Pages

Thursday, February 21, 2013

ထောက်ကြန့်မြို့ ပိုက်လုံးတန်း ပျံကျဈေးကို သက်ဆိုင်ရာက ပြောင်းရွှေ့ရန် ညွှန်ကြားရာ ဈေးသူဈေးသားများမှ ဆက်လက်ရောင်းချခွင့်ရရေး လိုလား

ထောက်ကြန့်မြို့ ပိုက်လုံးတန်း ပျံကျဈေးကို သက်ဆိုင်ရာက ပြောင်းရွှေ့ရန် ညွှန်ကြားရာ ဈေးသူဈေးသားများမှ ဆက်လက်ရောင်းချခွင့်ရရေး လိုလား
Thursday, February 21, 2013

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ ရတနာဈေးအနီးရှိ ပိုက်လုံးတန်း ပျံကျဈေးနေရာကို သက်ဆိုင်ရာမှ ပြောင်းရွှေ့ရန် ညွှန်ကြားလာခြင်းအပေါ် ဈေးသူဈေးသားများက မူလနေရာတွင်သာ ဆက်လက်ရောင်းချလိုကြောင်း ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ ပါတီသစ်တွင် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီက စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ပိုက်လုံးတန်း ပျံကျဈေးသူဈေးသား ၉၁ ဦးက 
၂၀၀၄ ခုနှစ်မှစ၍ ယခုနေရာတွင် ရောင်းချလာခဲ့ကြကြောင်း၊ ဈေးများ
ဌာန၏ သတ်မှတ်အခွန်အခများကိုလည်း မပျက်မကွက် ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှစ၍ ကန်ထရိုက်စနစ်ဖြင့်
ဈေးကောက်ကောက်ခံသည့် အခါတွင်လည်း မပျက်မကွက်ပေးသွင်း
ခဲ့ပြီး ဈေးဝင်းအတွင်း သန့်ရှင်းရေးကိုလည်း ကိုယ်ထူကိုယ်ထ
ဆောင်ရွက်ခဲ့ကြကြောင်း၊ ဈေးပြင်ပသို့ထွက်၍ စည်းကမ်းမဲ့ရောင်းချခြင်း
ကိုလည်း မပြုလုပ်ခဲ့ကြောင်း အဆိုပါဈးသည်များက ပြောခဲ့ကြသည်။

အဆိုပါဈေးတွင် လက်ရှိရောင်းချနေသော ဦးထင်ကျော်က 
"ကျွန်တော်တို့က ၂၀၀၄ ခုနှစ် ဈေးစတည်ကတည်းက ရောင်းချ
ခဲ့တာပါ။ ကျွန်တော်တို့ကို ယာဉ်လမ်းကြောင်းပိတ်လို့၊ ပျံကျဈေးဖြစ်လို့ ဂျိုးဖြူရေပိုက်လုံးကြီးနဲ့ မလွတ်လို့ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ 
ခုလို ဖယ်ရှားခိုင်းတာပါ" ဟု ပြောသည်။

အဆိုပါ ပြောင်းရွေ့ရန် စေခိုင်းမှုကို ကူညီဖြေရှင်းပေးပါရန် ဈေးသူ
ဈေးသားများက ယခုဖေဖော်ဝါရီ ပထမပတ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံ လိပ်မူ၍ တင်ပြအကူအညီတောင်းခံ
ထားကြောင်း သိရသည်။

ထိုနေ့က တက်ရောက်လာသူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် 
အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်က "ဒီလိုတိုင်ကြားမှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်၊ ဈေးများ
ဌာနမှူးကို ဒီနေ့သွားရောက်တွေ့တော့ ဌာနမှူးက ဥပဒေအရ
ဆောင်ရွက်တာပါလို့ ပြောတယ်။ ဒီလို ဥပဒေအရ လုပ်တာပါဆိုရင်
လည်း ပြည်သူတွေရဲ့ နစ်နာမှုတွေကို အလေးထားဖို့ လိုလာပါပြီ။ ဒီကုန်စိမ်းဈေးလေး ရွှေ့ပြောင်းခိုင်းတာနဲ့ ပတ်သက်ပြီး  မခင်ခင်ဝင်းဆိုတဲ့ ချဉ်ပေါင်ရွက်ရောင်းတဲ့ အမျိုးသမီးဟာ အဆိပ်သောက် အဆုံးစီရင်မှု
ပြုလုပ်ခဲ့တယ်။ အသက်အန္တရာယ် စိုးရိမ်ရလုနီးပါး ဖြစ်ခဲ့တော့ နောင်ကို ဒီလိုဖြစ်ရပ်တွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး" ဟု ပြောကြားသွားသည်။

အဆိုပါ ပိုက်လုံးတန်း ပျံကျဈေးသည်များကို ဖေဖော်ဝါရီ ၂၁ ရက် 
ညနေ ၆ နာရီ နောက်ဆုံးထား၍ စည်ပင်သာယာမှ သတ်မှတ်ထားသော
ထောက်ကြန့်မြို့စွန်ရှိ ကျောက်တိုင်ဈေးသို့ ပြောင်းရွှေ့ရန် ဖေဖော်ဝါရီ 
၁၈ ရက်က မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်
ပြုလုပ်သော အစည်းအဝေး ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိရောင်းချနေသည့် ပိုက်လုံးတန်း ပျံကျဈေးတွင် ဆိုင်ခန်းပေါင်း ၂၃၇ ခန်းရှိပြီး ဈေးသည်ဦးရေ ၄၀၀ ကျော်ခန့် မှီတင်းရောင်းချလျက် ရှိသည်။

