Pages

Tuesday, September 24, 2013

မရမ်းကုန်းမြို့နယ် ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းတိုက်တွင် ကိုရီးယားနိုင်ငံသားတစ်ဦး မီးလောင်ဒဏ်ရာများဖြင့်သေဆုံး

RangonNewsDaily:: September 24, 2013

မရမ်းကုန်းမြို့နယ် ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းတိုက်တွင် မီးပုံပေါ်သို့ ပြုတ်ကျခဲ့သည့် ကိုရီးယား နိုင်ငံသား တစ်ဦး ဆေးကုသနေရာမှ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီတွင် သေဆုံးသွားခဲ့သည်။အမှုတွင် စက်တင်ဘာ ၂၂ ရက် နံနက်က ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ကျောင်းဝင်းအတွင်းရှိ ကရုဏာရှင်ကုသိုလ်ဖြစ် ဆေးခန်းတွင် ကိုရီးယား နိုင်ငံသားတစ်ဦး သေဆုံးကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြသည်။

မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး

မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး


kolatt(PBDN): September. 24. 2013

ရန်ကုန် ။ ။ ယခု ၂၀၁၃-ခုနှစ်တွင် မက္ကာမြို့သို့ ဟာ့ဂ်ျသွားရောက်ကြမည့် ဟာဂျီလောင်းများအနေဖြင့် ခရီးစဉ်တွင် လွယ်ကူမှုရှိစေရန်အတွက် မွမ်းမံသင်တန်းများကို ဟာဂ်ျကူညီရေးအဖွဲ့ချုပ်မှ စက်တင်ဘာလ ၂၁-ရက်နေ့မှ ၃၀-ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ဟာဂ်ျကူညီရေးအဖွဲ့ချုပ်တွင် ဟာဂ်ျနှင့်ပတ်သက်သည့် စည်းကမ်းချက်များ၊ ဟာဂ်ျလုပ်ဆောင်ချက်များ၏ ကြီးမြင့်မှုနှင့်အကျိုးတရားများကိုလည်း ရှင်းလင်းပြောပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားမှုများကို မနေ့က နေ့လည် ၂-နာရီမှ ၄-နာရီထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ မွမ်းမံသင်တန်းများ ပြုလုပ်ရခြင်းမှာ ဟာဂ်ျသွားရောက်မည့် ဟာဂျီလောင်းများ လွယ်ကူစေရန်နှင့် အခက်အခဲနည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဟာဂျီဦးသိန်းဦးမှ ပြောပြခဲ့ပါသည်။

မနေ့ကပြုလုပ်သော ဟာဂျီလောင်းများအတွက် မွမ်းမံသင်တန်းသို့ တက်ရောက်သူ (၁၂၀)ခန့်ရှိကြောင်းနှင့် ဟာ့ဂ်ျကူညီရေးအဖွဲ့ချုပ်ရုံးသည် အမှတ်(၇)၊ ဒုတိယထပ်(ယာ)၊ ဒေါ်သိန်းတင်လမ်း၊ ကန်/ရှေ့ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရှိကြောင်းလည်း သိရပါသည်။

M-Media::--

See More News: (www.rangonnewsdaily.blogspot.com)
ဓါတ်ပုံအညွှန်း - ၂၀၁၂ ခုနှစ် က ဟဂ်ျ သွားရောက်ခဲ့သည့် မြန်မာမွတ်စလင်မ်ဟာဂျီများ
RangonNewsDaily:: September 24, 2013

ရန်ကုန် ။ ။ ယခု ၂၀၁၃-ခုနှစ်တွင် မက္ကာမြို့သို့ ဟာ့ဂ်ျသွားရောက်ကြမည့် ဟာဂျီလောင်းများအနေဖြင့် ခရီးစဉ်တွင် လွယ်ကူမှုရှိစေရန်အတွက် မွမ်းမံသင်တန်းများကို ဟာဂ်ျကူညီရေးအဖွဲ့ချုပ်မှ စက်တင်ဘာလ ၂၁-ရက်နေ့မှ ၃၀-ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်

ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာအမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေမှု ရဲက စုံစမ်းနေ

RangonNewsDaily:: September 24, 2013

ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းတွင် အဝတ်ဗလာနှင့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင် သေဆုံးနေမှုကို မဂင်္လာတောင်ညွှန့် ရဲက အမှုဖွင့်ပြီး စုံစမ်းလျက်ရှိသည်။ဖြစ်စဉ်တွင် ကန်တော်ကြီးပတ်လမ်း ရှန်ဂရီလာ ဆောက်လုပ်ရေးဝန်းရှေ့တွင် အမျိုးသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးနေကြောင်း သတင်းအရ မြို့နယ် ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ကြသည်။

