Pages

Monday, August 25, 2014

အမြန်လမ်းမှ ခေါင်းလောင်းသံ


RangonNewsDaily:: August . 25 .2014
အမြန်လမ်းပေါ်တွင် ရက် ၃၀ အတွင်း ခရီးသည် ၂၉ ဦး သေဆုံးခဲ့ရပြီးနောက် နိုင်ငံတော်၏ အရေးကြီးဆုံး စီမံချက်တစ်ခုသဖွယ် ဒုတိယသမ္မတ ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ပေါ်ပေါက်ခဲ့ဖူးသည်။ ၂၀၁၄ ခုနှစ် ဧပြီ၁၂ ရက်နှင့် မေလ ၁၂ ရက်က တောင်ပြာတန်းနှင့် ရာဇာမင်းကား အမြန်လမ်းပေါ်၌ ကားမီးလောင်ခြင်းနှင့် ချောက်ထဲပြုတ်ကျခြင်းတို့ဖြစ်ပွားပြီး ခရီးသည် ၂၉ ဦး သေဆုံးခဲ့သည်။

ဝပ်ရှော့နဲ့ မီနီစတူဒီယိုဖွင့်ဖို့ သေချာသွားပြီလို့ ဖွင့်ဟလိုက်တဲ့ အကယ်ဒမီနေတိုး


RangonNewsDaily:: August . 25 .2014
အနုပညာဖန်တီးမှုများနဲ့ပတ်သတ်ရင် ငွေကုန်ကြေးကျခံစိုက်ထုတ်ပြီး ဖန်တီးပြလေ့ရှိသူကတော့ အကယ်ဒမီ နေတိုးပါ။ ၂၀၁၃ အကယ်ဒမီစာရင်းမှာလဲ သူ့ဇာတ်ကားတွေနဲ့ ဖောင်းကြွနေတယ်လို့ သတင်းသံတွေ သိုးသိုးသန့်သန့်ကြားနေရပါတယ်။

ဝေဖန်မှုများကြားက အောင်မြင်စွာ ကျင်းပခဲ့တဲ့ ထူးအိမ်သင်ကွယ်လွန်ခြင်း(၁၀)နှစ်ပြည့် ဖျော်ဖြေပွဲ


RangonNewsDaily:: August . 25 .2014
ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်းအားဖြင့်ဆယ်နှစ်တာ ဖျော်ဖြေပွဲမှာ ဝေဖန်မှုများကြားက ပင် ပရိသတ်အားပေးမှုကြောင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ဘရူနိုင်း ဘုရင့်ဖလား ချန်ပီယံ မြန်မာ ယူ-၁၉ အသင်း ရန်ကုန်မြို့တွင်း လှည့်လည်အောင် ပွဲခံ


RangonNewsDaily:: August . 25 .2014
၂၀၁၄ ဘရုနိုင်း ဘုရင့်ဖလား ချန်ပီယံဆုရှင် မြန်မာယူ ၁၉ ဘောလုံးအသင်းကို သြဂုတ်လ ၂၄ရက် ညနေပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာရာ ပရိသတ်တွေ ထောင်နဲ့ချီပြီး ကြိုဆို အားပေးခဲ့ကြသည်။

အူရီဒူးကုမ္ပဏီက ယခုကောက်ခံထားသည့် အင်တာနက်နှုန်းထားများအား ပြန်လည်လျှော့ ချကောက်ခံရန် စီစဉ်မည်

RangonNewsDaily:: August . 25 .2014
အူရီဒူးကုမ္ပဏီက ယခုကောက်ခံထားသည့် အင်တာနက်နှုန်းထားများကို ပြန်လည်လျှော့ချ ကောက်ခံနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အူရီဒူးမြန်မာကုမ္ပဏီမှ သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်းတွင် ဟင်းအိုးတွင်းမှ မြွေခေါင်းပြတ်ကိုက်၍ စားဖိုမှူး သေဆုံး


RangonNewsDaily:: August . 25 .2014
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ် ဖိုရှန်မြို့ စားသောက်ဆိုင်တစ်ခုတွင် မြွေသား ဟင်းချိုချက်နေသည့် စားဖိုမှူးအား အိုးအတွင်းမှ မြွေခေါင်းပြတ်က လက်ကိုကိုက်မှုကြောင့် အဆိပ်သင့်ပြီး အာရုံကြောစနစ် ထိခိုက်ပျက်စီးကာ သေဆုံးသွားကြောင်း သိရသည်။

အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာသူများ၏ နောက်ကွယ်တွင် မည်သည့်လုပ်ငန်းများ လုပ်ကိုင် နေသည်ကို စုံစမ်းဖော်ထုတ်သွားမည်ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူး ပြောကြား


RangonNewsDaily:: August . 25 .2014
မြန်မာနိုင်ငံတွင် အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာသူများ၏ နောက်ကွယ်တွင်မည်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည်ကို စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့(FIU) မှ ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ဝင်းသိန်းက ဩဂုတ် ၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

စိတ်နာတာက

RangonNewsDaily:: August . 25 .2014
ကျုပ်စိတ်နာတာက
၁၀နှစ်ကျော်လောက်လေ့လာစီးပူးမှ
ရခဲ့တဲ့ဘွဲ့တစ်ခုဟာ
စင်ကာပူမှာအိမ်ဖော်အလုပ်ဘဲရတယ်

ဂရင်းနစ်စံချိန်မှီတယ်


RangonNewsDaily:: August . 25 .2014
ထောင်ထဲက ထွက်လာပြီးပြီးချင်း
ဘဏ်တစ်ခုရဲ့ ရှယ်ယာတွေကို
အများဆုံးဝယ်နိုင်တာ ကျုပ်တို့မြန်မာနိုင်ငံမှာပဲရှိတယ်

ဆင်းရဲသားပပျောက်ရေး ................

RangonNewsDaily:: August . 25 .2014
ဆင်းရဲသားပပျောက်အောင် အနုနည်းနဲ့ ပြည်သူတွေကို အသေသတ်ပစ်နည်းမှာ ၂ပေ ၃ပေ
အမြင့်သာရှိတဲ့ ဓနိကာအိမ်သာတွေသာသုံးနိုင်အောင်မွဲတေအောင်လုပ်ထားခြင်းဖြစ်သည်။ 

မိုင်လေဆိုင်းရပ်၏ ဖျော်ဖြေပွဲကို ဒိုမီနီကန် နိုင်ငံအစိုးရ ပိတ်ပင်


RangonNewsDaily:: August . 24 .2014
ဖျော်ဖြေပွဲများတွင် အလွန်အကျူးဖော်ချွတ်ဖျော်ဖြေလေ့ရှိပြီး အချို့သောဖျော်ဖြေမှုပုံစံများတွင်လူအများကြည့်ရှု့ရန်မသင့်သည့်တိုင်အောင် ဖျော်ဖြေလေ့ရှိသော မိုင်လေဆိုင်းရပ်၏ ဒိုမီနီကန် နိုင်ငံအတွင်းဖျော်ဖြေမည့် ဖျော်ဖြေပွဲကို ဒိုမီနီကန်နိုင်ငံ အစိုးရက ပိတ်ပင်လိုက်သည်။

အမေရိကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှုကို မြန်မာ့ ဆက်သွယ်ရေး ပြန်လည်ဖြေရှင်းသွားမည်


RangonNewsDaily:: August . 24 .2014
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အား ကန်ဒေါ်လာ သန်း ၁၈ဝ ရလိုမှု ဖြင့် တရား စွဲမည်ဆိုခြင်းမှာ နားလည်မှု လွဲနေခြင်းသာ ဖြစ်ပြီး ပြန်လည်ဖြေရှင်း သွားမည် ဟု ယင်း ဌာနမှ သိရသည်။

အင်တာနက်မြန်နှုန်းမြှင့်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆွေးနွေးနေ


RangonNewsDaily:: August . 24 .2014
ဖုန်းဖြင့်အင်တာနက်သုံးနေစဉ် အင်တာနက်မြန်နှုန်းတိုး မြှင့်ပေးနိုင် ရန် နိုင်ငံတကာပင် လယ်ရေအောက်ကေဘယ်ဆက် ကြောင်း SMW-5 မှတစ်ဆင့် ဘန်ဝှစ်ပမာဏ 300GB ခန့်အ ထိ တိုးချဲ့သွားရန် နိုင်ငံတကာအ ဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက် သွယ်ရေးစခန်းမှ သတင်းရရှိ သည်။

ဟီရိုရှီးမား မြေပြိုမှုကြောင့် သေဆုံးသူ ၅၀ အထိ ရှိလာ


RangonNewsDaily:: August . 24 .2014
ဂျပန်နိုင်ငံ အနောက်ပိုင်း ဟီရိုရှီးမား မြို့ပြင်တွင် သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက်မှာ သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် သေဆုံးသူအရေအတွက် ၅၀ အထိ ရှိလာကြောင်း သိရသည်။

ပဲခူးမြို့မှ ရှေးဟောင်းခေါင်းလောင်း တူးဖော်မည်

RangonNewsDaily:: August . 24 .2014
ပဲခူးမြို့၊ ကသစ်မြောင်ချောင်းရိုးအတွင်း နစ်မြုပ်ခဲ့သည့် ရှေးဟောင်းခေါင်းလောင်းကိုအောက်တိုဘာတွင် တတိယအကြိမ်စစ်ဆေးကာ တူးဖော်ခြင်းပါ လုပ်ဆောင်တော့မည်ဟု ခေါင်းလောင်းတူးဖော်ခွင့်ရရှိထားသည့် တော်ဝင်ရဲထွဋ် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ကုမ္မဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွဋ်လင်း က မဇ္ဈိမကို ပြော သည်။

တောင်သမန်အင်းရေ မြင့်တက်၍ ကန်ပတ်လမ်း ကျောက်စီတာပေါင်ရိုး အနည်းငယ်ပြိုကျ

တောင်သမန်အင်း ကျောက်စီတာပေါင်ရိုး ပျက်စီးပြိုကျနေမှုကို သြဂုတ်၂၃ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
RangonNewsDaily:: August . 24 .2014
တောင်သမန်အင်းရေမြင့်တက်လာမှုကြောင့် ကန်ပတ်လမ်း ကျောက်စီတာပေါင်ရိုး အနည်းငယ် ပြိုကျပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

အိပ်ချိန်၈နာရီ ပြည့်ပြည့်၀၀ အိပ်ထားတဲ့ပုံစံမျိုးဖြစ်အောင် ၈မိနစ်အတွင်း ပြင်ဆင်ကြည့်ချင်တယ် ဆိုရင်


RangonNewsDaily:: August . 24 .2014
ညဘက်တွေမှာ သူငယ်ချင်းတွေနဲ့ လျှောက်သွား၊ လျှောက်စားနဲ့ အိပ်ယာဝင်ချိန်တွေ နောက်ကျ၊ ဒါမှမဟုတ်လည်း အကြောင်းအမျိုးမျိုးကြောင့် ညဘက် အိပ်ယာဝင်ချိန်တွေ နောက်ကျပြီး မနက်နိုးတဲ့အခါ အိပ်ရေးမ၀တဲ့ပုံစံမျိုး ဖြစ်မနေစေဖို့ ဒီလို အချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါလား။

စာချုပ်ပါအချက်ဖောက်ဖျက်မှုဖြင့် မြန်မာ့ဆက်သွယ်ရေးကို အမေရိကန်တွင် တရားစွဲမည်

RangonNewsDaily:: August . 24 .2014
သဘောတူစာချုပ်ပါအချက်ကို ဖောက်ဖျက်မှုအတွက် မြန်မာ့ဆက်သွယ်ရေးကို အမေရိကန်နိုင်ငံတွင် တရားစွဲ ဆိုသွား
မည်ဟု အမေရိကန်အခြေစိုက် IIWS Telecommunication ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှ ယ် ဒေါက်တာမြတ်နုခိုင်က မဇ္ဈိမကို ပြောသည်။

ဓမ္မစေတီခေါင်းလောင်းတော် ပေါ်လုနီးချိန်၌ အဖျက်အမှောင့် ရှိသြဂုတ် ၂၆ရက်တွင် ခေါင်းလောင်းကွင်း ကြိုးနှင့်ချိတ်ဆက်မည်ဟုဆို

RangonNewsDaily:: August . 24 .2014
ဓမ္မစေတီခေါင်းလောင်းရှာဖွေရာ၌ ရေငုပ်သမားများ တွေ့ရှိခဲ့သည့် ခေါင်းလောင်း ကွင်းကို သြဂုတ် ၂၆ရက်တွင် ကြိုးဖြင့်
ချိတ်ဆက်မည်ဖြစ်ကြောင်း နတ်စင်တစ်ရာ ဆရာတော်က စံတော်ချိန်သို့ သြဂုတ် ၂၃ရက်၌ မိန့်ကြားခဲ့သည်။
 "ခေါင်းလောင်းပေါ်လုနီးမှသောင်တူးသင်္ဘောကပျက်သွားတယ်။