ယခု ပြောင်းရွှေ့ခွင့်ပြုခဲ့သော ဈေးနေရာသစ်မှာ ယခင်က ပန်းခြံတစ်ခုဖြစ်ခဲ့ပြီး လူနေရပ်ကွက်များနှင့် ဝေးကွာကြောင်း သိရသည်။ 

ဓာတ်ပုံ - ပိုက်လုံးတန်း ဈေးသူဈေးသားများမှ ရှင်းလင်းပြောကြားနေစဉ်

Eleven Media Group
ဓာတ်ပုံ - ပိုက်လုံးတန်း ဈေးသူဈေးသားများမှ ရှင်းလင်းပြောကြားနေစဉ်
Thursday, February 21, 2013

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ ရတနာဈေးအနီးရှိ ပိုက်လုံးတန်း ပျံကျဈေးနေရာကို သက်ဆိုင်ရာမှ ပြောင်းရွှေ့ရန် ညွှန်ကြားလာခြင်းအပေါ် ဈေးသူဈေးသားများက မူလနေရာတွင်သာ ဆက်လက်ရောင်းချလိုကြောင်း ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ ပါတီသစ်တွင် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီက စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ပိုက်လုံးတန်း ပျံကျဈေးသူဈေးသား ၉၁ ဦးက ၂၀၀၄ ခုနှစ်မှစ၍ ယခုနေရာတွင် ရောင်းချလာခဲ့ကြကြောင်း၊ ဈေးများ ဌာန၏ သတ်မှတ်အခွန်အခများကိုလည်း မပျက်မကွက် ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှစ၍ ကန်ထရိုက်စနစ်ဖြင့်
ဈေးကောက်ကောက်ခံသည့် အခါတွင်လည်း မပျက်မကွက်ပေးသွင်း ခဲ့ပြီး ဈေးဝင်းအတွင်း သန့်ရှင်းရေးကိုလည်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ကြကြောင်း၊ ဈေးပြင်ပသို့ထွက်၍ စည်းကမ်းမဲ့ရောင်းချခြင်း ကိုလည်း မပြုလုပ်ခဲ့ကြောင်း အဆိုပါဈးသည်များက ပြောခဲ့ကြသည်။

အဆိုပါဈေးတွင် လက်ရှိရောင်းချနေသော ဦးထင်ကျော်က "ကျွန်တော်တို့က ၂၀၀၄ ခုနှစ် ဈေးစတည်ကတည်းက ရောင်းချ ခဲ့တာပါ။ ကျွန်တော်တို့ကို ယာဉ်လမ်းကြောင်းပိတ်လို့၊ ပျံကျဈေးဖြစ်လို့ ဂျိုးဖြူရေပိုက်လုံးကြီးနဲ့ မလွတ်လို့ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့
ခုလို ဖယ်ရှားခိုင်းတာပါ" ဟု ပြောသည်။

အဆိုပါ ပြောင်းရွေ့ရန် စေခိုင်းမှုကို ကူညီဖြေရှင်းပေးပါရန် ဈေးသူ ဈေးသားများက ယခုဖေဖော်ဝါရီ ပထမပတ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ထံ လိပ်မူ၍ တင်ပြအကူအညီတောင်းခံ
ထားကြောင်း သိရသည်။

ထိုနေ့က တက်ရောက်လာသူ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်က "ဒီလိုတိုင်ကြားမှုနဲ့ ပတ်သက်လို့ ရန်ကုန်မြို့တော်စည်ပင်၊ ဈေးများ
ဌာနမှူးကို ဒီနေ့သွားရောက်တွေ့တော့ ဌာနမှူးက ဥပဒေအရ ဆောင်ရွက်တာပါလို့ ပြောတယ်။
 
 ဒီလို ဥပဒေအရ လုပ်တာပါဆိုရင် လည်း ပြည်သူတွေရဲ့ နစ်နာမှုတွေကို အလေးထားဖို့ လိုလာပါပြီ။ ဒီကုန်စိမ်းဈေးလေး ရွှေ့ပြောင်းခိုင်းတာနဲ့ ပတ်သက်ပြီး မခင်ခင်ဝင်းဆိုတဲ့ ချဉ်ပေါင်ရွက်ရောင်းတဲ့ အမျိုးသမီးဟာ အဆိပ်သောက် အဆုံးစီရင်မှု ပြုလုပ်ခဲ့တယ်။ အသက်အန္တရာယ် စိုးရိမ်ရလုနီးပါး ဖြစ်ခဲ့တော့ နောင်ကို ဒီလိုဖြစ်ရပ်တွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး" ဟု ပြောကြားသွားသည်။

အဆိုပါ ပိုက်လုံးတန်း ပျံကျဈေးသည်များကို ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ စည်ပင်
သာယာမှ သတ်မှတ်ထားသော ထောက်ကြန့်မြို့စွန်ရှိ ကျောက်တိုင်ဈေးသို့ ပြောင်းရွှေ့ရန် ဖေဖော်ဝါရီ ၁၈
 ရက်က မင်္ဂလာဒုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်သော အစည်းအဝေး ထုတ်ပြန်ချက်
တွင် ပါရှိသည်။

လက်ရှိရောင်းချနေသည့် ပိုက်လုံးတန်း ပျံကျဈေးတွင် ဆိုင်ခန်းပေါင်း ၂၃၇ ခန်းရှိပြီး ဈေးသည်ဦးရေ ၄၀၀ ကျော်ခန့် မှီတင်းရောင်းချလျက် ရှိသည်။

ယခု ပြောင်းရွှေ့ခွင့်ပြုခဲ့သော ဈေးနေရာသစ်မှာ ယခင်က ပန်းခြံတစ်ခုဖြစ်ခဲ့ပြီး လူနေရပ်ကွက်များနှင့် ဝေးကွာကြောင်း သိရသည်။


RND:21.2.2013
Eleven Media Group

0 comments:

Post a Comment