မြေးဖြစ်သူကို အဓမ္မကျင့်ရန် ကြံစည်ဟု အဘွားဖြစ်သူက တိုင်တန်း

RangonNewsDaily:: September 24, 2013

အသက်မပြည့်သေးသည့် မြေးဖြစ်သူကို လူတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ဟု အဘွားဖြစ်သူ၏ တိုင်တန်းမှုကို သုံးခွရဲစခန်းက စက်တင်ဘာ ၂၂ တွင် အမှုဖွင့်လိုက်သည်။::
အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်က သုံးခွမြို့နယ်အတွင်း ကျေးရွာတစ်ခုရှိ လယ်ကွင်းအတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု (၄၇)နှစ်အရွယ် အဘွားဖြစ်သူက အမှုဖွင့်ရာတွင်
ပြောထားခြင်းဖြစ်သည်။

ရန်ကုန်ပြည်ကားလမ်းမကြီး ၀ဲယာရှိ မလွတ်ကင်းသော ဆိုင်ခန်းများ ဖယ်ရှားပေးရတော့မည်

ရန်ကုန်ပြည်ကားလမ်းမကြီး ၀ဲယာရှိ မလွတ်ကင်းသော ဆိုင်ခန်းများ ဖယ်ရှားပေးရတော့မည်


kolatt(PBDN): September. 24. 2013

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အတွင်းရှိ ရန်ကုန်ပြည် မကွေးကားလမ်းမကြီး လမ်းဘေးဝဲယာ တစ်လျှောက် လမ်းနယ်နမိတ်အတွင်း မလွတ်ကင်းသော နေရာ ဆိုင်ခန်းများကို စက်တင်ဘာ(၂၉)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်း ပေးရန် မြို့နယ်ဆောက်လုပ်ရေးမှ အကြောင်းကြားစာ ပေးပို့လာကြောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။
::
“စာထဲမှာ မြို့တွင်းရွာတွင်း လမ်းအကျယ် ပေ(၁၀၀)အတွင်းနဲ့ မြို့ပြင်ပ ပေ(၁၅၀) အတွင်း မလွတ်တာမှန်သမျှ (၇)ရက်အတွင်း ဖျက်ပေးရမယ်။ မဖျက်ရင် ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်လို့ ပါပါတယ်”ဟု ၎င်းက ပြောသည်။
::
၎င်းအကြောင်းကြားစာနှင့်ပတ်သက်၍ ကွမ်းယာဆိုင်ရှင် တစ်ဦးကလည်း “ ဒီနေရာလေးကို မှီပြီး ထမင်းစားနေရတာပါ ။ဖယ်ရမယ် ဆိုတော့လည်း စားဝတ်နေရေး အတွက် စိုးရိမ်စရာ ဖြစ်လာမှာပါ၊”ဟု ပြောသည်။
မြို့နယ်ဆောက်လုပ်ရေးမှ ၀န်ထမ်းတစ်ဦးကမူ “ ခရိုင်က ညွှန်ကြားမှုအရ ဆောင်ရွက်တာပါ အခြားမြို့နယ်တွေလည်း ဆောင်ရွက်နေကြတာပါပဲ။ 
::
ခုက ပထမအကြိမ် အကြောင်းကြားတာပါ။ မရရင် နောက် ဒုတိယ၊ တတိယ ဆက်လက် အကြောင်းကြားပေးမယ်။ မလုပ်ရင်တော့ ဥပဒေအရ ဆောင်ရွက် သွားမှာပါ”ဟု ပြောသည်။
::
အောင်လံမြို့နယ်အတွင်ရှိ ရန်ကုန်ပြည် မကွေး ကားလမ်းမဘေး ကျေးရွာများဖြစ်ကြသော ပြလို့စံပြကျေးရွာနှင့် မိုးကောင်းကျေးရွာတို့ကိုလည်း လွန်ခဲ့သော ရက်အနည်းငယ်က အထက်ပါအတိုင်း အကြောင်း ကြားစာများ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။

လင်းသက်
Myanmar Age ::--

RangonNewsDaily:: September 24, 2013

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အတွင်းရှိ ရန်ကုန်ပြည် မကွေးကားလမ်းမကြီး လမ်းဘေးဝဲယာ တစ်လျှောက် လမ်းနယ်နမိတ်အတွင်း မလွတ်ကင်းသော နေရာ ဆိုင်ခန်းများကို စက်တင်ဘာ(၂၉)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်း ပေးရန် မြို့နယ်ဆောက်လုပ်ရေးမှ အကြောင်းကြားစာ ပေးပို့လာကြောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။

