Pages

Friday, December 19, 2025

ဟာသလူရွှင်တော် သရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်၏ စျာပနကို ရေဝေးသုသာန်တွင် ပြုလုပ်



19.December.2025

ဟာသလူရွှင်တော် သရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်၏ စျာပနကို ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ပြီး အနုပညာ အသိုင်းအဝိုင်းမှ လိုက်ပါပို့ဆောင် ခဲ့ကြောင်း သိရသည်။

ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးကို ခေတ်မီအောင်လုပ်ဆောင်ရေး ကြိုးပမ်းမှုတွေထဲမှ ပက်ထရီယော့ထ် ဒုံးကျည်စနစ်က တိုက်ပွဲဝင်ရန် အသင့်ရှိဟု ကြေညာ



19.December , 2025
ပိုလန်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုက တီထွင်ထားတဲ့ ပေါင်းစပ်တိုက်ပွဲကွပ်ကဲမှုစနစ် (IBCS) နဲ့ ပေါင်းစည်းထားတဲ့ သူ့ရဲ့ ပက်ထရီယော့ထ် လေကြောင်းနဲ့ ဒုံးကျည် ကာကွယ်ရေးစနစ်တွေဟာ တိုက်ပွဲဝင်ဖို့အတွက် အပြည့်အဝအဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်မှာ ကြေညာခဲ့ပြီး ဒါဟာ ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေးကို ခေတ်မီအောင်လုပ်ဆောင်ရေး ကြိုးပမ်းမှုတွေထဲမှာ အဓိက ဖွံ့ဖြိုးတိုးတက်မှုတခုလည်း ဖြစ်ပါတယ်။

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရမည့်ရက် ကြေညာချက် ထုတ်ပြန်



ရန်ကုန်။ဒီဇင်ဘာ ၁၉.၂၀၂၅
တက္ကသိုလ်ဝင်စာမေးပွဲကို လာမဲ့ ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်ကနေ ၁၇ ရက်ထိ ကျင်းပ သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) အောက်ထိပ်မှတ်တိုင် ဗိုလ်အောင်ကျော်လမ်းတွင် စက်ရုံတစ်ရုံ၏ အလုပ်သမားကြိုပို့ယာဉ်တစ်စီး တိမ်းမှောက် ၁၂ ဦးဒဏ်ရာရ



ရန်ကုန်။ဒီဇင်ဘာ ၁၉.၂၀၂၅
လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း) အောက်ထိပ်မှတ်တိုင် ဗိုလ်အောင်ကျော်လမ်းတွင် ဒီဇင်ဘာ ၁၈ ရက် နံနက် ၇ နာရီခန့်တွင် အိုပယ် ၁ စက်ရုံအလုပ်သမားကြိုပို့ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ လူမူကူညီရေးအသင်းထံမှသိရပါသည်။

အမေရိကန် NASCAR ပြိုင်ကားမောင်းသမားနဲ့ သူ့မိသားစုလိုက်ပါလာတဲ့ လေယာဉ် ပျက်ကျပြီး (၆) ဦးစလုံး သေဆုံး



 19.December.2025

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး NASCAR ပြိုင်ကားမောင်း ဂန္ထဝင်တစ်ဦးဖြစ်သူ Greg Biffle အပါအဝင် သူ့ရဲ့ ဇနီး၊ ကလေး (၂) ဦးနဲ့ လေယာဉ်အမှုထမ်း (၂) ဦး စုစုပေါင်း လူ (၆) ဦး ကိုယ်ပိုင် ဂျက်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော ကမ္ဘာ့အကြီးဆုံး အမေရိကန် Chubb Life Insurance ကုမ္ပဏီလုပ်ငန်းလိုင်စင်ပြန်အပ်ပြီး မြန်မာ နိုင်ငံမှ အပြီး ထွက်ခွာတော့မည်



ရန်ကုန်၊ ဒီဇင်ဘာ ၁၉.၂၀၂၅
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော အမေရိကန် Chubb Life Insurance ကုမ္ပဏီ မြန်မာနိုင်ငံမှ ရုံးများ ပိတ်သိမ်းကာ အပြီး ထွက်ခွာသွားရန် တင်ပြလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ကရင်နှစ်သစ်ကူးပွဲများ မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်မြို့သစ်နဲ့ ဆုံစည်းမြိုင်မြို့သစ်တို့မှာ ဒီနေ့ ပြုလုပ်


19.December , 2025

ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၁၉ ရက် ကျရောက်တဲ့ ၂၇၆၅ ခုနှစ်မြောက် ကရင်တိုင်းရင်းသား နှစ်သစ်ကူးပွဲတွေကို မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်မြို့သစ်နဲ့ ဆုံစည်းမြိုင်မြို့သစ်တို့မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။