Pages

Monday, October 21, 2013

ထိုင်းနိုင်ငံနယ်စပ် တစ်လျှောက်တွင် စင်တာ ငါးခုဖွင့်ပြီး ပတ်စ်ပို့အနီပေးရန် စီစဉ်

RangonNewsDaily:: October. 21 .2013
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား များကို နိုင်ငံကူးလက်မှတ် (ပတ်စ် ပို့အနီ) ပြုလုပ်ပေး ရန် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် နေရာငါးခု တွင် ချက်ချင်းအပြီးဆောင်ရွက် ပေးနိုင်သည့် စင်တာ(One Stop Service Center)များ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း က ပြောသည်။

တော့တင်ဟမ်နှင့် အက်စ်တွန်ဗီလာ ပွဲတွင် မီးခိုးဗုံးနှင့် ပစ်ခဲ့သူ နှစ်ဦးကို အာမခံဖြင့် လွှတ်ပေး

မီးခိုးဗုံးနှင့် ပစ်ခဲ့သူ နှစ်ဦးကို အာမခံဖြင့် လွှတ်ပေးခဲ့
Monday, October 21, 2013

ဗီလာပတ်ခ်တွင် မီးခိုးဗုံးနှင့် ပစ်ပေါက်ခဲ့ရာတွင် ပါဝင်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးခဲ့သော်လည်း တင်းကျပ်သည့် ထိန်းချုပ်မှု အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် တော့တင်ဟမ်နှင့် အက်စ်တွန်ဗီလာ ပွဲတွင် တော့တင်ဟမ်မှ ကွင်းလယ်ကစားသမား အန်ဒရိုစ် တောင်းဆန်း ဂိုးသွင်းကာ အောင်ပွဲခံခဲ့ပြီးနောက် လက်ထောက် ဒိုင်လူကြီး ဒေးဗစ်ဘရိုင်ယန်၏ ကျောဘက်ကို မီးခိုးဗုံးနှင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပွဲစဉ်အပြီးတွင် အသက် ၂၅ နှစ်အရွယ်နှင့် ၄၇ နှစ်အရွယ် လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သို့သော်လည်း တနင်္လာနေ့ မနက်ပိုင်းတွင် West Midlands ရဲတပ်ဖွဲ့က မီးခိုးဗုံး ပစ်ပေါက်ခဲ့သည့် သံသယဖြစ်ဖွယ် လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း တင်းကျပ်သည့် ထိန်းချုပ်မှု အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း Twitter မှတစ်ဆင့် ဖော်ပြခဲ့သည်။

မူလက အဆိုပါလက်နက်ကို မီးကျည်အနေဖြင့် ယူဆခဲ့ကြသော်လည်း ၎င်းမှာ မီးခိုးဗုံးဖြစ်ကြောင်း West Midlands ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ထို့အပြင် ဘောလုံးအဖွဲ့ချုပ်ကလည်း အဆိုပါ ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပွဲကို ကြီးကြပ်သူတွေရဲ့ အစီရင်ခံစာကို စောင့်နေပါ တယ်။ နောက်ပြီး ကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်” ဟု အက်ဖ်အေမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

Soccer Myanmar

RangonNewsDaily:: October. 21 .2013 ဗီလာပတ်ခ်တွင် မီးခိုးဗုံးနှင့် ပစ်ပေါက်ခဲ့ရာတွင် ပါဝင်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးခဲ့သော်လည်း တင်းကျပ်သည့် ထိန်းချုပ်မှု အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက်သည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း ဝင်းဂါး ဆို

မန်ချက်စတာယူနိုက်တက်သည် ချန်ပီယံလမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း ဝင်းဂါး ဆို
Monday, October 21, 2013

မန်ချက်စတာယူနိုက်တက်သည် အာဆင်နယ်အသင်းနှင့် ရှစ်မှတ် ကွာဟနေသော်လည်း ချန်ပီယံ လမ်းကြောင်းပေါ်တွင် ရှိနေသေးကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

အာဆင်နယ်သည် စနေနေ့က နော်ဝစ်ခ်ျကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ဒေးဗစ်မိုယက်စ်၏ ယူနိုက်တက်အသင်းမှာ ဆောက်သမ်တန်နှင့် ၁ ဂိုးစီ သရေကျခဲ့ပြီးနောက် အမှတ်ကွာဟမှု ပိုမိုများပြားခဲ့သည်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်တွင် အာဆင်နယ်သည် လီဗာပူးလ်၏ အထက်တွင် နှစ်မှတ်အသာဖြင့် ဦးဆောင်နေပြီး ယူနိုက်တက်မှာ သုံးပွဲရှုံးနိမ့်ထားကာ အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။

