Pages

Thursday, February 21, 2013

၂၀၁၂ နောက်ပိုင်း တရုတ်လုပ်သားများသာ အသုံးပြုလာသည့် မဒေးကျွန်းစီမံကိန်း

၂၀၁၂ နောက်ပိုင်း တရုတ်လုပ်သားများသာ အသုံးပြုလာသည့် မဒေးကျွန်းစီမံကိန်း


ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင်တည်ရှိသည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ကနဦးက ဒေသခံအလုပ်သမားများကိုသာ ဦးစားပေးအလုပ်သွင်းမည်ဟု ဆိုခဲ့သော်လည်း လက်ရှိတွင်တရုတ်လူမျိုးများကိုသာ အလုပ်သွင်းနေကြောင်း
သိရသည်။

“အစတော့ တရုတ်တွေက ပြောတာပေါ့။ ဒေသခံ အလုပ်သမားတွေကိုပဲ ဦးစားပေမယ်ဆိုပြီး နောက်ပိုင်းတော့ သူတို့လူမျိုးတွေကိုပဲ ရဟတ်ယာဉ်နဲ့
ခေါ်လာပြီး အလုပ်ပေးတယ်။ ပထမတော့ တစ်ဆယ်၊ နှစ်ဆယ် အဲလိုမျိုး
ခေါ်လာတာ နောက်ပိုင်း တရုတ် အလုပ်သမားတွေ ထောင်ကျော် သွားပြီ”ဟု
ကျောက်ဖြူမြို့ မှ မဒေးကျွန်းတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

အဆိုပါစီမံကိန်းမှာ အရှေ့အလယ်ပိုင်းမှ သယ်ယူလာသည့် ရေနံများအတွက် သိုလှောင်တိုင်ကီများနှင့် ရေနံပိုက်လိုင်းတို့ တည်ဆောက်နေသည့် စီမံကိန်း
တစ်ခုဖြစ်သည်။

လုပ်ငန်းအစတွင် ဒေသခံများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးထားသော်လည်း ၂၀၁၂ခုနှစ် နောက်ပိုင်းမှစပြီး တရုတ်လူမျိုးများကိုသာ ဦးစားပေး အလုပ်ခန့်ထားလာကြောင်း သိရသည်။

“သူတို့က ဒေသခံတွေ ဦးစားမပေးတာ မကဘူး။ အလုပ်သမားတွေရဲ့ ထိခိုက်နစ်နာမှုတွေ ကိုလည်း မပေးဘူး။ သူတို့ရဲ့ ထိပ်ပိုင်းဆိုင်ရာတွေမှာ စာချုပ်တွေ ကတိတွေ ရှိပေမယ့် တကယ့် အောက်ခြေမှာတော့ မရှိဘူး။ အလုပ်သမားတွေဟာ ဖြစ်သလိုနေရတယ်။ တရုတ် အလုပ်သမားတွေ တန်းလျားကျတော့ ရေ၊ မီးအစုံပါပြီး ဒေသခံအလုပ်သမားတွေကျတော့ ဘာမှမရှိဘူး။ တဲထိုးပြီး နေရတာ တွေ့ရတယ်’’ ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ဆိုသည်။

မဒေးကျွန်းရှိ တရုတ်အလုပ်သမား အရေအတွက်ကို အတိအကျသိနိုင်ရန်
ခက်ခဲသော်လည်း ဒေသခံတို့၏ အဆိုအရ သုံးထောင်ကျော်ရှိသည်ဟု သိရပြီး ဒေသခံတို့အား အလုပ်အကိုင် ခန့်အပ်မှုမှာရာခိုင်နှုန်းအားဖြင့် ဆယ်ရာခိုင်နှုန်းပင် မရှိဟု သိရသည်။

မဒေးကျွန်းစီမံကိန်းလုပ်ငန်းအတွင်း အဆောက်အဦးအကြမ်းထည်များ၊ လမ်းခင်းခြင်း၊ တောင်ဖြိုခြင်း၊ မှိုင်းခွဲခြင်း စသည့် လုပ်ငန်းတို့တွင်ဒေသခံနှင့် လုပ်ကိုင်နေသော်လည်း ဒေသခံအလုပ်သမားတစ်ဦး၏ လစာမှာအမျိုးအစား
အလိုက် ပျှမ်းမျှ တစ်လလျှင် ကျပ် ၇သောင်းမှ ၉ သောင်း သာ ရရှိကြောင်း
ကိုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် တရုတ်ပြည်၏စီးပွားရေးရင်းနှီးမြုပ်နှံမှုလုပ်ငန်းများသည်
ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မဒေးကျွန်း ရေနက်
ဆိပ်ကမ်းစီမံကိန်း၊ စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေးချောင်း ရေအား
လျှပ်စစ်စီမံကိန်း ၊ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူကူမင်း
ရထား လမ်းစီမံကိန်း၊ ကျောက်ဖြူစီးပွားရေး စီမံကိန်းအထူးဇုန်၊ ရသေ့တောင် အငူမော်သတ္တုရှာဖွေရေး လုပ်ငန်းတို့ အနက် မဒေးကျွန်းစီမံကိန်းမှာ အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်သည်။

ရခိုင်ဒေသမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့များအား ယခုနှစ်
အတွင်း တရုတ်ပြည်သို့ ပိုက်လိုင်းများမှတဆင့် အစမ်းပို့လွှတ်သွားမည်ဖြစ်
ကြောင်းကိုလည်း သိရသည်။

ရခိုင်ပြည်နယ်၌ရင်းနှီးမြုပ်နှံထားကြသည့် နိုင်ငံများမှာတရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ ကိုရီးယာနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

အေးချမ်းမွန်(အဲဆာန်မန်) မှ Myit Makha Mediagroup  တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်

ကျာက်ဖြူမြို့နယ် မဒေးကျွန်းတွင်တည်ရှိသည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ကနဦးက ဒေသခံအလုပ်သမားများကိုသာ ဦးစားပေးအလုပ်သွင်းမည်ဟု ဆိုခဲ့သော်လည်း လက်ရှိတွင်တရုတ်လူမျိုးများကိုသာ အလုပ်သွင်းနေကြောင်း
သိရသည်။
“အစတော့ တရုတ်တွေက ပြောတာပေါ့။ ဒေသခံ အလုပ်သမားတွေကိုပဲ ဦးစားပေမယ်ဆိုပြီး နောက်ပိုင်းတော့ သူတို့လူမျိုးတွေကိုပဲ ရဟတ်ယာဉ်နဲ့ ခေါ်လာပြီး အလုပ်ပေးတယ်။ ပထမတော့ တစ်ဆယ်၊ နှစ်ဆယ် အဲလိုမျိုး ခေါ်လာတာ နောက်ပိုင်း တရုတ် အလုပ်သမားတွေ ထောင်ကျော် သွားပြီ”ဟု ကျောက်ဖြူမြို့ မှ မဒေးကျွန်းတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

အဆိုပါစီမံကိန်းမှာ အရှေ့အလယ်ပိုင်းမှ သယ်ယူလာသည့် ရေနံများအတွက် သိုလှောင်တိုင်ကီများနှင့် ရေနံပိုက်လိုင်းတို့ တည်ဆောက်နေသည့် စီမံကိန်း တစ်ခုဖြစ်သည်။

လုပ်ငန်းအစတွင် ဒေသခံများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပေးထားသော်လည်း ၂၀၁၂ခုနှစ် နောက်ပိုင်းမှစပြီး တရုတ်လူမျိုးများကိုသာ ဦးစားပေး အလုပ်ခန့်ထားလာကြောင်း သိရသည်။

“သူတို့က ဒေသခံတွေ ဦးစားမပေးတာ မကဘူး။ အလုပ်သမားတွေရဲ့ ထိခိုက်နစ်နာမှုတွေ ကိုလည်း မပေးဘူး။ သူတို့ရဲ့ ထိပ်ပိုင်းဆိုင်ရာတွေမှာ စာချုပ်တွေ ကတိတွေ ရှိပေမယ့် တကယ့် အောက်ခြေမှာတော့ မရှိဘူး။ အလုပ်သမားတွေဟာ ဖြစ်သလိုနေရတယ်။ တရုတ် အလုပ်သမားတွေ တန်းလျားကျတော့ ရေ၊ မီးအစုံပါပြီး ဒေသခံအလုပ်သမားတွေကျတော့ ဘာမှမရှိဘူး။ တဲထိုးပြီး နေရတာ တွေ့ရတယ်’’ ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ဆိုသည်။

မဒေးကျွန်းရှိ တရုတ်အလုပ်သမား အရေအတွက်ကို အတိအကျသိနိုင်ရန်
ခက်ခဲသော်လည်း ဒေသခံတို့၏ အဆိုအရ သုံးထောင်ကျော်ရှိသည်ဟု သိရပြီး ဒေသခံတို့အား အလုပ်အကိုင် ခန့်အပ်မှုမှာရာခိုင်နှုန်းအားဖြင့် ဆယ်ရာခိုင်နှုန်းပင် မရှိဟု သိရသည်။

မဒေးကျွန်းစီမံကိန်းလုပ်ငန်းအတွင်း အဆောက်အဦးအကြမ်းထည်များ၊ လမ်းခင်းခြင်း၊ တောင်ဖြိုခြင်း၊ မှိုင်းခွဲခြင်း စသည့် လုပ်ငန်းတို့တွင်ဒေသခံနှင့် လုပ်ကိုင်နေသော်လည်း ဒေသခံအလုပ်သမားတစ်ဦး၏ လစာမှာအမျိုးအစား အလိုက် ပျှမ်းမျှ တစ်လလျှင် ကျပ် ၇သောင်းမှ ၉ သောင်း သာ ရရှိကြောင်း
ကိုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် တရုတ်ပြည်၏စီးပွားရေးရင်းနှီးမြုပ်နှံမှုလုပ်ငန်းများသည် ကျောက်ဖြူ ရွှေသဘာဝ
ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မဒေးကျွန်း ရေနက် ဆိပ်ကမ်းစီမံကိန်း၊ စိုင်းဒင်ရေအားလျှပ်စစ်စီမံကိန်း၊ သူဌေးချောင်း ရေအား လျှပ်စစ်စီမံကိန်း ၊ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူကူမင်း
ရထား လမ်းစီမံကိန်း၊ ကျောက်ဖြူစီးပွားရေး စီမံကိန်းအထူးဇုန်၊ ရသေ့တောင် အငူမော်သတ္တုရှာဖွေရေး လုပ်ငန်းတို့ အနက် မဒေးကျွန်းစီမံကိန်းမှာ အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်သည်။

ရခိုင်ဒေသမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့များအား ယခုနှစ် အတွင်း တရုတ်ပြည်သို့ ပိုက်လိုင်း
များမှတဆင့် အစမ်းပို့လွှတ်သွားမည်ဖြစ် ကြောင်းကိုလည်း သိရသည်။

ရခိုင်ပြည်နယ်၌ရင်းနှီးမြုပ်နှံထားကြသည့် နိုင်ငံများမှာတရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ ကိုရီးယာနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

RND: 21.2.2013
Myit Makha Mediagroup

0 comments:

Post a Comment