ဂျာမနီရွေးကောက်ပွဲ အန်ဂျလာမာကယ်ပါတီအနိုင်ရ

Photo: ဂျာမနီရွေးကောက်ပွဲ အန်ဂျလာမာကယ်ပါတီအနိုင်ရ
Tuesday, September 24, 2013

ဥရောပကြွေးမြီ အကျပ်အတည်းကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဦးဆောင် လှုပ်ရှားခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ ပါတီသည် ယမန်နေ့က ပြုလုပ်ခဲ့သော ဂျာမနီရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရ ဦးဆောင်ခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အန်ဂျလာမာကယ်၏ နိုင်ငံရေးပါတီမှာ ခရစ်ယာန်ဒီမိုကရက် ဖြစ်ပြီး ပါလီမန်တွင် အမတ်နေရာ အများစု ပြည်သူ့ထောက်ခံမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ဥရောပ၏ ထိပ်တန်းစီးပွားရေးနိုင်ငံ ဂျာမနီကို အသက် ၅၉ နှစ်အရွယ် အန်ဂျလာမာကယ်က ဝန်ကြီးချုပ် တတိယမြောက် သက်တမ်းဖြင့် ဆက်လက်ဦးဆောင်နိုင်ပြီ ဖြစ်သည်။

ရွေးကောက်ပွဲနိုင် ခရစ်ယာန်ဒီမို ကရက်များသည် အဓိကအတိုက်အခံ ဆိုရှယ်ဒီမိုကရက်များနှင့် ပါလီမန်အတွင်း ညှိနှိုင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့ရန်အတွက် ပြင်ဆင်ကြမည့်ပုံ ရှိသည်။
ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများ ဆက်တိုက် ဆက်လက်အောင်ပွဲခံနိုင်မှု အဖြစ် ယခု အန်ဂျလာမာကယ်နှင့် ၄င်း၏ပါတီတို့က မှတ်တမ်းဝင်သွားခဲ့သည်။

"ပါတီခေါင်းဆောင်မှု အပိုင်းက အဖြေနောက်ဆုံးပိတ် ထွက်လာခဲ့ပြီးရင်
ညှိနှိုင်းဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီညခင်းတော့ အောင်ပွဲခံနိုင်ပါပြီ" ဟု အိန်ဂျလာမာကယ်က ထောက်ခံသူများကို ပြောကြားသည်။

လူရှေ့သူရှေ့သို့ ထွက်လာခဲသော ဝန်ကြီးချုပ်၏ ခင်ပွန်း ဓာတုဗေဒပညာရှင် နှင့် ဂီတဝါသနာရှင် ဂျိုအာကင်ဆာအူရာ လည်း အောင်ပွဲခံအခမ်းအနားသို့ ရောက်ရှိလာခဲ့သည်။

ရွေးကောက်ပွဲနိုင် အင်အားစု ကွန်ဆာဗေးတစ် များသည် စုစုပေါင်းနေရာ၏ ၄၁ ဒသမ ၅ရာခိုင်နှုန်း ရရှိပြီး အတိုက်အခံ အင်အားစု ဆိုရှယ်ဒီမိုကရက် ပါတီက ၂၅ ဒသမ ၇ ရာခိုင်နှုန်းသာ နေရာရသည်။
သဘာဝပတ်ဝန်းကျင်အရေး လှုံ့ဆော် သည့် Green ပါတီက ၈ ဒသမ ၄ နေရာ ရရှိပြီး လက်ဝဲပါတီက ၈ ဒသမ ၆ နေရာ ရရှိသည်။

"ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ အန်ဂျလာမာကယ်ကို ကျွန်တော် ဂုဏ်ပြုပါတယ်" ဟု ဥရောပသမဂ္ဂကောင်စီ ဥက္ကဋ္ဌဗန်ရွန်ပိုင်က ချီးကျူးစကား ပြောကြားခဲ့သည်။

The Voice Weekly

RangonNewsDaily:: September 24, 2013

ဥရောပကြွေးမြီ အကျပ်အတည်းကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဦးဆောင် လှုပ်ရှားခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ ပါတီသည် ယမန်နေ့က ပြုလုပ်ခဲ့သော ဂျာမနီရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရ ဦးဆောင်ခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

တေးသံရှင် မေခလာနှင့် တွေ့ဆုံခြင်း

Photo: တေးသံရှင် မေခလာနှင့် တွေ့ဆုံခြင်း
Tuesday, September 24, 2013

(သန့်ဇင်ဦး)

ဂီတနယ်ပယ်တွင် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိနေသော တေးသံရှင် မေခလာကို တွေ့ဆုံပြီး မကြာမီ ပြုလုပ်ရန် စီစဉ်နေသည့် ၎င်းနှင့် တေးသံရှင် မေဆွိတို့၏ ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ပြင်ဆင် ဆောင်ရွက်ထားမှု များကို The Voice က မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်သည်။

