Pages

Tuesday, September 24, 2013

မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး

မက္ကာမြို့သို့ ဟာ့ဂ်ျ သွားရောက်မည့် ဟာဂျီလောင်းများအား မွမ်းမံသင်တန်းပေး


kolatt(PBDN): September. 24. 2013

ရန်ကုန် ။ ။ ယခု ၂၀၁၃-ခုနှစ်တွင် မက္ကာမြို့သို့ ဟာ့ဂ်ျသွားရောက်ကြမည့် ဟာဂျီလောင်းများအနေဖြင့် ခရီးစဉ်တွင် လွယ်ကူမှုရှိစေရန်အတွက် မွမ်းမံသင်တန်းများကို ဟာဂ်ျကူညီရေးအဖွဲ့ချုပ်မှ စက်တင်ဘာလ ၂၁-ရက်နေ့မှ ၃၀-ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ဟာဂ်ျကူညီရေးအဖွဲ့ချုပ်တွင် ဟာဂ်ျနှင့်ပတ်သက်သည့် စည်းကမ်းချက်များ၊ ဟာဂ်ျလုပ်ဆောင်ချက်များ၏ ကြီးမြင့်မှုနှင့်အကျိုးတရားများကိုလည်း ရှင်းလင်းပြောပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားမှုများကို မနေ့က နေ့လည် ၂-နာရီမှ ၄-နာရီထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ မွမ်းမံသင်တန်းများ ပြုလုပ်ရခြင်းမှာ ဟာဂ်ျသွားရောက်မည့် ဟာဂျီလောင်းများ လွယ်ကူစေရန်နှင့် အခက်အခဲနည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဟာဂျီဦးသိန်းဦးမှ ပြောပြခဲ့ပါသည်။

မနေ့ကပြုလုပ်သော ဟာဂျီလောင်းများအတွက် မွမ်းမံသင်တန်းသို့ တက်ရောက်သူ (၁၂၀)ခန့်ရှိကြောင်းနှင့် ဟာ့ဂ်ျကူညီရေးအဖွဲ့ချုပ်ရုံးသည် အမှတ်(၇)၊ ဒုတိယထပ်(ယာ)၊ ဒေါ်သိန်းတင်လမ်း၊ ကန်/ရှေ့ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရှိကြောင်းလည်း သိရပါသည်။

M-Media::--

See More News: (www.rangonnewsdaily.blogspot.com)
ဓါတ်ပုံအညွှန်း - ၂၀၁၂ ခုနှစ် က ဟဂ်ျ သွားရောက်ခဲ့သည့် မြန်မာမွတ်စလင်မ်ဟာဂျီများ
RangonNewsDaily:: September 24, 2013

ရန်ကုန် ။ ။ ယခု ၂၀၁၃-ခုနှစ်တွင် မက္ကာမြို့သို့ ဟာ့ဂ်ျသွားရောက်ကြမည့် ဟာဂျီလောင်းများအနေဖြင့် ခရီးစဉ်တွင် လွယ်ကူမှုရှိစေရန်အတွက် မွမ်းမံသင်တန်းများကို ဟာဂ်ျကူညီရေးအဖွဲ့ချုပ်မှ စက်တင်ဘာလ ၂၁-ရက်နေ့မှ ၃၀-ရက်နေ့အထိ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည် ဟာဂ်ျကူညီရေးအဖွဲ့ချုပ်တွင် ဟာဂ်ျနှင့်ပတ်သက်သည့် စည်းကမ်းချက်များ၊ ဟာဂ်ျလုပ်ဆောင်ချက်များ၏ ကြီးမြင့်မှုနှင့်အကျိုးတရားများကိုလည်း ရှင်းလင်းပြောပြခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားမှုများကို မနေ့က နေ့လည် ၂-နာရီမှ ၄-နာရီထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ မွမ်းမံသင်တန်းများ ပြုလုပ်ရခြင်းမှာ ဟာဂ်ျသွားရောက်မည့် ဟာဂျီလောင်းများ လွယ်ကူစေရန်နှင့် အခက်အခဲနည်းနိုင်သမျှ နည်းပါးစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဟာဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဟာဂျီဦးသိန်းဦးမှ ပြောပြခဲ့ပါသည်။

မနေ့ကပြုလုပ်သော ဟာဂျီလောင်းများအတွက် မွမ်းမံသင်တန်းသို့ တက်ရောက်သူ (၁၂၀)ခန့်ရှိကြောင်းနှင့် ဟာ့ဂ်ျကူညီရေးအဖွဲ့ချုပ်ရုံးသည် အမှတ်(၇)၊ ဒုတိယထပ်(ယာ)၊ ဒေါ်သိန်းတင်လမ်း၊ ကန်/ရှေ့ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရှိကြောင်းလည်း သိရပါသည်။

M-Media::-- , RangonNewsDaily
kolatt (Pabedan)


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment