Pages

Thursday, February 21, 2013

နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာတင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

နိုင်ငံခြားသတင်းဌာန သုံးခု ပြည်တွင်း၌ ရုံးခန်းဖွင့်လှစ်ခွင့် ရရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင် စာ
တင်လိုက်ကြောင်း သိရသည်။ ၁၉၆၂ ရှေ့ပိုင်းကာလများက နိုင်ငံတွင် နိုင်ငံခြားသတင်းဌာနအချို့ တရားဝင်
ရုံးခန်း ဖွင့်လှစ်ခွင့် ရခဲ့သော်လည်း နောက်ပိုင်းကာလများတွင် မရရှိခဲ့တော့ရာ အစိုးရသစ်လက်ထက်တွင် ထပ်မံ ပြန်လည် ခွင့်ပြုပေးခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက ပြောသည်။ “ကျွန်တော်တို့ သတင်းဌာနက မနေ့က စာတင်လိုက်တယ်၊ကျန်တဲ့သတင်း ဌာနတွေလည်း တင်ပြီးကြပြီလို့ ကြားပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသတင်းဌာန ပြည်တွင်းတွင် တရားဝင်ဖွင့်လှစ်ခွင့် ပြုမည့်
အကြောင်းကို ၂၀၁၃ ဇန်န၀ါရီလအတွင်းက သတင်းဌာနများသို့ ပေးပို့ခဲ့သည်။

လက်ရှိတွင် နိုင်ငံခြားသတင်းဌာနများအနေဖြင့် လျှောက်လွှာတင်ထားဆဲသာ ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး
ဌာနအနေဖြင့် ခွင့်ပြုမှုကိုတော့ ပြုလုပ်ပေးခြင်း မရှိသေးကြောင်း ၎င်းထံမှ သိရသည်။

PN 051
RND: 21.2.2013
Popular Myanmar News Journal
 

0 comments:

Post a Comment