ထိုကဲ့သို့ အမှတ်ကွာဟနေသော်လည်း လက်ရှိချန်ပီယံ ယူနိုက်တက်အနေဖြင့် ချန်ပီယံ လမ်းကြောင်းပေါ်မှ သွေဖည်သွားခြင်း မရှိသေးကြောင်း ဝင်းဂါးက အခိုင်အမာ ပြောကြားခဲ့သည်။

“ရှစ်မှတ်ဆိုတာ ကွာဟမှု နည်းနည်းလေးပါ။ သူတို့ဟာ ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေဆဲပါပဲ။ နောက်ပြီး ကျွန်တော်တို့ရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်အသင်းနဲ့ နှစ်မှတ်ပဲ ကွာဟနေပါတယ်” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

ဆက်လက်ပြီး “မန်ချက်စတာယူနိုက်တက် အနေနဲ့ ချန်ပီယံ လမ်းကြောင်းပေါ်ကနေ သွေဖည်သွားတယ်ဆိုတာကို ပြောဖို့ အစောကြီးရှိနေပါသေးတယ်။ သူတို့ဟာ ကစားသမားကောင်းတွေနဲ့ အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ အသင်းပါ” ဟု ဝင်းဂါးက ပြောကြားသွားခဲ့သည်။

Soccer Myanmar

RangonNewsDaily:: October. 21 .2013 မန်ချက်စတာယူနိုက်တက်သည် အာဆင်နယ်အသင်းနှင့် ရှစ်မှတ် ကွာဟနေသော်လည်း ချန်ပီယံ လမ်း
ကြောင်းပေါ်တွင် ရှိနေသေးကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။

သင်္ဃန်းကျွန်းမြို့နယ် တွင် ယနေ့နေ့လည်ပိုင်းကမီးလောင်မှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ် တွင် ယနေ့နေ့လည်ပိုင်းကမီးလောင်မှုဖြစ်ပွား

kolatt(PBDN): October. 21 .2013

၂၁.၁၀.၂၀၁၃ ရက်နေ့ ၁၂၁၅ အချိန် သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့
နယ် သုဝဏ္ဏ၊ အောင်ဆုပန်ရပ်ကွက်၊ အား/ကာ ၀န်ထမ်းအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်း
သတင်းရရှိသည်။
::
သတင်းအရသွားရောက်စစ်ဆေးရာ စောဝင်း(ဘ)ဦးသောင်းရွှေ၏ နေအိမ် အိပ်ခန်းအတွင်း ၂၁.
၁၀.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်ခြင်ဆေးခွေထွန်းထားခဲ့ပြီး အပြင်သို့ထွက်သွားခဲ့စဉ် ၁၂၀၀ အချိန်
ခန့်ခြင်ဆေးခွေမှတစ်ဆင့် အနီးတွင်ရှိနေသော အ၀တ်အစားတို့အား မီးကူးစက်လောင်ကျွမ်းခဲ့
ကြောင်းသိရှိရသည်။
::
မီးလောင်ရာသို့မီးသတ်တပ်ဖွဲ့မှ အုပ်ချုပ်မှု ယာဉ်(၄)စီး၊ မီးသတ်ယာဉ်(၂၄)စီးဖြင့် ငြိမ်းသတ်ခဲ့ရာ ၁၂၄၀ အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၅)သိန်းခန့် ဆုံးရှုံးခဲ့သဖြင့်
မီးပေါ့ဆစွာသုံးစွဲသူစောဝင်းအား သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၃၁၉/၂၀၁၃၊ ပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police::--

RangonNewsDaily:: October. 21 .2013 ၂၁.၁၀.၂၀၁၃ ရက်နေ့ ၁၂၁၅ အချိန် သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်သင်္ဃန်းကျွန်းမြို့နယ်
သုဝဏ္ဏ၊ အောင်ဆုပန်ရပ်ကွက်၊ အား/ကာဝန်ထမ်းအိမ်ရာတွင်မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသည်။

ပါရမီ စိန်ဂေဟာအနီး ခြောက်လွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

ပါရမီ စိန်ဂေဟာအနီး ခြောက်လွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၀

လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ပါရမီလမ်း၊ စိန်ဂေဟာ ဈေးဝယ်စင်တာ အနီးရှိ တိုက်အမှတ် ၂၊ ခြောက်လွှာ အခန်း ၅၀၆ တွင် အောက်တိုဘာလ ၁၉ ရက် ည ၈ နာရီ ၃၀ မိနစ်က အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး တိုက်ခန်းရှေ့ ပြတင်းပေါက်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက The Voice သို့ ပြောကြားသည်။

အင်တာနက်ဂျာနယ်တွင် ဘာသာပြန်အဖြစ် လုပ်ကိုင်နေသူ မဟေမာဝင်းသည် ခင်ပွန်းဖြစ်သူနှင့်အတူ အဆိုပါ တိုက်ခန်းတွင် နေထိုင်လျက်ရှိရာ သီတင်းကျွတ် လပြည့်နေ့ ဖြစ်သောကြောင့် နေအိမ် ဘုရားစင်တွင် မီးထွန်းပူဇော်စဉ် တိုက်အောက်မှ လူခေါ်သံ ကြားသဖြင့် ပြတင်းပေါက်မှ အောက်သို့ ငုံ့ကြည်ရာ အရှိန်လွန် ခြေချော်ကာ ပြတင်းပေါက် မှတစ်ဆင့် မြေညီထပ်ရှိ ကောင်းထက်သာ ဆေးဆိုင် ဆိုင်းဘုတ် အမိုးပေါ်သို့ ပြုတ်ကျကာ ကွန်ကရစ်လမ်းပေါ် လွင့်ကျခဲ့ခြင်း ဖြစ်ကြောင်း 

လှိုင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိက ရှင်းပြသည်။
“ဆိုင်းဘုတ် အမိုးပေါ်က ဝုန်းဆိုတဲ့ အသံကြားလို့ ဆိုင်ရှေ့ ကြည့်လိုက်တော့ အမျိုးသမီးတစ်ဦး ခွေခွေကလေး လဲကျနေတာကို တွေ့လိုက်တာ။

 ခြောက်လွှာကနေ ဆိုင်အမိုးပေါ် ပြုတ်ကျလို့ ဆိုင်းဘုတ်က စာလုံးတွေ ကွာကုန်တယ်” ဟု အဆိုပါတိုက် မြေညီထပ်တွင် ဖွင့်ထားသော ကောင်းထက်သာ ဆေးဆိုင်မှ အရောင်းဝန်ထမ်း အမျိုးသားက ပြောကြားသည်။

ပြုတ်ကျသည့် အရှိန်ကြောင့် အမျိုးသမီး၏ ညာဘက် ခန္ဓာကိုယ်တစ်ခြမ်း ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး အင်းစိန်ဆေးရုံမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပိုဆောင်စဉ် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က သေဆုံးခဲ့ ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

“နေအိမ်တိုက်ခန်း ကြမ်းပြင်ရဲ့ အမြင့်သုံးပေမှာ အခုလူပြုတ်ကျတဲ့ ပြတင်းပေါက်ရှိတာ။ တော်ရုံ အားလွန်တဲ့ အရှိန်နဲ့ လူပြုတ်ကျဖို့ မလွယ်ဘူး။ 

ဒါပေမဲ့ သူတို့အခန်းက သမံတလင်း အပေါ်မှာ ကော်ဇောခင်းထားပြီး အခုပြုတ်ကျတဲ့ ပြတင်းပေါက် နားမှာ ခြေသုတ်ဝတ်တစ်ခု ထားထားတာဆိုတော့ ခြေသုတ်ဝတ်ပေါ် နင်းမိရာက အရှိန်လွန်ပြီး ပြုတ်ကျတာ ဖြစ်နိုင်ပါတယ်” ဟု အမှတ် ၁၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ပီအာရ် ၀၂၅ ဖြင့် လက်ခံထားပြီး လှိုင်မြို့နယ် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၁/၁၃ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

RangonNewsDaily:: October. 21 .2013 လှိုင်မြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ပါရမီလမ်း၊ စိန်ဂေဟာ ဈေးဝယ်စင်တာ အနီးရှိ တိုက်အမှတ် ၂၊ ခြောက်လွှာ အခန်း ၅၀၆ တွင် အောက်တိုဘာလ ၁၉ ရက် ည ၈ နာရီ ၃၀ မိနစ်က အသက် ၂၅ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး တိုက်ခန်းရှေ့ ပြတင်းပေါက်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက The Voice သို့ ပြောကြားသည်။

သြစတြေးလျတွင် တောမီးလောင်ကျွမ်းမှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိ

သြစတြေးလျတွင် တောမီးလောင်ကျွမ်းမှု ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိ

ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် တောမီးလောင်ကျွမ်းမှုများ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း အာဏာပိုင်များက သတိပေးထား


သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် တောမီးများ ကူးစက်လောင်ကျွမ်းလျက်ရှိရာ ထောင်နှင့်ချီသော မီးသတ်သမားများက မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရသည်။ ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် တောမီးလောင်ကျွမ်းမှုများ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း အာဏာပိုင်များက သတိပေးထားသည်။ New South Wales ပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က စတင်ဖြစ်ပွားခဲ့သော တောမီးလောင်ကျွမ်းမှုမှာ လေပြင်းတိုက်ခတ်ခြင်းနှင့် အပူရှိန် အလွန်မြင့်တက်နေမှုကြောင့် ထိန်းချုပ်ရန် ခက်ခဲနေသည်။ အဆိုပါတောမီးကြောင့် နေအိမ်အလုံးပေါင်း ၂၀၀ မှာ လောင်ကျွမ်းပြာကျခဲ့ပြီး အခြား နေအိမ်အများအပြားမှာလည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဒါဇင်နှင့်ချီသော တောမီးလောင်ကျွမ်းသည့် နေရာများကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း အခြား ၅၈ နေရာတွင် တောမီးများ လောင်ကျွမ်းနေဆဲဖြစ်ပြီး ကျန်ရှိသော ၁၄ နေရာတွင် လောင်ကျွမ်းနေသည့် တောမီးကိုမူ ထိန်းချုပ်နိုင်ခြင်း မရှိဖြစ်နေသည်။ တောမီးလောင်ကျွမ်းမှုမှ ထွက်ပေါ်လာသော မီးခိုးများမှာ ဆစ်ဒနီကောင်းကင်ယံတွင် ဖုံးလွှမ်းလျက်ရှိကြောင်း သိရသည်။ ယနေ့ အခြေအနေအရ ဆစ်ဒနီမြိ့အနောက်ဘက်ရှိ Lithgow မြို့ငယ်လေးအနီး တောမီးလောင်ကျွမ်းနေမှုမှာ အဓိကစိုးရိမ်ဖွယ်ရာဖြစ်နေပြီး အဆိုပါနေရာတွင် မြေဧက ၉၉,၀၀၀ မှာ တောမီးလောင်ကျွမ်းခံခဲ့ရပြီး ဖြစ်သည်။ Lithgow အနီး လောင်ကျွမ်းနေသည့် တောမီးမှာ ပတ်ဝန်းကျင်ရှိ Bilpin, Bell, Clarence နှင့် Dargan တို့ကို ခြိမ်းခြောက်လျက်ရှိသည်။

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် အပူရှိန်နှင့် လေပြင်းတိုက်ခိုက်မှု ပိုမိုအားကောင်းလာပြီး တောမီးလောင်ကျွမ်းမှုမှာ အနီးပတ်ဝန်းကျင်ရှိ ဗစ်တိုးရီးယားတောင်ကုန်းဒေသသို့ ကူးစက်လောင်ကျွမ်းကာ လူနေထူထပ်သော Katoomba နှင့် Leura  မြို့များသို ဦးတည်နိုင်ခြေရှိသဖြင့် တာဝန်ရှိသူများက စိုးရိမ်နေကြသည်။ မီးသတ်ဌာနကလည်း ဗစ်တိုးရီးယားတောင်ကုန်း တည်ရှိရာ အပြာရောင်တောင်တန်းဒေသတွင် နေထိုင်သူ ၇၆,၀၀၀ ကို ရွှေ့ပြောင်းရဖွယ်ရှိကြောင်း သတိပေးထားသည်။ သြစတြေးလျတွင် ယခု ဖြစ်ပွားနေသော တောမီးလောင်ကျွမ်းမှုအတွက် အသက် ၁၁ နှစ်အရွယ် လူငယ်လေးတစ်ဦးကို စုံစမ်းမေးမြန်းလျက်ရှိသည်။ သြစတြေးလျနိုင်ငံတွင် နွေရာသီကာလဖြစ်သည့် ဒီဇင်ဘာမှ ဖေဖေါ်ဝါရီလအတွင်း တောမီးများ လောင်ကျွမ်းလေ့ရှိသည်။ သို့သော် ယခုနှစ်တွင်မူ ပုံမှန်မဟုတ်သည့် ခြောက်သွေ့မှုနှင့် အအေးဓာတ်လျော့နည်းသည့် ဆောင်းရာသီကာလကို ကြုံတွေ့နေရသည်။

>Planet Myanmar Network<

RangonNewsDaily:: October. 21 .2013
သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် တောမီးများ ကူးစက်လောင်ကျွမ်းလျက်ရှိရာ ထောင်နှင့်ချီသော မီးသတ်သမားများက မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရသည်။

အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိ

အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိ

နေပြည်တော်၊ အောက်တိုဘာ ၂၁

၂၀-၁၀-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ 

စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃/၆၈လမ်းနေ မယဉ်ယဉ်မြင့်(၃၁)နှစ် မောင်းနှင် လာသော ၉ဃ/xxxx အာအေဗွီ-၄ အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်သို့ထိုးကျခဲ့ပြီး လမ်းဘေးရှိသစ်ပင်အားဝင်ရောက်တိုက်မိကာ တိမ်းမှောက်သွားခဲ့သည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်မောင်း မယဉ်ယဉ်မြင့်တွင် ယာဘက်နားထင်ပေါက်ပြဲ၊ ယာလက်မောင်းပွန်းပဲ့၊ ယာဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် တစ်ရပ်တည်းနေ ဒေါ်သန်းစိန်(၆၃)နှစ်တွင် နဖူး/၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး 

ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲ/ယာတံခါးတွန့်ကြေ၊ တန်ဖိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မယဉ်ယဉ်မြင့် အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

RangonNewsDaily:: October. 21 .2013 ၂၀-၁၀-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်
လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်
လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

ကောင်းကင်ယံ၌ စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးစည်ကား

ကောင်းကင်ယံ၌ စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးစည်ကား

လူများဖြင့်စည်ကားနေသော မုံရွာဗိုလ်ချုပ်လမ်းတစ်နေရာ ဓာတ်ပုံ - မျိုးမင်းဦး

သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှ ၉ နာရီအတွင်း ကောင်းကင်ယံတွင် စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးနှင့် မြို့တော်ခန်းမအနီးတွင် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး ယာဉ်များ အသွားအလာပိတ်ဆို့သည်အ ထိ ဖြစ်ပွားခဲ့သည်။

““ကောင်းကင်ကတိမ်ထဲမှာ စေတီတော်ပုံကို ထင်ထင်ရှားရှား ဖူးကြရတယ်။ ဓာတ်ပုံရိုက်သူတွေရော၊ ကောင်းကင်က ဘုရားဖူးသူတွေရောကြောင့် လမ်းသွားလို့မရအောင် လူတွေက အရမ်းစည်ကားတယ်။ အများစုက နာရီစင်နဲ့ မြို့တော်ခန်းမရှေ့မှာ ကြိတ်ကြိတ်တိုးပဲ””ဟု မုံရွာမြို့၊ ရုံးကြီးရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

““ဒါက အထူးအဆန်းတော့ မဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ ပုံမှန်လည်း မိုးတိမ်တောင်တွေရှိတဲ့အခါ ဘုရားပုံပေါ်နေကျပါ။ အခုမိုးတိမ်တောင်တွေကလည်း နိမ့်နေတယ်။ ရွှေစည်းခုံဘုရားကြီးအတွင်း ရင်ပြင်တော်မှာ ဆီမီး ၉၀၀၀ ပူဇော်ပွဲက မီးခိုးမှိုင်းကလည်း တိုက်နေတယ်။ 

ဆိုဒီယမ်မီးကြီးတွေနဲ့ ဘုရားကိုပူဇော်ထားတာ ဆိုတော့ စေတီတော်ရဲ့အရိပ်က တိမ်းတိုက်နဲ့နီးတော့ ပုံရိပ်ပေါ်တဲ့ဖြစ်စဉ်ပါ။ သီတင်းကျွတ်လပြည့်နေ့ညမှာဖြစ်တာဆိုတော့ အထူးအဆန်းဖြစ်ပြီး တစ်လမ်းလုံးပြည့်သွားတာဖြစ်ပါတယ်””ဟု မုံရွာမြို့ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

သီတင်းကျွတ်လပြည့်နေ့ညတွင် မုံရွာမြို့ပေါ်ရှိ စေတီပုထိုးများတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိပြီး ဆီမီးပူဇော်ကြသူများ ဗြောက်အိုး၊ မီးရှူးမီးပန်းပစ်ဖောက်သူများဖြင့် မြို့ပေါ်လမ်းမကြီးများတွင် စည်ကားခဲ့သည်။

ည ၇ နာရီခန့်မှ ည ၉ နာရီ ခန့်အထိ မိုးကောင်းကင်တွင် စေ တီတော်ပုံသဏ္ဌာန်ဖြစ်ပေါ်နေသည့် သတင်းများကြောင့် မြို့ပေါ်လမ်းမကြီးအချို့တွင် ဖူးမြော်သူများဖြင့် စည်ကားခဲ့ပြီး ည ၉ နာရီနောက်ပိုင်းတွင် ကောင်းကင်ယံမှ စေတီပုံသဏ္ဌာန် ပျောက်
ကွယ်သွားကြောင်း မုံရွာမြို့ ကောင်းကင်ယံတွင် စေတီတော်အား ဖူးမြော်သူများပြောပြချက်အရ သိရသည်။

7Day Daily
လူများဖြင့်စည်ကားနေသော မုံရွာဗိုလ်ချုပ်လမ်းတစ်နေရာ ဓာတ်ပုံ - မျိုးမင်းဦး
RangonNewsDaily:: October. 21 .2013 သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှ ၉ နာရီအတွင်း ကောင်းကင်ယံတွင် စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးနှင့် မြို့တော်ခန်းမအနီးတွင် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး ယာဉ်များ အသွားအလာပိတ်ဆို့သည်အ ထိ ဖြစ်ပွားခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့တွင် မီးကြိုးသွယ်ရာမှ အဖိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံး

RangonNewsDaily:: October. 21 .2013
စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်တွင် သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၁၉ ရက်)က မီးထွန်းရန် မီးသီးကြိုးများ သွယ်တန်းရာမှ အဘိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံရှိ အရေးပေါ် လူနာ ဌာနမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

facebook account များ လတ်တလော ယာယီအပိတ်ခံ၇မည်

Facebook မှ ၄င်း၏ Site တစ်ခုလုံးအား
ပြန်လည်ထိန်းသိမ်းပြုပြင်နေမှုများ၇ှိသဖြင့် ကမ္ဘာ့
နိုင်ငံအချို့ရှိ Facebook သုံးစွဲသူများ၌ Post တင်ခြင်းများ၊
Shareနှင့် Like ခြင်းများပြုလုပ်ရာတွင် အခက်အခဲဖြစ်နေ။
ထိုသို့ Maintenance ပြုလုပ်နေသဖြင့်
အချို့ Account များတွက် အောက်ပါ...

“ Facebook Will Be Back Soon
Facebook is down for required maintenance right now,
but you should be able to get back on within
a few minutes. In the meantime, read more about
why you're seeing this message. Thanks for
your patience as we improve the site. ”
မက်ဆေ့ဖြင့် ဖော်ပြထားပြီး။ ခေတ္တစောင့်ဆိုင်းရန် အသိပေးထား
ပါသည်။

Source : Facebook
Dhamma Danã Source ►

RangonNewsDaily:: October. 21 .2013
facebook account များ လတ်တလော ယာယီအပိတ်ခံ၇မည်သတင်း။ ။ဖေ့ဘုတ်က တစ်ယောက်ချင်းစီရဲ့ အကောင့်တွေကို နာရီအနည်းငယ်မျှ ယာယီပိတ်ပါမယ် ။

Lamborghini တို့ အသစ်မိတ်ဆက်လိုက်ပြီ ဖြစ်တဲ့ Veneno အမိုးပွင့်ပြိုင်ကား

Photo: Lamborghini တို့ အသစ်မိတ်ဆက်လိုက်ပြီ ဖြစ်တဲ့ Veneno အမိုးပွင့်ပြိုင်ကား
Monday, October 21, 2013

Lamborghini Veneno Coupe ကို ယခု နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော် ပြသ ထားပါတယ်။ ယခု Veneno အမိုးပွင့် Roadster ကိုတော့ အောက်တိုဘာလ ၂၀ ရက်နေ့ကမှ မိတ်ဆက်ပြသ လိုက် တာ ဖြစ်ပါတယ်။

သာမန် Lamborghini ပြိုင်ကားများထပ် ဈေး ၁၀ ဆ ကြီးတဲ့ ပြိုင်ကား အဖြစ် ဈေးနှုန်းမှာတင် ပထမဦးဆုံး စံချိန် တင်ပါတယ်။ အင်ဂျင်အရွယ် ၆.၅ လီတာ၊ ဆလင်ဒါ ၁၂ လုံးပူး V အင်ဂျင်ကို အသုံးပြု ထားပြီး တစ်နာရီ မောင်းနှင်နိုင်မှု အမြန်ဆုံးက မိုင် ၂၂၀ တောင် ရှိပါတယ်။ ကမ္ဘာ့အမြန်ဆုံး အမိုးပွင့်ပြိုင်ကား စာရင်းထဲမှာ Bugatti ပြီးရင် ဒုတိယ မြောက် တစ်စီး ဖြစ်လာမယ်လို့ ယုံကြည် ထားကြ ပါတယ်။ ၂.၉ စက္ကန့် အတွင်း တစ်နာရီ ၆၂ မိုင်နှုန်းကို ချက်ချင်းတင်နိုင်တဲ့ သူ့ရဲ့  စွမ်းဆောင်ရည်ကို တွေ့ရ ပါတယ်။

ကားရဲ့ တန်ဖိုးလည်း မနည်းပါဘူး။ အမေရိကန်ဒေါ်လာ ၄.၅ သန်း ရှိပြီး လက်ရှိ Lambo များထပ် ၁၀ ဆ ဈေးကြီးတာကို လူတိုင်း လက်ခံထားကြ ပါတယ်။ ဈေးလည်း ကြီးထိုက်တဲ့ ကားအဖြစ်လည်း ပြောစမတ် ပြုကြ ပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ အသွင်အပြင် ဒီဇိုင်းက ထွက်ရှိနေကျ Lamborghini ကားများထပ် သိသိသာသာ ထူးခြားနေပြီး Aventador ကိုခေတ်နောက်ကျသွားစေမယ့် မျိုးဆက်သစ် အဖြစ် ညွန်းဆိုထားကြ ပါတယ်။ အစီးရေ နည်းနည်းသာ ထုတ်လုပ်ထားပြီး အော်ဒါမှာ ဝယ် ယူနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
Aung Kham (ColayAutomobile)

RangonNewsDaily:: October. 21 .2013
Lamborghini Veneno Coupe ကို ယခု နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော် ပြသ ထားပါတယ်။ ယခု Veneno အမိုးပွင့် Roadster ကိုတော့ အောက်တိုဘာလ ၂၀ ရက်နေ့ကမှ မိတ်ဆက်ပြသ လိုက် တာ ဖြစ်ပါတယ်။

Lamborghini တို့ အသစ်မိတ်ဆက်လိုက်ပြီ ဖြစ်တဲ့ Veneno အမိုးပွင့်ပြိုင်ကား

Photo: Lamborghini တို့ အသစ်မိတ်ဆက်လိုက်ပြီ ဖြစ်တဲ့ Veneno အမိုးပွင့်ပြိုင်ကား
Monday, October 21, 2013

Lamborghini Veneno Coupe ကို ယခု နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော် ပြသ ထားပါတယ်။ ယခု Veneno အမိုးပွင့် Roadster ကိုတော့ အောက်တိုဘာလ ၂၀ ရက်နေ့ကမှ မိတ်ဆက်ပြသ လိုက် တာ ဖြစ်ပါတယ်။

သာမန် Lamborghini ပြိုင်ကားများထပ် ဈေး ၁၀ ဆ ကြီးတဲ့ ပြိုင်ကား အဖြစ် ဈေးနှုန်းမှာတင် ပထမဦးဆုံး စံချိန် တင်ပါတယ်။ အင်ဂျင်အရွယ် ၆.၅ လီတာ၊ ဆလင်ဒါ ၁၂ လုံးပူး V အင်ဂျင်ကို အသုံးပြု ထားပြီး တစ်နာရီ မောင်းနှင်နိုင်မှု အမြန်ဆုံးက မိုင် ၂၂၀ တောင် ရှိပါတယ်။ ကမ္ဘာ့အမြန်ဆုံး အမိုးပွင့်ပြိုင်ကား စာရင်းထဲမှာ Bugatti ပြီးရင် ဒုတိယ မြောက် တစ်စီး ဖြစ်လာမယ်လို့ ယုံကြည် ထားကြ ပါတယ်။ ၂.၉ စက္ကန့် အတွင်း တစ်နာရီ ၆၂ မိုင်နှုန်းကို ချက်ချင်းတင်နိုင်တဲ့ သူ့ရဲ့  စွမ်းဆောင်ရည်ကို တွေ့ရ ပါတယ်။

ကားရဲ့ တန်ဖိုးလည်း မနည်းပါဘူး။ အမေရိကန်ဒေါ်လာ ၄.၅ သန်း ရှိပြီး လက်ရှိ Lambo များထပ် ၁၀ ဆ ဈေးကြီးတာကို လူတိုင်း လက်ခံထားကြ ပါတယ်။ ဈေးလည်း ကြီးထိုက်တဲ့ ကားအဖြစ်လည်း ပြောစမတ် ပြုကြ ပါတယ်။ သူ့ရဲ့  ထူးခြားတဲ့ အသွင်အပြင် ဒီဇိုင်းက ထွက်ရှိနေကျ Lamborghini ကားများထပ် သိသိသာသာ ထူးခြားနေပြီး Aventador ကိုခေတ်နောက်ကျသွားစေမယ့် မျိုးဆက်သစ် အဖြစ် ညွန်းဆိုထားကြ ပါတယ်။ အစီးရေ နည်းနည်းသာ ထုတ်လုပ်ထားပြီး အော်ဒါမှာ ဝယ် ယူနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: autoblog
Aung Kham (ColayAutomobile)

RangonNewsDaily:: October. 21 .2013
Lamborghini Veneno Coupe ကို ယခု နှစ်ဆန်းပိုင်းကတည်းက ထုတ်ဖော် ပြသ ထားပါတယ်။ ယခု Veneno အမိုးပွင့် Roadster ကိုတော့ အောက်တိုဘာလ ၂၀ ရက်နေ့ကမှ မိတ်ဆက်ပြသ လိုက် တာ ဖြစ်ပါတယ်။

City Taxi စတစ်ကာနှင့်ပက်သက်လို့ ဒရိုင်ဘာ တစ်ဦး ရင်ဖွင့်သံ

Photo: City Taxi စတစ်ကာနှင့်ပက်သက်လို့ ဒရိုင်ဘာ တစ်ဦး ရင်ဖွင့်သံ
Monday, October 21, 2013

" လက်ရှိ ရန်ကုန်မြို့ ပေါ်က တက္ကဆီတွေမှာ မတရားခံနေရတဲ့ ကိစ္စ တစ်ခုရှိတယ်။ အဲဒါကတော့ City Taxi စတစ်ကာတွေပဲ။ ၁၉၉၆ ခုနှစ်က မြန်မာပြည်မှာ Business Year လုပ်လို့ နိုင်ငံခြားသားတွေ လာတဲ့ အခါ တက္ကဆီ ကို ခွဲခွဲခြားခြား သိရအောင်ဆိုပြီးတော့ City Taxi စတစ်ကာတွေ ကပ်ခိုင်းတယ်။ အဲဒါကို လုပ်တာ ကညနကလည်း မဟုတ်ပါဘူး။ မြို့ တော် စည်ပင်သာယာ ( YCDC ) က ဖြစ်ပါတယ်။ ယခုနှစ်တွေ ပြောင်းပြီး လိုင်စင် အသစ်လဲတဲ့ ကားမှန်သမျှကို အင်္ဂလိပ်နံပါတ်တွေ ပေးနေပြီ၊ အနီပြားကြီးလည်း သိသာနေတဲ့ ကိစ္စမှာ City Taxi စတစ်ကာကို ကပ်ခိုင်းနေတုန်းပဲ။

အဲဒါကပ်ဖို့အတွက် စည်ပင်သာယာက ရုံးဌာန တစ်ခုဖွင့်ထားတယ်။ အဲဒါကပ်ဖို့အတွက် ငွေ နှစ်သောင်းခွဲ ပေးရတယ်။ မကပ်တဲ့ကားတွေကို လမ်းပေါ်မှာ တွေ့ရင် ဖမ်းတာတို့၊ ဒဏ်ငွေရိုက်တာတို့ကလည်း လုပ်ချင် သလို လုပ်နေတော့ တက္ကဆီ ဒရိုင်ဘာအတော်များများ သွားကပ်ရတယ်။ ဒါကို အုံနာက မပေးဘူး။ တက္ကဆီ ဒရိုင်ဘာတို့ ရှာတဲ့ငွေနဲ့ ပေးရတာပါ။ တစ်စီးကို ၂ သောင်းခွဲ၊ ရန်ကုန်မှာ တက္ကဆီ အစီးရေ ၂ သိန်းနဲ့ပဲ တွက်အုံ။ သူတို့ရတဲ့ အခွန်ခငွေ ဘယ်လောက်ရှိပြီလဲဆိုတာ ခန့်မှန်းကြည့်။ တက္ကဆီ တစ်ရက်ဆွဲတာမှ အုံနာကြေး နုတ်လိုက်ရင် ရတာက ၁သောင်းခွဲတောင် မမှန်ချင်ဘူး။ ငွေ ၂ သောင်းခွဲပေးပြီး ကပ်လိုက်ရတဲ့ စတစ်ကာက ကိုယ့်အတွက်ဘာမှလည်း မရဘူ။ ကားက ရုပ်လည်းဆိုးသွား တယ်။ ပြန်ခွာရင် အနာကကျန်ရော။ City Taxi စတစ်ကာ စနစ်ကို ကျနော်တို့ မလိုလားတာတော့ အမှန်ပါပဲ"
.
တက္ကဆီဒရိုင်ဘာ တစ်ဦးမှ Colay.com.mm သို့ ပေးပို့လာသော သတင်း ( ပြည်သူ့သတင်း) ဖြစ်ပါသည်။
.
ColayAutomobile

RangonNewsDaily:: October. 21 .2013
" လက်ရှိ ရန်ကုန်မြို့ ပေါ်က တက္ကဆီတွေမှာ မတရားခံနေရတဲ့ ကိစ္စ တစ်ခုရှိတယ်။ အဲဒါကတော့ City Taxi စတစ်ကာတွေပဲ။ ၁၉၉၆ ခုနှစ်က မြန်မာပြည်မှာ Business Year လုပ်လို့ နိုင်ငံခြားသားတွေ လာတဲ့ အခါ တက္ကဆီ ကို ခွဲခွဲခြားခြား သိရအောင်ဆိုပြီးတော့ City Taxi စတစ်ကာတွေ ကပ်ခိုင်းတယ်။