Pages

Tuesday, June 2, 2015

ပဲခူးမြို့တွင် ဓားကိုင်ခြိမ်းခြောက်သူ အမျိုးသား ၁၈ ဦးကို ဖမ်းဆီး

RangonNewsDaily:: June . 2 .2015
ပဲခူးမြို့ ရပ်ကွက်ကြီး(၈) ရှိ ခြံဝင်းတစ်ခုအတွင်း နေထိုင် သူများအား ဓားများဖြင့်ဝင်ရောက် ခြိမ်းခြောက်ခဲ့သည့် အမျိုးသား ၁၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။

ဦးကျော်သူ ရွေးကောက်ပွဲ ၀င်မည်


RangonNewsDaily:: June . 2 .2015
အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားတဦး ဖြစ်ခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဦးဆောင်နေသူ ဦးကျော်သူက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ဖြစ်ပါက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သို့မဟုတ် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တို့မှ ၀င်ရောက်မည်ဟု သိရသည်။

ရွှေတုံးအတု ၁၇၉ တုံးကို ဒေါ်လာသုံးသိန်းနီးပါးဖြင့် လိမ်လည်ရောင်းချ


RangonNewsDaily:: June . 2 .2015
ဗိုလ်တထောင်မြို့နယ်တွင် မေလ ၂၉ ရက်နေ့က ရွှေတုံးအတု ၁၇၉ တုံးကို အမေရိကန်ဒေါ်လာ သုံးသိန်းနီးပါးဖြင့် ပလတ်စတစ်လုပ်ငန်းရှင် တစ်ဦးထံ လိမ်လည်ရောင်းချခဲ့ကြောင်း ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဝေက ပြောကြားသည်။

မလေးရှားလေကြောင်း အလုပ်ပေါင်း ၆၀၀၀ လျှော့ချ


RangonNewsDaily:: June . 2 .2015
မလေးရှား လေကြောင်း ကုမ္ပဏီက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဆုံးဖြတ် ပြီးနောက် အလုပ် အခုပေါင်း ၆၀၀၀ ကို လျှော့ချဖို့ စီစဉ်နေပါတယ်။ကုမ္ပဏီက အရှုံးတွေနဲ့ ရင်ဆိုင်နေရလို့ အခုလို အလုပ်တွေ လျှော့ချ တာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အမှတ်တံဆိပ် အသစ်နဲ့ ပြန်လည် လှုပ်ရှားဖို့ ရှိတယ်လို့ အီးမေးလ်ကနေ မလေးရှား လေကြောင်း လိုင်း အကြီးအကဲက အသိပေးထားပါတယ်။

သမဂ္ဂဂျာနယ်သတင်းထောက်ချုပ် မရွှေမှုန်ကိုပုဒ်မ ၁၉ ဖြင့်ကျောက်တံတား တရားရုံးသို့ တရားစွဲဆိုတင်ပို့


RangonNewsDaily:: June . 2 .2015
မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) လုပ်ငန်းကော်မတီဝင်၊ သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုန်ကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်ကျောက်တံတားမြို့ နယ်တရားရုံးသို့ ဇွန် ၁ ရက်က တရားစွဲဆိုတင်ပို့လိုက်သည်ဟု ကျောက်တံတားမြို့ မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောသည်။

တောင်ငူတက္ကသိုလ် (ကြို/ပို့)ယာဉ်တစ်စီး တိမ်းမှောက် ကျောင်းသူ ၂၈ ဦး လိုက်ပါလာရာ ၂၅ ဦး ဒဏ်ရာရ

RangonNewsDaily:: June . 2 .2015
ဇွန် ၁ ရက် နံနက် ၁၁ နာရီခွဲ ခန့်တွင် တောင်ငူမြို့ လဲဘူးကျေးရွာ အုပ်စု ကောင်းမှုတော်ရွာသစ်နှင့် အမြန်လမ်းမကြီးကို ဆက်သွယ်ထား သော ကွန်ကရစ်လမ်းတို့ ဆုံရာ လမ်းဆုံအနီးတွင် တောင်ငူတက္ကသိုလ် (ကြို/ပို့)ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ ကြောင်း သိရသည်။

ယန်စီမြစ်တွင်း သင်္ဘောနစ်မြုပ်ပြီး လူပေါင်းရာကျော် ပျောက်ဆုံး


RangonNewsDaily:: June . 2 .2015
တရုတ်ပြည် တောင်ပိုင်း Hubei ပြည်နယ် ယန်စီ မြစ်ပေါ်မှာ လူ ၄၅ဝ ကျော် တင်လာတဲ့ Eastern Star ခရီးသွား သင်္ဘော မှောက်ပြီး နစ်မြုပ်ခဲ့တဲ့အတွက် ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပါတယ်။

မြန်မာအသင်း ယူကရိန်းကို ဂိုးဒါဇင်ဝက်ဖြင့် ရှုံးနိမ့်


RangonNewsDaily:: June . 2 .2015
မြန်မာအသင်းသည် ရှုံးထွက်အဆင့် တက်ရောက်ရေးအတွက် အလွန်အရေးပါသည့် အုပ်စုဒုတိယပွဲစဉ်တွင် ပြိုင်ဘက်ယူကရိန်းအသင်းကို ဒုတိယပိုင်းတွင် ဂိုးအများအပြား ပေးခဲ့ရကာ (၀-၆)ဂိုးဖြင့် ဂိုးပြတ်အရေးနိမ့်သွားခဲ့သည်။

အမေရိကန်မင်းသား မက်ဒီလွန် ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ သွားရောက်

ဟောလိဝုဒ်နာမည်ကျော်မင်းသား မက်ဒီလွန်ကို ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် တွေ့ရစဉ် (AP)
RangonNewsDaily:: June . 2 .2015
အမေရိကန် နာမည်ကျော် မင်းသား မက်ဒီလွန်သည် ဇွန်လ ၁ ရက်က စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ သွား ရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်များနှင့်တွေ့ဆုံခဲ့သည်။

လှည်းတန်းလမ်းဆုံအနီးတွင် ကား၈စီးဆင့်တိုက်


RangonNewsDaily:: June . 2 .2015
ယနေ့(ဇွန် ၂ရက် )နံနက် ၇နာရီ ၀န်းကျင်က ရန်ကုန်မြို့ စံရိပ်ငြိမ်နှင့် လှည်းတန်းမှတ်တိုင်ကြား အိုင်တီလက်ဖက်ရည်ဆိုင်ရှေ့တွင် ကား၈စီးဆင့်တိုက်မှု့တစ်ခုဖြစ်ပွားခဲ့သည်။