Pages

Tuesday, September 24, 2013

သတ်မှတ်တန်ချိန်ထက် မပိုသောကြောင့် သစ်လုံးတင်ကားများ ရန်ကုန်တွင် မောင်းခွင့်ပြုခြင်းဖြစ်သည်ဟု ဝန်ကြီးဆို

RangonNewsDaily:: September 24, 2013

သတ်မှတ်ထားသည့် တန်ချိန်ထက် မပိုသောကြောင့် သစ်လုံးတင်ကားကြီးများကို ရန်ကုန်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖြတ်သန်းမောင်းနှင့်ခွင့်ပြုခြင
်းဖြစ်သည်ဟု ရန်ကုန်တိုင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက စက်တင်ဘာ ၂၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် အမတ်တစ်ဦး၏ မေးခွန်းကို ဖြေကြား လိုက်သည်။ "ရန်ကုန်တိုင်းစည်ပင်သာယာရေးနယ်နိမိတ်အတွင်း သစ်လုံးတင်ကားများ မကြာခဏ တိမ်းမှောက်နေသဖြင့် သက်ဆိုင်ရာ အစိုးရက အဘယ်ကြောင့် ခွင့်ပြုထားသနည်း" ဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းအမတ် ဦးကျော်၏
မေးခွန်းကို ရန်ကုန်တိုင်းအစိုးရဌာနခြောက်ခု တာဝန်ယူထားသောဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးÓဏ်ထွန်းဦးက အထက်ပါအတိုင်း
ဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော် သစ်လုံးတင်ကားများကို မည်သည့်ကုန်တန်ချိန်အထိ တင်ဆောင်နိုင်ရန် သတ်မှတ်ထားသည်ကို ဝန်ကြီးက ဖြေကြားခဲ့ခြင်းမရှိပေ။

ဦးကျော်ကလည်း ၎င်းး၏မေးခွန်းကို ဝန်ကြီးဖြေကြားချက်မှာ "ပြည့်စုံမှုမရှိ" ဟု မဇ္ဈိမသို့ ပြောသည်။

"Weight (အလေးချိန်)နဲ့ မဆိုင်ဘူး။ အန္တရာယ်ရှိတာကို စဉ်းစားရမှာ။ မြို့အင်္ဂါရပ်နဲ့လည်း ဒီလိုကားကြီးတွေသွားဖို့ မသင့်တော်ဘူး" ဟုလည်း သူကဆိုသည်။

ဇွန်လအတွင်းက သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမရှိ
ပြည်ထောင်စု ခုံးကျော်တံတားအဆင်းတွင် သစ်လုံးတင် ကားတစ်စီး ဘရိတ်ပေါက်ရာမှ ကားရှစ်စီးအား ဆက်တိုက် ဆင့်တိုက်သဖြင့် လူနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည့်ဖြစ်စဉ်ကို ဥပမာပေး၍ ဦးကျော်က
မေးခွန်းထုတ်ခြင်းဖြစ်သည်။

ထိုယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့
ဒဏ်ရာရခဲ့ပြီး သင်္ဃန်းကျွန်း စြံပဆေးရုံကြီးတွင် ဆေးကုခဲ့ရသည်။

ကန့်သတ်တန်ချိန်အတွင်း သစ်လုံးတင်ကားများကိုမောင်းခွင့်ပြုထားသည်ဟု ဝန်ကြီးက ဖြေခဲ့သော်
လည်း မော်တော်ယာဉ်များက သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ကြခြင်း၊ ကုန်တင်၊ သစ်လုံးတင်ယာဉ်များသည် ၎င်းတို့မောင်းနှင်ရန် သတ်မှတ်ထားသည့် လမ်းကြောင်းမှ သွေဖည်ကာ စည်းကမ်းမဲ့ မောင်းနှင်ကြခြင်းတို့ကြောင့် ရန်ကုန်မြို့ရှိ လမ်းများပျက်စီးရသည်ဟု ယမန်နှစ် စက်တင်ဘာ နောက်ဆုံးပတ်က
ပြုလုပ်သည့် လွှတ်တော်တွင် မြို့တော်ဝန်ဦးလှမြင့်က ပြောဆိုထားသည်။

Mizzima - News, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment