Pages

Tuesday, September 24, 2013

အရှေ့အနောက်လှည့်ပြီး သုံးနိုင်တဲ့ 13MP ကင်မရာနဲ့ Oppo N1 စမတ်ဖုန်းသစ်

Photo: အရှေ့အနောက်လှည့်ပြီး သုံးနိုင်တဲ့ 13MP ကင်မရာနဲ့ Oppo N1 စမတ်ဖုန်းသစ်
Tuesday, September 24, 2013

တရုတ်နိုင်ငံ ဘေဂျင်းမှာ Oppo အမှတ်တံဆိပ် N1 စမတ်ဖုန်းကို မိတ်ဆက်လာခဲ့တယ်။ ထူးခြားတာက Android 4.2 ကို အခြေခံ တည်ဆောက်ထားတဲ့ Color OS ကို အသုံးထားလို့ပါပဲ။ Android OS ကို အခြေခံထားတယ်ဆိုတော့ Android App တွေ အသုံးပြုမယ်လို့တော့ ထင်ရတာပဲ။ 

Oppo N1 ရဲ့ စွမ်းရည်က ၅.၉ လက်မ full HD ရတဲ့ IPS မျက်နှာပြင်၊ 16GB နဲ့ 32GB Memory ဗားရှင်းနှစ်ခု၊ စိတ်မကောင်းစရာက microSD card slot မပါဝင်ဘူး။ နောက်ပြီး 1.7GHz Quad-core Snapdragon 600, Adreno 320 GPU နဲ့ 2GB of RAM တွေ ပါဝင်တယ်။ 

အခြားဖုန်းတွေနဲ့ လုံးဝကွာခြားတဲ့အချက်က ဖုန်းရဲ့ ထိပ်ပိုင်းမှာ 13MP ကင်မရာကို တပ်ဆင်ထားတယ်။ အဲဒီကင်မရာက အရှင်၊ လှုပ်ရှားလို့ရတယ်။ ၂၀၆ ဒီဂရီအတွင်း လှည့်လည်သုံးစွဲနိုင်တယ်။ ကင်မရာတစ်လုံးတည်းနဲ့
နောက်ကင်မရာဖြစ်တော့ ရှေ့ကင်မရာ အဖြစ်ပါ အသုံးပြုနိုင်တယ်။ LED မီးကလည်း နှစ်လုံးတောင်မှ တပ်ထားတာနော်။ ရှေ့ကင်မရာအားနည်းတဲ့ ဖုန်းတွေအတွက် Oppo N1 က ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါ။ 

ဖုန်းကင်မရာကို မီတာ ၅၀ အကွာအဝေးကနေ ထိန်းချုပ်နိုင်ဖို့ O-Click Accessories ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Oppo N1 ဖုန်းက အမေရိကန်ဒေါ်လာ ၅၇၁ ရှိမယ်လို့ ကြေညာထားပါတယ်။ အောက်တိုဘာလ မှာ ဈေးကွက်ထဲမှာ စပြီးရောင်းချတော့မှာပါ။

မေသဇင်
Guide Magazine

RangonNewsDaily:: September 24, 2013

တရုတ်နိုင်ငံ ဘေဂျင်းမှာ Oppo အမှတ်တံဆိပ် N1 စမတ်ဖုန်းကို မိတ်ဆက်လာခဲ့တယ်။ ထူးခြားတာက Android 4.2 ကို အခြေခံ တည်ဆောက်ထားတဲ့ Color OS ကို အသုံးထားလို့ပါပဲ။ Android OS ကို အခြေခံထားတယ်ဆိုတော့ Android App တွေ အသုံးပြုမယ်လို့တော့ ထင်ရတာပဲ။ Oppo N1 ရဲ့ စွမ်းရည်က ၅.၉ လက်မ full HD ရတဲ့ IPS မျက်နှာပြင်၊ 16GB နဲ့ 32GB Memory ဗားရှင်းနှစ်ခု၊ စိတ်မကောင်းစရာက microSD card slot မပါဝင်ဘူး။ နောက်ပြီး 1.7GHz Quad-core Snapdragon 600, Adreno 320 GPU နဲ့ 2GB of RAM တွေ ပါဝင်တယ်။

အခြားဖုန်းတွေနဲ့ လုံးဝကွာခြားတဲ့အချက်က ဖုန်းရဲ့ ထိပ်ပိုင်းမှာ 13MP ကင်မရာကို တပ်ဆင်ထားတယ်။ အဲဒီကင်မရာက အရှင်၊ လှုပ်ရှားလို့ရတယ်။ ၂၀၆ ဒီဂရီအတွင်း လှည့်လည်သုံးစွဲနိုင်တယ်။ ကင်မရာတစ်လုံးတည်းနဲ့
နောက်ကင်မရာဖြစ်တော့ ရှေ့ကင်မရာ အဖြစ်ပါ အသုံးပြုနိုင်တယ်။ LED မီးကလည်း နှစ်လုံးတောင်မှ တပ်ထားတာနော်။ ရှေ့ကင်မရာအားနည်းတဲ့ ဖုန်းတွေအတွက် Oppo N1 က ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါ။

ဖုန်းကင်မရာကို မီတာ ၅၀ အကွာအဝေးကနေ ထိန်းချုပ်နိုင်ဖို့ O-Click Accessories ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Oppo N1 ဖုန်းက အမေရိကန်ဒေါ်လာ ၅၇၁ ရှိမယ်လို့ ကြေညာထားပါတယ်။ အောက်တိုဘာလ မှာ ဈေးကွက်ထဲမှာ စပြီးရောင်းချတော့မှာပါ။

မေသဇင်
Guide Magazine , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment