိုနေရာ၌ ညအိပ် ရပ်နားခဲ့ကာ ယနေ့မှပင် လိုင်ဇာသို့ ဆက်လက် ချီတက် လာကြခြင်း ဖြစ်သည်။

“ဒီနေ့ လိုင်ဇာဗဟို ဌာနချုပ်က လွှတ်လာပါ အမိန့် ရတော့ ကျနော်တို့ ဒီကနေ သွားခွင့် ပြုလိုက် ပါတယ်” ဟု ဂိတ်မှူး တစ်ဦးက ဆိုပါသည်။

၎င်းတို့နှင့် အတူ ပါလာည်သည့် အကူအညီ ပစ္စည်း များအား ဒုက္ခသည်ပေါင်း (၈၀၀၀) ခန့်ရှိသည့် ဂျေရ ဒုက္ခသည် စခန်းနှင့် ဒုက္ခသည်ပေါင်း (၂၀၀၀) ခန့်ရှိသည့် ခနွမ်ယန် ဒုက္ခသည် စခန်း ကိုလည်း သွားရောက်ကာ အကူ အညီ ပေးကြ ခြင်းလည်း ဖြစ်ကြောင်း KIO ဒုက္ခသည် စခန်းများ တာဝန်ခံ ဦးဒွဲပီဆာ ကပြောသည်။

ထိုအဖွဲ့ သည် ဇန္နာဝါရီလ ၂၁ ရက်နေ့မှ စပြီး ရန်ကုန်မြို့မှ ထွက်ခွာ လာပြီး မြင်ခြံ မြို့မှ စတင် လမ်းလျှောက် ချီတက် လာခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မန္တလေး မြို့သို့ ရောက်ရှိ လာပြီးနောက် ကိုနေမျိုးဇင် တို့အဖွဲ့သည် ဧရာဝတီမြစ် အရှေ့ဘက် ခြမ်း လမ်းကြောင်းမှ ကား (၂) စီးဖြင့် လိုင်ဇာသို့ ထွက်ခွာ လာခဲ့သည်။
ယနေ့ နံနက်ပိုင်း ၂ နာရီ ၁၅ မိနစ် အချိန်တွင် လိုင်ဇာမြို့သို့ ဝင်ရောက်ခွင့် ရရှိ သောကြောင့် ဆက်လက် ချီတက်လာရာ မွန်လွဲ ၁ နာရီအချိန်တွင် KIO လိုင်ဇာဗဟို ဌာနချုပ်သို့ ရောက်ရှိ လာခဲ့သည်။

အဲာပိုန် ဖေဖော်ဝါရီလ (၂၁) ရက်

ကချင် ဒုက္ခသည် များအား ကူညီရန် လာရောက်သည့် မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် အဖွဲ့မှ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဦးဆောင်သည့် အင်အား (၃၂) ဦးပါ အဖွဲ့တို့သည် ယနေ့ မွန်လွှဲ ၁ နာရီ အချိန်တွင် KIO လိုင်ဇာ ဗဟို ဌာနချုပ်သို့ ရောက်ရှိ လာပြီး ဖြစ်ကြောင်း ဒုက္ခသည် စခန်း တာဝန်ခံ ဦးဒွဲပီဆာ က ပြောပါသည်။

လူငယ်တွေကြားက လူငယ်တွေ အမည်ရှိ ဟောပြောပွဲ ကျင်းပမည်

"ဒီဟောပြောပွဲဟာ လူငယ်တွေ အတွက် အဓိက ရည်ရွယ်ခြင်း  ဖြစ်ပါတယ်.. လူငယ်တွေအများကြီးကြားမှာ ဘယ်လိုလူငယ်တွေက ခေတ်ကို ဘယ်လို ဖောက်ထွက်ခဲ့သလဲ.. နောင်အနာဂတ်မှာရော ဘယ်လူငယ်တွေက ဘယ်လို ဖောက်ထွက်ပြီး အောင်မြင်မလဲ.. အခုလက်ရှိ လူငယ်တွေကလည်း မိမိရောက်နေတဲ့ခေတ်မှာ ဘယ်လမ်းကနေ ဖောက်ထွက်မလဲ.."

အမှန်တကယ် အကျိုးရှိစေမှာ ဖြစ်တဲ့အတွက် လူငယ်တိုင်း လူငယ်တိုင်း လာရောက်ပေးဖို့ ဖိတ်ကြားလိုပါတယ်...

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရန်ကုန်ကွန်ပြူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တို့မှ ကျောင်းသား၊ကျောင်းသူများ ပူးပေါင်းစီစဉ်သည်။

(တော်ဝင်နှင်းဆီ စားသောက်ဆိုင်(Royal Rose Restaurant) ရဲ့အပေါ်ထပ်သီရိခန်းမမှာ ကျင်းပမှာဖြစ်ပါတယ်..ရွှေဂုံတိုင်လမ်းပေါ်မှာရှိပါတယ်..ရွှေဂုံတိုင်မှတ်တိုင် နဲ့ ဗာဒံပင်မှတ်တိုင် ၂ ခုကြားထဲမှာ တည်ရှိပါတယ်... )

‎"ဒီဟောပြောပွဲဟာ လူငယ်တွေ အတွက် အဓိက ရည်ရွယ်ခြင်း ဖြစ်ပါတယ်.. လူငယ်တွေအများကြီးကြားမှာ ဘယ်လိုလူငယ်တွေက ခေတ်ကို ဘယ်လို ဖောက်ထွက်ခဲ့သလဲ.. နောင်အနာဂတ်မှာရော ဘယ်လူငယ်တွေ
က ဘယ်လို ဖောက်ထွက်ပြီး အောင်မြင်မလဲ.. အခုလက်ရှိ လူငယ်တွေကလည်း မိမိရောက်နေတဲ့ခေတ်မှာ ဘယ်လမ်းကနေ ဖောက်ထွက်မလဲ..အမှန်တကယ်အကျိုးရှိစေမှာ ဖြစ်တဲ့အတွက်လူငယ်တိုင်းလူငယ်တိုင်း လာရောက်ပေးဖို့ ဖိတ်ကြားလိုပါတယ်...

ပိရိသေသပ်စွာ ကျူးလွန်ခဲ့သည့် ဘရပ်ဆဲလ် လေဆိပ်မှ ဒေါ်လာ သန်း ၅ဝ တန် စိန် ဓားပြမှုကြီး