Pages

Thursday, February 21, 2013

နှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ ကျင်းပကြ

နောက်ဆုံးရေးသားချိန် 21 February 2013, 11:34 AEST
မြန်မာနိုင်ငံမှာ  နှစ် ၃၀ ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ အပစ်အခတ်ရပ်စဲရေး  သဘောတူညီချက် ၂၇ ချက်ထဲက  တစ်ချက်ကြောင့် ခုလို တရားဝင် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌါန အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း ပါမောက္ခ ဒေါက်တာ စီထန်ဇထွင်း( C Thang Za Tuan)က ချင်းအမျိုးသားနေ့ ကျင်းပရခွင့်ရခြင်းဟာဒီမိုကရေစီ ရဲ့ခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။

"အဲဒါက ပ ထ မ ခြေလှမ်းပါပဲ။ ဘာလို့လဲဆိုတဲ့အခါ ကျတော့ ကျွန်တော်တို့ကနောက်ဆုံး ချင်းအမျိုးသားနေ့အသွင်နဲ့ ကျင်းပခဲ့တာ ၁၉၉၈ ခုပေါ့လေ။ ရွှေရတု သဘင်နှစ်က ကျင်းပနိုင်ခဲ့တယ်။ အဲနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ကြရတယ်။ တက္ကသိုလ်ကနေ ကျင်းပခဲ့အခါ ကျတော့လေ တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲလို့ အဲလိုပဲ နာမည်တပ်ပြီး ကျင်းပခဲ့ရတာဖြစ်တယ်။ အခု ဒီမှာ လွတ်လွတ်လပ်လပ်နဲ့ ကျင်းပခွင့်ရတာဟာ ကျွန်တော်တို့ ဒီမိုကရေစီ
လမ်းကြောင်းရဲ့ ခြေလှမ်းဖြစ်ပါတယ်လို့ကျွန်တော်ခံယူပါတယ်။"
ဆက်လက်ပြီး C Thang Za Tuan က ချင်းပြည်နယ်မှာလမ်းပမ်းဆက်သွယ်ရေးက အဓိကအနေနဲ့ အနိမ့်ကျဆုံးဖြစ်နေတဲ့အတွက် အဲဒီကိစ္စကို ဆောင်ရွက်ဖို့လိုပြီး ပြန်ကြားရေး၊ စီးပွါးရေးနဲ့ ပညာရေးဖက်မှာလည်း နိမ့်ကျမှုတွေ ရှိနေတဲ့အတွက် တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ 
အရင်နှစ်တွေက ချင်းအမျိုးသားနေ့ကို ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ရောက်တိုင်း တက္ကသိုလ်တွေမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအသွင်နဲ့ ခိုးကြောင်ခိုးဝှက် ကျင်းပခဲ့ရတယ်လို့ အမျိုးသားနေ့ ကျင်းပရေးကော်မတီဒုဥက္ကဌ မိုင်ဘက်တီက ပြောပါတယ်။
"ကျွန်မတို့ အရမ်းဂုဏ်ယူတယ်။ဂုဏ်ယူတယ်ဆိုတဲ့စကားထက် မပြောတတ်ဘူး။ကျွန်မတို့ နှစ်
တိုင်းလုပ်နေတာကတော့ချင်းအမျိုးသားနေ့ဆိုပြီးတော့ ကျောင်းသားတွေကလုပ်ကြတယ်။ ဒါပေမယ့်တရားမ၀င်ဘူးပေါ့။ ကျွန်မတို့က ထိတ်ထိတ်လန့်ခန့်နဲ့လုပ်နေရတယ်။ ဘယ်အချိန်မှာ ရပ်ကွက်လာမလဲဆိုတဲ့စိုးရိမ်မှုတွေနဲ့။ အခုတော့ တရားဝင်လုပ်ခွင့်ရပြီဆိုတော့ လူရှေ့သူရှေ့မှာ လက်မထောင်လို့ ရပြီ"

ရန်ကုန်အခြေစိုက် ချင်းအမျိုးသားပါတီကတော့ အမျိုးသားနေ့ကို တရားဝင်ကျင်းပခွင့်ပေးရုံနဲ့ မလုံလောက်ပဲ ချင်းပြည်နယ်အတွင်းမှာ အစိုးရရုံး ပိတ်ရက်တစ်ရက် အနေနဲ့လည်း သတ်မှတ်ပေးဖို့  ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားတဲ့အကြောင်း သိရပါ၏။

21 February 2013, 11:34

မြန်မာနိုင်ငံမှာ နှစ် ၃၀ ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ၂၇ ချက်ထဲက တစ်ချက်ကြောင့် ခုလို တရားဝင် ကျင်းပခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌါန အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးချုပ်ဟောင်း ပါမောက္ခ ဒေါက်တာ စီထန်ဇထွင်း( C Thang Za Tuan)က ချင်းအမျိုးသားနေ့ ကျင်းပရခွင့်ရခြင်းဟာဒီမိုကရေစီ ရဲ့ခြေလှမ်းဖြစ်တယ်လို့ ပြောပါတယ်။