Voice ။ ။ မမေဆွိနဲ့ နှစ်ယောက်တွဲ ရှိုးလုပ်ဖို့ စပြီးစီစဉ်ဖြစ်ပုံလေး သိပါရစေ။

MKL ။ ။ ချစ်ငယ်တို့ နှစ်ယောက်က ခရီးတွေ အတူသွားခဲ့ဖူးတယ်။ စတိတ်ရှိုး တွေလည်း အတူဆိုခဲ့ကြဖူးတယ်။ ဒါပေမဲ့ ချစ်ငယ်တို့ နှစ်ယောက်တည်း ရှိုးပွဲကတော့ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ဟိုတုန်းကတော့ ချစ်ငယ်တို့ နှစ်ယောက်ကို ရှိုးလုပ်ပေးဖို့ စီစဉ်ခဲ့ကြဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့တာပေါ့နော်။

အဲဒါနဲ့ မဆွေနဲ့ ချစ်ငယ် ဂျပန်မှာလုပ်တဲ့ ပွဲတစ်ခုမှာ ဆုံကြတော့ မဆွေရယ် ချစ်ငယ်တို့ ညီအစ်မတွေ အမှတ်တရ ပွဲလေးတစ်ခု လုပ်ရအောင်လို့ ပြောတော့ သူကလည်း ဝမ်းပန်းတသာပဲ လက်ခံတယ်။ ဒီပွဲကို အဓိက စီစဉ်တာက ချစ်ငယ်စီစဉ်တာပါ။ ဒါပေမဲ့ ချစ်ငယ်ရဲ့ အပေါင်းအသင်းတွေက သူတို့လည်း ပါချင်တယ်လို့ ပြောလို့ ချစ်ငယ် ပါခွင့်ပေးလိုက်ပါတယ်။ ပွဲကိုတော့ သီတင်းကျွတ် လပြည့်နေ့၊ အမျိုးသားကဇာတ်ရုံမှာ လုပ်နိုင်အောင်လို့တော့ ချစ်ငယ်ကြိုးစားနေပါတယ်။

Voice ။ ။ ဒီပွဲမှာ အစ်မတို့ နှစ်ယောက်အပြင် ဧည့်သည်တေးသံရှင်တွေ ပါဦးမလား။

MKL ။ ။ လူငယ်တေးသံရှင် လေးယောက်လောက်တော့ ပါပါမယ်။ သီချင်းတွေကတော့ ချစ်ငယ်က အပုဒ် ၂၀ လောက် ဆိုမယ်။ မဆွေက ၁၅ ပုဒ်လောက် ဆိုမယ်။ အဆိုတော် အငယ်လေး လေးယောက်ကတော့ တစ်ယောက်ကိုနှစ်ပုဒ်စီ ဆိုကြလိမ့်မယ်။ တီးဝိုင်းကတော့ Lazy Club နဲ့ Plus Three တစ်ခုခု ဖြစ်မယ်။ ချစ်ငယ်တို့ နှစ်ယောက်အပြင် ဧည့်သည် အဆိုတော်လေးတွေလည်း ဆိုဦးမှာဆိုတော့ သီချင်းပုဒ်ရေတွေ အများကြီး နားထောင်ပြီး ပရိသတ်တွေ ငြီးငွေ့သွားမှာ၊ အရမ်း ညဥ့်နက်သွားမှာလည်း ချစ်ငယ်စိုးတယ်။ အဲဒီတော့ ပွဲကို ချစ်ငယ် Right Time စပြီး ည ၁၁ နာရီလောက် သိမ်းမယ်လို့ စဉ်းစားထားတယ်။

Voice ။ ။ ဒီပွဲအတွက် ဘယ်သီချင်းတွေဆိုဖို့ ရွေးထားလဲ။

MKL ။ ။ ချစ်ငယ်ထွက်ခဲ့တဲ့ စီးရီးတွေကခွေ တစ်ရာကျော်လောက် ရှိတာဆိုတော့ ပွဲအတွက် သီချင်းရွေးတဲ့အခါ ချစ်ငယ်အတွက် အခက်အခဲ ရှိပါတယ်။ ဒါပေမဲ့ ပရိသတ်ကြိုက်မယ့် သီချင်းတွေ အကုန်လုံး ပါနိုင်အောင်တော့ ချစ်ငယ်ကြိုးစားမှာပါ။ သီချင်းတွေကတော့ Pop တွေလည်းပါမယ်၊ Rock တွေလည်းပါမယ်၊ လူကြီးပရိသတ်တွေ ကြိုက်တဲ့ မြန်မာသံသီချင်းတွေလည်း ချစ်ငယ်တို့နှစ်ယောက် ဆိုကြမှာပါ။

