Pages

Tuesday, June 2, 2015

အမေရိကန်မင်းသား မက်ဒီလွန် ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ သွားရောက်

ဟောလိဝုဒ်နာမည်ကျော်မင်းသား မက်ဒီလွန်ကို ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် တွေ့ရစဉ် (AP)
RangonNewsDaily:: June . 2 .2015
အမေရိကန် နာမည်ကျော် မင်းသား မက်ဒီလွန်သည် ဇွန်လ ၁ ရက်က စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများသို့ သွား ရောက်ခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်များနှင့်တွေ့ဆုံခဲ့သည်။
‘‘ဘယ်သူမှ ဒီလိုမျိုးရှင်သန် နေထိုင်ဖို့မနေသင့်ပါဘူး။ လူတွေ ဟာတကယ့်ကို အတိဒုက္ခရောက် နေကြပါတယ်’’ဟု သရုပ်ဆောင်နှင့် ဒါရိုက်တာ မက်ဒီလွန်ကပြောကြားခဲ့သည်။

မက်ဒီလွန်သည် ရခိုင်ပြည် နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ သို့သွားရောက်သော ပထမဆုံး နိုင်ငံတကာမှ နာမည်ကျော်ကြားသူတစ်ဦးဖြစ်သည်။ ၎င်းသည် The Outsider ၊ Rebel ၊ NativeSon စသော ဇာတ်ကားများတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။

Ref: Source: Time,7Day Daily , KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment