Pages

Tuesday, June 2, 2015

ပဲခူးမြို့တွင် ဓားကိုင်ခြိမ်းခြောက်သူ အမျိုးသား ၁၈ ဦးကို ဖမ်းဆီး

RangonNewsDaily:: June . 2 .2015
ပဲခူးမြို့ ရပ်ကွက်ကြီး(၈) ရှိ ခြံဝင်းတစ်ခုအတွင်း နေထိုင် သူများအား ဓားများဖြင့်ဝင်ရောက် ခြိမ်းခြောက်ခဲ့သည့် အမျိုးသား ၁၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။အသက် (၂၀)မှ (၅၀) နှစ် ကြားရှိသည့် အမျိုးသား ၁၈ ဦးကို ရဲတပ်ဖွဲ့က ဇွန်လ ၁ ရက် နံနက် တွင် ဖမ်းဆီးလိုက်ကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးလှဦးကပြောကြားသည်။
၎င်းတို့သည် ဓားရှည် ခြောက်ချောင်းနှင့် လက်ထိတ်နှစ် ခုယူဆောင်လာကာ ရပ်ကွက်ကြီး (၈) ရှိ ခြံဝင်းတစ်ခုအတွင်းနေထိုင် သူမိသားစုအား ကျူးကျော်နေသူ များအဖြစ်ပြောဆိုပြီး ဖယ်ရှားပေး ရန် ခြိမ်းခြောက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း ပဲခူးမြို့အမှတ် (၃) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
-
ထိုအမျိုးသား ၁၈ ဦးသည် ငြိမ်းချမ်းရေး အဖွဲ့မှဟု ပြောဆို ကာ ခြိမ်းခြောက်ရန်ပြုခြင်းဖြစ်ပြီး တရားဥပဒေအား အလေးမထား သည့် လုပ်ရပ်ကို ရပ်ကွက်အတွင်း ပေါ်ပေါ်ထင်ထင် လုပ်သွားခြင်းဖြစ်ကြောင်း ရပ်ကွက်ကြီး ၈ တွင် နေထိုင်သူ ဒေသခံတစ်ဦးကပြောသည်။
‘‘ဒီလူတွေက ဘယ်အဖွဲ့ ညာအဖွဲ့ဆိုတာတော့ အသေး စိတ်စစ်နေတုန်းပါ။ ဒါပေမဲ့ ဒီလူ တွေက နာမည်ခံတွေပါ။ အမည် ခံပြီးတော့ ပိုက်ဆံယူလုပ်တဲ့သူ တွေ။ ဒါတွေကို တည်ဆဲဥပဒေအ ရ လက်မခံဘူးလေ။ ဖမ်းပြီးစစ်နေ ပါတယ်’’ဟု ဒုတိယရဲမှူးကြီးလှဦး ကပြောကြားသည်။
-
အဆိုပါအမှုကို မည်သည့် ပုဒ်မဖြင့် ဖွင့်၍ အရေးယူထား သည်ဆိုသည်ကို ရဲတပ်ဖွဲ့ကပြော ဆိုခြင်းမရှိသေးပေ။ ပြီးခဲ့သည့် မေလကလည်း ပဲခူးတိုင်းဒေသ ကြီး ကျောက်ကြီးမြို့နယ် ကျေး ရွာတစ်ရွာတွင် လက်နက်ကိုင်အ ဖွဲ့တစ်ခုက နေအိမ်ခြံဝင်းတစ်ခု အတွင်း လက်ပစ်ဗုံး ပစ်သွင်းခဲ့ သောကြောင့် လူရှစ်ဦးဒဏ်ရာရ ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
7Day Daily, 
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment