Pages

Thursday, February 21, 2013

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အဆိုပြုအမည်စာရင်းများ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့

Thursday, February 21, 2013
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အဆိုပြု အမည်စာရင်းကို ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းဝေးသို့
ပေးပို့ထားကြောင်း သိရသည်။ အဆိုပါ အမည်စာရင်းကို နိုင်ငံတော် သမ္မတကသုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကသုံးဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကသုံးဦး အသီးသီးရွေးချယ် ပေးပို့ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက ရွေးချယ်သည့်သုံးဦးမှာ ဦးမြင့်ဝင်း (အငြိမ်းစား ဒုညွန်ချုပ်ရှေ့နေချုပ်ရုံး)၊ ဦးသန်းကျော် (နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ဝင်)၊ ဒေါ်လှမျိုးနွယ် (ဒုညွန်ချုပ် နိုင်ငံခြားရေးဝန်ကြီးဌာန) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်သူများမှာ
ဦးမြသိန်း ( အငြိမ်းစားညွန်ချုပ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဦးမြသိန်း (တရားလွတ်တော် ရှေ့နေ)၊ ဦးမြင့်လွင်(တရားလွတ်တော်ရှေ့နေ) တို့ဖြစ်ကြသည်။ 
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဦးတင်မြင့် (အငြိမ်းစားညွန်ချုပ် ရှေ့နေချုပ်ရုံး)၊ ဒေါ်ကျင်စန်း (အငြိမ်းစားဒုညွန်ချုပ် ရှေ့နေချုပ်ရုံး)၊ ဦးမျိုးချစ်(အငြိမ်းစားညွန်ကြားရေးမှူး ရှေ့နေချုပ်ရုံး)တို့ကို
ရွေးချယ်ထားသည်။

အဆိုပါပုဂ္ဂိုလ်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ သတ်မှတ်ထားသော အရည်အချင်းများဖြင့် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ကြောင်း ညွှန်ကြားထားသည်။

RND: 21.2.2013
Eleven Media Group

0 comments:

Post a Comment