19.December.2025
အဆိုပါ ဟာသသရုပ်ဆောင် ညောင် ညောင်၏ စျာပနကို ရန်ကုန်မြို့၊ ရေဝေးသု သာန်၌ ဒီဇင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
“ပင်းတယမှာ ဇာတ်လမ်းတွဲရိုက်ရင်းနဲ့ ခြောက်ရက်မြောက်တဲ့နေ့မှာ သူ နည်းနည်း လေး ကျန်းမာရေး တော်တော်ချို့ယွင်းလာ တာ။ နည်းနည်းချို့ယွင်းတာမဟုတ်ဘူး။ တော်တော်ချို့ယွင်းလာတဲ့အချိန်မှာ သူ ဘယ်လိုပဲဖြစ်ဖြစ်။ ဒီလောက်ဖြစ်နေတာ တောင်မှ နောက်ဆုံး Scene လေးကို။ သူ့အ တွက် နောက်ဆုံး Scene ပေါ့နော်။ အဲဒါလေး ကို Scene လေးကို ပြတ်အောင် ရိုက်သွားပေး တယ်။
အဲဒီအချိန်မှာ သူတော်တော်မောနေ ပြီ။ နောက်ဆုံး ခင်လှိုင်နဲ့ ကျော်ကျော်ဗိုလ်က အစ်ကို ပြန်နားတော့ဆိုတဲ့ အချိန်မှာတောင်မှ မနားဘူးလုပ်တာ။ နောက်ပိုင်း သူ မထိုင်တောင်မထိုင်နိုင်တော့မှ Ambulance နဲ့ ရန်ကုန်ပြန်ပို့လိုက်တာ။ ပြန်ပို့ပြီးတော့ OSC တက်တယ်။ ၁၇ ရက်နေ့က ၇ နာရီ ၃၀ မှာ ဆုံးသွားတယ်။ ပထမ သုံးလေးရက်ရိုက်နေ တာ အရင် ညောင်ညောင်ပဲ။ အသံတွေက မာနေတာ။ နင်လားငါလား အော်ဟစ်ပြီး ပြောနိုင်တယ်။ သူကြီးလေ။ သူကြီးဆိုတော့ ပြောရတာပေါ့။ အားနဲ့မာန်နဲ့။ ပြောနိုင်တယ်။ သူ့အသံက။ အဲဒီလိုရှိတယ်။ အဲဒီတော့ အို ကေတယ်ပေါ့။ ခြောက်ရက်မြောက်တဲ့နေ့မှ ထဖောက်တာ။ မြန်တယ်။ အရမ်းမြန်တယ်။ နှမြောတမ်းတတာထက် မြင့်သွားပြီ။ ပြောစ ရာ စကားလုံးကို မရှိတော့ဘူး”ဟု ဟာသလူ ရွှင်တော် သရုပ်ဆောင် ငှက်ပျောကြော်က ပြောကြားသည်။
ဟာသသရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်မှာ ဒီဇင်ဘာ ၁၇ ရက် က ရန်ကုန်မြို့ မြောက်ဥက္ကလာပ OSC ဆေးရုံတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ် သည်။
ညောင်ညောင်၏ ကျန်ရစ်သော ရုပ်က လာပ်ကို OSC ဆေးရုံမှ ရေဝေးသုသာန်ရှိ အအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန် ကုန်) မှ ရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကိုနှင့် အသင်းသူ အသင်းသားများက ဒီဇင်ဘာ ၁၈ ရက်နံနက်တွင် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ဟာသသရုပ်ဆောင် ညောင်ညောင်မှာ အသည်းရောဂါကို ကာလရှည်ခံစားခဲ့ရသူ ဖြစ်ကြောင်း သိရပြီး ကွယ်လွန်ချိန်တွင် အသက် ၆၂ နှစ်ရှိပြီဖြစ်သည်။
“ပင်းတယကို မသွားဖို့ တားခဲ့တာ ကျွန် တော်။ ပင်းတယကနေ အခု လိုက်ပြန် ခေါ်ခဲ့ ရတာ ကျွန်တော်။ အခု မီးသင်္ဂြိုဟ်စက်ထဲ ထည့်ရတာ ကျွန်တော်။ ဆိုတော့။ ကျွန်တော့်ဘဝမှာ ညီနှစ်ယောက်။ ကင်းကောင်းတစ်ယောက် သူတစ်ယောက်။အဲဒါ တော်တော်စိတ်မကောင်းဘူး။ တကယ်က ညီလို့ ဆိုပေမဲ့ သားလိုထားတာ။ ကျွန်တော့်သားတစ်ယောက်လိုကို ပြုစုခဲ့တာ။ စောင့်ရှောက်ခဲ့တာ။ အဲဒီလို။ အခု သွားပြန်ခေါ်ရတော့လည်း ကျွန်တော်ပဲ။ မီးသင်္ဂြိုဟ်စက်ထဲ ထည့်ရတော့လည်း ကျွန်တော်ပဲဆိုတော့ စိတ်မ ကောင်းဘူး”ဟု ဟာသလူရွှင်တော် သရုပ်ဆောင်ဇာဂနာက ပြောကြားသည်။
ဟာသလူရွှင်တော် သရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်၏ စျာပနကို အနုပညာအသိုင်းအဝိုင်းမှ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။






















0 comments:
Post a Comment