Voice ။ ။ နှစ်ယောက်လုံးက ဂီတလောကမှာ ခေတ်ပြိုင်ပေါ်ခဲ့တာဆိုတော့ မဆွေရဲ့ သီချင်းတွေထဲကရော ဘယ်သီချင်းတွေကို ကြိုက်လဲ။

MKL ။ ။ တစ်ခေတ်တည်း ပေါ်ခဲ့ကြတာ ဆိုပေမယ့် မဆွေက ချစ်ငယ်ရဲ့ ကြားဆရာဆိုလည်း မမှားပါဘူး။ သူ့ရဲ့သီချင်းတွေ တော်တော်များများ ချစ်ငယ်ကြိုက်ပါတယ်။ အကြိုက်ဆုံး သီချင်းတွေကတော့ ကိုကိုမကောင်းဘူးတို့၊ အင်းလေးမှာ ရွာတဲ့မိုးတို့၊ ကမ်းစပ်နဲ့ရေလှိုင်း တို့ကို ကြိုက်တယ်။ ဒီသီချင်းတွေက သူ့အသံနဲ့လည်း လိုက်တယ်။

Voice ။ ။ ဒီပွဲမှာ ဦးကိုင်ဇာကိုရော ခေါ်ဆိုဖို့ အစီအစဉ် ရှိလား။

MKL ။ ။ ဒီပွဲက မိန်းကလေးနှစ်ယောက်တည်း ပွဲဆိုတော့ ကိုညီ (ကိုင်ဇာ) ပါမှာမဟုတ်ဘူး။ ဒါပေမဲ့ ချစ်ငယ်နဲ့ တစ်ခေတ်တည်း ပေါ်ခဲ့ကြတဲ့ ချစ်ကောင်း၊ တူးတူး၊ ကော်နီ၊ ဟေမာနေဝင်းတို့လို ခေတ်ပြိုင် အဆိုတော်တွေချည်းပါတဲ့ ဖျော်ဖြေပွဲတစ်ခုလုပ်ဖို့ ချစ်ငယ် အစီအစဉ် ရှိပါတယ်။ အဲဒီအခါကျရင်တော့ ပါနိုင်မှာပါ။

Voice ။ ။ စီးရီးတွေထွက်ဖို့ အစီအစဉ်ရှိလား။

MKL ။ ။ စီးရီးကတော့ လုပ်မယ်ကြံလိုက်၊ စတိတ်ရှိုးဆိုဖို့ ခရီးတွေ သွားလိုက်ရနဲ့ဆိုတော့ အကောင်အထည် မပေါ်သေးဘူး။ ချစ်ငယ်က သီချင်းလည်းကြေး (ဂျီး) များ တယ်။ နောက်ပြီး ဟဲလေးနဲ့ ဆိုခဲ့တဲ့ မပြောချင်လို့ ကြည့်နေတာ ကြာပြီဆိုတဲ့ သီချင်းကလည်း အရမ်း ပေါက်ခဲ့တာဆိုတော့ အဲဒီသီချင်းကို မီတဲ့သီချင်းကောင်းတွေ ချစ်ငယ်လက်ထဲမှာ စုမိရင်တော့ စီးရီးထုတ်ဖြစ်မှာပါ။

Voice ။ ။ တစ်ခေတ်က မေခလာဆိုတာ ပွဲထိန်းကောင်းတဲ့ တေးသံရှင် တစ်ယောက်လို့ ပြောကြတယ်။ ရှိုးပွဲတစ်ခုမှာ ပရိသတ်နဲ့ တစ်သားတည်းဖြစ်ဖို့၊ ကိုယ့်ရဲ့ သီဆိုမှုမှာ စီးမျောလိုက်ပါဖို့ ဘယ်လိုအားထုတ်လဲ။

MKL ။ ။ အဲဒါကတော့ ကိုယ်ဆိုရမယ့်ပွဲက လူကြီးပရိသတ်များလား၊ လူငယ်ပရိသတ်များလား၊ ဒီပွဲက ဘယ်လိုပွဲမျိုးလဲ၊ ဘယ်မှာ လုပ်တာလဲဆိုတာကို ကြည့်ပြီး ကိုယ့်ရဲ့ စကားအပြောအဆိုနဲ့ Performance ကို ချစ်ငယ် ပြင်ဆင်တယ်။ လူကြီးပရိသတ် များတဲ့ပွဲမှာ ခေတ်သီချင်းတွေ သွားဆိုလို့ အဆင်မပြေသလို၊ လူငယ်ပရိသတ် များတဲ့ပွဲမှာလည်း ဟိုတုန်းက သီချင်းတွေ ချစ်ငယ်သွားဆိုလို့ မရဘူး။ ပွဲအနေအထားကိုကြည့်ပြီး ပရိသတ်ကို ဆွဲခေါ်ရတာပေါ့။ ဆွဲခေါ်တဲ့နေရာမှာလည်း ပရိသတ် ကိုယ့်ဘက်ပါအောင်ဆိုပြီး စကားတွေ အများကြီး သွားပြောရင်လည်း ပရိသတ်က မုန်းတယ်။ မလျှော့မတင်းပုံစံနဲ့ ပရိသတ်ကို ဆွဲခေါ်ရတာပေါ့။

Voice ။ ။ အခုအချိန်အထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် ပြောချင်တာရှိရင် ပြောပေးပါဦး။

MKL ။ ။ ယနေ့ထက်ထိ ဂီတလောကမှာ ချစ်ငယ် ရပ်တည်နိုင်တာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။ အဲဒီအတွက် ပရိသတ်တွေက ချစ်ငယ်ရဲ့ ထမင်းရှင်ပါပဲ။ မေခလာလို့ ဖြစ်လာအောင် အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ချစ်ငယ် ဘယ်တော့မှ မစော်ကားပါဘူး။ အမြဲတမ်း မေတ္တာပို့ပါတယ်။ အနုပညာရှင် တစ်ယောက်ဟာ ကိုယ့်ရဲ့ပရိသတ်ကို စော်ကားတဲ့နေ့ဟာ ကျရှုံးတဲ့နေ့ပဲလို့ ချစ်ငယ် မှတ်ယူထားပါတယ်။

The Voice Weekly

RangonNewsDaily:: September 24, 2013

ဂီတနယ်ပယ်တွင် ပရိသတ်များ၏ လက်ခံအားပေးမှုကို ရရှိနေသော တေးသံရှင် မေခလာကို တွေ့ဆုံပြီး မကြာမီ ပြုလုပ်ရန် စီစဉ်နေသည့် ၎င်းနှင့် တေးသံရှင် မေဆွိတို့၏ ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ပြင်ဆင် ဆောင်ရွက်ထားမှု များကို The Voice က မေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်သည်။

စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူရာ၌ လိုက်နာရမည့် စည်းကမ်းသစ်များ ထုတ်ပြန်

Photo: စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူရာ၌ လိုက်နာရမည့် စည်းကမ်းသစ်များ ထုတ်ပြန်
Tuesday, September 24, 2013

ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန် လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုစည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များ အနေနှင့် ပညာရှင်အဆင့် ဝန်ထမ်းခေါ်ယူရာတွင် နိုင်ငံခြားသား အလုပ်သမား မခေါ်ယူမီ စင်ကာပူ နိုင်ငံသားများအတွက် မျှမျှတတ စဉ်းစားပေးရမည် ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားက စင်ကာပူ နိုင်ငံသားထက် မိမိတို့အလုပ်နှင့် အမှန်တကယ် ပို၍သင့်လျော်သည် ဆိုမှသာ နိုင်ငံခြားသား အလုပ်သမားကို ခေါ်ယူရမည် ဖြစ်သည်။

အဆိုပါ စည်းကမ်းချက် အသစ်များကို ပညာရှင်အဆင့် နိုင်ငံခြားသား ဝန်ထမ်းအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားသည့် ကုမ္ပဏီများ လိုက်နာရမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ကာ သက်ရောက်မှုရှိမည် ဖြစ်သည်။ 

ယခု စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ အသစ်ပြဋ္ဌာန်းလိုက်သော စည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များသည် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမည့် ရာထူး နေရာတိုင်းအတွက် စင်ကာပူ နိုင်ငံသားများကိုလည်း လျှောက်ထားခွင့် ပေးရမည်ဖြစ်ပြီး အလုပ်ခေါ် ကြော်ငြာကိုလည်း စင်ကာပူ နိုင်ငံသားများအတွက် အလုပ်အကိုင် ရှာဖွေပေးနေသော ဌာနတွင် အနည်းဆုံး ၁၄ ရက် ကြော်ငြာထားပြီးမှသာ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားနိုင်မည် ဖြစ်သည်။

ထို့အပြင် လုပ်ငန်းရှင်များသည် ၎င်းတို့အနေနှင့် စင်ကာပူ နိုင်ငံသား အလုပ်သမား ခေါ်ယူရန် ကြိုးစားပြီးပြီ ဖြစ်ကြောင်း သက်သေပြနိုင်ရန် စင်ကာပူနိုင်ငံသား အလုပ်သမားများနှင့် အင်တာဗျူးထားသည့် မှတ်တမ်းများကိုလည်း သိမ်းဆည်းထားရမည် ဖြစ်သည်။