နေပြည်တော်ရှိ MICC ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ညစာစားပွဲမှာတွေ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (20-2-2013)

Burmese democracy leader aung san suu kyi at the 65th anniversary of chin national day dinner in MICC hall at Nay Pyi Taw tonight (20-2-2013)- Photo- chin world
နေပြည်တော်ရှိ MICC ခန်းမမှာ ကျင်းပပြုလုပ်တဲ့ ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ညစာစားပွဲမှာတွေ့ရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (20-2-2013)
အဲဒါက ပ ထ မ ခြေလှမ်းပါပဲ။ ဘာလို့လဲဆိုတဲ့အခါ ကျတော့ ကျွန်တော်တို့ကနောက်ဆုံး ချင်းအမျိုးသားနေ့အသွင်နဲ့ ကျင်းပခဲ့တာ ၁၉၉၈ ခုပေါ့လေ။ ရွှေရတု သဘင်နှစ်က ကျင်းပနိုင်ခဲ့တယ်။ အဲနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ကြရတယ်။ 

တက္ကသိုလ်ကနေ ကျင်းပခဲ့အခါ ကျတော့လေ တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲလို့ အဲလိုပဲ နာမည်တပ်ပြီး ကျင်းပခဲ့ရတာဖြစ်တယ်။ အခု ဒီမှာ လွတ်လွတ်လပ်လပ်နဲ့ ကျင်းပခွင့်ရတာဟာ ကျွန်တော်တို့ ဒီမိုကရေစီ
လမ်းကြောင်းရဲ့ ခြေလှမ်းဖြစ်ပါတယ်လို့ကျွန်တော်ခံယူပါတယ်။"

ဆက်လက်ပြီး C Thang Za Tuan က ချင်းပြည်နယ်မှာလမ်းပမ်းဆက်သွယ်ရေးက အဓိကအနေနဲ့ အနိမ့်ကျဆုံးဖြစ်နေတဲ့အတွက် အဲဒီကိစ္စကို ဆောင်ရွက်ဖို့လိုပြီး ပြန်ကြားရေး၊ စီးပွါးရေးနဲ့ ပညာရေးဖက်မှာလည်း နိမ့်ကျမှုတွေ ရှိနေတဲ့အတွက် တိုးတက်အောင်လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ 

အရင်နှစ်တွေက ချင်းအမျိုးသားနေ့ကို ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ရောက်တိုင်း တက္ကသိုလ်တွေမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအသွင်နဲ့ ခိုးကြောင်ခိုးဝှက် ကျင်းပခဲ့ရတယ်လို့ အမျိုးသားနေ့ ကျင်းပရေးကော်မတီဒုဥက္ကဌ မိုင်ဘက်တီက ပြောပါတယ်။

"ကျွန်မတို့ အရမ်းဂုဏ်ယူတယ်။ဂုဏ်ယူတယ်ဆိုတဲ့စကားထက် မပြောတတ်ဘူး။ကျွန်မတို့ နှစ်
တိုင်းလုပ်နေတာကတော့ချင်းအမျိုးသားနေ့ဆိုပြီးတော့ ကျောင်းသားတွေကလုပ်ကြတယ်။ ဒါပေမယ့်တရားမ၀င်ဘူးပေါ့။ ကျွန်မတို့က ထိတ်ထိတ်လန့်ခန့်နဲ့လုပ်နေရတယ်။ ဘယ်အချိန်မှာ ရပ်ကွက်လာမလဲဆိုတဲ့စိုးရိမ်မှုတွေနဲ့။ အခုတော့ တရားဝင်လုပ်ခွင့်ရပြီဆိုတော့ လူရှေ့သူရှေ့မှာ လက်မထောင်လို့ ရပြီ"

ရန်ကုန်အခြေစိုက် ချင်းအမျိုးသားပါတီကတော့ အမျိုးသားနေ့ကို တရားဝင်ကျင်းပခွင့်ပေးရုံနဲ့ မလုံလောက်ပဲ ချင်းပြည်နယ်အတွင်းမှာ အစိုးရရုံး ပိတ်ရက်တစ်ရက် အနေနဲ့လည်း သတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းထားတဲ့အကြောင်း သိရပါ၏။
Photo

ကြည်နှုးစရာ အလွန်ပဲ ကောင်းတဲ့ ပုံလေးပါ... အမေဟာ တိုင်းရင်းသားတွေနဲ့ အမြဲ တစ်သွေးတစ်သားတည်း ရှိနေခဲ့တယ်... ကိုကြီးဘန်နီ ရဲ့ဓါတ်ပုံပါ... ကိုကြီးဘန် ရဲ့ ဝေါမှာ ပုံက Friends ဖြစ်နေလို့ ကျတော့်  Friends တွေ မြင်ရအောင် ဆွဲပြီး မချလာခဲ့ပါတယ်... မင်္ဂလာရှိသော မနက်ခင်းဖြစ်ပါစေ...

၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ ( ၂၀-၂-၂၀၁၃ ၊ နေပြည်တော် )

0 comments:

Post a Comment