Pages

Monday, September 24, 2012

သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံ မေဂျာတတိယနှစ် ဘာသာရပ် စာမေးပွဲမေးခွန်းမှားယွင်း ဝေငှမှု ဖြစ်ပေါ်

ရန်ကုန်၊ စက်တင်ဘာ ၂၄

သန်လျင်နည်းပညာတက္ကသိုလ်၌ရေနံမေဂျာတတိယနှစ်မှဘာသာရပ်စာမေး ပွဲတစ်ခု မေးခွန်းမှားယွင်းဝေငှ
မှု အပေါ် ဖြေဆိုသူ ကျောင်းသားတို့ နစ်နာမှု မရှိစေရန် စီစဉ်ပေးသွား မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျောင်းသားတွေရဲ့ စာမေး ပွဲခန်းကိစ္စမဆိုထားနဲ့ စားမေးပွဲ ဖြေ ဆိုဖို့ လာတဲ့လမ်းကြောင်းတစ် လျှောက်မှာ
တောင်စိတ်ချမ်းမြေ့စွာနဲ့ဖြစ်ဖို့ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ဒါကသူ့ကြောင့်၊ ကိုယ့်ကြောင့်မဟုတ်ပဲ ဌာန
တစ်ခုလုံးနဲ့ ဆိုင် သွားပါတယ်''ဟု ¤င်းက ဆက် သွယ်မေးမြန်းမှု အပေါ်ဖြေသည်။

နည်းပညာတက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ဦး၏အဆိုအရနေ့လည်၁နာရီ တွင် ကျောင်းက မေးခွန်း
ဝေငှရာမေးခွန်းမှာဘာသာရပ်နှင့် မဆိုင် ကြောင်း ကျောင်းသားတို့က ပြော ပြ၍ အခန်းစောင့်တာဝန်ရှိသူက တစ်ဆင့်တင်ပြကြရာ ဌာနမှူး ရောက်လာပြီး သူမေးထားသော မေးခွန်းခေါင်းစဉ်တက်ကာ ကိုယ် ရသော အဖြေတို့ကိုသာ ဖြေပါဟု ပြောကြောင်း သိရှိရသည်။

''နောက်တော့ ကျောင်းသား ရေးရာက ဆိုပြီး နေပြည်တော်က နေ မေးခွန်းလာပါတယ်ပြောပြီး ၂ နာရီ ၂ဝ မိနစ်ထဲမှာမှ မေးခွန်း အစစ်ကို လာဝေပါတယ်''ဟု ¤င်းက အဖြစ်အပျက်ကို ဆက် ပြောသည်။

ညနေ ၄ နာရီတွင် စာမေးပွဲ ဖြေဆိုမှုပြီးဆုံးမည်ဖြစ်သော်လည်း ရေနံမေဂျာ တတိယနှစ်ကျောင်း သားတို့မှာ အချိန် ၅ နာရီခွဲအထိ ဖြေဆိုချိန်ကို တိုးမြှင့်ပေးခဲ့ ကြောင်း လည်း ကျောင်းသားအများစုထံမှ သိရှိရသည်။

ရေနံမေဂျာကျောင်းသားတို့ မှာ မေးခွန်းပြောင်းသွားမှုကြောင့် ဇဝေဇဝါဖြစ်ကာအားရကျေနပ်ရ သည်အထိမ
ဖြေဆိုနိုင်ခဲ့ရာ ယင်း ကြောင့် စာမေးပွဲရလဒ်အပေါ် ထိ ခိုက်မှုကို စိုးရိမ်နေကြရသည်။

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကကျောင်းသားတို့အပေါ်ဖြေဆိုချိန် အပြည့်အဝ ပေးထား
မှုရှိ၊မရှိအပေါ် စိတ်ပူရကြောင်း၊ သိရှိ ရသလောက် အပြည့်ပေးထား၍ စိတ်ပူပန်ရမှုလျော့နည်းခဲ့ကြောင်း နှင့် ထိုကဲ့သို့ မေးခွန်းအစုံလိုက် မှားယွင်းဝေငှမှု ဖြစ်စဉ် မရှိခဲ့ပါဟု ပြောသည်။

သန်လျင်နည်းပညာ တက္ကသိုလ်တွင် တတိယနှစ် ရေနံ မေဂျာအဓိကသင်ယူနေသူ စုစုပေါင်း ၄၅ ဦးရှိပြီး၊ မန္တလေးနည်းပညာတက္ကသိုလ်တွင် ထိုကဲ့သို့ မဖြစ်ခဲ့ဟု စုံစမ်းသိရှိရ သည်။

သန်လျင်နည်းပညာတက္ကသိုလ်တွင်စက်တင်ဘာ၂၄ရက်နေ့နေ့လည်၁နာရီက ရေနံမေဂျာမှ(ဏ ၃ဝ၃၂) ကို
စစ်ဆေးရာဘာသာရပ်နှင့်မသက်ဆိုင်သည့်မေးခွန်းအားလွဲမှားစွာဝေငှဖြေဆိုခိုင်းခဲ့ သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့
သည်။

မင်းသုအောင်
ပေါ်ပြူလာဂျာနယ်

0 comments:

Post a Comment