Pages

Tuesday, September 24, 2013

ရန်ကုန်ပြည်ကားလမ်းမကြီး ၀ဲယာရှိ မလွတ်ကင်းသော ဆိုင်ခန်းများ ဖယ်ရှားပေးရတော့မည်

ရန်ကုန်ပြည်ကားလမ်းမကြီး ၀ဲယာရှိ မလွတ်ကင်းသော ဆိုင်ခန်းများ ဖယ်ရှားပေးရတော့မည်


kolatt(PBDN): September. 24. 2013

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အတွင်းရှိ ရန်ကုန်ပြည် မကွေးကားလမ်းမကြီး လမ်းဘေးဝဲယာ တစ်လျှောက် လမ်းနယ်နမိတ်အတွင်း မလွတ်ကင်းသော နေရာ ဆိုင်ခန်းများကို စက်တင်ဘာ(၂၉)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်း ပေးရန် မြို့နယ်ဆောက်လုပ်ရေးမှ အကြောင်းကြားစာ ပေးပို့လာကြောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။
::
“စာထဲမှာ မြို့တွင်းရွာတွင်း လမ်းအကျယ် ပေ(၁၀၀)အတွင်းနဲ့ မြို့ပြင်ပ ပေ(၁၅၀) အတွင်း မလွတ်တာမှန်သမျှ (၇)ရက်အတွင်း ဖျက်ပေးရမယ်။ မဖျက်ရင် ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်လို့ ပါပါတယ်”ဟု ၎င်းက ပြောသည်။
::
၎င်းအကြောင်းကြားစာနှင့်ပတ်သက်၍ ကွမ်းယာဆိုင်ရှင် တစ်ဦးကလည်း “ ဒီနေရာလေးကို မှီပြီး ထမင်းစားနေရတာပါ ။ဖယ်ရမယ် ဆိုတော့လည်း စားဝတ်နေရေး အတွက် စိုးရိမ်စရာ ဖြစ်လာမှာပါ၊”ဟု ပြောသည်။
မြို့နယ်ဆောက်လုပ်ရေးမှ ၀န်ထမ်းတစ်ဦးကမူ “ ခရိုင်က ညွှန်ကြားမှုအရ ဆောင်ရွက်တာပါ အခြားမြို့နယ်တွေလည်း ဆောင်ရွက်နေကြတာပါပဲ။ 
::
ခုက ပထမအကြိမ် အကြောင်းကြားတာပါ။ မရရင် နောက် ဒုတိယ၊ တတိယ ဆက်လက် အကြောင်းကြားပေးမယ်။ မလုပ်ရင်တော့ ဥပဒေအရ ဆောင်ရွက် သွားမှာပါ”ဟု ပြောသည်။
::
အောင်လံမြို့နယ်အတွင်ရှိ ရန်ကုန်ပြည် မကွေး ကားလမ်းမဘေး ကျေးရွာများဖြစ်ကြသော ပြလို့စံပြကျေးရွာနှင့် မိုးကောင်းကျေးရွာတို့ကိုလည်း လွန်ခဲ့သော ရက်အနည်းငယ်က အထက်ပါအတိုင်း အကြောင်း ကြားစာများ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။

လင်းသက်
Myanmar Age ::--

RangonNewsDaily:: September 24, 2013

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် အတွင်းရှိ ရန်ကုန်ပြည် မကွေးကားလမ်းမကြီး လမ်းဘေးဝဲယာ တစ်လျှောက် လမ်းနယ်နမိတ်အတွင်း မလွတ်ကင်းသော နေရာ ဆိုင်ခန်းများကို စက်တင်ဘာ(၂၉)ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်း ပေးရန် မြို့နယ်ဆောက်လုပ်ရေးမှ အကြောင်းကြားစာ ပေးပို့လာကြောင်း ဆိုင်ရှင်တစ်ဦးက ပြောသည်။“စာထဲမှာ မြို့တွင်းရွာတွင်း လမ်းအကျယ် ပေ(၁၀၀)အတွင်းနဲ့ မြို့ပြင်ပ ပေ(၁၅၀) အတွင်း မလွတ်တာမှန်သမျှ (၇)ရက်အတွင်း ဖျက်ပေးရမယ်။ မဖျက်ရင် ဥပဒေအရ အရေးယူ ဆောင်ရွက်မယ်လို့ ပါပါတယ်”ဟု ၎င်းက ပြောသည်။
::
၎င်းအကြောင်းကြားစာနှင့်ပတ်သက်၍ ကွမ်းယာဆိုင်ရှင် တစ်ဦးကလည်း “ ဒီနေရာလေးကို မှီပြီး ထမင်းစားနေရတာပါ ။ဖယ်ရမယ် ဆိုတော့လည်း စားဝတ်နေရေး အတွက် စိုးရိမ်စရာ ဖြစ်လာမှာပါ၊”ဟု ပြောသည်။
မြို့နယ်ဆောက်လုပ်ရေးမှ ၀န်ထမ်းတစ်ဦးကမူ “ ခရိုင်က ညွှန်ကြားမှုအရ ဆောင်ရွက်တာပါ အခြားမြို့နယ်တွေလည်း ဆောင်ရွက်နေကြတာပါပဲ။
::
ခုက ပထမအကြိမ် အကြောင်းကြားတာပါ။ မရရင် နောက် ဒုတိယ၊ တတိယ ဆက်လက် အကြောင်းကြားပေးမယ်။ မလုပ်ရင်တော့ ဥပဒေအရ ဆောင်ရွက် သွားမှာပါ”ဟု ပြောသည်။
::
အောင်လံမြို့နယ်အတွင်ရှိ ရန်ကုန်ပြည် မကွေး ကားလမ်းမဘေး ကျေးရွာများဖြစ်ကြသော ပြလို့စံပြကျေးရွာနှင့် မိုးကောင်းကျေးရွာတို့ကိုလည်း လွန်ခဲ့သော ရက်အနည်းငယ်က အထက်ပါအတိုင်း အကြောင်း ကြားစာများ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။

လင်းသက်
Myanmar Age ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment