Pages

Monday, September 24, 2012

မန္တလေး မြို့တော်ဝန်ကို အယုံအကြည် မရှိကြောင်း သမ္မတထံစာပို့ရန် ပြည်သူလူထုဆန္ဒလက်မှတ်ရယူမည်

 မန္တလေးမြို့တော်ဝန်
မန္တလေး-စက်တင်ဘာ၂၄

မန်းမြို့တော်ဝန်အားအယုံအကြည်မရှိကြောင်းကိုနိင်ငံတော်သမ္မတထံစာတင်ရန်ပြည်သူလူထု ဆန္ဒမဲလက်
မှတ်များရယူသွားမည်ဟု ဦးဆောင်ပြုလုပ်မည့်သူတဦးဖြစ်သူ ABSDF ကျောင်းသား ရဲဘော်ဟောင်း ကိုညီ
ညီကျော် ကပြောသည်။ ဈေးချိုပျံကျကုန်စိမ်းညဈေး အပါအ၀င် လက်ရှိမန္တလေးတွင်ဖြစ်ပွားနေသောကိစ္စရပ်တိုင်းတွင် ပြည်သူ့အသံ
နားမထောင်မှု၊မတရားတရားစွဲဆိုမှုများကြောင့် နိင်ငံတော်သမ္မတထံစာတင်ခြင်းဖြစ်ကြောင်း ကိုညီညီကျော်
ကဆိုသည်။

မန်းမြို့တော်ဝန်က သူကိုယ်တိုင်မန္တလေးသားဖြစ်ခြင်းကြောင့်မန်းမြို့တော်ကြီးလူမှုရေး၊စီးပွားရေးဘ၀ဖွံဖြိုးတိုး
တက်ရေးအတွက်လုပ် ဆောင်လျှက်ရှိပါကြောင်း၊စာတင်ရန်လုပ်ဆောင်နေမှုအပေါ်အနည်းငယ်စိတ်လှုပ်ရှား
ပါကြောင်းစက်တင်ဘာ၂၂ရက်ကမြို့တော်ခန်းမတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
 
ပေါ်ပြူလာဂျာနယ်

0 comments:

Post a Comment