Pages

Monday, September 24, 2012

Fake iPhone 5 v1.2 for Android




Android ဖုန်းပေါ်မှာiPhone 5 ရဲ့ဒီဇိုင်းအသွင်အပြင်ကိုသုံးချင်သူတွေအတွက်Fake iPhone 5 v1.2 forAndroid
ကိုတင်ပေးလိုက်ပါတယ်။ iPhone 5 launcher လေးပါ။ သုံးလို့ကောင်းပါတယ်။ အောက်က link မှာရယူနိုင်ပါ
တယ်။

မိုဘိုင်းဖုန်းအသုံးပြုရာတွင် အနည်းဆုံးအနေဖြင့် 3G ကွန်ရက်ကိုသုံးနိုင်ရန် ဆောင်ရွက်မည်



ပြည်တွင်း၌ မိုဘိုင်းဖုန်းများ အသုံးပြုရာတွင် အနည်းဆုံးအားဖြင့်3G ကွန်ရက်ကိုအသုံးပြုနိုင်ရန် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး၊ ဆက်သွယ်ရေး၊ စာ
တိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးသောင်းတင်ကပြောသည်။

Samsung Galaxy S III များကို ဈေးလျှော့ရောင်းချပေးမည်



Samsung Galaxy S III များကို ဈေးလျှော့ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ အဆိုပါ Samsung Galaxy S III တွေကို ယခင်က ၅၄၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ရာမှ ယခုအခါ ၄၉၉,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းလျှော့ချ
၍ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရဟုဆို

မြန်မာနိုင်ငံတွင်တစ်နေ့လျှင်လူဦးရေ၂၃ဦးခန့်အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရကြောင်း ကျန်းမာရေးဦးစီးဌာန၊ UNAIDS ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015  ''တွင် ဖော်ပြထားချက်များအရ သိရသည်။

I phone 5 ကို ၁၅ သိန်းဂျီအက်(စ်)အမ်ဖုန်းရှင်များ သုံးခွင့်မရသေး

ဈေးကွက်၌အသစ်ရောက်ရှိလာသည့်iphone5သုံးစွဲရန်အတွက်ဆယ့်ငါးသိန်းတန်ဂျီအက်(စ်)အမ် ကိုင်ဆောင်
ထားသူများဆင်းကတ်အခက်အခဲရှိနေကြောင်းသိရသည်။နှစ်သိန်းတန်ဂျီအက်(စ်)အမ် ဆင်းကတ်များဖြင့်
သာသုံးစွဲရန်အဆင်ပြေပြီးယခင်ဆယ့်ငါးသိန်းဂျီအက်(စ်)အမ်များဖြင့်သုံးစွဲ၍မရနိုင်ဘဲဆင်းကတ် လဲလှယ်ရန် လိုအပ်မည်ဟု လူကြီးမင်း မိုဘိုင်းဖုန်းဆိုင်မှ အရောင်းဝန်ထမ်း တစ်ဦး က ပြောသည်

သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံ မေဂျာတတိယနှစ် ဘာသာရပ် စာမေးပွဲမေးခွန်းမှားယွင်း ဝေငှမှု ဖြစ်ပေါ်

ရန်ကုန်၊ စက်တင်ဘာ ၂၄

သန်လျင်နည်းပညာတက္ကသိုလ်၌ရေနံမေဂျာတတိယနှစ်မှဘာသာရပ်စာမေး ပွဲတစ်ခု မေးခွန်းမှားယွင်းဝေငှ
မှု အပေါ် ဖြေဆိုသူ ကျောင်းသားတို့ နစ်နာမှု မရှိစေရန် စီစဉ်ပေးသွား မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်တော် ထွက်ပြေးတရားခံများ ပြန်လည် ဖမ်းဆီးရ၊ ရဲမှူးနှင့် စခန်းမှူး အရေးမယူရန် တည်ငြိမ် အေးချမ်းမူ ကော်မီတီက စာရေးမေတ္တာရပ်ခံ

 
ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင်ထွက်ပြေးသွားသောလူသတ်တရားခံ(၂)ဦးကိုပြန်လည်ဖမ်းမိခဲ့ပြီးနောက်
ကျောက်တော်မြို့နယ်တည်ငြိမ်အေးချမ်းမူဖေါ်ဆောင်ရေးမြို့မိမြို့ဖများမှယာယီပြောင်းရွှေ့ ခံထားရသော
ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်စခန်းမှူးတို့အား ပြန်လည် တာဝန်ချထားပေးပါရန် အတွက် အထက်သို့ စာရေး မေတ္တာရပ်ခံလိုက်သည်ဟု သိရသည်။

ရှမ်းထံမှ လျှပ်စစ်မီးပေးချိန်က မီးရောင်ထိန်ထိန်လင်းခဲ့သော မြ၀တီ ဒေါ်သင်းသင်းမြတ်လက်ထက်ရောက်မှ မြ၀တီမြို့ မီးပျက်ပြီး

 
ရှမ်းထံမှမြ၀တီမြို့အားလျှပ်စစ်မီးပေးနေချိန်၌ နေ့ရော ညပါ (၂၄)နာရီမီးထိန်သာခဲ့သော မြ၀တီမြို့ကြီးသည် ယင်းမြို့၏မြို့မျက်နှာဖုံးဖြစ်သောဒေါ်သင်းသင်းမြတ်လျှပ်စစ်မီးနှင့်ပတ်သက်၍လေလံအောင်ပြီးသည့် နောက်
၎င်း၏လက်ထက်သို့ရောက်သောအခါမီးခဏခဏပျက်ခြင်း၊မီးအားမပြည့်ခြင်းမီတာခနှုန်းထားများပိုမိုကျခြင်း
နှင့်မီးအားမမှန်ဖြစ်ကာထရန်စဖာပုံးများမကြာခဏပေါက်၍ပြည် သူများအထိတ်တလန့်ဖြစ်နေရ ကြောင်း မြ
ဝတီမြို့နေ ပြည်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးသူရရွေမန်း စင်္ကာပူ နိုင်ငံ သို့ ရောက်ရှိ

ပည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းသည် စက်တင်ဘာ ၂၃ ရက်မှ စတင်၍ ၂၆ ရက်အထိ ၄ ရက်ကြာ ခရီးစဉ်အဖြစ် စင်္ကာပူ နိုင်ငံ သို့ ရောက်ရှိနေသည်။ ဦးရွှေမန်း နှင့် လွှတ်တော် ကိုယ်စားလှယ် ၅ ဦး ပါဝင်သောအဖွဲ့သည်စင်္ကာပူလွှတ်တော်ဥက္ကဌMichaelPalmer၏ဖိတ်ကြားချက်အရသွားရောက်ခြင်း ဖြစ်သည်။

အီရန် အစိုးရ Gmail အသုံးပြုမှု့ကို ပိတ်ပင်

အီရန်အစိုးရသည်နိုင်ငံတွင်းGoogle၏ဝန်ဆောင်မှုတစ်ခုဖြစ်သောGmailအသုံးပြုပိတ်ပင်လိုက်ပြီ ဖြစ်သည်။အီ
ရန်သည်နိုင်ငံတွင်းအသုံးပြုရန်အတွက်Intranet(အင်ထရာနက်)စနစ်ကိုအကောင်အထည်ဖော်လိုက်ပြီးနောက်
Gmail အသုံးပြုမှုကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း RT News က ဖော်ပြသည်။

မြစ်ကြီးနားမြို့အနီးတ၀ိုက်တွင် KIA မှ လူသစ်စုဖမ်းဆီးနေ

 
စက်တင်ဘာ၂၃ရက်နေ့ကမြစ်ကြီးနားမြို့မှ၁၀မိုင်ခန့်ဆွမ်ပရာဘွမ်သွားကားလမ်းဘေးရှိ ဒွန်ရန်ရွာတွင် ကေ
အိုင်အေမှ အတင်းအဓမ္မ လူသစ်စုဖမ်းဆီး သွားကြောင်း သိရပါတယ်။

မန္တလေး မြို့တော်ဝန်ကို အယုံအကြည် မရှိကြောင်း သမ္မတထံစာပို့ရန် ပြည်သူလူထုဆန္ဒလက်မှတ်ရယူမည်

 မန္တလေးမြို့တော်ဝန်
မန္တလေး-စက်တင်ဘာ၂၄

မန်းမြို့တော်ဝန်အားအယုံအကြည်မရှိကြောင်းကိုနိင်ငံတော်သမ္မတထံစာတင်ရန်ပြည်သူလူထု ဆန္ဒမဲလက်
မှတ်များရယူသွားမည်ဟု ဦးဆောင်ပြုလုပ်မည့်သူတဦးဖြစ်သူ ABSDF ကျောင်းသား ရဲဘော်ဟောင်း ကိုညီ
ညီကျော် ကပြောသည်။

၇ျာမနီနိုင်ငံ ဖရန့်ဖတ်မြို့နှင့် ပထမဆုံး ဥရောပ လေကြောင်း ခရီးစဉ် တိုက်ရိုက် ပြေးဆွဲမည်

၇ျာမနီနိုင်ငံ စီးပွားရေးအချက်အချာမြိုဖြစ်သည့် ဖရန့်ဖက်မြို့နှင့် ရန်ကုန်မြို့အား ပထမဆုံးတိုက်ရိုက်ပြေးဆွဲ
မည့် ဂျာမနီနိုင်ငံမှ Condor လေကြောင်းလိုင်းသည် နိုဝင်ဘာ ၆ ရက်နေ့တွင် ဂျာမနီဖရန့်ဖက်မြို့မှ ရန်ကုန်
မြို့သို့ စတင်ပြေးဆွဲမည်ဖြစ်ကြောင်းCondor လေကြောင်းလိုင်း မြန်မာပြည်ကိုယ်စားလှယ်MyanmarAviation
centre မှ အထွေထွေမန်နေဂျာ မဆွေဆွေလွင်က ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဖွဲ့စည်း

နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့အကျိုးကိုကူညီဆောင်ရွက်ပေးဖို့နဲ့မြန်မာနိုင်ငံရဲ့ အသွင်ကူပြောင်းရေး
ကာလမှာနိုင်ငံရေးအကျဉ်းသားတွေအနေနဲ့လူမှုရေးလုပ်ငန်းတွေလုပ်ဆောင်ပြီးတိုင်းပြည်တည်ဆောက်ရေး
မှာပါဝင်နိုင်ဖို့ရည်ရွယ်ပြီးနိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ(ယာယီ)ကို ဒီ
ကနေ့ မှာဖွဲ့စည်းလိုက်ပါတယ်။

မြန်မာကျောင်းသားများကို ကင်းဘရစ်ခ်ျ တက္ကသိုလ် ပညာသင်ဆုပေးရန် စီစဉ်

 
ဗြိတိန်နိုင်ငံရှိကမ္ဘာ့ထိပ်တန်းအဆင့်ရှိကင်းဘရစ်ခ်ျတက္ကသိုလ်သည်လာမည့်နှစ်မှစ၍ မြန်မာကျောင်းသားများ
ကို ပညာသင်ဆု ပေးအပ်ရန် စီစဉ်နေကြောင်း ဗြိတိသျှသံရုံးမှ သတင်းရရှိသည်။

ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ဂျပန် စက်ရုပ်ကျောင်းသား

 
လွန်လေပြီးသောဆယ်စုနှစ်များက သိပ္ပံစာရေးဆရာများက စိတ်ကူးယဉ် ဇာတ်လမ်းများ ရေးသားခဲ့ဖူးသည်။ သို့သော်သူတို့စိတ်ကူးယဉ်မှုများမှာအမှန်တကယ်ဖြစ်လာကြသည်ကိုတွေ့နေရသည်။ယခုလည်း ပညာရေး
တွင် စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။

လယ်သမားတွေ ဘဝ ဒုံရင်းက ဒုံရင်း


လယ်သမားများ လယ်ပိုင်ခွင့်ရှိဖို့ အရေးကြီးတယ်လို့ လယ်သမားအရေး လှုပ်ရှားသူတွေက ဆိုကြတယ် (ဓာတ်ပုံ- ဂျေပိုင်)

မြန်မာနိုင်ငံ ဒေသအသီးသီးက အဓမ္မသိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး လယ်သမား
တွ နည်းလမ်း အစုံ အသုံးပြုပြီး ဆန္ဒပြတောင်းဆိုနေကြတဲ့ အတောအတွင်း မကြာသေးခင်ကတင် ပြည်
ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအောင်သိန်းလင်း က လယ်
သမား အရေးအဆို တခု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်သူများကို လိုက်ဖမ်းနေပြီ

If you see this message, it means that your browser doesn't support frames or they are disabled.
ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အတွက် ဆန္ဒထုတ်ဖော် လမ်းလျှောက်နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ကမ္ဘာ့ငြိမ်းချမ်းရေးနေအထိမ်းအမှတ်အဖြစ်ရန်ကုန်မြို့တွင်ဥပဒေအရ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလမ်းလျှောက်
ပွဲ ကျင်းပပြုလုပ်သူများနှင့် ပါဝင်သူများကို မြို့နယ်ရဲတပ်ဖွဲ့စခန်း ၁၀ ခုက အမှုဖွင့်လိုက်ပြီ ဖြစ်ပြီး ဆန္ဒပြပွဲ ဦး
ဆောင်သူများကို ယခုညနေပိုင်းတွင် လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ဒီချုပ်ပါတီဝင်အများစု စီးပွါးရေးအမြင်ရှိကြတဲ့သူများ မဟုတ်ဟု ရိုးမဘဏ် ဒုဥက္ကဋ္ဌ ပြော

လက်ရှိအာဏာရကြံ့ခိုင်ရေးပါတီမှအကြီးအကဲများဟာယခင်အစိုးရလက်အောက်မှာထဲက စီးပွါးရေးလုပ်ငန်း အများအပြားလုပ်ကိုင်လာခဲ့ကြလို့စီးပွါးရေးနဲပက်သက်လာရင်ပိုအတွေ့အကြုံရှိကြကြောင်း၊ဒေါ်အောင်ဆန်း
စုကြည်နဲ့ဒီချုပ်ပါတီဝင်အများစုကတော့အချိန်တော်တော်များများအကျဉ်းထောင်တွေထဲမှာသာကုန်ဆုံးနေ
ခဲ့ကြတာဖြစ်လို့စီးပွါးရေးအမြင်ရှိကြတဲ့သူများမဟုတ်ဟုရိုးမဘဏ်ဒုဥက္ကဋ္ဌ၊UMFCCIအသင်းသား ဦးမြတ်
သင်းအောင်က စင်္ကာပူအခြေစိုက် သတင်းဌာနတစ်ခုကို ပြောကြားသတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာတက္ကသိုလ်တွင် မိန့်ခွန်းပြော

Photo: ဒေါ်အောင်ဆန်းစုကြည် ကိုလံဘီယာတက္ကသိုလ်တွင် မိန့်ခွန်းပြော
2012-09-23

ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ကိုယ်ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်ကို ကြုံလာတိုင်းမှာ ကိုယ်လုပ်နိုင်မယ့်ကိစ္စကို တစ်ထစ်ချင်း၊ တစ်ဆင့်ချင်း ကိုင်တွယ်ပါ။ ပထမဆုံး ငါဘာလုပ်ရမလဲ ဆိုတာကို တစ်ဆင့်စီ စဉ်းစားပါ။ ဒီိနောက်မှာ ဒါလုပ်မယ်။ တတိယအဆင့်အဖြစ် ဒါလုပ်မယ် ဆိုတာမျိုးပေါ့။ အဲသလို လုပ်သွားတဲ့အခါမှာ စိတ်လည်း တည်တည်ငြိမ်ငြိမ်ရှိပြီး အများကြီး လွယ်ကူသွားပါတယ်။ ကျွန်မဘဝမှာ ပြဿနာတွေကို ဒီနည်းနဲ့ပဲ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်"

နေအိမ်အကျယ်ချုပ်ဘဝနဲ့ နေခဲ့ရတဲ့အချိန်တွေမှာ ဘယ်လိုနေခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရာမှာတော့ “ကျွန်မတရားထိုင်တယ်။ ကျွန်မစာဖတ်တယ်။ ရေဒီယို နားထောင်တယ်။ ကာယလေ့ကျင့်ခန်း လုပ်တယ်၊ ကျွန်မဟာ ကမ္ဘာပေါ်မှာ အကျန်းမာဆုံး နိုင်ငံရေး အကျဉ်းသားလို့ ထင်ပါတယ်" လို့ ဟာသနှောပြီး ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေကို ကူညီချင်တယ်ဆိုရင် ဘယ်လိုအခြေအနေလဲဆိုတာ သိရှိနိုင်အောင် ကိုယ်တိုင်လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံက လူငယ်တွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပါ။ ဒါမှသာ ဘယ်လိုကူညီနိုင်မလဲ ဆိုတာကို သိရှိမှာပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

2012-09-23

ပြသနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တစ်ဆင့်ချင်း စဉ်းစား အဖြေရှာသွားသင့်တယ်လို့ မြန်မာ့ဒီမိုက
ရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာဆရာ
ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ အခုလို ပြောကြားခဲ့ပါတယ်။

