Pages

Tuesday, September 24, 2013

ဂျာမနီရွေးကောက်ပွဲ အန်ဂျလာမာကယ်ပါတီအနိုင်ရ

Photo: ဂျာမနီရွေးကောက်ပွဲ အန်ဂျလာမာကယ်ပါတီအနိုင်ရ
Tuesday, September 24, 2013

ဥရောပကြွေးမြီ အကျပ်အတည်းကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဦးဆောင် လှုပ်ရှားခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ ပါတီသည် ယမန်နေ့က ပြုလုပ်ခဲ့သော ဂျာမနီရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရ ဦးဆောင်ခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အန်ဂျလာမာကယ်၏ နိုင်ငံရေးပါတီမှာ ခရစ်ယာန်ဒီမိုကရက် ဖြစ်ပြီး ပါလီမန်တွင် အမတ်နေရာ အများစု ပြည်သူ့ထောက်ခံမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ဥရောပ၏ ထိပ်တန်းစီးပွားရေးနိုင်ငံ ဂျာမနီကို အသက် ၅၉ နှစ်အရွယ် အန်ဂျလာမာကယ်က ဝန်ကြီးချုပ် တတိယမြောက် သက်တမ်းဖြင့် ဆက်လက်ဦးဆောင်နိုင်ပြီ ဖြစ်သည်။

ရွေးကောက်ပွဲနိုင် ခရစ်ယာန်ဒီမို ကရက်များသည် အဓိကအတိုက်အခံ ဆိုရှယ်ဒီမိုကရက်များနှင့် ပါလီမန်အတွင်း ညှိနှိုင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့ရန်အတွက် ပြင်ဆင်ကြမည့်ပုံ ရှိသည်။
ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများ ဆက်တိုက် ဆက်လက်အောင်ပွဲခံနိုင်မှု အဖြစ် ယခု အန်ဂျလာမာကယ်နှင့် ၄င်း၏ပါတီတို့က မှတ်တမ်းဝင်သွားခဲ့သည်။

"ပါတီခေါင်းဆောင်မှု အပိုင်းက အဖြေနောက်ဆုံးပိတ် ထွက်လာခဲ့ပြီးရင်
ညှိနှိုင်းဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီညခင်းတော့ အောင်ပွဲခံနိုင်ပါပြီ" ဟု အိန်ဂျလာမာကယ်က ထောက်ခံသူများကို ပြောကြားသည်။

လူရှေ့သူရှေ့သို့ ထွက်လာခဲသော ဝန်ကြီးချုပ်၏ ခင်ပွန်း ဓာတုဗေဒပညာရှင် နှင့် ဂီတဝါသနာရှင် ဂျိုအာကင်ဆာအူရာ လည်း အောင်ပွဲခံအခမ်းအနားသို့ ရောက်ရှိလာခဲ့သည်။

ရွေးကောက်ပွဲနိုင် အင်အားစု ကွန်ဆာဗေးတစ် များသည် စုစုပေါင်းနေရာ၏ ၄၁ ဒသမ ၅ရာခိုင်နှုန်း ရရှိပြီး အတိုက်အခံ အင်အားစု ဆိုရှယ်ဒီမိုကရက် ပါတီက ၂၅ ဒသမ ၇ ရာခိုင်နှုန်းသာ နေရာရသည်။
သဘာဝပတ်ဝန်းကျင်အရေး လှုံ့ဆော် သည့် Green ပါတီက ၈ ဒသမ ၄ နေရာ ရရှိပြီး လက်ဝဲပါတီက ၈ ဒသမ ၆ နေရာ ရရှိသည်။

"ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ အန်ဂျလာမာကယ်ကို ကျွန်တော် ဂုဏ်ပြုပါတယ်" ဟု ဥရောပသမဂ္ဂကောင်စီ ဥက္ကဋ္ဌဗန်ရွန်ပိုင်က ချီးကျူးစကား ပြောကြားခဲ့သည်။

The Voice Weekly

RangonNewsDaily:: September 24, 2013

ဥရောပကြွေးမြီ အကျပ်အတည်းကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဦးဆောင် လှုပ်ရှားခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ ပါတီသည် ယမန်နေ့က ပြုလုပ်ခဲ့သော ဂျာမနီရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရ ဦးဆောင်ခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ အန်ဂျလာမာကယ်၏ နိုင်ငံရေးပါတီမှာ ခရစ်ယာန်ဒီမိုကရက် ဖြစ်ပြီး ပါလီမန်တွင် အမတ်နေရာ အများစု ပြည်သူ့ထောက်ခံမှု ရရှိခဲ့ခြင်း ဖြစ်သည်။

ဥရောပ၏ ထိပ်တန်းစီးပွားရေးနိုင်ငံ ဂျာမနီကို အသက် ၅၉ နှစ်အရွယ် အန်ဂျလာမာကယ်က ဝန်ကြီးချုပ် တတိယမြောက် သက်တမ်းဖြင့် ဆက်လက်ဦးဆောင်နိုင်ပြီ ဖြစ်သည်။

ရွေးကောက်ပွဲနိုင် ခရစ်ယာန်ဒီမို ကရက်များသည် အဓိကအတိုက်အခံ ဆိုရှယ်ဒီမိုကရက်များနှင့် ပါလီမန်အတွင်း ညှိနှိုင်းကာ ညွန့်ပေါင်းအစိုးရ ဖွဲ့ရန်အတွက် ပြင်ဆင်ကြမည့်ပုံ ရှိသည်။
ဂျာမနီ ပြန်လည်ပေါင်းစည်းပြီးနောက် ကွန်ဆာဗေးတစ် နိုင်ငံရေးသမားများ ဆက်တိုက် ဆက်လက်အောင်ပွဲခံနိုင်မှု အဖြစ် ယခု အန်ဂျလာမာကယ်နှင့် ၄င်း၏ပါတီတို့က မှတ်တမ်းဝင်သွားခဲ့သည်။

"ပါတီခေါင်းဆောင်မှု အပိုင်းက အဖြေနောက်ဆုံးပိတ် ထွက်လာခဲ့ပြီးရင်
ညှိနှိုင်းဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီညခင်းတော့ အောင်ပွဲခံနိုင်ပါပြီ" ဟု အိန်ဂျလာမာကယ်က ထောက်ခံသူများကို ပြောကြားသည်။

လူရှေ့သူရှေ့သို့ ထွက်လာခဲသော ဝန်ကြီးချုပ်၏ ခင်ပွန်း ဓာတုဗေဒပညာရှင် နှင့် ဂီတဝါသနာရှင် ဂျိုအာကင်ဆာအူရာ လည်း အောင်ပွဲခံအခမ်းအနားသို့ ရောက်ရှိလာခဲ့သည်။

ရွေးကောက်ပွဲနိုင် အင်အားစု ကွန်ဆာဗေးတစ် များသည် စုစုပေါင်းနေရာ၏ ၄၁ ဒသမ ၅ရာခိုင်နှုန်း ရရှိပြီး အတိုက်အခံ အင်အားစု ဆိုရှယ်ဒီမိုကရက် ပါတီက ၂၅ ဒသမ ၇ ရာခိုင်နှုန်းသာ နေရာရသည်။
သဘာဝပတ်ဝန်းကျင်အရေး လှုံ့ဆော် သည့် Green ပါတီက ၈ ဒသမ ၄ နေရာ ရရှိပြီး လက်ဝဲပါတီက ၈ ဒသမ ၆ နေရာ ရရှိသည်။

"ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ အန်ဂျလာမာကယ်ကို ကျွန်တော် ဂုဏ်ပြုပါတယ်" ဟု ဥရောပသမဂ္ဂကောင်စီ ဥက္ကဋ္ဌဗန်ရွန်ပိုင်က ချီးကျူးစကား ပြောကြားခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment