Pages

Monday, September 24, 2012

၇ျာမနီနိုင်ငံ ဖရန့်ဖတ်မြို့နှင့် ပထမဆုံး ဥရောပ လေကြောင်း ခရီးစဉ် တိုက်ရိုက် ပြေးဆွဲမည်

၇ျာမနီနိုင်ငံ စီးပွားရေးအချက်အချာမြိုဖြစ်သည့် ဖရန့်ဖက်မြို့နှင့် ရန်ကုန်မြို့အား ပထမဆုံးတိုက်ရိုက်ပြေးဆွဲ
မည့် ဂျာမနီနိုင်ငံမှ Condor လေကြောင်းလိုင်းသည် နိုဝင်ဘာ ၆ ရက်နေ့တွင် ဂျာမနီဖရန့်ဖက်မြို့မှ ရန်ကုန်
မြို့သို့ စတင်ပြေးဆွဲမည်ဖြစ်ကြောင်းCondor လေကြောင်းလိုင်း မြန်မာပြည်ကိုယ်စားလှယ်MyanmarAviation
centre မှ အထွေထွေမန်နေဂျာ မဆွေဆွေလွင်က ပြောကြားသည်။
ခရီးသည် ၂၆၈ ဦးဆံ့ ဘိုးရင်း 767-300ER လေယာဉ်ဖြင့်ပြေးဆွဲမည့် ဖရန့်ဖတ်-ရန်ကုန် လေကြောင်းခရီးစဉ်
ကို တပတ်တစ်ကြိမ်ပြေးဆွဲပေးမည်ဖြစ်ကာ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏နာမည်ကျော် ဖူးခတ်ကမ်းခြေတွင်ခ
ရီးတစ်ထောက်နားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

" ဖူးခက်မှာတထောက်နားတယ်ဆိုတာကVia Phuketပါ။ရန်ကုန်-ဖူးခက် ခရီးစဉ်ကျမှပါ "ဟု ၄င်းကဆိုသည်။

အသွားအပြန် ၁၀ နာရီကျော် ခန့်ကြာမြင့်မည့် ယင်းခရီးစဉ်တွင် ရန်ကုန်-ဖရန့်ဖတ် အသွားအပြန် Economy Class အတွက် အမေရိကန်ဒေါ်လာ 1000 အောက်ခန့်ကျသင့်မည်ဖြစ်ကြောင်း၊၄င်းက ရှင်းပြသည်။

နိုဝင်ဘာ ၆ ရက်နေ့တွင်စတင်ပျံသန်းမည့် ဖရန့်ဖတ်-ရန်ကုန် လေယာဉ်သည် နိုဝင်ဘာ ၇ ရက်နေ့တွင် ရန်
ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် ဖရန့်ဖတ်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ် ကြောင်း၊ရန်ကုန်
မို့မှ ဖရန်ဖတ်မြို့သို့ အပတ်စဉ် ဗုဒဟူးနေ့တိုင်း လေယာဉ်ခရီးစဉ်ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း Myanm
ar Aviation Centre ၊Ticketing & Reservatin မှ တာဝန်ရှိသူ ဒေါ်ခင်စံပယ်အောင်က ပြောကြားသည်။

လေယာဉ်အတွင်း Economy Class၊ Premium Economy Class Business Class ဟူ၍ Class သုံးမျိုးခွဲထားပြီးBu
siness Class သည် ဈေးနှုန်းအမြင့်ဆုံးဖြစ်ကာ ထိုင်ခုံ 18 ခုံသာပါဝင်ကြောင်း Condor လေကြောင်းလိုင်း၏ ထုတ်ပြန်ချက် များတွင် ဖော်ပြပါရှိသည်။
 
 
The Voice Weekly

0 comments:

Post a Comment