ဆံကေသာက ပြောပြနေသော သင့်ကျန်းမာရေး


 

ဆံကေသာအကြောင်း ပြောတဲ့အခါတွေမှာ ကျွန်မတို့ဟာ ဆံပင်ပုံစံ၊ ဆံပင်ပုံသွင်းပစ္စည်း၊ ဆံပင်အရောင် စ
တဲ့ အကြောင်းတွေကိုပဲ စိတ်ဝင်စားလေ့ ရှိတတ်ပါတယ်။ကျွမ်းကျင်သူတွေက ဆံပင်နဲ့ ပတ်သက်ပြီး လေ့လာ
ခဲ့တဲ့အခါမှာ ဆံကေသာဟာ အလှအပနဲ့သာမကကျန်းမာရေးနဲ့လည်း ဆက်စပ်မှုရှိနေကြောင်းလေ့လာတွေ
့ရှိ ခဲ့ရပါတယ်။

အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်
ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူ
များ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းတွင် ရထားတွဲ တိမ်းမှောက်ခရီးသည် တချို့ ဒဏ်ရာရ

စစ်တွေ အနီး ပြေးဆွဲနေသော ရထား တစ်စီး။ ( ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းနှင့် ယိုးတရုတ်အကြား ပြေးဆွဲနေသော ရထားနောက်တွဲ လမ်းချော် တိမ်းမှောက် သွားသဖြင့် ခရီးသည် တချို့ ဒဏ်ရာ ရရှိသွားခဲ့သည်။“ အမျိုးသမီး ၅ ဦး၊ ကလေး ၂ ဦးနဲ့ အမျိုးသား ၃ ဦးစုစု
ပေါင်း ၁၀ ဦးခန့် ပွန်းပဲ့ ဒဏ်ရာ ရသွားခဲ့ပါတယ်။ အတွင်းလူနာ အဖြစ် တင်ရတာကတော့ တစ်ယောက်မှ မ
ရှိပါဘူး” ဟု ပုဏ္ဍားကျွန်း မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဒုဥက္ကဌ ဦးထွန်းထွန်းကနိရဉ္စရာ
သို့ ပြောသည်။

ရခိုင်ပြည်နယ် မင်းပြား အိုးပျဉ်တောင်ရွာ မတည်ငြိမ်မူ စစ်တပ်က လာရောက် ထိန်းသိမ်း


ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းတွင် တည်ရှိသော အိုးပျဉ်တောင်ရွာသို့ နွားသူခိုး အုပ်
စု တစ်ခုမှ နွားခိုရန် ၀င်ရောက်လာမူကြောင့် အဆိုပါ ကျေးရွာနှင့် အနီးတ၀ိုက် ကျေးရွာများတွင် မတည်ငြိမ်
မူများ ဖြစ်ကာ အခြေအနေကို စစ်တပ်က လာရောက် ထိန်းသိမ်းခဲ့ရသည်ဟု သတင်း  ရရှိသည်။

အိမ်မြေဖယ်ရှားပေးရမယ့် ပုသိမ်ကြီးဒေသခံတွေ အသနားခံ

 
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင်းမှာရှိတဲ့ အစိုးရပိုင် မြေနေရာတွေမှာ ကျူးကျော်ဝင်ရောက် နေထိုင်သူ
တွေကို ဖယ်ရှားပေးဖို့ မနေ့က မန္တလေး မြို့တော်ဝန် ကိုယ်တိုင် ပြောဆိုခဲ့ပြီးနောက် ၁၀၀ နီးပါးကျူးကျော်
နေထိုင်သူတွေကနေ မြို့တော်ဝန်ကားကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မွတ်စလင်ကမ္ဘာရဲ့ ဒေါသ အိုဘားမား ဘယ်လိုထိန်းမလဲ

အမေရိကန် သံအမတ် ခရစ်စတီဗန်စ်နဲ့ သံအဖွဲ့ဝင် ၃ ဦးတို့ ကျဆုံးသွားရတဲ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်
ခံရမှု အပါအဝင် အာရပ်မွတ်စလင် ကမ္ဘာရဲ့ ဒေါသူပုန်ထကြွ တာတွေ ပြီးနောက် မှာ သမ္မတ အိုဘားမားအစိုးရက အထောက်အပံ့
တွပေးနေတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ်ထားတဲ့ မူဝါဒကို အလျင်အမြန် ပြန်လည်သုံးသပ်မှု လုပ်နေရပါတယ်။