ယခုကဲ့သို့ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှုအပေါ် စည်းကမ်းချက် အသစ်များ ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်ပြီး စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနက စည်းကမ်းချက် အသစ်များမှာ စင်ကာပူ နိုင်ငံသားများကိုသာ ဦးစားပေး အလုပ်ခန့်ထားစေရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ လုပ်ငန်းရှင်များအနေနှင့် စင်ကာပူ နိုင်ငံသားများ အပေါ်တွင် မျှမျှတတ စဉ်းစားပေးစေရန် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်အပ်ထားသော ကုမ္ပဏီများ အနေနှင့်လည်း ယခုထုတ်ပြန်လိုက်သော စည်းကမ်းချက် အသစ်များနှင့်အညီ ပြောင်းလဲလုပ်ဆောင် သွားရမည် ဖြစ်ပြီး ထိုသို့ပြောင်းလဲ လုပ်ဆောင်ရန် လုံလောက်သော အချိန်ရရှိမည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မှ ဇူလိုင်လ ၃၀ ရက်နေ့အတွင်း သက်တမ်း ကုန်ဆုံးမည့် EP ကတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသား အလုပ်သမားများ အနေနှင့် ၎င်းတို့၏ ကတ်များကို လက်ရှိ စည်းမျဉ်း စည်းကမ်းများ အတိုင်း တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် ရဦးမည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: September 24, 2013

ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန် လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။

iPhone 5S နဲ့ 5C ပထမတစ်ပတ်အတွင်း အလုံးရေ ၉ သန်းရောင်းချရ

Photo: Tuesday, September 24, 2013

iPhone 5S နဲ့ 5C ပထမတစ်ပတ်အတွင်း အလုံးရေ ၉ သန်း ရောင်းချနိုင်ခဲ့တယ်တဲ့။ iPhone 5S နဲ့ 5C ကို ဝယ်ယူဖို့ ရက်ပေါင်းများစွာ စောင့်ဆိုင်းဝယ်ယူတဲ့ သူတွေ အများကြီးပါ။ Apple ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။

iOS 7 Update ကို စက်တင်ဘာ ၁၈ ရက်နေ့မှာ စပေးခဲ့တယ်။ အခုချိန်ထိ Update လုပ်သူ သန်း ၂၀၀ နီးပါးအထိ ရှိနေပြီ။ ဒါက သမိုင်းတစ်လျှောက်မှာ အမြန်ဆုံး Update လုပ်တဲ့ OS ဗားရှင်းအဖြစ် စံချိန်တင်နိုင်ခဲ့တယ်။

Guide Magazine

Tuesday, September 24, 2013
iPhone 5S နဲ့ 5C ပထမတစ်ပတ်အတွင်း အလုံးရေ ၉ သန်း ရောင်းချနိုင်ခဲ့တယ်တဲ့။ iPhone 5S နဲ့ 5C ကို ဝယ်ယူဖို့ ရက်ပေါင်းများစွာ စောင့်ဆိုင်းဝယ်ယူတဲ့ သူတွေ အများကြီးပါ။ Apple ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။

အရှေ့အနောက်လှည့်ပြီး သုံးနိုင်တဲ့ 13MP ကင်မရာနဲ့ Oppo N1 စမတ်ဖုန်းသစ်

Photo: အရှေ့အနောက်လှည့်ပြီး သုံးနိုင်တဲ့ 13MP ကင်မရာနဲ့ Oppo N1 စမတ်ဖုန်းသစ်
Tuesday, September 24, 2013

တရုတ်နိုင်ငံ ဘေဂျင်းမှာ Oppo အမှတ်တံဆိပ် N1 စမတ်ဖုန်းကို မိတ်ဆက်လာခဲ့တယ်။ ထူးခြားတာက Android 4.2 ကို အခြေခံ တည်ဆောက်ထားတဲ့ Color OS ကို အသုံးထားလို့ပါပဲ။ Android OS ကို အခြေခံထားတယ်ဆိုတော့ Android App တွေ အသုံးပြုမယ်လို့တော့ ထင်ရတာပဲ။ 

Oppo N1 ရဲ့ စွမ်းရည်က ၅.၉ လက်မ full HD ရတဲ့ IPS မျက်နှာပြင်၊ 16GB နဲ့ 32GB Memory ဗားရှင်းနှစ်ခု၊ စိတ်မကောင်းစရာက microSD card slot မပါဝင်ဘူး။ နောက်ပြီး 1.7GHz Quad-core Snapdragon 600, Adreno 320 GPU နဲ့ 2GB of RAM တွေ ပါဝင်တယ်။ 

