Pages

Thursday, February 21, 2013

ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားကြီးတို့ထံတွင် လျှပ်စစ်မီး လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခ အဖြစ် ငွေများကောက်ခံနေ

-----------------------------------------------
ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားတို့ထံတွင် လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ငွေများကောက်ခံနေ ကြောင်းသတင်းရရှိသည်။
ထိုသို့ မီးခများလာရောက်ကောက်ခံသူမှာ ဆည်ထိန်းသိမ်းရေးတာဝန်ခံ ဖြစ်သူ ဦးအောင်မိုး မှာ ငွေတစ်သောင်းကျပ်စီပေးသွင်းရမည်ဖြစ်ကြောင်းနှင့် မပေးပါက မီးများကိုဖြတ်တောက်ပစ်မည်ဟုပြောဆို ကြောင်းသိရသည်။
အဆိုပါ ဦးအောင်မိုးသည် ရခိုင်လူမျိုးမဟုတ်ဘဲ ထိုဒေသတွင် အိမ်ထောင်ကျနေသူတစ်ဦးသာဖြစ်ကြောင်းလည်း သိရသည်။ ဦးအောင်မိုးအနေဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် မဟာမြတ်မုနိဘုရားကြီးတွင် လျှပ်စစ်မီးပေးထားခြင်းအား ဖြတ်တောက်မည်ပြောဆိုခြင်းအပေါ်ဒေသခံများက မကျေမနပ်ဖြစ်နေကြကြောင်းလည်းသိရသည်။ 
ဇီးချောင်းဆည်မှ ရေအားလျှပ်စစ်အား ယခင် တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်စဉ်ကပင် ထိုသို့ ဘုန်း တော်ကြီးကျောင်းများနှင့် မဟာမြတ်မုနိဘုရားကြီးအား လျှပ်စစ်မီးပေးလှူခဲ့ခြင်းဖြစ်သည့်အတွက် ယခုခါတွင် ထိုသို့လာရောက်ငွေတောင်းခံခြင်းဖြစ်ကြောင်းလည်းသိရသည်။ 
ထို့အပြင် ငွေမပေးလျင် လျှပ်စစ်မီးဖြတ်တောက်ပစ်မည်ဟု ဘုန်းတော်ကြီးများကိုပြောဆိုကြောင်းလည်းသိရ သည်။ ဦးအောင်မိုးသည် ယခုခါတွင် ၀င်ငွေနည်းနေသည့်အတွက် ထိုသို့ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုပါသည်။ 
ယခုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မဖြစ်မနေတားဆီးရန်လိုအပ်ကြောင်းနှင့် ဘုန်း တော်ကြီးကျောင်းများကိုပင် အလွတ်မပေးသော ဦးအောင်မိုးအား ရာထူးမှ ချက်ချင်းထုတ်ပယ်ရန်လည်း အလို ရှိကြောင်း ဒေသခံများကပြောဆိုကြပါသည်။ 
ငွေတောင်းရန် လာရောက်ပြောဆိုခံရသော ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းရှိကြောင်းလည်းသိရှိရပါသည်။ 

from; RSV

ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်မှ ထွက်သော ရေအားလျှပ်စစ်အား ဘုန်းတော်ကြီးကျောင်းများနှင့်မဟာမြတ်မုနိဘုရားတို့ထံတွင် လှူဒါန်းထားခြင်းပေါ် ယခုအခါတွင် လျှပ်စစ်မီးသုံးစွဲခအဖြစ် ငွေများကောက်ခံနေ ကြောင်းသတင်းရရှိသည်။ထိုသို့ မီးခများလာရောက်ကောက်ခံသူမှာ ဆည်ထိန်းသိမ်းရေးတာဝန်ခံ ဖြစ်သူ ဦးအောင်မိုး မှာ ငွေတစ်သောင်းကျပ်စီပေးသွင်းရမည်ဖြစ်ကြောင်းနှင့် မပေးပါက မီးများကိုဖြတ်တောက်ပစ်မည်ဟုပြောဆို ကြောင်းသိရသည်။

အဆိုပါ ဦးအောင်မိုးသည် ရခိုင်လူမျိုးမဟုတ်ဘဲ ထိုဒေသတွင် အိမ်ထောင်ကျနေသူတစ်ဦးသာဖြစ်ကြောင်းလည်း သိရသည်။ ဦးအောင်မိုးအနေဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် မဟာမြတ်မုနိဘုရားကြီးတွင် လျှပ်စစ်မီးပေးထားခြင်းအား ဖြတ်တောက်မည်ပြောဆိုခြင်းအပေါ်ဒေသခံများက မကျေမနပ်ဖြစ်နေကြကြောင်းလည်းသိရသည်။ 

ဇီးချောင်းဆည်မှ ရေအားလျှပ်စစ်အား ယခင် တည်ဆောက်ရေးလုပ်ငန်းများလုပ်ဆောင်စဉ်ကပင် ထိုသို့ ဘုန်း တော်ကြီးကျောင်းများနှင့် မဟာမြတ်မုနိဘုရားကြီးအား လျှပ်စစ်မီးပေးလှူခဲ့ခြင်းဖြစ်သည့်အတွက် ယခုခါတွင် ထိုသို့လာရောက်ငွေတောင်းခံခြင်းဖြစ်ကြောင်းလည်းသိရသည်။ 

ထို့အပြင် ငွေမပေးလျင် လျှပ်စစ်မီးဖြတ်တောက်ပစ်မည်ဟု ဘုန်းတော်ကြီးများကိုပြောဆိုကြောင်းလည်းသိရ သည်။ ဦးအောင်မိုးသည် ယခုခါတွင် ၀င်ငွေနည်းနေသည့်အတွက် ထိုသို့ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုပါသည်။ 

ယခုကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မဖြစ်မနေတားဆီးရန်လိုအပ်ကြောင်းနှင့် ဘုန်း တော်ကြီးကျောင်းများကိုပင် အလွတ်မပေးသော ဦးအောင်မိုးအား ရာထူးမှ ချက်ချင်းထုတ်ပယ်ရန်လည်း အလို ရှိကြောင်း ဒေသခံများကပြောဆိုကြပါသည်။ 

ငွေတောင်းရန် လာရောက်ပြောဆိုခံရသော ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းရှိကြောင်းလည်းသိရှိရပါသည်။

RSV News:
RND:21.2.2013

0 comments:

Post a Comment