အခြားဖုန်းတွေနဲ့ လုံးဝကွာခြားတဲ့အချက်က ဖုန်းရဲ့ ထိပ်ပိုင်းမှာ 13MP ကင်မရာကို တပ်ဆင်ထားတယ်။ အဲဒီကင်မရာက အရှင်၊ လှုပ်ရှားလို့ရတယ်။ ၂၀၆ ဒီဂရီအတွင်း လှည့်လည်သုံးစွဲနိုင်တယ်။ ကင်မရာတစ်လုံးတည်းနဲ့
နောက်ကင်မရာဖြစ်တော့ ရှေ့ကင်မရာ အဖြစ်ပါ အသုံးပြုနိုင်တယ်။ LED မီးကလည်း နှစ်လုံးတောင်မှ တပ်ထားတာနော်။ ရှေ့ကင်မရာအားနည်းတဲ့ ဖုန်းတွေအတွက် Oppo N1 က ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါ။ 

ဖုန်းကင်မရာကို မီတာ ၅၀ အကွာအဝေးကနေ ထိန်းချုပ်နိုင်ဖို့ O-Click Accessories ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Oppo N1 ဖုန်းက အမေရိကန်ဒေါ်လာ ၅၇၁ ရှိမယ်လို့ ကြေညာထားပါတယ်။ အောက်တိုဘာလ မှာ ဈေးကွက်ထဲမှာ စပြီးရောင်းချတော့မှာပါ။

မေသဇင်
Guide Magazine

RangonNewsDaily:: September 24, 2013

တရုတ်နိုင်ငံ ဘေဂျင်းမှာ Oppo အမှတ်တံဆိပ် N1 စမတ်ဖုန်းကို မိတ်ဆက်လာခဲ့တယ်။ ထူးခြားတာက Android 4.2 ကို အခြေခံ တည်ဆောက်ထားတဲ့ Color OS ကို အသုံးထားလို့ပါပဲ။ Android OS ကို အခြေခံထားတယ်ဆိုတော့ Android App တွေ အသုံးပြုမယ်လို့တော့ ထင်ရတာပဲ။

တာချီလိတ်မြို့ ကလေးများပျောက်ဆုံးမှု လူထုအစိုးရိမ်

RangonNewsDaily:: September 24, 2013

သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ကလေးငယ်တဦးပျောက်ဆုံး ရာ တာချီလိတ်မြို့နေ ဒေသခံ ကလေးငယ်များဆက်တိုက်ပျောက်ဆုံးနေသည် ဆိုသည့်သတင်းများကြောင့် တာချီလိတ်လူထု အထူးစိုးရိမ် နေသည်ဟု ကြားသိရပါသည်။

တန်ဖိုးရှိသော ဘဝတစ်ခု

RangonNewsDaily:: September 24, 2013

ဆေးရုံတစ်ခုထဲက အခန်းတစ်ခန်းထဲမှာပေါ့။ လူနာ ၂ ယောက်အတူနေတယ်။ တစ်ယောက်က အဝင်တံခါးဝမှာ။ တိုက်ပွဲ ဗုံးဒဏ်၊ ကျည်ဒဏတ်ကြောင့် မျက်လုံး ပက်တီးစီးထားရပြီး တစ်ကိုယ်လုံး ကြေမွနေသူ။ အသက်ရှင်ဖို့ စိတ်အားပြင်းထန်မှ လူပြန်ဖြစ်မယ့်အနေအထားတစ်ခုမှာ ဖြစ်ပါတယ်။

ဇနီးက ခင်ပွန်းကို မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်မှုဖြင့် တိုင်ကြားရာမှ လေးဦးအမှုဖွင့်ခံရ

RangonNewsDaily:: September 24, 2013

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်တွင် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို နိုင်ငံသားစိစစ်ရေးကတ် နှစ်ခုကိုင်ဆောင်မှုဖြင့် တိုင်ကြားရာမှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တိုင်ကြားသူအပါအဝင် လေးဦး အမှုဖွင့် ခံခဲ့ရကြောင်း မြင်းခြံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

Toyota Belta အကြောင်း တစေ့တစောင်း ......

RangonNewsDaily:: September 24, 2013
Toyota Belta ဆိုသည်မှာ ...
ဒီတစ်ခါတော့ Toyota Belta အကြောင်းရေးကြည့်မယ်နော်။ ၁၃၀၀စီစီတွေထဲမှာ များသောအားဖြင့် Hatchback လို့ခေါ်တဲ့ ကားနောက်ပိုင်းလုံးလုံး၊ ခုံးခုံးလေးတွေ များကြပါတယ်။
မော်ဒယ်အမြင့်ပိုင်းမှာကလည်း ၁၃၀၀စီစီမှသာ အခွန်နှုန်းသက်သာတာမို့ ၁.၃ ဆိုရင် Saloon Type အနေနဲ့ ရွေးချယ်စရာက အရမ်းရှားပါး၊ နည်းပါးပါတယ်။

အလုပ်သမား(၅၀)ဦးခန့် တင်ဆောင်လာသည့် ကြိုပို့ ယာဉ်တိမ်းမှောက်